တိုးတက်လာသောလင်းရှန်နယ်မြေ
Vol. 12 Ch. 178
“ဟွမ်းရှန့်နန်းတော်အတွက် တံခါးစောင့်သားရဲပဲ..”
ဟွမ်းသည် ရှင်းပြကာ မိတ်ဆတ်ပေးလိုက်၏။ သွမ့်မုလီသည် ထိုကြံ့ငယ်လေးကို ကြည့်ကာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုလှိုင်းများ ဖြတ်ပြေးသွားသည်။
ထိုကြံ့ငယ်လေးမှ ထွက်ပေါ်နေသည် စွမ်းအင်များသည် သူနှင့်ပင် တူညီနေသည်ဟုခံစားရသွား၏။ ဟွမ်းသည် ဟော်ကျန်း၏ မူလအသွင်သည် ကြီးမားသောကြောင့် အရွယ်အစားကို ချုံ့စေခဲ့၏။
‘အဆင့်ငါးသားရဲတစ်ကောင်ကို ဂိတ်စောင့်လုပ်ခိုင်းမလို့လား’
သွမ့်မုလီသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်နေတော့၏။ ထိုသို့ သူမျိုး မကြုံဖူးချေ။
လုရှင်းယန်တို့သည် ဟော်ကျန်းနှင့် စကားလက်စုံကျနေကာ စူးစမ်းမေးမြန်းနေကြသည်။
“ဒီသားရဲငယ်ကြောင့် စွမ်းအင်လှိုင်းတွေထွက်ပေါ်လာခဲ့တာ၊ ဟော်ကျန်း ကကျုပ်နန်းတော်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီမို့ ထပ်ပြီး အနှောက်အယှက်ပေးမှာမဟုတ်တော့ဘူး”
ဟွမ်းသည် တည်ငြိမ်သည့်လေသံနှင့် သွမ့်မုလီကို အဓိကအကြောင်းအရင်းသာ ပြောဆိုလိုက်၏။ အသေးစိတ် ရှင်းပြ ပြောဆိုခြင်းမရှိတော့ချေ။
“နန်းတော်သခင်ဟွမ်းရဲ့ လက်အောက်က ဖြစ်သွားပြီဆိုရင်တော့ ကျုပ်တို့ စိတ်အေးသွားပါပြီ”
သွမ့်မုလီသည် မေးခွန်းများရှိနေသော်လည်း ဟွမ်း၏ အမူအယာကြောင့် မြိုသိပ်လိုက်၏။
“ကိစ္စပြီးသွားပြီဆိုတော့ ကျုပ်တို့ကို ခွင့်ပြုပါဦး”
မီးစွမ်းအင်လှိုင်းများ တုန်လှုပ်မှု မရှိတော့သောကြောင့် ဟွမ်းသည် ထွက်ခွာသွားလိုက်၏။ သွမ့်မုလီလည်း နှုတ်ဆက်လိုက်သည်။
‘နန်းတော်သခင်ဟွမ်း အကျိုးအမြတ်ရရှိသွားတယ်၊ ကြည့်ရတာ မီးကြံ့အပြင် တစ်ခြားအရာတစ်ခုခု ရှိသေးတဲ့ပုံပဲ’
သွမ့်မုလီသည် စိတ်ထဲမှတွေးကာ ခေါင်းယမ်းလိုက်၏။ ဟွမ်းရရှိသွားခဲ့လျှင်တောင် သူ့တွင်ရယူနိုင်စွမ်းမရှိပေ။
ဟွမ်းသည် ဟွမ်းရှန့်နန်းတော်သို့ ပြန်ရောက်ပြီးနောက်တွင် ဟော်ကျန်းအား ဝမ်မုန့်ယွင်တို့နှင့် မိတ်ဆက်ပေးလိုက်၏။ ထို့နောက် တံခါးတွင် စောင့်ရှောက်ရန် နေရာချပေးလိုက်တော့သည်။
