← Chapters

#နတ်ဆိုးဘုရင်တောင်၊ နတ်ဆိုးအကျဉ်းထောင်#

Vol. 85 Ch. 1192

#နတ်ဆိုးဘုရင်တောင်၊ နတ်ဆိုးအကျဉ်းထောင်#

Vol. 85 Ch. 1192

မဟာတပ်မှူးရောက်လာသောအခါ ဒီနယ်မြေကို အထက်အဆင့်ပုဂ္ဂိုလ်အများအပြား အပါအ၀င် နတ်ဆိုးဘုရင်ပိုင်နက်က လူများ၀န်းရံထားလေပြီ။ 

မဟာတပ်မှူးမေးသည်။ 

"အခြေအနေဘယ်လိုလဲ"

နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၏ ကင်းထောက်က ဖြေကြားသည်။ 

"ကျွန်တော်တို့မသိရသေးပါဘူး၊ ကျွန်တော်တို့ရဲ့လူတွေ လုံး၀မ၀င်နိုင်ပါဘူး"

သူတို့သာ၀င်ပါက နောက်ဆက်တွဲလှိုင်းကြောင့် အသတ်ခံရပေလိမ့်မည်။ 

မဟာတပ်မှူးအထဲသို့ ကြည့်လိုက်စဉ် သူ့နှလုံးသားက အလွန်အမင်းလေးနက်နေသည်။ 

ကြည့်ရသည်မှာ သူ့သံသယကမှားယွင်းနေပုံပင်။ ဟိုင်မုက တကယ်ပဲ သာမန်လူတန်းစားထဲက ပါရမီရှင်တစ်ယောက်လား!

ဒီတဒင်္ဂမှာပင် အထဲကအော်ရာက ဒီရေပမာ မှေးမှိန်နောက်ဆုတ်သွားသည်။ 

ဒါကိုမြင်သော် မဟာတပ်မှူးနောက်ထပ်ဘာမှ မပြောတော့ဘဲ သစ်တောထဲက ခြံ၀င်းလေးထဲသို့ ချက်ချင်းပြေးသွားလေတော့သည်။ 

တခြားအထက်အဆင့်ပုဂ္ဂိုလ်များလည်း နောက်ကလိုက်သွားကြ၏။ 

သူသစ်တောထဲက ခြံ၀င်းလေးကို ရောက်လာသောအခါ ဟိုင်မု၏အော်ရာက အလွန်အမင်းယုတ်လျော့နေပြီး သူ့ခန္ဓာက ဒဏ်ရာများနှင့် ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။ သူ့လက်များပင်လျှင် စွမ်းအားကင်းမဲ့စွာ ဘေးသို့ကျနေသည်။ 

မဟာတပ်မှူးရှေ့တိုးပြီး စိုးရိမ်ပူပန်စွာ မေးသည်။ 

"မင်းအဆင်ပြေရဲ့လား"

ရှောင်ဟိုင်အတင်းပြုံးလိုက်၏။ 

"ပြဿာနာသိပ်မရှိပါဘူး၊ သူ့ဆီက အဖိုးတန်တာဘာတစ်ခုမှ မရလိုက်တာကတော့ နှမျောစရာပဲ"

မဟာတပ်မှူးခေါင်းညိတ်ကာ မြေပေါ်လဲနေသည့် အလောင်းကို ကြည့်လိုက်သည်။ 

ထိုအလောင်းကအမှန်တကယ်ပင် ရှန်းယင်ဖြစ်ပြီး သေဆုံးနေလေပြီ။ 

မဟာတပ်မှူးရှေ့တိုးသွားပြီး ဆောင့်ကြောင့်ထိုင်ကာ ဂရုတစိုက် စတင်စစ်ဆေးသည်။ ပြဿာနာမရှိတာကို ရှာတွေ့ပြီး‌သောအခါမှသာ သူ့နှလုံးသားထဲက သံသယများက လုံး၀ ပျောက်ကွယ်သွားရသည်။ 

ထို့နောက်သူထရပ်ကာ ရှောင်ဟိုင်၏ပခုံးကို ပုတ်ရင်း သူ့မျက်နှာက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ 

