← Chapters

ကျောက်ဝမ်အာ

Vol. 12 Ch. 180

ကျောက်ဝမ်အာ

Vol. 12 Ch. 180

“ခင်ဗျား ကျီယွမ်မဟာမိတ်က လူတွေရောက်လာရင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး..”

ကျောက်ယီချင်းသည် ကြံရာမရသည့်အဆုံး ခြိမ်းခြောက်မှုသာ ပြုလိုက်၏။ သူသည် အဆင့်လေးတွင်သာ ရှိနေပြီး ကျောင်းရုံသည် အဆင့် ခြောက်တစ်ဦးဖြစ်နေသည်။ သို့သော်လည်း သူ၏ နောက်ရှိ သူနှစ်ဦးကို ကာကွယ်ပေးထား၏။ သူ၏နောက်တွင် သူ၏ အမျိုးသမီး ဖြစ်သူ ဝမ်ရူယင် ရှိနေပြီး သူမသည် မိန်းကလေးငယ်လေးတစ်ဦးကို ပွေ့ဖက်ထားသည်။

ထိုကလေးငယ်လေးသည် သူတို့နှစ်ဦး၏ သမီးဖြစ်သူ ကျောက်ဝမ်အာပင်ဖြစ်၏။ ထူးခြားစွာပင် သူမလေး၏ အသက်သည် ရှစ်နှစ်ခန့်သာရှိသေးသော်လည်း နတ်အင်ပါယာ အဆင့်ပင်ရောက်ရှိနေပြီဖြစ်သည်။

အဆင့်သုံးနယ်မြေများတွင် မွေးဖွားလာသူများသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် လျှောက်လှမ်းပါက နတ်ဘုရားမွေးဖွားခြင်း အဆင့်ကို ဖြတ်သန်းရမည်ဖြစ်သည်။ အသက်ဆယ်နှစ်တွင် နတ်ဘုရင်အဆင့်ကို ရောက်ရှိနိုင်ကြပြီး၊ အသက်နှစ်ဆယ်မှသာ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်၍ နတ်အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ကြမည်ဖြစ်သည်။

ကျောက်ဝမ်အာသည် နတ်အင်ပါယာအဆင့်နှင့် မွေးဖွားလာသူလေးဖြစ်သည်။ ထိုအကြောင်းကို ကျောက်ယီချင်းသည် ဖုံးဖိထားသောကြောင့် ကျီယွမ်ကုန်းမြေရှိ အဖွဲ့အစည်းများပင် မသိကြချေ။ သို့သော် အခြားကုန်းမြေကဖြစ်သည့် မိစ္ဆာသူတော်စင်ဂိုဏ်းက သိရှိနေပြီး လာရောက်ခေါ်ဆောင်နေသည့် အပေါ် သူသည် တွေးဆ၍မရနိုင်ဖြစ်နေသည်။

မိစ္ဆာသူတော်စင်ဂိုဏ်း၏ သခင်မ ဖြစ်သူသည် ရက်စက်လွန်းသည်ဟု အဆင့်သုံးကုန်းမြေများကြားတွင် နာမည်ကြီး၏။ သူမသည် အညှာအတာကင်းမဲ့သည့် သတ်ဖြတ်မှုများ လုပ်လေ့ရှိသူဖြစ်ပြီး မိစ္ဆာကုန်းမြေတစ်ခုလုံးအား သူမ၏ဂိုဏ်းသည် လွှမ်းမိုးထားသည်။

ထို့ကြောင့်ပင် ကျောက်ယီချင်းသည် သူ၏ သမီးဖြစ်သူကို ထိုဂိုဏ်းသို့ခေါ်ဆောင်မည်ကို တားမြစ်နေခြင်းဖြစ်သည်။

“ကျီယွမ်ကုန်းမြေမှာ ဦးဆောင်နိုင်တဲ့သူမရှိလို့ မဟာမိတ်ဖွဲ့စည်းထားရတာမလား၊ အဲ့လို အဖွဲ့အစည်းအစည်းလေးကို ဒီသခင်က ကြောက်ရွံ့နေမယ်ထင်လား”

ကျောင်းရုံသည် ဟားတိုက်သည့်အလား ရယ်မောကာဆိုလိုက်၏။ သို့သော် သူသည် အချိန်မဆွဲနေတော့ပေ။ ကျောက်ယီချင်းကို အဆုံးသတ်ရန်ပြင်လိုက်သည်။

“ဝုန်း..”