ထို့နောက် တပည့်သုံးဦးကို ခေါ်ကာ လင်းရှန်နယ်မြေသို့ ဝင်ရောက်လာခဲ့သည်။ ထိုနယ်မြေတွင် သစ်ပင်ငယ်လေးသည် အနည်းငယ်ကြီးထွားလာပြီးနောက် ဝိညာဉ်စွမ်းအင်များသည် ကြွယ်ဝလာခဲ့၏။ ထို့ကြောင့် ချုးယွီဟွာတို့အား ဤနေရာတွင် ကျင့်ကြံစေသည်။
သို့သော် ဝမ်မုန့်ယွင်တော့ ဤနယ်မြေတည်ရှိနေကြောင်းထုတ်ဖော်ပြောထားခြင်း မရှိသေးချေ။ သူမအား နန်းတော်အကြီးအကဲအဖြစ် လက်ခံပြီးသော်လည်း ထိုအရာများပြောပြရန်အထိ ရင်းနှီးမှု မရှိသေးချေ။
“ဒီသစ်ပင်ငယ်လေးက ထင်ထားတာ ထက်အစွမ်းထက်လွန်းနေတယ်၊ ပြင်ပနယ်မြေက ဝိညာဉ်စွမ်းအင်ကို အနည်းငယ်ပဲ စုပ်ယူလိုက်ပေမဲ့၊ ဒီနေရာကို အဆပေါင်းများစွာ ထုတ်လွှတ်နိုင်ပါ့လား၊ ဒါတောင် အနည်းငယ်ပဲ ကြီးလာသေးတာ၊ ဒီထက်ကြီးလာရင် ဘယ်လိုများဖြစ်သွားလိမ့်မလဲ”
ဟွမ်းသည် လင်းရှန်နယ်မြေ၏ အပြောင်းအလဲများကို ကြည့်ကာ တီးတိုးရေရွတ်နေသည်။ အပင်ငယ်လေးသည် သုံးပေကျော်အထိ ရှည်လာခဲ့ပြီး သူ၏ သစ်ရွှက်နှစ်ရွက်သည်လည်း ကြီးမားလာပြီဖြစ်၏။
“ဒါပေမဲ့ အားနည်းချက်ရှိနေတယ်၊ ကုန်းမြေတစ်ခုပေါ်မှာ ရွှေရောင်သစ်ပင်ငယ်ကို စိုက်ထားမှပဲ ဒီနယ်မြေကို ဝိညာဉ်စွမ်းအင် စီးဆင်းနိုင်သေးတာ”
ထိုအားနည်းချက်ကြောင့်သာ ဟွမ်းသည် ကုန်းမြေတစ်ခုတွင် အခြေစိုက်ထားရခြင်းဖြစ်သည်။ မဟုတ်ပါက လေဟာနယ်တွင် လွပ်လွပ်လပ်လပ် နေနိုင်မည်ဖြစ်၏။
‘ဒီနှုန်းနဲ့ဆို နောက်နှစ်အနည်းငယ်အတွင်း နတ်ဘုရားနယ်မြေကို ကျော်လွန်ပြီး အထွတ်အမြတ်နယ်မြေတစ်ခုဖြစ်လာနိုင်လား’
ဟွမ်းသည် အတွေးပေါင်းစုံနှင့် အားနည်းချက်များ ရှိနေသော်လည်း သဘောကျစွာ ခေါင်း ‘တညိတ်ညိတ်’ ဖြစ်နေသည်။
“ဆရာ..”
လုရှင်းယန်၏ အသံသည် ဟွမ်း၏ အတွေးများ ပြတ်တောက်သွားစေသည်။
ဟွမ်းသည် သူ၏ လက်ဝှေ့ယမ်းလိုက်သည့်အချိန်၌ လုရှင်းယန်ရှေ့တွင် နီညိုရောင်မီးတောက်လေးတစ်ခု ပေါ်ထွက်လာ၏။
“ဆရာ..ဒါမီးကျောက်တောင်မှာ ပေါ်ထွက်လာတဲ့ မီးတောက်လား..”
လုရှင်းယန်သည် မီးစွမ်းအင် အရှိန်အဝါကို မှတ်မိနေသောကြောင့် မေးလိုက်၏။
“ဒါသားရဲမီးတောက်လို့ခေါ်တယ်..၊ မင်းရဲ့ ငရဲကိုးဘုံမီးတောက်နဲ့ ပေါင်းစပ်နိုင်ရင် ငရဲကိုးဘုဲမီးတောက်ရဲ့ စွမ်းအားက အများကြီး တိုးတက်လာလိမ့်မယ်..”
“ငရဲကိုးဘုံမီးတောက်နဲ့ ပေါင်းစပ်ရမှာလား..”
