← Chapters

အကျိုးသင့်အကြောင်းသင့်

Vol. 12 Ch. 170

အကျိုးသင့်အကြောင်းသင့်

Vol. 12 Ch. 170

“ခရမ်းလမျိုးနွယ်မရှိတော့ဘူး..”

ရွှမ်းလုံသည် ဟွမ်း၏ စကားသံကြောင့် ဆောက်တည်ရမရတုန်လှုပ်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါသည် တဟုန်ထိုး ပေါ်ထွက်လာသည်။ သူ၏ အရှိန်အဝါကြောင့် မြူနှင်းတောင်တန်းကြီး လှုပ်ခါသွားသယောင်ပင်။ ထို့နောက်သူ၏ မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး မေးလိုက်၏။

“ဘယ်သူ့လက်ချက်လဲသခင်..”

ဟွမ်းသည် ရွှမ်းလုံအား အကြောင်းအရာများကို အသေးစိတ်ပြောပြလိုက်၏။ ရွှမ်းလုံ၏ မျက်ဝန်းတွင် နောင်တရမှုများ ပေါ်ထွက်လာပြီး နတ်ဘုရားနယ်မြေမှ ထွက်သွားခဲ့သည့် သူကိုယ်သူပင် အပြစ်တင်၍ မဆုံးတော့ချေ။

ဟွမ်းနှင့် ရွှမ်းလုံအား နတ်ဘုရားနယ်မြေရှိ မျိုးနွယ်ကြီးများသည် နတ်ဘုရားနယ်မြေတွင် နေထိုင်ကြခြင်းကို ကန့်ကွက်မှုများစွာလုပ်ခဲ့ကြသည်။ အကြောင်းမှာ ဟွမ်း၏ စွမ်းအားကို ကြောက်ရွံ့ကြသောကြောင့်ပင်။ သို့သော် ဟွမ်းအတွက်နှင့် ခရမ်းလမျိုးနွယ်၏ ဘိုးဘေးအကြီးအကဲဖြစ်သူ ယွဲ့လင်းရှန်သည် ထိုမျိုးနွယ်များကို ဆန့်ကျင်ကာ သူ၏ မျိုးနွယ်တွင် နေထိုင်စေခဲ့သည်။

ထိုစဉ်က ရွှမ်းလုံသည် အပျော်အပါးမက်လွန်းပြီး နေရာတကာတွင် ပြသနာများစွာ ရှာတက်၏။ သူရှာသည့်ပြသနာများကို ခရမ်းလမျိုးနွယ်က တာဝန်ယူဖြေရှင်းရသောကြောင့် ဟွမ်းသည် သူ့အား ဆူပူကျိန်းမောင်းမှုများ လုပ်တက်၏။ ထိုအချိန်မျိုးတွင် ယွဲ့ဖုန်းချန်သည် ဝင်ရောက် ဖျန်ဖြေပေးသည်။

သို့သော် ရွှမ်းလုံ၏ လုပ်ရပ်များသည် ရပ်တန့်ခြင်းမရှိခဲ့သောကြောင့် ဟွမ်း ဒေါသထွက်သွားပြီး ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခဲ့သည်။ ထို့ကြောင့် ရွှမ်းလုံသည် နတ်ဘုရားနယ်မြေမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုအတွက် သူသည် များစွာ နောင်တရနေခဲ့သည်။

“သခင် အဲ့ဒီလူကရော ဘာမှ မလုပ်ဘူးလား”

ရွှမ်းလုံသည် ဟွမ်းခေါင်းယမ်းပြသည်ကို မြင်တွေ့ပြီးနောက် သူ၏ ဒေါသများ ပို၍ ထွက်လာခဲ့သည်။

“ထားတော့..၊ အဲ့ဒီကိစ္စက ငါတို့ ကိစ္စပဲ ဘယ်သူ့မှ ဆွဲထည့်လို့မရဘူး၊ ငါတို့ နတ်ဘုရားနယ်မြေကို ပြန်ရောက်တာနဲ့ ဒီကိစ္စကို ချက်ချင်းဖြေရှင်းမယ်...”