ထိုအချိန်တွင် ကျောက်ယီချင်း၏ ရှေ့ရှိလေဟာနယ်သည်အက်ကွဲလာပြီး ကျောင်းရုံ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။ ချန်ကန်းဂိုဏ်း၏ သွမ့်မုယီနှင့် သွမ့်မုလီသည် ရောက်ရှိလာပြီဖြစ်ပြီး ဝင်ရောက်ကာကွယ်လိုက်သည်။ ထို့ကြောင့် ကျောင်းရုံ၏ တိုက်ခိုက်မှုသည် ပျက်ပြယ်သွားရ၏။

“ကျုပ်တို့နောက်ကျသွားတယ်..”

သွမ့်မုလီသည် ကျောက်ယီချင်းကို တောင်းပန်စကားဆိုလိုက်၏။

“လာရောက်ကူညီတာကိုပဲ ကျေးဇူးတင်နေပါပြီ..”

ကျောက်ယီချင်းသည် ခေါင်းယမ်းကာဆိုလိုက်သည်။

“မိစ္ဆာသူတော်စင်ဂိုဏ်းက ဒီလောက်အထိ ရဲတင်းနေပြီလား..”

သွမ့်မုယီသည် ကျောင်းရုံကို မေးခွန်းထုတ်လိုက်၏။

“ဟမ့်.. အဆင့်ငါး နှစ်ယောက်က ငါ့ကို တားနိုင်မယ်ထင်လား၊ အသက်ရှည်ရှည်နေချင်သေးရင်ဖယ်လိုက်စမ်း..”

ကျောင်းရုံသည် မောက်မောက်မာမာနှင့်ပင်ဆိုလိုက်၏။ သူသည် ထိုနှစ်ဦးလုံးအား အလွယ်တကူသတ်လို့ရသည်ဟူသည့် အကြည်များထုတ်ဖော်လိုက်သည်။

“အစ်ကိုကြီး ဒီလူကို့တားဆီးဖို့ဆိုရင် ကျန်းမျိုးနွယ်ခေါင်းဆောင်ရောက်လာမှပဲရလိမ့်မယ်..”

သွမ့်မုလီသည် တီးတိုးပြောဆိုလိုက်၏။ ကျန်းကျာ့နယ်မြေတွင် အဆင့်ခြောက်ရောက်နေသူသည် ကျန်းမျိုးနွယ်ခေါင်းဆောင်တစ်ဦးသာ ရှိသည်။

“ငါ့တို့ ကျန်းအိမ်တော်ကို အကြောင်းကြားထားပြီးပြီပဲ ဒီလူ့ကို ရသလောက် အချိန်ဆွဲထားကြမယ်..”

သွမ့်မုယီသည် ထိုသို့ပြောကာ စတင်တိုက်ခိုက်ရန်ပြင်လိုက်သည်။

“ဟမ့် ဘာက ကောင်းမှန်း နားမလည်တဲ့ကောင်တွေပဲ..”

ကျောင်းရုံသည် သူ့ထံ စွမ်းအင်တိုက်ခိုက်မှု များ ထုတ်လွှတ်လိုက်သည့် သွမ့်မုယီနှင့် သွမ့်မုလီကို ကြည့်ကာ ရေရွတ်လိုက်၏။

ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်များကို ဖော်ထုတ်လိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

ကောင်းကင်ထက်တွင် တိုက်ခိုက်သံများ အဆက်မပြတ်ပေါ်ထွက်နေ၏။ ထိုတိုက်ခိုက်မှုကြောင့် စွမ်းအင်အလင်းတန်းများသည် တလှပ်လှပ်နှင့် တောက်ပနေပြီး ကောင်းကင်အား အလှဆင်နေသည့်အလားပင်။

ကျောင်းရုံသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသော်လည်း ပင်ပန်းဟန်ပင် မရချေ။ သူတို့နှစ်ဦး ပစ်လွှတ်သည့် အလင်းတန်းများကို ရှောင်ရှားရင်း အသာယာပင် တုန့်ပြန်နေသည်။

သို့သော် သူတို့နှစ်ဦးသည် ကျောင်းရုံအား တစ်ချက်မျှပင် ထိခိုက်အောင် ဖိအားပေး မတိုက်ခိုက်နိုင်ချေ။ တိုက်ပွဲကြာလာသည်နှင့် အမျှ သူတို့သည် နွမ်းနယ်စပြုလာသည်။

“တော်လောက်ပြီ..”

