#ဟုန်ရင်ရောက်လာသည်၊ သေဟန်ဆောင်တာလား#
Vol. 85 Ch. 1191
ရှောင်ဟိုင်ကို မဟာအကြီးအကဲပေးထားသည့်တာ၀န်က အစီအရင်ကို ဘယ်လိုအသက်သွင်းရမလဲဆိုတာ မေးနိုင်ရင်မေး၊ သိူ့မဟုတ် ရှမ်းဟိုင်ကို သတ်ပစ်ရန်ပင်။
သို့စေကာမူ နှစ်များစွာအတွင်း လူအများအပြားက နည်းလမ်းမျိုးစုံကို သုံးခဲ့သော်လည်း သူတို့ရှန်းယင်ဆီကနေ အစီအရင်ကို အသက်သွင်းရန် နည်းလမ်းကို မရရှိခဲ့ပါ။
ရှောင်ဟိုင်သွားသည်နှင့် ဘယ်လိုလုပ်ရနိုင်မည်နည်း။
သူသာ အစီအရင်ကို ဘယ်လိုအသက်သွင်းရမလဲဆိုတာကို တကယ်တွေ့သွားပါက ဒါက သူတို့အတွေးများကို သက်သေပြသလိုဖြစ်သွားပေလိမ့်မည်။ ဟိုင်မု၏ ကိုယ်ပိုင်လက္ခဏာက တကယ်တမ်းတွင် ရှောင်ဟိုင် သို့မဟုတ် ရှောင်ဟိုင်၏ လူတစ်ယောက်ပေတည်း။
သို့စေကာမူ သူသာရှန်းယင်ကို သတ်လိုက်ပါက ရှောင်ဟိုင်ကို သံသယများကနေ လွတ်မြောက်စေလိမ့်မည်။
ရှောင်ဟိုင်ရော ရှန်းယင်ပါ အလှည့်အပြောင်းများကို နားလည်ကြသည်။
ရှန်းယင် တစ်ခုခုကိုတွေးတောနေပုံရသည့် ရှောင်ဟိုင်၏ လေးနက်သောအမူအရာကို ကြည့်ရင်း မျက်နှာပေါ်၌ အေးဆေးသည့် အပြုံးတစ်ပွင့်ရှိနေသည်။
"ကျွန်တော်ကလူအိုကြီးတစ်ယောက် ဖြစ်နေပါပြီ၊ ဒီဘ၀မှာ အဆင့်ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး၊ ကျွန်တော့်သက်တမ်းကလည်း ပြီးဆုံးနေပါပြီ"
"ကျွန်တော့်ဘ၀ရဲ့ နောက်ဆုံးအပိုင်းမှာ နတ်ဆိုးအရှင်ကို ပြန်ကူညီနိုင်တဲ့အပေါ် ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်"
"နတ်ဆိုးအရှင်မင်းကြီး နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ ထီးနန်းမှာ နောက်တစ်ကြိမ် တက်တာကို မမြင်နိုင်တော့တာကတော့ ၀မ်းနည်းစရာပေါ့...."
