#ပရမ်းပတာတိုက်ပွဲ၊ တစ်ယောက်သုံးယောက်#
Vol. 85 Ch. 1193
မီကာမိသားစုတွင် နတ်ဆိုးဘုရင်တောင်၌ သူလျှိုများရှိနေသည်မှာ ရှင်းနေသည်။
မဟုတ်ပါက နတ်ဆိုးဘုရင့်ပင်မမြို့တစ်ခုလုံး၏ လုံခြုံရေးတင်းကျပ်သည့် အခြေအနေအောက်တွင် နတ်ဆိုးဘုရင်တောင်ပေါ်သို့ သူတို့တိတ်တဆိတ် ဆင်းလာနိုင်မည်မဟုတ်။
သူတို့ကြည့်နေကြစဉ် အလင်းတိုင်များစွာက တိမ်များကိုထိုးဖောက်ပြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာကြ၏။
အလင်းတိုင်တိုင်းတွင် အနက်ရောင်၀တ်စုံနှင့် မရေမတွက်နိုင်လောက်သည့် ပုံရပ်များ ပုန်းလျှိုနေကြသည်။
ပုံရိပ်တစ်ခုစီက အနည်းဆုံး နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီဖြစ်သည်။
ဒီတစ်ကြိမ် ငရဲသရဖူမြို့၏ အထက်အဆင့်ပုဂ္ဂိုလ်အဖြစ် မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ခွန်အားနှင့် အခြေခံက အမှန်တကယ်အားကောင်းသည်။
သူတို့အဓိပ္ပာယ်မရှိသည့်စကား အများကြီးမပြောကြပေ။ အချိန်က အတော်လေးတင်းကျပ်သည်။
ကျောက်တိုင်ထဲက ပုံရိပ်များက နတ်ဆိုးဘုရင်တောင်ထိပ်သို့ အရူးအမူးပြေးလွှားသွားကြ၏။
တိုက်ပွဲကြီးတစ်ခုက အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်။
မိုထင်း အောက်က ပရမ်းပတာများကို ကြည့်ရင်း လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"ငါတို့အခုတိုက်ခိုက်လို့မရဘူး၊ ငါတို့တိုက်ခိုက်တာနဲ့ တစ်ဘက်လူရဲ့ အသာစီးယူခြင်းကို ခံရလိမ့်မယ်"
လဲ့ရွှမ်းကလည်း အနည်းငယ်တွန့်ဆုတ်နေပုံရသည်။
လဲ့ရွှမ်း၏အမူအရာကို မြင်သောအခါ မိုထင်းအော်ဟစ်လိုက်သည်။
"တုံးအမနေနဲ့တော့၊ မင်းမှာ တောက်ပတဲ့ အနာဂတ်တစ်ခုရှိပါသေးတယ်"
ဒါကိုကြားသောအခါ ရှောင်ဟိုင် လဲ့ရွှမ်းကို ကြည့်လိုက်၏။
လဲ့ရွှမ်းအနည်းငယ် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
သူကလုံလောက်အောင် အားမကောင်းပေ။ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်တွင် သူကအတော်လေး ပူပင်ကြောင့်ကြမဲ့ပြီး သူ့ကို ပါရမီရှင်ဟုပင် ရိုသေလေးစားစွာ ခေါ်ကြသလို မဟာတပ်မှူးဟီ၏ ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရသော်လည်း အဆုံးတွင် သူအများကြီး မကြီးထွားလာနိုင်သေးသဖြင့် နတ်ဆိုးဘုရင်ပိုင်နက်တွင် ပြောပိုင်ခွင့်အများကြီးမရှိပါ။
"သတိထား" နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက် အော်ဟစ်သည်။
"တစ်ယောက်ယောက်ချိုးဖျက်လိုက်ပြီ"