ကျောင်းရုံသည် ဆက်တိုက်ချင်ဟန် မရတော့ပဲ သူ၏ အရှိန်အဝါကို အဆုံးထိ ထုတ်ဖော်လိုက်၏။

သူ၏ အရှိန်အဝါဖိအားကြောင့် သွမ့်မုယီတို့သည့် လဲကျလုမတက်ပင် ဖြစ်သွားပြီး ထိုဖိအားများကို မနည်းပင် ခုခံ ထားရ၏။ သူတို့၏ ခန္ဓာကိုယ်ထက်တွင်လည်း ချွေးများ ‘တဒီးဒီး’ စီးကျနေပြီး ဝိညာဉ်စွမ်းအင်များပင် ပြန်လည်ထုတ်လွှတ်ရန် ခက်ခဲလာသည်။

“သေလိုက်တော့..”

ကျောင်းရုံ၏ လက်တွင် တံစဉ်းငယ် နှစ်ခုပေါ်ထွက်လာပြီး သွမ့်မုယီနှင့် သွမ့်မုလီထံ လွှဲရမ်းကာ ပစ်လွှတ်လိုက်သည်။

အဝါရောင်အလင်းတန်းနှစ်ခုထွက်ပေါ်လာပြီး လေဟာနယ်ပင် ဖောက်ထွင်းတော့မည့်အလားပင်။ ထိုပလင်းတန်းသည် လျှင်မြန်သည့် အရှိန်နှင့် သွမ့်မုယီတို့နှစ်ဦးအား ထိမှန်သွား၏။

“ဝုန်း..”

သူတို့နှစ်ဦးသည် ထိုအလင်းတန်းထိမှန်သွားပြီးနောက် အတောင်ကျိုးသည့်ငှက်သဖွယ် မြေပြင်သို့ တဟုန်ထိုးကျဆင်းသွား၏။ ကျောင်းရုံ၏ တိုက်ခိုက်မှုအား မည်သို့မျှ မခုခံနိုင်ခဲ့ချေ။

“ဂိုဏ်းချုပ်သွမ့်..”

ကျောက်ယီချင်းသည် တုန်လှုပ်သွားကာ မြေပြင်သို့ ကျဆင်းလာသည့် ထိုနှစ်ဦးအား ဝိညာဉ်စွမ်းအင်များနှင့် ထိန်းလိုက်ရ၏။ ထို့ကြောင့်သာ သူတို့၏ ပြုတ်ကျမှုသည် သက်သာသွားခဲ့သည်။

“ဒီလူရဲ့ စွမ်းအားက အရမ်းမြင့်တယ်၊ ကျုပ်တို့ အချိန်ကြာကြာတောင့် မခံနိုင်ခဲ့ဘူး..”

သွမ့်မုယီသည် အားနည်းစွာပြောလိုက်၏။ သူ၏ ပါးစပ်မှလည်း သွေးအန်ကျနေသည်။

“ကျုပ်တို့ကြောင့် ဂိုဏ်းချုပ်သွမ့် နစ်နာခဲ့ရပြီ..”

ကျောက်ယီချင်းသည် စိတ်မကောင်းဖြစ်စွာ ဆိုလိုက်၏။ သူသာ ကျောက်ဝမ်အာ၏ အကြောင်းကို ကျီယွမ် မဟာမိတ်အား တင်ပြထားပါက ဤသို့ဖြစ်လာလျှင်ပင် တားဆီးနိုင်ဦးမည်။

သို့သော် ယခုတွင်တော့ ကျောင်းရုံ၏ စွမ်းအားအောက်တွင် သူတို့ လုပ်နိုင်တာ မရှိတော့ပေ။

“ခေါင်းမာတဲ့ကောင်တွေ..၊ သခင်မကို ကျေးဇူးတင်ရကောင်းမှန်းမသိဘူးပဲ..”

ကျောင်းရုံသည် တံစဉ်းနှစ်ခုကို သိမ်းလိုက်ကာ ကောင်းကင်ပေါ်မှ တလှမ်းချင်းဆင်းလာသည်။ သူ၏ ခြေလှမ်းများသည် ကျောက်ဝမ်အာ ရှိရာသို့ ဦးတည်လိုက်၏။

“သေစမ်း..”