"မင်းကအရမ်းမဆင်မခြင်လုပ်လွန်းတယ်၊ ရှန်းယင်ရဲ့နယ်ပယ်က မမြင့်ဘူးဆိုပေမယ့် သူသာအစီအရင်ကို အသက်သွင်းလိုက်မယ်ဆိုရင် မင်းကိုတတ်နိုင်လောက်တယ်၊ ဒါကတကယ်အလုပ်မဖြစ်ဘူးဆိုရင် မင်းအကူအညီတောင်းနိုင်တာပဲလေ"

ရှောင်ဟိုင် နှလုံးသားထဲကနေ နှာခေါင်းရှုံ့ရင်းပြောသည်။ 

"ဘာမှမဖြစ်ပါဘူး၊ သူအစီအရင်ကို အသက်သွင်းခဲ့ပေမယ့် ကျွန်တော်အနီးကပ်သွားတော့ သူ့မှာပြန်တိုက်ခိုက်ဖို့နေရာမရှိဘူးလေ"

"ကောင်းပြီ၊ တပ်မှူးတာ၀န်ကပြီးသွားပြီ၊ တပ်မှူးဟိုင်မု၊ မင်းရဲ့ခွန်အားကို စစ်ဆေးပြီးပါပြီ" မဟာတပ်မှူးပြုံးသည်။ 

"မင်းကအရမ်းတော်တယ်ကွာ၊ အနာဂတ်မှာ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်က မင်းကိုအားကိုးရလိမ့်မယ်"

"တဲစခန်းကိုအရင်ပြန်ကြရအောင်၊ အဲမှာ အင်ပါယာအစောင့်တပ်ရဲ့ အဂ္ဂိရတ်ဆရာတစ်ယောက်ရှိတယ်၊ အချိန်ကျလာတဲ့အခါကျရင် မင်းကို သူ့ကိုကုသခိုင်းရမယ်"

ဒီနေရာတွင် မဟာတပ်မှူးဘေးက အင်ပါယာအစောင့်ကင်းထောက်ကို ကြည့်လိုက်၏။ ကင်းထောက်နားလည်သွားပြီး လူများကိုခေါ်ကာ ခြေရာများကို စတင်ရှင်းလင်းလေတော့သည်။ 

မဟာတပ်မှူးနှင့် ရှောင်ဟိုင်တို့ကလည်း နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ရှိရာဘက်သို့ ဦးတည်ပြေးသွားကြ၏။ 

.....

အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးနေသည်။ 

နောက်ထပ်သုံးရက်ကုန်ဆုံးသွားပြီး ရှောင်ဟိုင်တစ်ယောက် တဲထဲသို့ သူ့လက်အောက်ငယ်သားများကို ခေါ်သွားစဉ် နတ်ဆိုးအကျဉ်းထောင်ထဲ ဘယ်လို၀င်မရလဲဆိုတာကို စဉ်းစားနေသည်။ 

ရှန်းယင်၏အဆိုအရ သူ့ညီမလေးကို နတ်ဆိုးအကျဉ်းထောင်နှင့် အနိမ့်ဆုံးအဆင့်တွင် အကျဉ်းချထားသည်။  

နတ်ဆိုးအကျဉ်းထောင်ကို ၁၈ထပ်ခွဲထားသည်။ 

ပထမထပ်တွင်ပင် အလွန်အမင်းရက်စက်သည့် သို့မဟုတ် နတ်ဆိုးဘုရင်ပိုင်နက်ကို ကြီးမားသည့်ပျက်စီးမှုများ ဖြစ်စေခဲ့သည့် တည်ရှိမှုများရှိသည်။ 

လုံခြုံရေးကလည်း အင်မတန်တင်းကျပ်သည်။ နတ်ဆိုးသခင် သို့မဟုတ် ဒုသံတမန်၏ ခွင့်ပြုချက်မရှိဘဲ အပြင်လူများကို ၀င်ခွင့်မပြုထားပါ။ 

နတ်ဆိုးဘုရင်အင်ပါယာအစောင့်များပင်လျှင် ၀င်၍မရပေ။ 

ထို့ကြောင့် ရှောင်ဟိုင်ယခု ဒီထဲသို့ ယုတ္တိရှိရှိ ဘယ်လို၀င်ရမလဲဆိုတာ တွေးနေခြင်းပင်။ 

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးအကျဉ်းထောင်နှင့် ဆက်စပ်သည့် မှတ်ဉာဏ်အပိုင်းအစများက အပြည့်အ၀ မကောင်းမွန်လာသေးပါ။ 