"သေစမ်း" နောက်ထပ်လူတစ်ယောက် တစ်ချက်လင်းသွားပြီး နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် မီကဲအာမိသားစု၀င်တစ်ဦးနှင့် တိုက်ခိုက်လေတော့သည်။
တစ်ဘက်လူ၏ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် နတ်ဆိုးဘုရင်တောင်ပေါ်က လူများမှာ တုံ့ပြန်မချိုးဖျက်နိုင်သေးခင်မှာပင် တောင်နံဘေးထိ ဖိနှိပ်ခြင်းကို ခံရသည်။
တောင်ခါးပိုင်းရှိ ကာကွယ်ရေးလိုင်းတွင် အပေါက်များစွာဖြစ်ပေါ်နေလေပြီ။
မီခဲအာမိသားစု၏ အထက်ပုဂ္ဂိုလ်များက အပေါက်များကနေ တိုး၀င်ကာ တောင်ထိပ်သို့ အလျင်အမြန်ပြေးသွားကြ၏။
ဒါကိုမြင်သောအခါ မိုထင်းချက်ချင်းတိုက်ခိုက်သည်။
ရှောင်ဟိုင် လဲ့ရွှမ်းပခုံးကိုပုတ်သည်။
"အရင်ဆုံးအရမ်းကြီးမတွေးနဲ့၊ လက်ထဲက ကိစ္စကို အရင်ကိုင်တွယ်ကြတာပေါ့"
လဲ့ရွှမ်းခေါင်းညိတ်ကာ နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အား တိုက်ခိုက်ရန် တဟုန်ထိုးပြေးသွား၏။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်ရှေ့တွင် ပုံရိပ်သုံးခု တစ်ချိန်တည်းမှာပင် ဆင်းသက်လာခဲ့သည်။
"မင်းက နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ရဲ့ တပ်မှူးအသစ်ဟိုင်မုမလား"
"ဘေးဖယ်စမ်း၊ မင်းကငါတို့ပြိုင်ဘက်မဟုတ်ဘူး၊ ဒီလိုပါရမီကောင်းနဲ့ အဲဒီနဝေတိမ်တောင်နတ်ဆိုးသခင်အတွက် ထပ်အလုပ်မလုပ်ပေးနဲ့တော့၊ သူ့အတွက် သေရတာမထိုက်တန်ဘူး"
သူတို့သုံးယောက်စလုံးက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်များဖြစ်ကြသည်။
ကြည့်ရမည်ဆိုပါက ဒါကတစ်ဘက်လူ၏ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်နေလေပြီ။
သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"မင်းတို့က အရမ်းမဆင်မခြင်လုပ်လွန်းတယ်"
ရှောင်ဟိုင်နောက်မဆုတ်တာကို မြင်သောအခါ သူတို့သုံးယောက် တစ်ချိန်တည်းတွင် နှာခေါင်းရှုံ့လိုက်ကြ၏။
"သွားကြရအောင်၊ သူ့ကိုထိပ်တိုက်ရင်ဆိုင်နေဖို့ အချိန်သိပ်မရှိဘူး"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတို့သုံးယောက်ခွဲလိုက်ကြ၏။ တစ်ယောက်က ရှောင်ဟိုင်ထံ တည့်တည့်၀င်လာပြီး ကျန်နှစ်ယောက်က ရှောင်ဟိုင်ကို ဘယ်ညာကနေ တိုက်ခိုက်သည်။
တခြားတစ်ဘက်တွင် ဒီမြင်ကွင်းကို မြင်သောအခါ မိုထင်းနှင့် လဲ့ရွှမ်းတို့ ထိတ်လန့်သွားကြ၏။
မိုထင်းချက်ချင်းအော်ဟစ်သည်။
"တပ်မှူးဟိုင်မု၊ သူတို့ကို ထိပ်တိုက်ရင်မဆိုင်နဲ့၊ သူတို့ကိုအချိန်ဆွဲထားပြီး စစ်ကူတွေလာတာကိုစောင့်နေပါ"
"ချူမင်တို့လည်း မကြာခင်ရောက်လာကြလိမ့်မယ်"