ကျောက်ယီချင်းသည် အလျှင်အမြန်ရောက်ရှိလာပြီး သူ၏ ဓားနှင့် ခုတ်ပိုင်းလိုက်သည်။ သူ၏သမီးအား မိစ္ဆာသူတော်စင် နန်းတော်သို့ ခေါ်သွားခွင့်မပြုနိုင်ချေ။

သို့သော် ကျောင်းရုံသည် လှည့်ပင်မကြည့်ချေ။ ကျောက်ယီချင်း၏ ဓားအား လက်နှင့် အသာဖမ်းဆုပ်လိုက်ပြီးနောက် သူ၏ ဝမ်းဗိုက်အား အားပြင်းပြင်းနှင့် ထိုးနှက်လိုက်သည်။

“ဘုန်း..”

“ဖေဖေ..”

ဖြူစင်လှသည့် ကလေးငယ်လေးကျောက်ဝမ်အာသည် သူမ၏ ဖခင်လွင့်စင်သွားသည်ကို တွေ့ကာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

ဝမ်ရူယင်သည် ကျောက်ဝမ်အာ၏ ရှေ့မှ ပိတ်ရပ်ထားသည်။ သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ အထင်းသားပေါ်ထွက်နေသော်လည်း ကျောက်ဝမ်အာကို ခေါ်ဆောင်သွားခွင့်မပေးနိုင်ချေ။

“အဆင့်သုံးတစ်ယောက်က ငါ့ကို အံတုချင်တာလား..”

ကျောင်းရုံသည် ရယ်မောလိုက်ပြီး ဝမ်ရူယင်၏ လည်ပင်းအား ဆုပ်ကိုင်လိုက်၏။

“အား..”

“ဝမ်အာ ပြေးတော့..”

ဝမ်ရူယင်သည် သူမ၏ အသံကို ညှစ်ထုတ်လိုက်ရပြီး ကျောက်ဝမ်အာကို ထွက်ပြေးခိုင်းလိုက်သည်။ ထို့နောက် သူမ၏ နိမ့်ကျသည့် အားအင်လေးနှင့် ကျောင်းရုံ၏ လက်အား မြဲမြံစွာဆုပ်ကိုင်ထားလိုက်၏။

“ခွေးကောင် လွှတ်စမ်း..”

လဲကျနေသည့် ကျောက်ယီချင်းသည် သူ၏ ဒဏ်ရာများကိုပင် ဂရုမစိုက်တော့ပဲ ကျောင်းရုံထံ ထပ်မံပြေးဝင်လာခဲ့သည်။

“ထန်..”

သူ၏ ဓားနှင့် အားကုန်လွှဲက ကျောင်းရုံကို ခုတ်ပိုင်းလိုက်သော်လည်း ကျောင်းရုံသည် သူ၏ တံစဉ်းတစ်လက်ကို ထုတ်ယူကာ အသာအယာပင် တားဆီးလိုက်သည်။

“နိမ့်ကျတဲ့ကောင်တွေက ငါ့ကို ထိခိုက်အောင်လုပ်နိုင်တယ်ထင်နေကြတာလား..”

ကျောင်းရုံသည် ခေါင်းခါယမ်းကာ တီးတိုးပြောဆိုလိုက်၏။

“ဒီလောက်ဆို လုံလောက်ပြီ ငါ့မှာ အချိန်မရှိတော့ဘူး..”

“ဝုန်း..ဝုန်း..”

သူ၏ အရှိန်အဝါကို ဖော်ထုတ်ပြီးနောက် ကျောက်ယီချင်းနှင့် ဝမ်ရူယင်တို့အား လွင့်စင်စေလိုက်သည်။

“ဝမ်အာ..ပြေးတော့..”

သူတို့၏ ဒဏ်ရာများပြင်းထန်နေသော်လည်း ကျောက်ဝမ်အာကို ထွက်ပြေးစေရန်သာ အော်ဟစ်လိုက်ကြ၏။

“ဖေဖေ..မေမေ..”

ကျောက်ဝမ်အာသည် ကြောက်ရွံ့စွာ အော်ဟစ်ငိုယိုလိုက်ပြီး သူမ၏ မိဘများ လဲကျနေသည့် နေရာသာ ဦးတည်လိုက်သည်။

“မိုက်မဲတဲ့ ကလေးမလေးပဲ..”

All Chapters