သူလမ်းကြောင်းနှင့် ရင်းနှီးကျွမ်း၀င်နေစေရန်အတွက် ကြိုတင်၀င်ထားရန်လိုသည်။ 

နတ်ဆိုးအကျဉ်းထောင်က လူများကို ကယ်တင်ရန်ဟူသည် မလွယ်ကူပေ။ 

သို့စေကာမူ ဂျူနီယာတပ်မှူးရာထူးနှင့် သူနတ်ဆိုးအကျဉ်းထောင်နှင့် မထိတွေ့နိုင်သေးပါ။ အနည်းဆုံးတော့ အရည်အချင်း ပြည့်မီရန်အတွက် သူမဟာတပ်မှူးတစ်ယောက်ဖြစ်ရန် လိုအပ်သည်။ 

ဒီအခိုက်အတန့်၌ ချူမင် အပြင်ကနေအော်ဟစ်သည်။ 

"တပ်မှူးဟိုင်မု၊ အထက်ကနေ အထူးတာ၀န်သစ်တစ်ရပ်ကို ထုတ်ပြန်လိုက်တယ်"

တဲစခန်းတိုင်းက တာ၀န်များကို သုံးရက်တစ်ခါပြောင်းလေ့ရှိသည်။ 

ယနေ့တွင် တာ၀န်ပြောင်းလဲမည့်နေ့လည်းဖြစ်သည်။ 

ဒီလိုအရာဖြစ်ပျက်လာတိုင်း တပ်မှူးအဖြစ် သူက ဒီတာ၀န်အားလုံးကို တာ၀န်ပေးပြီး ပြီးမြောက်မှုနှုန်းကိုလည်း အာမခံပေးရသည်။ 

ရှောင်ဟိုင် ကန့်လန့်ကာကို မော့ပြီး တဲထဲကနေထွက်လာသည်။ သူ့ရှေ့တွင် ရပ်နေသောလူများရှိနေပြီဖြစ်ကာ အားလုံးက ရှောင်ဟိုင်ကို လေးနက်စွာ စိုက်ကြည့်နေကြ၏။ 

ယခုသူ့လက်အောက်ခံအားလုံးနီးပါးက ရှောင်ဟိုင်ကို သဘောတူကြလေပြီ။ 

လူတိုင်းရပ်ကာ ရှောင်ဟိုင်တာ၀န်ပေးတာကို စောင့်နေကြသည်။ 

ရှောင်ဟိုင် ချူမင်ထံမှ စာရွက်များကိုယူပြီး တာ၀န်များကို အလွယ်တကူစတင်စီစဉ်သည်။ 

နောက်ဆုံးတာ၀န်ကို စီစဥ်နေစဉ် ရှောင်ဟိုင်မျက်လုံးကျဉ်းလိုက်မိသည်။ 

တာ၀န်ကအောက်ပါအတိုင်းဖြစ်သည်။ 

ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေအရ နတ်ဆိုးအကျဉ်းထောင်က ဆယ့်သုံးထပ်မြောက်က အကျဉ်းသားတစ်ယောက်ဖြစ်တဲ့ မီကဲအာမှာ အကျဉ်းထောင်ကို ချိုးဖျက်ချင်နေတဲ့ မိသားစု၀င်တစ်ယောက်ရှိနေတယ်!

ဒါကိုစောင့်ကြည့်ဖိုလူများစွာပို့ဖို့လိုအပ်ပြီး မိသားစု၀င်အားလုံးကို တစ်ချက်တည်းနှင့်ဖမ်းပြီး နတ်ဆိုးအကျဉ်းထောင်ထဲကို ပစ်ချရမယ်!

နတ်ဘုရင်နယ်ပယ်အထွတ်အထိပ်အဆင့်နှင့် အထက်အဆင့်ကလူတွေ ပါ၀င်ဖို့ လိုအပ်တယ်!