တစ်ယောက်ယောက် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။
"နတ်ဆိုးအရှင်သခင်နဲ့ ဒုသံတမန်တို့က ပူးပေါင်းဆောင်ရွက်မှုတစ်ချို့ကြောင့် နှောင့်နှေးနေပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဒီကိုမလာနိုင်ဘူး၊ ဒီတော့ အခုအချိန် ငါတို့ကိုယ့်ကိုကိုယ်မှီခိုအားကိုးလို့ပဲ ရနိုင်တယ်"
အကျဉ်းထောင်ကိုချိုးဖျက်လိုပါက နတ်ဆိုးဘုရင်ပိုင်နက်က အားအကောင်းဆုံးလူဖြစ်သည့် နတ်ဆိုးသခင်မိုဂျီကို နှောင့်နှေးအောင် လုပ်ထားရမည်သာ။
မဟုတ်ပါက သွေးပူနေသည့်အတွက် သေရန်ဒီကိုလာကြမည်မဟုတ်။
ရှောင်ဟိုင် သူတို့သုံးယောက် တိုက်ခိုက်လာတာကို မြင်သောအခါ မျက်လုံးများကို ကျဉ်းရင်း တစ်ခုခုကို တွေးမိသွားသည့်အပေါ် ရှေ့သို့တိုး၀င်သွား၏။
"မင်းက စစ်ရထားကိုရပ်ဖို့ကြိုးစားနေတဲ့ ရှီခိုးကောင်တစ်ကောင်လိုပါပဲကွာ" ရှေ့ကလူက ဒေါသတကြီးအော်ဟစ်သည်။ သူ့ကိုယ်ပေါ်က ကြွက်သားများက အနက်ရောင်၀တ်ရုံထဲကနေ စုတ်ပြဲထွက်လာပြီး သတ္တုရောင်တောက်ပနေသည့် အရေပြားကို ပြသသည်။ ဒါက အဆုံးမဲ့ခွန်အားများနှင့် ပြည့်နှက်နေသကဲ့သို့ပင် သူရှောင်ဟိုင်ထံ လက်သီးတစ်ချက်ပစ်ကျွေးလိုက်၏။
ရှောင်ဟိုင်ကလည်း လက်သီးတစ်ချက်ပစ်ခွင်းသည်။
သူတို့လက်သီးချက်များက ထိပ်တိုက်တွေ့ဆုံသွားကြ၏။
ပေါက်ကွဲဖွယ်ရာအသံကြီးတစ်ခုက ဘက်ပေါင်းစုံ၌ ပေါက်ကွဲသွားသည်။
သတ္တုလူက နောက်မဆုတ်သွားသလို ရှောင်ဟိုင်ကလည်း ထိုနေရာတွင်ပင်ရှိနေသည်။
သူတို့နှစ်ယောက်က ညီမျှစွာပင် လိုက်ဖက်ပုံရသည်။
ဒါကသတ္တုလူကို ဖော်ပြ၍ မရလောက်အောင် ထိတ်လန့်သွားစေသည်။ ကြည့်ရသည်မှာ ကောလဟလများကမှန်သည်။ တစ်ဘက်လူ၏ တကယ့်တိုက်ခိုက်နိုင်စွမ်းက သူ့နယ်ပယ်ထက်ပင် သာလွန်နေသည်။
လက်သီးချက်တစ်ချက်နှင့် ခြေကန်ချက်တစ်ချက်က ရှောင်ဟိုင်ကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဦးတည်လာသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်ကျန်တစ်ဘက်ကို လွှဲယမ်းရင်း လက်သီးနှင့် တိုက်မိစေသည်။
တစ်ချိန်တည်းမှာပင် သူကန်ကျောက်လိုက်လေရာ သူ့ဒူးခေါင်းက တစ်ဘက်လူ၏ ဒူးခေါင်းနှင့် တွေ့ဆုံသွားရသည်။
ရှောင်ဟိုင်ကို ဗဟိုပြုထားသည့် တိုက်ခိုက်မှုသုံးဦးက ပတ်၀န်းကျင်က မြေကြီးနှင့် ရှေးဟောင်းသစ်ပင်များကိုပင် လွင့်စင်သွားစေသည်။
အားကောင်းသည့်လေလှိုင်းများနှင့် သတ္တုသံများက တိုက်ခိုက်နေကြသော ပတ်၀န်းကျင်ကလူများကို ထိတ်လန့်သွားစေသည်။
သူနတ်အင်ပါယာအလယ်အလတ်အဆင့် ကျွမ်းကျင်သူသုံးယောက်ကို တစ်ယောက်တည်း ခုခံနိုင်တာလား!
