← Chapters

မင်းထိုက်နဲ့မင်းကံပဲလေ

Vol. 12 Ch. 169

မင်းထိုက်နဲ့မင်းကံပဲလေ

Vol. 12 Ch. 169

လောင်ကျန်းသည် ရွှမ်းလုံ၏ ရုတ်တရက်အပြောင်းအလဲကြောင့် ကြောင်အသွားသည်။ ရွှမ်းလုံ၏ ပုံစံသည် ရှည်လျားသည့် အနက်ရောင်ဆံနွယ်များပင် ထောင်မှတ်နေသည့်အလား ဖြစ်ပေါ်နေပြီး အသက်ရှုသံပင် မပေါ်ထွက်နေတော့ချေ။ ထို့နောက် ရွှမ်းလုံ ညွှန်ပြထားသည့် လူငယ်၏ အသံကို ကြားလိုက်သောကြောင့် လောင်ကျန်းသည် လှည့်ကြည့်လိုက်၏။

ဟွမ်း၏ ပုံစံသည် ထည်ဝါခမ်းနားသည့် အရှိန်အဝါများ ပေါ်ထွက်မနေသော်လည်း သူ၏ ချောမောသည့်ရုပ်ရည်ကြောင့် လောင်ကျန်းပင် မှင်သက်သွားသည်။

“လူငယ်လေးရွှမ်းကို အနိုင်ကျင့်နေတာ မင်းလားကွ..”

လောင်ကျန်းသည် ဒေါသထကြီး အော်ဟစ်လိုက်၏။ ဆိုင်အတွင်းရှိ ကျင့်ကြံသူများသည်လည်း ထိုင်နေရာမှ ထလာကာ ဟွမ်းထံဦးတည်လာကြသည်။ ဟွမ်းသည် မျက်မှောင်ကြုတ်သွားပြီးနောက် သူ၏ လေသံကို အနည်းငယ်မြင့်လိုက်၏။

“ထွက်သွားစမ်း..”

“ဟုတ်ကဲ့..”

လောင်ကျန်းအပါအဝင် ဆိုင်အတွင်းရှိ ကျင့်ကြံသူများသည် လျှင်မြန်သည့် အရှိန်နှုန်းနှင့် ထွက်ခွာသွားကြသည်။ ထို့နောက် ဆိုင်အပေါက်ဝတွင် ရပ်နေကြကာ ဖြစ်လာတော့မည့် အရာတစ်ခုကို ပြဇာတ်တစ်ပုဒ်ကြည့်ရတော့မည်အလား စိတ်ဝင်တစားစောင့်ဆိုင်းနေကြသည်။

ရွှမ်းလုံ “...”

‘သစ္စာမဲ့တဲ့ကောင်တွေ၊ အသေခံပြီးပဲ ကာကွယ်ပေးမဲ့ပုံစံနဲ့’

လောင်ကျန်း ‘အဓိပတိနတ်အင်ပါယာတွေတောင် ကြောက်ရတယ်ဆို၊ ငါတို့ကရူးနေလို့ မင်းအတွက်တိုက်ခိုက်ပေးရမှာလား’

“ကျုပ် သခင့်ကို လွမ်းနေတာ၊ သခင်နဲ့ မတွေ့ရတော့တဲ့ အချိန်တွေကတည်းက ကျုပ် မအိပ်နိုင်မစားနိုင်နဲ့ အရက်သမား ဖြစ်လုနီးပါးပဲ..”

ရွှမ်းလုံသည် အသိဝင်လာပြီးနောက် ဟွမ်း၏ ခြေထောက်ကို ပြေး‌ဖက်လိုက်ကာ အော်ဟစ်ငိုယိုလိုက်၏။ မျက်ရည်ပေါက်ကြီးငယ်များ ကျဆင်းလာပြီး ရှိုက်သံများပင် ပါဝင်နေသည်။

“ဒါဆို ဒီသခင်က နှစ်ပေါင်းသုံးသောင်းကျော်အတွက် အလွမ်းပြေသွားအောင် လုပ်ပေးရမှာပေါ..”

ဟွမ်းသည် အေးစက်သည့် အပြုံးနှင့် ပြောလိုက်ပြီးနောက် ရွှမ်းလုံသည် ချက်ချင်းပင် ဆိုင်အပေါက်ဝသို့ ဦးတည်ကာ လျှင်မြန်သည့် အရှိန်နှင့် ထွက်ပြေးလိုက်၏။

“မင်း အစကတည်းက မကောင်းတဲ့ မရာတွေကို မလုပ်သင့်ဘူး၊ လူငယ်လေးရွှမ်း ရှေ့လျောက်ကောင်းကောင်းမွန်မွန်နေထိုင်သွား..”