လုရှင်းယန်သည် ရေရွတ်ရင်း သူ၏ ငရဲကိုးဘုံမီးတောက်ကို ထုတ်ဖော်လိုက်သည်။ ထိုမီးတောက်၏ စွမ်းအားသည် ထျန်းယွမ်ကုန်းမြေတွင် အထွတ်ထိပ် ဖြစ်ခဲ့သော်လည်း ရွှယ်ဝူယနှင့် တိုက်ခိုက်ပြီးနောက် အားနည်းလွန်းနေခဲ့သည်။
ငရဲကိုးဘုံမီးတောက်နှင့် သားရဲမီးတောက်တို့သည် တစ်ဦးကိုယ်တစ်ဦး ရန်ပြုနေကြသည့် အလားပင်။ သို့သော် ငရဲကိုးဘုံမီးတောက်သည် အနည်းငယ် အားနည်နေဟန်ရှိသည်။
“မင်းမှာ ဒီမီးတောက်နှစ်ခုကို ပေါင်းစပ်နိုင်မယ်လို ယုံကြည်ချက်ရှိလား..”
ဟွမ်းသည် လေးလေးနက်နက် မေးလိုက်၏။
“ရှိပါတယ်ဆရာ..”
လုရှင်းယန်သည်လည်း လေးလေးနက်နက် ပြောလိုက်၏။ သူ၏ မျက်လုံးများတွင် လုပ်နိုင်မည်ဟု ဆုံးဖြတ်ထားချထားပြီးသည့် အကြည့်များပေါ်လွင်နေသည်။ ဟွမ်းသည် လုရှင်းယန်အား အချိန်ယူကာ ပေါင်းစပ်စေလိုက်သည်။ မီးတောက်နှစ်ခုပေါင်းစပ်ရာတွင် လုံလောက်သည့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မရှိပါက ပြာမှုန့်များဖြစ်သွားနိုင်၏။ ထို့ကြောင့် အချိန်ယူကာ ဖြေးဖြေးချင်း ပေါင်းစပ်စေလိုက်သည်။
ထို့နောက် ဟွမ်းသည် ချုးယီဟွာ၊ မော့ရွှယ်အာနှင့် လင်းယိုဟန် အပါအဝင် တပည့်များအားလုံးသည် ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်ကိုကြည့်ကာ အတွေးနက်သွား၏။
‘ငါလည်းကျင့်ကြံချင်လိုက်တာ၊ ငါ့ရဲ့ ချိတ်ပိတ်ခံထားကတဲ့မှတ်ဉာဏ်တွေကို ထပ်ပြီး ဖွင့်ဖို့ကြိုးစားကြည့်ရမလား’
ထို့နောက် ဟွမ်းသည် တင်ပလ္လင်ချိတ်ထိုင်လိုက်၏။ ထို့နောက် သူ၏ စိတ်ဝိညာဉ်သည် ဝိညာဉ်ပင်လယ်တွင် ပိတ်ဆို့ထားသည် နေရာသို့ ဦးတည်သွားလိုက်သည်။ ထိုနေရာသည် မြူများဆိုင်းနေပြီး ရှေ့အားဘာမျှ မမြင်ရသည့်အလားပင်။ စူးစမ်း၍လည်းမရချေ။
“ဘယ်လို ဖြေရမလဲ..”
ထို့နောက် ဟွမ်းသည် ပိတ်ဆို့ထားသည့် နေရာကို ထိုးခွဲလိုက်၏။ သို့သော် လေဟာနယ်ကို ထိုးမိလိုက်သည့်အလား မည်သည့်အရာမျှ စီးမထားချေ။ ထို့ကြောင့် ရှေ့ဆက်သွားရန်ကြံစည်လိုက်သော်လည်း ထိုနေရာမှ မရွေ့တော့ချေ။
“သခင့်ထက် အစွမ်းထက်သူတစ်ဦးဦးက ဒီနေရာကို ချိတ်ပိတ်သွားတာဖြစ်နိုင်လား”
ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ရှိနေသည့် ဟေးယန်သည် သူတွေးမိသည့်အရာကို ပြောလိုက်၏။
“မီးခိုးကောင် ငါတို့သခင်ရဲ့ အစွမ်းကို ကျော်လွန်ဖူးတဲ့လူကို ဒီနေ့အထိတွေ့ဖူးလို့လား..”
ရွှမ်းလုံလည်း ဟေးယန်ကို အော်ငေါက်လိုက်၏။
“မျိုးမစစ်နဂါးကောင်..”