ဒီနေရာတွင် ရှန်းယင်ခေါင်းခါယမ်းကာ သက်ပြင်းချသည်။
ရှောင်ဟိုင်တစ်ခဏမျှတွေးလိုက်ပြီးနောက် ပြုံးကာ ရှန်းယင်၏ပခုံးကိုပုတ်သည်။
"တခြားနည်းလမ်းရှိနိုင်တာပဲလေ"
ရှန်းယင်ကြက်သေသေသွားသည်။
"ဘာနည်းလမ်းလဲ"
ရှောင်ဟိုင်မဖြေဘံ ယင်းအစား အသံလွှင်ကျောက်စိမ်းဆွဲသီးကိုထုတ်ယူပြီး စတင်ဆက်သွယ်သည်။
အတည်ပြုပြီးနောက်တွင် သူကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းရင်း ရှန်းယင်ကို ကြည့်သည်။
"နောက်ကျရင် အမျိုးသမီးတစ်ယောက်လာလိမ့်မယ်၊ သူသစ်တောထဲ၀င်လာတာနဲ့ သူ့အော်ရာကို ကူညီဖုံးကွယ်ပေးထားဖို့ သတိရပါ၊ အပြင်မှာ စောင့်ကြပ်နေကြတဲ့လူတွေ ရှာမတွေ့မိစေနဲ့"
ဒါကိုကြားသော် ရှန်းယင် အလျင်အမြန် ခေါင်းညိတ်သည်။
အမွေးတိုင်တစ်တိုင်စာခန့် အကြာမှာပင် အနီ၀တ်အမျိုးသမီးတစ်ဦး ခြံ၀င်းလေးထဲကို ရောက်လာသည်။
အနီ၀တ်အမျိုးသမီးက ရှောင်ဟိုင်၏ ပိန်လှီသွယ်လျသည့်ခန္ဓာကို ကြည့်ရင်းပြုံးသည်။
"နင့်ရဲ့ဒီပုံရိပ်နဲ့ ငါတကယ်ကျင့်သားမရသေးဘူး၊ ယှဉ်ကြည့်မယ်ဆိုရင် ဒါက အရမ်းများလွန်းတယ်"
ရှောင်ဟိုင်စကားပြောတာကိုပင် စောင့်မနေဘဲ ရှန်းယင်ဒေါသတကြီးအော်ဟစ်သည်။
"အမျိုးသမီး၊ နတ်ဆိုးအရှင်ကို ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ"
ရှောင်ဟိုင်လက်ဝှေ့ယမ်းကာ တိုက်ခိုက်ရန်ပြင်နေသည့် ရှန်းယင်ကို တားပြီးနောက်ပြုံးသည်။
"ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူးလေ၊ စီနီယာအစ်မ၊ အရာအားလုံးကို ကျွန်တော်တို့ မှန်မှန်လုပ်နေတာပဲမလား"
ဘာ!
စီနီယာအစ်မ!
ရှန်းယင်ကြက်သေသေသွားသည်။
ဒါက နတ်ဆိုးအရှင်မှာ ဆရာတစ်ယောက်ရှိတယ်လို့ ဆိုလိုတာလား!
ဘယ်လိုလူမျိုးက နတ်ဆိုးအရှင်ရဲ့ ဆရာဖြစ်လာနိုင်တာလဲ!
ဒါ့အပြင် နတ်ဆိုးအရှင်ရဲ့ မောက်မာစည်းမဲ့တဲ့စရိုက်အရဆိုရင် ဘယ်လိုလုပ် တခြားသူတစ်ယောက်ကို ဆရာအဖြစ် အသိအမှတ်ပြုနိုင်ရတာလဲ!
ဟုန်ရင်ပြုံးသည်။
"ကောင်းပါပြီ၊ နင်ထပ်ပြီးစိတ်လိုက်မာန်ပါ မလုပ်တော့တာကတော့ ကောင်းတဲ့အရာပေါ့၊ ပြောပါဦး၊ ငါ့ကိုဘာလို့လိုတာလဲ"
ရှောင်ဟိုင်ခေါင်းညိတ်ကာ သူမကို ဇာတ်ကြောင်းတစ်ခုလုံးကို ပြောပြသည်။
"ကျွန်တော် စီနီယာအစ်မကို ဗလာနတ္ထိပုံတူကိုသုံးပြီး သူ့ကို ပန်းချီကားထဲ ထည့်ထားစေချင်တယ်၊ ပြီးရင် သူ့သေဟန်ဆောင်တဲ့ မြင်ကွင်းတစ်ခု ကျွန်တော်ဖန်တီးမယ်"
သေဟန်ဆောင်မယ်!