ဒါက ပုံမှန်မဟုတ်စွာ ကြောက်စရာကောင်းတယ်လို့ ကောလဟလထွက်နေတဲ့လူလား!
မီကဲအာမိသားစု၀င်သုံးယောက်ပင်လျှင် ထိတ်လန့်သွားကြ၏။
ယခုလိုတိုက်ပွဲခွန်အားမျိုးက အတော်လေးရှားပါးသည်။ ဒါ့အပြင်တစ်ဘက်လူ၏ ရုပ်ခန္ဓာက သူတို့ထက်အများကြီး ပိုအားကောင်းသည်။
ရုပ်ခွန်အားဟူသည် အနှီမျက်လုံးနှင့် မြင်ရရန်ခက်ခဲသည့် အရာတစ်ခုပင်။
သို့စေကာမူ တစ်ချိန်တည်းမှာပင် ဖုံးကွယ်ထားရန် ခက်ခဲသည်။ သူတို့တိုက်ခိုက်နေသရွေ့ တစ်ဘက်လူ၏ခန္ဓာက ဘယ်နယ်ပယ်လဲဆိုတာ သိနိုင်မည်သာ။
ဒါပေမယ့် ဒီဟိုင်မုက သူ့ခွန်အားအပြည့်ကို မသုံးရသေးပုံပဲ!
သူတို့၏စိတ်များက ကစုန်ဆိုင်းနေသော်လည်း သူတို့သုံးယောက် ကိုယ်ခန္ဓာအနေအထားများကို ပြုပြင်ရင်း ဒုတိယအချီတိုက်ခိုက်မှုက ရောက်ရှိလာသည်။
သူတို့လေးယောက် ဆက်လက်တိုက်ခိုက်နေကြသည်။ သူတို့၏လက်သီးချက်များနှင့် ခြေများကတိုက်မိကာ နောက်ဆက်တွဲလှိုင်းများက ပျံ့နေသည်။
သူတို့သုံးယောက် အလွန်အမင်းမြန်ဆန်စွာပင် တိုက်ခိုက်နေသည်။ တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကို နောက်ထပ်တွန့်ဆုတ်၍ မရတော့သည့်အလား အစွမ်းကုန်တိုက်ခိုက်ကြပြီး ဒဏ်ရာအတွက် ဒဏ်ရာများပင်လျှင် ဖလှယ်နေကြသည်။
ရှောင်ဟိုင်ကလည်း ဖိနှိပ်ခံနေရပြီး အဆက်မပြတ် နောက်ဆုတ်နေရသည်။
မိုထင်း၊ လဲ့ရွှမ်းနှင့် ကျန်သောသူများက ရှောင်ဟိုင်ရှိသည့် စစ်မြေပြင်ကို အာရုံစိုက်ထားကြသည်။
ဟိုင်မုက တားဆီးခံရပြီး လျင်မြန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ထင်ထားကြသည်။
မျှော်လင့်မထားစွာပင် ဟိုင်မုက အနည်းငယ်မျှသာ အသာစီးရမနေခြင်းပင်။
သူတို့လေးယောက်၏ တိုက်ပွဲမြေပြင်က နတ်ဆိုးအကျဉ်းထောင်၀င်ပေါက်ထံသို့ တဖြည်းဖြည်းချဥ်းကပ်လာနေတာကို မြင်သောအခါ လူတို့စိုးရိမ်ပူပန်မှုကြောင့် တောက်လောင်နေကြ၏။
သူတို့ရှေ့ကလူများကို ချက်ချင်းအဆုံးသတ်ပစ်ပြီး ရှောင်ဟိုင်ကို ကူညီချင်ကြသော်လည်း တစ်ဘက်လူ၏ အရမ်းကာမဲ့တိုက်ခိုက်မှုများကြောင့် ထိန်းချုပ်ခံထားရသည်။
တစ်ချိန်တည်းမှာပင် ကျန်နှစ်ယောက်ကလည်း သွေးချီများကို ထုတ်လွှတ်ကြ၏။
ပိုအားကောင်းသည့်ခွန်အားအတွက် ဖလှယ်သည့်အနေဖြင့် အသက်ဓာတ်ကို လောင်ကျွမ်းစေခြင်း!