လဲ့ရွှမ်းဒါကိုမြင်သောအခါ ရှင်းပြသည်။ 

"မီကာမိသားစုက အရင်က နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အဆင့်မြင့်မိသားစုတစ်ခုပဲ၊ ကောလဟလအရဆိုရင်မီကဲအာက နတ်‌ဆိုးသခင်ရဲ့အမိန့်ကို မလိုက်နာဘဲ အရင်နတ်ဆိုးသခင်ရဲ့ နောက်လိုက်ဖြစ်ခဲ့တယ်တဲ့၊ သူ့မှာအရေးကြီးတဲ့ အချက်အလက်တွေရှိနေတာမို့ ထောင်ချခံလိုက်ရတယ်"

"ဒီမိသားစုက အခုပြန်လာနေတာပဲ၊ သူတို့အားမနည်းလောက်ဘူး"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ဒီတာ၀န်မှာ ကျုပ်ကိုယ်တိုင်ပါ၀င်မယ်"

လဲ့ရွှမ်းကြက်သေသေသွားသည်။ 

"တပ်မှူး၊ ညီအစ်ကိုတစ်ချို့ခေါ်သွားလို့ ရမလား"

ရှောင်ဟိုင် လဲ့ရွှမ်းကိုစိုက်ကြည့်သည်။ 

"ဘာတစ်ခုမှ မမှားသွားရအောင် ကျုပ်တို့ သေချာလုပ်ဖို့လိုတယ်၊ ကျုပ်ရဲ့ဦးဆောင်မှုအောက်မှာ ဟိုင်မုတပ်ရင်းရဲ့ တာ၀န်ပြီးမြောက်နှုန်းကို တခြားစခန်းတွေထက် ပိုမနိမ့်သွားစေချင်ဘူး၊ ကျုပ်မျက်နှာမပျက်ချင်ဘူး"

လဲ့ရွှမ်း အသိအမြင်ပွင့်သွားသည်။ 

"တာ၀န်ခွဲဝေမှုပြီးပြီ၊ အားလုံးပဲအခုသွားလို့ရပါပြီ၊ တန်းဖြုတ်မယ်"

ထို့နောက် ရှောင်ဟိုင်တဲထဲသို့ ပြန်သွားပြီး လဲ့ရွှမ်းနှင့် ချူမင်ကို ကြည့်သည်။ 

"မင်းတို့နှစ်ယောက် ကျုပ်နောက်က လိုက်ခဲ့ကြပါ"

မှတ်ဉာဏ်အပိုင်းအစများက မပြည့်စုံသေးသဖြင့် သူ့နောက်လိုက်ရန် ရင်းနှီးသော လူနှစ်ယောက်လိုအပ်သည်။ 

သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းညိတ်လိုက်ကြ၏။ 

"ကောင်းပြီ၊ သွားပြင်ဆင်ကြတော့"

သူတို့နှစ်ယောက်ထွက်သွားကြသည်။ 

ရှောင်ဟိုင်တွေးလိုက်မိသည်။ 

ဒါကတကယ်တမ်းတွင် နတ်ဆိုးအကျဉ်းထောင်ကို ချဉ်းကပ်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခုပေတည်း။ 

သူတစ်ဘက်လူကိုဖမ်းနိုင်သရွေ့ နတ်ဆိုးအကျဉ်းထောင်ထဲသို့ ၀င်ရန်အတွက် ဖြစ်နိုင်ချေရှိသည်။ 

သို့စေကာမူ ရှောင်ဟိုင်ဂရုစိုက်တာက မီကဲအိုတွင်ရှိသည့် အရေးကြီးသတင်းအချက်အခက်များပင်။ 

ဒါ့အပြင် ဒီအရေးကြီးသတင်းအချက်အလက်များက သူနှင့်ဆက်နွှယ်နေလောက်သည်။ 

.......

နတ်ဆိုးအကျဉ်းထောင်၊ ပင်မမြို့အနောက်ဘက်က နတ်ဆိုးဘုရင်တောင်တွင် နတ်ဆိုးဘုရင်တောင်ထိပ်မှစ၍ နတ်ဆိုးအကျဉ်းထောင်၏ ၀င်ပေါက်ဖြစ်သည်။ 

နတ်ဆိုးအကျဉ်းထောင်က နတ်ဆိုးဘုရင်တောင်ထိပ်ကနေ တောင်ခြေရင်းထိ ပြေးသည့် အကျဉ်းထောင်တစ်ခုပင်။ 

ထို့ကြောင့် နတ်ဆိုးအကျဉ်းထောင်ကိုသာ ဖျက်ဆီးလိုပါက တိမ်များထဲသို့ ထိုးထွက်နေသည့် ဒီအဆုံးမဲ့တောင်ကို လုံး၀ဖျက်ဆီးချင်တာနှင့် ညီမျှသည်။ 