ရွှမ်းလုံသည် အပေါက်ဝသို့ရောက်သည်နှင့် လောင်ကျန်း၏ ဆုံးမသည့် စကားသံကို ကြားလိုက်ရ၏။ သူသည် မြန်ဆန်သည့် အရှိန်နှုန်းနှင့် ထွက်ပြေးနေသော်လည်း ဆိုင်အပေါက်ဝသို့ ရောက်ချိန်တွင် သူ၏ လည်ဂုတ်အား ဆုပ်ကိုင်ခံထားရသောကြောင့် ရှေ့ဆက်မပြေးနိုင်တော့ချေ။

“သခင်..ကျုပ်ရှင်းပြ..”

“ဘုန်း..”

ရွှမ်းလုံသည် စကားပင် ဆုံးအောင် မပြောနိုင်လိုက်ချေ။ အင်အားပြင်းလက်သီးတစ်ချက်သည် သူ၏ မျက်နှာနှင့် မိတ်ဆက်သွားသည်။ စားသောက်ဆိုင်အပေါက်ဝမှ အခြားလမ်းဘက်ရှိ အဆောက်အဦးများထိပင် လွင့်စင်သွားရသည်။

“အား..လောင်ကျန်း ခဗျားပြောတော့ ကျုပ်ကို ကူညီမယ်ဆို..”

ရွှမ်းလုံသည် ဒေါသတကြီး ဟစ်အော်လိုက်၏။

“ကျုပ်တို့ အဲ့ကောင်နဲ့ မသိဘူး”

“ဒီကရောင်းရင်းကို မိစ္ဆာကောင်လို့ ပြောတာကို ကျုပ်တို့တောင် သည်းမခံနိုင်ဘူး”

လောင်ကျန်းအပါအဝင် ရွှမ်းလုံ၏ သောက်ဖော်သောက်ဖက်များသည် ဟွမ်းအား မိစ္ဆာကောင်ဟု ခေါ်သည်ကိုပင် မခံမရပ်နိုင်ဖြစ်နေသည့်အလား ရှင်းပြလိုက်ကြ၏။

“အား..ခွေးကောင်တွေ..”

ရွှမ်းလုံသည် ရူးသွပ်လုမတက်ပင် ဖြစ်သွား၏။ ထို့နောက် ဆက်လက်၍ ထွက်ပြေးလိုက်ပြန်သည်။

ဟွမ်းသည် လောင်ကျန်းတို့အား တစ်ချက်ကြည့်သွားပြီးနောက် ပျောက်ကွယ်သွား၏။ ထိုအချိန်မှ လောင်ကျန်းတို့သည် သက်ပြင်းချနိုင်သွားသည်။ ဟွမ်းရောက်ရှိလာချိန်ကတည်းက သတ်ဖြတ်လိုစိတ်များကို ခံစားရပြီး ဒူးများပင်ပျော့ခွေလာခဲ့ရ၏။ ရွှမ်းလုံအတွက် စိတ်မကောင်းဖြစ်ရုံမှ အပ မကူနိုင်ခဲ့ချေ။ ထိုအချိန်တွင် စားသောက်ဆိုင်၏ စားပွဲထိုးသည် အမြန်ပြေးလာကာ အော်ပြောလိုက်သည်။

“ဧည့်သည်တို့ ကျုပ်တို့ဆိုင်ကစားသောက်ထားတာတွေ ပိုက်ဆံမရှင်းရသေးဘူး”

လောင်ကျန်း “...”

‘မင်းဒီအခြေအနေကို မဖက်တက်ဘူးလား..’