ဟုန်ရင်အနည်းငယ် မျက်မှောင်ကြုတ်သည်။
"ဗလာနတ္ထိပုံတူထဲ ထည့်တာက ပြဿာနာမဟုတ်ဘူးဆိုပေမယ့် ဒါကို နတ်ဆိုးဘုရင်ပိုင်နက်က လူတွေဆီက ဖုံးကွယ်ထားဖို့က ခက်ခဲလောက်တယ်"
"ဂျူနီယာမောင်လေးမုကို မေးကြရအောင်၊ ဒီလိုကိစ္စတွေမှာ သူအရမ်းတော်တယ်"
ထို့နောက် ဟုန်ရင် ဗလာနတ္ထိပုံတူကို ထုတ်ယူပြီး မုဖူရှန်းကို ဆွဲထုတ်လိုက်၏။
မူလက မုဖူရှန်းအဆောင်များ ရေးထွင်းနေသော်လည်း စုတ်ချက်တစ်ချက်ရေးဆွဲပြီးသည်နှင့် ဆွဲထုတ်ခံလိုက်ရသည်။ သူအတိဆွံအနေသည်။
"ဘာဖြစ်လို့လဲ"
ဟုန်ရင်သူ့ကို ဖြစ်ပျက်ခဲ့တာတွေကို ပြောပြသောအခါ မုဖူရှန်းနားလည်စွာ ခေါင်းညိတ်သည်။
"ဒါကတကယ်ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
"ခင်ဗျားအော်ရာနဲ့ ကျုပ်လုပ်စရာတစ်ခုခုလိုတယ်၊ ဒီအရာက ကိုယ်စားပြုတာဖြစ်ရမယ်"
ရှန်းယင် ဗလာနတ္ထိပုံတူကို မိန်းမောတွေဝေစွာ ကြည့်နေသည်။ သူဒါကိုကြားသောအခါ တုံ့ပြန်လာပြီး ခေါင်းညိတ်သည်။
"သေချာတာပေါ့"
ရှန်းယင်သဘောတူတာကို မြင်သောအခါ မုဖူရှန်းပြုံးရင်းပြောသည်။
"ဒီတော့ ဒီမတိုင်ခင်မှာ ခင်ဗျားစီနီယာအစ်ကိုရှောင်ဟိုင်နဲ့ အစွမ်းကုန်တိုက်ခိုက်ဖို့ လိုသေးတယ်"
"တိုက်ပွဲအော်ရာက ပြင်းထန်လွန်းလို့ အပြင်လူတွေတောင် အာရုံခံနိုင်တယ်ဆိုရင် အကောင်းဆုံးပေါ့"
ရှောင်ဟိုင် ရှန်းယင်ကို ကြည့်လိုက်၏။
ရှန်းယင်ပြုံးသည်။
"ဒါဆိုကျေးဇူးပြုပြီး အလင်းပြပါဦး နတ်ဆိုးအရှင်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ရှန်းယင်လက်အစုံကို ဘေးသို့ဖြန့်ကာ ညင်သာစွာတစ်ချက်အော်လိုက်စဉ် ခြံ၀င်းလေးထဲက မြေကြီးက အမှန်တကယ်မြင့်တက်လာခဲ့သည်။
မရေမတွက်နိုင်လောက်သော မိုးမခပင်များက စတင်ကျိုးပဲ့ပြိုလဲကြကုန်သည်။
နေရာတိုင်းက မြေကြီးက ပန်းပွင့်များကဲ့သို့ ခြံ၀င်းလေးတစ်ခုလုံးကို လွှမ်းခြုံပစ်ပြီး တစ်ချိန်တည်းမှာ အေးစက်သည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ထုတ်လွှတ်သည်။
အပြင်တွင် စောင့်နေကြသည့်သူလျှိုများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ အမူအရာများက လေးနက်သွားကြ၏။
ထို့နောက် သူတို့ချက်ချင်းပင် အသံလွှင့်သလင်းကျောက်ကို ထုတ်ယူကာ အသံပို့လိုက်ကြသည်။