ဒါ့အပြင် ဘာတစ်ခုမှ မမှားစေရန်အတွက် ဒါကို မရေမတွက်နိုင်လောက်သည့် အစီအရင်များကလည်း ထောက်ပံ့ပေးထားသည်။ 

အဓိကက အခြေခံအားဖြင့် နတ်ဆိုးဘုရင်တောင်ကို တစ်ဘက်လူက တခြားတစ်ဘက်ကနေ ၀င်ပြီး ထောင်ဖောက်ခြင်းကနေ တားဆီးရန်ပင်။ 

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်၊ လဲ့ရွှမ်းနှင့် ချူမင်တို့ကလည်း ရောက်လာကြသည်။ 

မူလကတည်းကစောင့်ကြပ်ထားသည့် နတ်ဆိုးဘုရင်တောင်တွင် ယခုအဆင့်သုံးဆင့်တိုင်းတွင် စောင့်ကြပ်ထားပြီး အလွတ်နေရာဟူ၍ အခြေခံအားဖြင့်မရှိပေ။ 

သူတို့၀န်းကျင်၌ လူများဆွေးနွေးနေကြ၏။ 

"နတ်ဆိုးအကျဉ်းထောင်ကို ချိုးဖျက်ဖို့အတွက် တစ်ယောက်ယောက်မလာရဲတာတောင် နှစ်ထောင်ချီရှိနေပြီ"

"မှန်တယ်၊ ဒီမီကာမိသားစုက သေချင်နေကြတာပဲ၊ သူတို့လွတ်မြောက်သွားကြတယ်မလား၊ ဘာလို့အခုအသေခံဖို့ လာကြတာလဲ"

"လူတိုင်းပဲ၊ သတိထားကြပါ၊ မီကာမိသားစုရဲ့ခွန်အားက သာမန်မဟုတ်ဘူး၊ သူတို့ကိုသာ တကယ်ထောင်ဖောက်နိုင်ခဲ့ရင်တော့ ဒီမှာရှိတဲ့ဘယ်သူမှ နတ်ဆိုးသခင်ရဲ့ အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ရှောင်ဟိုင် နတ်ဆိုးဘုရင်တောင်ထိပ်တွင် ရပ်နေသည်။ နတ်ဆိုးအကျဉ်းထောင်၀င်ပေါက်က သူ့နောက်မီတာတစ်ထောင်အကွာတွင်ရှိသည်။ 

ဒီအချိန်မှာပင် မိုထင်းရောက်လာပြီး အပြုံးဖြင့်ပြောသည်။ 

"တပ်မှူးဟိုင်မုကိုယ်တိုင် ဒီတာ၀န်ကိုယူလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး၊ လဲ့ရွှမ်းလည်းရှိနေတာပဲ၊ ဒီလိုဆိုရင်တော့ ဘာအမှားအယွင်းမှ ရှိမှာမဟုတ်တော့ဘူး"

ရှောင်ဟိုင်လက်နှစ်ဖက်ဆုပ်သည်။ 

"ထောင်ဖောက်မှာကဘယ်အချိန်လဲ"

မိုထင်းပြောသ‌ည်။ 

"နောက်နှစ်ရက်အတွင်းဖြစ်လောက်တယ်၊ ဒါပေမယ့် တစ်ဘက်လူက နတ်ဆိုးအကျဉ်းထောင်က လူတွေပိုပြီး စေလွှတ်တော့မယ်ဆိုတာကို သိမှာပဲ၊ သူတို့အချိန်ကို ပြောင်းပစ်နိုင်တယ်"

"စိတ်ပူနေစရာမလိုပါဘူး၊ နတ်ဆိုးအကျဉ်းထောင်ရဲ့ကာကွယ်ရေးက အခုအရမ်းတင်းကျပ်တယ်၊ သူတို့တောင်ခြေရင်းကို ရောက်တဲ့အချိန်မှာတင် ရှာဖွေခံသွားရလောက်တယ်"

သို့စေကာမူ သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်က ထိုးထွက်လာသည့်နတ်ဆိုးချီက အလင်းတိုင်တစ်ခုပမာ နတ်ဆိုးဘုရင်အောက်လယ်ကို ရိုက်ခတ်သည်။ 

မိုထင်း ".....ငါဘာမှမပြောခဲ့သလိုပဲ ဟန်ဆောင်နေတော့မယ်....."

အပိုင်း(1193) coming။ 

All Chapters