တစ်ပတ်ခန့် ကြာပြီးနောက်တွင် ဟွမ်းသည် မြူနှင်းတောင်တန်းတွင် အခြေအနေကို စစ်ဆေးနေ၏။ သူသည် ဤနေရာတွင် သူ၏ လင်းရှန်နယ်မြေကို နေရာချရန် စိတ်ကူးနေခြင်းဖြစ်သည်။ လင်းရှန်နယ်မြေသည် ယခုမှစတင် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်မို့ ဝိညာဉ်စွမ်းအင်များ စီးဆင်းစေရန် လိုအပ်၏။

ထို့ကြောင့် ဟွမ်းသည် အဆင့်သုံးကုန်းမြေတွင် လင်းရှန်နယ်မြေကို ပေါင်းစည်းရန်စိတ်ကူးထားသည်။ အချိန်တစ်ခုအထိ တိုးတက်စေပြီးမှ အဆင့်နှစ်ကုန်းမြေသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ လင်းရှန်နယ်မြေသည် အရိုင်းဆန်စွာ ရှိနေသေးခြင်းကြောင့် အဆင့်နှစ် ကုန်းမြေသို့ တိုက်ရိုက်နေရာချပါက အဆင့်နှစ်ကုန်းမြေ၏ စွမ်းအင်တိုက်စားမှုများကြောင့် လင်းရှန်နယ်မြေသည် ပြိုကွဲသွားနိုင်ခြင်းကြောင့်ဖြစ်၏။

ဟွမ်း၏ဘေးတွင်တော့ မျက်နှာသည် ဖူးယောင်နေပြီး လူရုပ်ပင်မပေါ်သည့် ရွှမ်းလုံသည် မျက်ရည်များ တစက်စက်နှင့် ကျဆင်းနေသည်။ သူသည် ဤတစ်ပတ်လုံးလုံး အရိုက်အနှက်ခံခဲ့ရ၏။ မည်သို့မျှ မလွတ်မြောက်နိုင်သည့် အင်အားကြီးခြင်္သေ့လက်တွင်းသို့ သက်ဆင်းသွားရသည် ယုန်ငယ်လေးအလားပင်။

ရွှမ်းလုံသည် အနှစ်ပေါင်းသုံးသောင်းကျော်မျှ ဟွမ်း၏ လက်အောက်မှ ထွက်ပြေးခဲ့သော်လည်း ယခုတွင် မလွတ်မြောက်နိုင်တော့ချေ။

ထိုအချိန်တွင် ဟွမ်း၏ လက်တွင် မင်္ဂလာကောင်းချီးသစ်ပင်ငယ်လေး ပေါ်ထွက်လာသည်။ ဟွမ်းသည် ထိုသစ်ပင်ငယ်အား သူ၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားခဲ့သည်။ ထိုသစ်ပင်ငယ်လေးသည် လင်းရှန်နယ်မြေနှင့် လအနည်းငယ်ကြာ ချိတ်ဆက်မိသွားပြီးနောက် အပြည့်အဝ ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။

ထို့ကြောင့် လင်းရှန်နယ်မြေနှင့် တသားတည်း ဖြစ်တည်သွားခဲ့သည်။ လက်ရှိပုံစံတွင် လင်းရှန်နယ်မြေသည် ထိုသစ်ပင်ငယ်အတွင်း ရောက်ရှိနေပြီးဖြစ်သလို ထိုသစ်ပင်ငယ်သည်လည်း လင်းရှန်နယ်မြေတွင် တည်ရှိနေပြီဖြစ်သည်။

“သခင် အဲ့ဒါဘာလေးလဲ..”

ရွှမ်းလုံသည် ထိုရွှေရောင်သစ်ငယ်လေးအား ကြည့်ကာ စပ်စုလိုက်၏။

“နယ်မြေအရင်းမြစ်သစ်ပင်..”

“သခင်က နယ်မြေတစ်ခုတည်ဆောက်မလို့လား..”

ရွှမ်းလုံ၏ မျက်နှာထက်တွင် နားမလည်နိုင်သည့် အမူအယာများထွက်ပေါ်နေသည်။

“ဟုတ်တယ်..ငါ့မှာ တပည့်တွေရှိနေပြီ..သူတို့အတွက် အုတ်မြစ်တစ်ခုတည်ဆောက်ပေးရလိမ့်မယ်”

ဟွမ်း၏ လေသံသည် ငြင်သာသွား၏။ သို့သော် ရွှမ်းလုံ၏ အမူအရာကြောင့် ထပ်မံရိုက်နှက်ချင်စိတ်ပေါက်သွားသည်။

ရွှမ်းလုံ၏ မျက်နှာတွင် ‘အဲ့ဒီစကားတွေက သခင်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူး’ ဟူသည် စကားလုံးများပေါ်လွင်နေသည်။ ထို့နောက် ရွှမ်းလုံသည် ဟွမ်းအနားတိုးကပ်သွားကာ ပွေ့ဖက်ရန်ပြင်လိုက်၏။

“ဝုန်း..”