ဟွမ်းသည် ရွှမ်းလုံအား စိတ်အေးအေးထားရန် ပြောဆိုလိုက်၏။ သူနှင့် ရွှမ်းလုံသည် သခင်နှင့် အစေခံ ဆက်ဆံရေးဖြစ်သော်လည်း ဟွမ်း နိုးထလာပြီး နှစ်အနည်းငယ်အကြာတွင် ရွှမ်းလုံလည်း ဟွမ်း၏ ဝိညာဉ်ပင်လယ်တွင် နိုးထလာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဟွမ်းအတွက် အလွန်အံ့အားသင့်ခဲ့ရသော်လည်း နောက်ထပ်နှစ်အနည်းငာ်အကြာတွင် အနက်ရောင်မီးတောက်ဖြစ်သည့် ဟေးယန်သည် ပေါ်ထွက်လာခဲ့ပြန်သည်။ သို့သော် ထိုထူးဆန်းသည့် အရာများအား အဖြေရှာနိုင်ခြင်းမရှိခဲ့ကြချေ။

ထို့နောက် ဟွမ်းသည် ယွဲ့ဝူယောင်အကြောင်း ထက်မံပြောဆိုလိုက်၏။ သို့မှသာ ရွှမ်းလုံ၏ စိတ်သည် ဒေါသများပြေလျော့သွားခဲ့လေသည်။ သူသည် ယွဲ့ဝူယောင်နှင့် တွေ့ဆုံရန် မစောင့်ဆိုင်းနိုင်တော့သည့်အလား စိတ်လှုပ်ရှားသွား၏။

ထို့နောက် ဟွမ်းသည် အိမ်တော်တစ်ခုတည်ဆောက်ရန် ခိုင်းစေလိုက်သည်။

နောက်ရက်များတွင် မြူနှင်းတောင်တွင် ကျင်ကြံသူများနှင့် ရှုပ်ထွေးနေ၏။ ရွှမ်းလုံသည် အိမ်တော်တည်ဆောက်ရာတွင် ကျင့်ကြံသူများကို ငှားယမ်းခဲ့သည်။ ထိုကျင့်ကြံသူများတွင် လောင်ကျန်းနှင့် သူ၏ မိတ်ဆွေများ ဖြစ်နေကြ၏။ လောင်ကျန်းမျက်နှာထက်တွင်လည်း ယောင်ကိုင်းနေဟန်ရသည်။

“မြူနှင်းတောင်တန်းမှာ ဘယ်သူ့ခွင့်ပြုချက်နဲ့ အိမ်တော်ဆောက်ရဲတာလဲကွ”

ကောင်းကင်ထက်မှ ဒေါသတကြီးအော်ဟစ်သံထွက်ပေါ်လာသည်။ ထိုအသံကြောင့်ပင် အဆောက်အဦးတည်ဆောက်နေသည့် ကျင့်ကြံသူများ၏ ဝိညာဉ်ပင်လယ်ပင် ခါယမ်းသွားရ၏။ မြူနှင်းတောင်တန်း၏ အထက်တွင် အဆင့်လေးတွင် ရှိနေသည့် လူကြီးတစ်ဦးနှင့် နောက်လိုက်နှစ်ဦးခန့် ပေါ်ထွက်လာသည်။

“ဘာကိစ္စလဲ..”

ထိုလူများကိုကြည့်ကာ ဟွမ်းမျက်မှောင်ကြုတ်သွား၏။

“မြူနှင်းတောင်တန်းက ချင်ကန်းဂိုဏ်းရဲ့ ပိုင်နက်ထဲမှာရှိတာ ဒါ့ကြောင့် အခြားကျင့်ကြံသူတွေကို နေထိုင်ခွင့်မပေးဘူး”

ထိုလူကြီးသည် ချင်ကန်းဂိုဏ်း၏ အကြီးအကဲဖြစ်သူ ချင်းရှီကျုံး ဖြစ်သည်။ ချင်ကန်းဂိုဏ်းသည် ရှန်းလော်မြို့တွင် အင်အားကြီးဂိုဏ်းတစ်ခုဖြစ်၏။ ထို့အပြင် ရှန်းလော်မြို့ကို ချုပ်ကိုင်ထားပြီး မြူနှင်းတောင်နှင့် အခြားတောင်တန်းများသည်လည်း ချင်ကန်းဂိုဏ်း၏ လက်အောက်တွင်တည်ရှိနေသည်။

“ချင်ကန်းဂိုဏ်းကဘာလဲ..”