"မဟာတပ်မှူး၊ ကောင်းကင်မြေတုန်ခါအစီအရင်ကို အသက်သွင်းလိုက်ပြီ၊ ရှန်းယင်နဲ့ တပ်မှူးဟိုင်မုတို့ အစွမ်းကုန်တိုက်ခိုက်နေကြပြီထင်တယ်"
တခြားတစ်ဘက်ကနေ မဟာတပ်မှူး၏ အသံထွက်လာသည်။
"အင်း၊ သက်ရောက်ခံရခြင်းကနေ ရှောင်ရှားဖို့ အထဲကိုမ၀င်ကြနဲ့၊ အခြေအနေကို အပြင်ကနေ ဆက်လက်စောင့်ကြည့်ကြ၊ အစီအရင်ပျောက်ကွယ်သွားတာနဲ့ ချက်ချင်း၀င်လိုက်ကြ"
"ငါအခုလာနေပြီ"
ဒီနေရာက သူလျှိုများတင်မကဘဲ နတ်ဆိုးဘုရင့်အဓိကမြို့က လူတိုင်းက သစ်တောထဲက ခြံ၀င်းလေးကို ကြည့်လိုက်ကြ၏။
ချက်ချင်းပြေးလွှားသွားကြသောသူများလည်းရှိသည်။
ခြံ၀င်းလေးထဲတွင် ရှန်းယင် အစီအရင်ကို ထိန်းချုပ်ထားပြီး အစီအရင်များစွာက တစ်ချိန်တည်းတွင် ပွင့်သွားခဲ့သည်။ မြေကြီးက ပြိုကွဲကာ တောင်လေးများအဖြစ် သိပ်သည်းသွားပြီး ရှောင်ဟိုင်ရှိရာဘက်သို့ ပစ်၀င်လာသည်။
"နတ်ဆိုးအရှင်၊ သတိထားပါ၊ ဒီအစီအရင်ကို နှစ်များစွာကြာ ကျွန်တော်ဖွံ့ဖြိုးအောင် လုပ်နေခဲ့တာ၊ နတ်သခင်နယ်ပယ် တစ်၀က်အဆင့်တစ်ယောက်တောင် ဒီအစီအရင်တွေရဲ့ တိုက်ခိုက်မှုတွေကို မခံနိုင်ဘူး"
များပြားလှသောအစီအရင်များက ချိန်းကြိုးများနှင့်တူသည်။
၎င်းတို့ကအပြန်အလှန် ချိတ်ဆက်နေကြပြီး တစ်ခုအပေါ်တစ်ခုထပ်ကာ စွမ်းအားကို သိသိသာသာပင် တိုးလာစေသည်။
ရှောင်ဟိုင်ပြုံးရင်း ရှေ့တစ်လှမ်းတိုးကာ အထက်က တောင်ငယ်လေးများထံ ပြေးသွားပြီး ရုတ်တရက်ထိုးလိုက်လေသည်။ သူ့လက်သီးစွမ်းအားက ပတ်၀န်းကျင်က လေဟာနယ်ကို ပြိုကွဲသွားစေသည်။
ရှန်းယင်၏ အရူးအမူးဖြစ်နေသည့် အကြည့်အောက်တွင် တောင်ငယ်များက ရှောင်ဟိုင်၏ လက်သီးချက်အောက်တွင် အမှန်တကယ် ချေမွခံလိုက်ရသည်။
သို့စေကာမူ တောင်ငယ်များနောက်တွင် လှံတစ်ချောင်းရှိနေပြီး ကောင်းကင်ကို ထိုးဖောက်သွား၏။
ပြိုကျနေသည့်အုတ်အပိုင်းအစများက ချက်ချင်းဆိုသလို ကျောက်လှံများအဖြစ် သိပ်သည်းကာ ရှောင်ဟိုင်အား ထိုးဖောက်သွားကြသည်။
ရှန်းယင်ဒီမြင်ကွင်းကို ကြည့်ရင်းပြုံးသည်။
"နတ်ဆိုးအရှင်၊ ဒီနှစ်တွေထဲမှာ ကျွန်တော့်ရဲ့ အစီအရင်စွမ်းရည်တွေက မဆိုးရွားသွားခဲ့ပါဘူး၊ မဟုတ်ဘူးဆိုရင် ကျွန်တော့်ကို နတ်ဆိုးအရှင်ကို ကူညီမယ်လို့ပြောမယ့် မျက်နှာကျန်တော့မှာမဟုတ်ဘူး"