ဟေးယန်သည် ပြန်ပက်လိုက်သော်လည်း ရွှမ်းလုံပြောသည်က မှန်နေပေသည်။ ယနေ့အချိန်ထိ သူတို့သခင်အား အနိုင်ယူနိုင်သူကို မတွေ့ရှိဖူးသေးချေ။
“ဒါပေမဲ့ အဲ့ဒီအရာကိုတော့ ငါ့တို့သခင်က မနိုင်ဘူးလေ၊ ချက်ချင်း မှောက်သွားတာပဲ”
ဟေးယန်သည် ရွှမ်းလုံအနားကပ်ကာ တီးတိုပြောလိုက်၏။
“ဟုတ်တယ် ရုန်းကန်ချိန်တောင်မရလိုက်ဘူး..”
ရွှမ်းလုံလည်း ထိုအရာကို မှတ်မိသွားကာ သဘောတူလိုက်သည်။
ဟွမ်း “...”
‘ငါ့ဝိညာဉ်ပင်လယ်ထဲရောက်နေတာကို မင်းတို့ မေ့နေကြတာလား’
ဟွမ်းသည် ထိုနှစ်ကောင်အား စိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။ ထိုအကြည့်ကြောင့် ဟေးယန်နှင့် ရွှမ်းလုံတို့သည် တုန်ယင်သွားကြသည်။
ထို့နောက် ထိုနှစ်ကောင်အား ဂရုမစိုက်တော့ပဲ ထိုမြူများဆိုင်းနေသည့် နေရာကို တောက်လျောက်စစ်ဆေးနေ၏။ သို့သော် အချိန်များစွာ ကျော်လွန်သွားသည်အထိ မည်သို့မျှ စူးစမ်း၍ မရခဲ့ချေ။ ထို့ကြောင့် လက်လျော့ကာ ဟွမ်းရှန့်နန်းတော်သို့ ပြန်လည်ထွက်ခွာသွားသည်။
“ကောင်းကင်ရဲ့ ပြင်ပမှာ ကျင့်ကြံသူတွေ ရှိနေသေးတယ်ထင်တယ်..”
ဟွမ်းသည် ဟေးယန်၏ စကားသည် အတွေးတွင် ပေါ်လာသောကြောင့် ရေရွတ်မိတ်သည်။
“သခင် ဘာကိုပြောချင်တာလဲ..”
ရွှမ်းလုံသည် အံ့အားသင့်သွားကာမေးလိုက်၏။ ထို့ကြောင့် ဘေးနားရှိ ဟေးယန်သည် မော့ရွှယ်အာ၏ ကပ်ဘေးမိုးကြိုးအကြောင်းအား ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ဘယ်လောက်အထိပဲ သွားပါစေ ကျုပ်တို့ လောကကြီးရဲ့ အဆုံးကို မရောက်နိုင်ဘူးလေ..၊ ဖြစ်နိုင်တာက အဲ့ဒီကောင်းကင်ထက်က ကျင့်ကြံသူတွေက သခင့်ရဲ့ ဝိညာဉ်တွေကို ချိတ်ပိတ်ခဲ့တာ ဖြစ်နိုင်မလား..”
ရွှမ်းလုံသည် တွေးတွေးဆဆနှင့် ပြောလိုက်၏။ လက်ရှိတွင် ဟွမ်း၏ မှတ်ဉာဏ်များချိတ်ပိတ်နိုင်သူမှာ နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူများ မဖြစ်နိုင်ပေ။
“မသေချာသေးဘူး၊ ဒါပေမဲ့ ခရမ်းလမျိုးနွယ်ကို အဆုံးသတ်စေခဲ့တာက အဲ့ဒီအထက်က သက်ရှိတွေ ဖြစ်ဖို့များနေတယ်”
ဟွမ်းသည် ထိုအရာကို စဉ်းစားမိနေသည်မှာ ကြာပြီဖြစ်သည်။ အကြောင်းမှာ နတ်ဘုရားကုန်းမြေတစ်ခုလုံးရှိ ကျင့်ကြံသူများပင် သတိမထားမိလောက်အောင် လုပ်ဆောင်သွားခြင်းဖြစ်၏။ ထိုသို့ လုပ်နိုင်သူမျိုး ရှိသော်လည်း နတ်ဘုရားကုန်းမြေရှိ ကျင့်ကြံသူများ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။