ဒါက ခန္ဓာကျင့်ကြံသူတစ်ယောက်သာ ပိုင်ဆိုင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခုပေတည်း။
ခွန်အားရုတ်တရက် တိုးလာမှုနှင့်အတူ သူတို့သုံးယောက် ရှောင်ဟိုင်ကို တစ်ချိန်တည်းတွင် တိုက်ခိုက်ကြသည်။
ရှောင်ဟိုင် နောက်ပြန်ကျသွား၏။
သို့သော် သူနောက်ပြန်ကျသွားသည်နှင့် အော်ဟစ်ရင်း ပုံရိပ်တစ်ခုကို လက်အစုံနှင့် ဖမ်းထားလိုက်၏။
သူကွေးညွတ်လိုက်စဉ် ထိုလူက သူ့ကျောပေါ်ကျလာပြီး လဲကျသွားရသည်။
ဂျုန်း......!
မြေကြီးကချိုင့်၀င်သွားသည်။
ထိုလူပါးစပ်အပြည့်သွေးတစ်လုပ်အန်ရင်း သူ့သွေးချီက အလျင်အမြန်ပျောက်ကွယ်နေသည်။ ကြည့်ရသည်မှာ သူက တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားပုံရသည်။
ကျန်နှစ်ယောက် ဒီလူကိုဂရုမစိုက်တော့ဘဲ နတ်ဆိုးအကျဉ်းထောင်၀င်ပေါက်သို့ ပြေးသွားကြ၏။
သူတို့လက်ထဲက တုံကင်တစ်ခုကို ထုတ်ယူလိုက်စဉ် နတ်ဆိုးအကျဉ်းထောင်၏ တံခါးပေါက်က ပွင့်သွားသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်အော်ဟစ်သည်။
"သူတို့ကိုဆက်လက်ပိတ်ဆို့ထားကြ၊ ငါဒီလူတွေနောက်ကလိုက်ဖမ်းမယ်"
ထိုသို့ဆိုပြီးနောက် ရှောင်ဟိုင်ကလည်း သူတို့နှစ်ယောက်နောက်မှ လိုက်သွားလေတော့သည်။
လူတိုင်းဒီမြင်ကွင်းကို မြင်သောအခါ ရှောင်ဟိုင်၏ခွန်အားကြောင့် ထိတ်လန့်နေကြသလို အံ့ဩသင့်နေကြ၏။
နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးယောက်!
အဲဒါက သုံးယောက်တစ်ယောက်လေ!
ဒီလိုတိုက်ခိုက်ရေးခွန်အားမျိုးက မဟာတပ်မှူးရဲ့ခွန်အားနှင့် အရမ်းကြီးမဝေးတော့ဘူး၊ ဟုတ်တယ်မလား!
အပိုင်း(1194) coming။