‘ငါ့သခင်အစစ်မှန်တော့ဟုတ်တယ်ဟ၊ ဒါပေမဲ့ ဘယ်နေရာကလွဲမှားနေတာလဲ’

ရွှမ်းလုံသည် တောင်တန်း၏ အောက်ခြေသို့ပင် တလှိမ့်ခေါက်ကွေး ကန်ချခံလိုက်ရ၏။ တောင်ခြေရောက်ရှိသွားသည် ရွှမ်းလုံသည် ဟွမ်းအနားပြန်ရောက်လာခဲ့ပြီး အတွေးများနှင့်ပြည့်နှက်နေသည်။ သူသည် အနာခံ၍ ဟွမ်း အစစ်မှန်ဟုတ်မဟုတ် စမ်းသပ်လိုက်ခြင်းပင်။

ဟွမ်းသည် ထိုသောက်ရူးအား ဂရုမစိုက်တော့ချေ။ မင်္ဂလာကောင်းချီးသစ်ပင်ငယ်အား ထိုတောင်တန်းပေါ်တွင် နေရာချလိုက်၏။ ချက်ချင်းပင် တောင်တန်းသည် ရွှေရောင်အလင်းတန်းများနှင့် ပြည့်နှက်သွားသည်။

“သခင် အဲ့ဒါက မျိုးနွယ်စုကြီးတွေရဲ့ နယ်မြေလိုမျိုးလား”

ရွှမ်းလုံသည် ဟွမ်း၏ လုပ်ရပ်များကို ထိုင်ကြည့်နေရင်း မေးလိုက်၏။

“အချိန်တစ်ခုကြာသွားရင်တော့ အဲ့ဒီလို ဖြစ်သွားလိမ့်မယ်၊ အခုတော့ အဆင့်နိမ့်သေးတယ်”

ဟွမ်းသည် မျိုးနွယ်ကြီးများ၏ ကိုယ်ပိုင်နယ်မြေများနှင့် မနှိုင်းယှဉ်နိုင်သေးကြောင်းဆိုလိုက်၏။ သို့သော် ယခုအချိန်တွင် ဟွမ်းကိုယ်တိုင်လည်း ထိုအပင်ငယ်လေး၏ စွမ်းအားကို လျော့တွက်ထားပုံရသည်။

“ဟေးလုံ.. ဒီနေရာမှာ အိမ်တော်တစ်ခုတည်ဆောက်ဖို့ပြင်ဆင်လိုက်..”

ဟွမ်းသည် ရွှမ်းလုံကို အမိန့်ပေးလိုက်၏။

“သခင် ကျုပ်နာမည် ရွှမ်းလုံပါလို့..”

ရွှမ်းလုံ၏ မျက်နှာသည် ရှုံမဲ့သွား၏။ ဟွမ်းသည် နားလည်သည့် ပုံစံနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရွှမ်းလုံသည် နားမလည်သည့် အမူအရာနှင့် ပြောလိုက်၏။

“သခင်..ဘာလို့ အပင်ပန်းခံပြီး ဒီနေရာမှာ နေမှာလဲ..ကျုပ်တို့ နတ်ဘုရားနယ်မြေကို ပြန်ကြမယ်လေ..”

“ဒီအပင်လေးရဲ့ အတွင်းက နယ်မြေက နတ်ဘုရားနယ်မှာနေရာချလို့မရသေးဘူး၊ ဒါကြောင့် ဒီမှာ စွမ်းအင်စုဆောင်းဖို့ ဆုံးဖြတ်လိုက်တာ..”

ရွှမ်းလုံသည် ထိုမှသဘောပေါက်သွားသည့် အလားခေါင်းညိတ်လိုက်မိ၏။ ထို့အပြင် နတ်ဘုရားနယ်မြေတွင် သူတို့နှစ်ဦးအား ကြိုဆိုမဲ့သူ မရှိသလောက်ပင်။ သူသည် နတ်ဘုရားနယ်မြေတွင် ရှိစဉ်က အကြောင်းများ တွေးမိနေချိန်တွင် ဟွမ်း၏စကားသံကို ထပ်မံ ကြားလိုက်ရသည်။

“ခရမ်းလမျိုးနွယ်နဲ့ ခရမ်းလနယ်မြေ မရှိတော့ဘူး..”

“ဝုန်း..”

All Chapters