သူ့၏လွတ်မြောက်ရေးလမ်းကြောင်းက ပိတ်ဆို့ခံထားရသည်။
သို့စေကာမူ ရှောင်ဟိုင်အတွက် ထွက်ပြေးရန် နည်းလမ်းတစ်ခုလိုမည်လား။
ရှောင်ဟိုင်၏အဘိဓာန်တွင် တခြားသူများနှင့် တိုက်ခိုက်ရာ၌ ထွက်ပေါက်ဟူ၍မရှိပါ။
ရှောင်ဟိုင်ဒေါသတကြီးအော်ဟစ်သည်။ သူ့၏သွယ်လျသည့်ကိုယ်ထဲက ကြွက်သားများက အရူးအမူးထိုးထွက်လာပြီး အစွမ်းထက်ရုပ်ခွန်အားက ဆက်လက်စီးဆင်းလာကြ၏။
ပတ်ပတ်လည်က လေဟာနယ်က ပြိုကျသွားသည်။
လှံများက လေထုကို ထိုးဖောက်သွားသည့်တိုင် ရှောင်ဟိုင်၏ပတ်၀န်းကျင်ကို မထိုးဖောက်နိုင်ပေ။ အဆက်မပြတ်စီးဆင်းနေသည့် ရုပ်ခွန်အားက လှံအားလုံးကို ပိတ်ဆို့ထားသည်။
ရှောင်ဟိုင်လက်ကိုဆန့်ထုတ်ပြီး လှံထိပ်ကို ဖမ်းလိုက်၏။ ထို့နောက် ရှန်းယင်၏ ကြက်သေသေနေသည့် အကြည့်အောက်တွင် ရှောင်ဟိုင်လှံထိပ်ကို တကယ်ဖမ်းလိုက်ပြီး လှံလက်ကိုင်နှင့် အနီးက လှံများအား ရိုက်ခွဲပစ်သည်။
လှံထိပ်ကို သူလက်ဗလာနှင့် ဖမ်းနိုင်တာက အဆင်ပြေသေးသည်။
အဆုံးတွင် သူကဖမ်းကိုင်ပြီး လှံကို တင်းပုတ်တစ်ခုပမာပင် သုံးလိုက်သေးသည်။
ပတ်၀န်းကျင်က တိုက်ခိုက်မှုများ ပြိုကွဲသွားသောအခါ ရှောင်ဟိုင် လက်နှစ်ဖက်စလုံးတွင် အားထည့်ပြီး လှံကိုချိုးပစ်သည်။
ဒီအခိုက်အတန့်မှာပင် မုဖူရှန်းကလည်း ပြောလာသည်။
"ဒါလုံလောက်ပြီ၊ အဆုံးကျမှ ပိုကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခုလုပ်ကြတာပေါ့"
ဒါကိုကြားသော် ရှန်းယင်အော်ဟစ်လိုက်သဖြင့် မြေကြီးကပြန်ကျုံ့လာပြီး တူးချွန်များထိုးထွက်လာကြ၏။
မိုးမခပင်များကလည်း ဓားများအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်အား ထိုးစိုက်ပစ်ကြသည်။
တစ်ခဏအကြာတွင် အော်ရာတစ်ခုက နတ်ဆိုးဘုရင်ပိုင်နက်အထက်က ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
မရေမတွက်နိုင်လောက်သောလူများက ဒီနေရာကို လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြ၏။
ဒီတော့ ဒါက နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ နံပါတ်တစ်အစီအရင်ဆရာလား!
အပိုင်း(1192) coming။