ဟွမ်းသည် နားမလည်သည့်အမူအရာထွက်ပေါ်နေသောကြောင့် ရှန်းလော်မြို့၏ နယ်ခံဖြစ်သူ လောင်ကျန်းသည် အကျဉ်းချုံးရှင်းပြလိုက်၏။ ထိုသို့ အဆောက်အဦးများ တည်ဆောက်လိုလျှင် ချန်ကန်းဂိုဏ်း၏ ခွင့်ပြုချက်များ လိုအပ်ပေသည်။

သို့မှသာ ဟွမ်း နားလည်သွားပြီး ခေါင်းအသာညိတ်လိုက်၏။ အရင်က ထိုကိစ္စများကို အရေးမစိုက်သော်လည်း ယခုတွင် လောကအရေးတွင် ပါဝင်ရတော့မည်မို့ နေရာတကာ ခွန်အားသုံး၍ ဖြေရှင်း၍မရတော့ပေ။ ထို့ကြောင့် ချင်းရှီကျုံးကိုကြည့်ကာ ပြောလိုက်၏။

“ဒီနေရာမှာ ငါ အိမ်တော်ဆောက်မယ်”

ချင်းရှီကျုံး “...”

‘ခွင့်ပြုချက်ကို မောက်မောက်မာမာနဲ့ တောင်းရမယ်လို့ ဘယ်ကောင်သင်ပေးခဲ့တာလဲ’

ချင်းရှီကျုံးသည် စွံ့အသွား၏။ မြူနှင်းတောင်တန်းသည် ချင်ကန်းဂိုဏ်း၏ လက်အောက်တွင်ရှိသောကြောင့် အခြားကျင့်ကြံသူများ နေထိုင်ရန်တားမြစ်ထားသည်။ သို့သော် နေလိုပါက ညှိနှိုင်းမှုများလုပ်ကာ အခကြေးငွေပေးရမည်ဖြစ်သည်။ ထိုမောက်မာသည့်လူငယ်သည် အခကြေးငွေနှင့် ပတ်သတ်ပြီး မသိသည်လား မသိချင်ယောင်ဆောင်နေသည်လား မဆုံးဖြတ်တတ်တော့ပေ။ ထို့ကြောင့် ချင်းရှီကျုံးသည် ဒေါသတကြီးပြောလိုက်၏။

“ဟမ့်..မောက်မာတဲ့ကောင်..၊ အခုချက်ချင်းမြူနှင်းတောင်ပေါ်ကနေ အေးအေးဆေးဆေးဆင်းသွားလိုက်၊ ပြီးမှ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတယ်မပြောနဲ့”

“ဘုန်း..”

“အကြီးအကဲ..”

“ဘုန်း..ဘုန်း..”

“ငါ့သခင်ကို ဒီလိုဆက်ဆံရဲတဲ့ မင်းတို့ကို အံ့ဩမိတယ်..”

ရွှမ်းလုံသည် ဒေါသတကြီး ရိုက်နှက်လိုက်၏။ ချင်းရှီကျုံးတို့သည် တုန့်ပြန်ချိန်ပင်မရလိုက်ပေ။ တောင်တန်းပေါ်သို့ ပြင်းပြင်းထန်ထန်ကျဆင်းသွားသည်။

ထိုအချိန်တွင် ဟွမ်းသည် ရွှမ်းလုံ၏ ခေါင်းကို ထုနှက်ကာဆုံးမလိုက်၏။

“နေရာတကာ ခွန်အားသုံးပြဖြေရှင်းလို့မရဘူး ဟေးလုံ၊ အကျိုးသင့် အကြောင်းသင့် အရင်ပြောရတယ်ကွနားလည်လား..”

“ဟုတ်ကဲ့..ရွှမ်းလုံပါ”

ရွှမ်းလုံ၏ မျက်နှာ ရှုံမဲ့သွားပြီး ဖြေလိုက်၏။ ယခုတွင် အကျိုးအကြောင်းမသင့်လျော်သူက ဟွမ်းဟုသာတွေးလိုက်မိသည်။ ရွှမ်းလုံသည် သူ၏ ခေါင်းကို အသာပွတ်သပ်လိုက်၏။

“မင်းတို့ကို လုံးဝခွင့်မလွတ်ဘူးကွ၊ ရှန်းလော်မြို့မှာပါ မနေနိုင်အောင် လုပ်ပစ်မယ်”

လဲကျနေသည့် ချင်းရှီကျုံးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဆောင်တစ်ခုအား ချေမွလိုက်သည်။

ထိုအချိန်တွင် အရှိန်အဝါတစ်ခုသည် မြူနှင်းတောင်သို့ တန်ဟုန်ထိုးရောက်ရှိလာသည်။ ထို့နောက် ချင်းရှီကျုံးလဲကျနေသည်ကို မျက်မှောင်ကြုတ်သွားပြီးမေးလိုက်၏။

“ဘာဖြစ်တာလဲ..”

“အကြီးအကဲချုပ်..ဒီလူက ခွင့်ပြုချက် မရှိပဲ မြူနှင်းတောင်တန်းမှာ နေထိုင်ဖို့ လုပ်နေတယ်၊ ကျုပ်ကိုတားဆီးလို့ဆိုပြီးလဲ ရိုက်နှက်သေးတယ်..”

ချင်းရှီကျုံးသည် ငိုလုမတက်အမူအယာနှင့် တိုင်တန်းလိုက်၏။ သို့သော် ကြမ်းကြမ်းတမ်းတမ်း ရှိသည့် သူ၏မျက်နှာနှင့် အလွန်ပင်ကြည့်ရဆိုးပေသည်။

“ချန်ကန်းဂိုဏ်းရဲ့နယ်မြေကိုလဲ ကျုးကျော်ပြီး အကြီးအကဲကိုပါ ရိုက်နှက်ခဲ့သေးတယ်၊ မင်းတို့ အပြစ်က ခွင့်လွှတ်ပေးလို့မရတော့ဘူး၊ ဒါပေမဲ့ ငါက သဘောထားကြီးတဲ့အနေနဲ့ ဝိညာဉ်ကျောက် တစ်သိန်းပေးရင် မင်းတို့ကို ဒီနေရာက အေးအေးဆေးဆေးထွက်သွားခွင့်ပေးမယ်..”

အကြီးအကဲချုပ်ဖြစ်သည့် သွမ့်မုလီသည် သူ၏ အဆင့်ငါးအရှိန်အဝါကို ဖော်ထုတ်ကာ ဖိအားပေးရန်ပြင်လိုက်၏။ သို့သော် ရုတ်ချည်းဆိုသလို သူ၏ အမြင်အာရုံသည် ဝေဝါးသွားပြီး သူ၏မျက်နှာတွင် နာကျင်သည့် ခံစားမှုကို ခံစားလိုက်ရသည်။

“ဘုန်း..”

သွမ့်မုလီသည် အရှိန်အဝါပင် အပြည့်အဝ မထုတ်ဖော်လိုက်ရပဲ ရိုက်နှက်ခံလိုက်ရ၏။

ရွှမ်းလုံ “...”

‘သခင် ပြောတော့ အကျိုးသင့် အကြောင်းသင့် ဖြေရှင်းဆို’

ချင်းရှီကျုံးလည်း လူငယ်နှစ်ဦးကြောင့် ပြောစရာစကားမဲ့သွား၏။ သူ့အားရိုက်နှက်သည့် အပြင် အကြီးအကဲချုပ်ပါ ရိုက်နှက်လိုက်ကြပြန်သည်။

“တော်တော်အနှောက်ယှက်ပေးတဲ့ကောင်တွေ မင်းတို့ဂိုဏ်းက အကျိုးအကြောင်းညှိနှိုင်းလို့ရမဲ့ သူကိုခေါ်ခဲ့..”

ဟွမ်းသည် စိတ်မရှည်တော့ပေ။ သူ၏ အချိန်များအား လာဖြုန်းတီးနေကြ၏။ အချိန်ကုန် မခံချင်တော့သောကြောင့် တိုက်ရိုက်ညှိနှိုင်းရန် စေခိုင်းလိုက်သည်။

သွမ့်မုလီသည် တုန်လှုပ်သွား၏။ ထိုလူငယ်၏ တိုက်ခိုက်မှုတွင် ပြန်လည်တုန့်ပြန်ရန်မ‌ဆိုထားနှင့် သူ၏အရှိန်အဝါပင် ပျောက်ကွယ်သွားရသည်။

‘ဘယ်လိုစွမ်းအားမျိုးလဲ..’

All Chapters