#ညီမလေး၊ သော့#
Vol. 85 Ch. 1194
နတ်ဆိုးအကျဥ်းထောင်က အစောင့်များက နတ်ဆိုးဘုရင်တောင်တွင် စုရုံးနေကြပြီဖြစ်လေရာ ယခုအချိန်တွင် စောင့်ကြပ်နေခြင်းမရှိပါ။
သူတို့နှစ်ယောက် အလျင်အမြန်ပင် ဖြတ်သွားကြသည်။
ရှောင်ဟိုင် သူတို့နောက်မှ အနီးကပ်လိုက်သွားသည်။
ပထအဆင့်တွင် အကျဉ်းခန်းများက တစ်ခုနှင့်တစ်ခုနီးစပ်သည်။ အထဲတွင် အကျဉ်းချထားသောသူ သုံးလေးယောက်စီရှိသည်။
သို့စေကာမူ သူတို့ပို၍သွားလေလေ၊ အောက်သို့ပိုသွားရလေလေပင်။
အကျဉ်းခန်းများကလည်း နည်းသထက်ပိုနည်းလာပြီး တစ်ချိန်တည်းမှာပင် အကျဉ်းခန်း၏ခွန်အားက သိသာစွာ တိုးလာခဲ့သည်။
အမှောင်ထဲတွင် ဖယောင်းတိုင်မီးကသာ အလင်းအစက်အပျောက်တစ်ခုနှင့်အတူ လင်းနေသည်။
ဒီနေရာက အေးစက်ကာစိုထိုင်းနေပြီး တောက်ပသည့်အနီရောင်အရည်များကို နေရာတိုင်းတွင် မြင်နိုင်သည်။
လေအေးများကမူ မရေမတွက်နိုင်လောက်သော အငြိုးကြီးဝိဉာဉ်များ သူတို့အသက်အတွက် ငိုကြွေးနေကြသည့်အလား မြည်ဟီးတိုက်ခတ်နေသည်။
ဆယ့်သုံးထပ်က မီကဲအာမိသားစုခေါင်းဆောင်ကို အကျဉ်းချထားသည့်နေရာပေတည်း။
ဒီနေရာတွင် အကျဉ်းခန်းဆယ်ခုသာရှိသည်။
သူတို့နှစ်ယောက် အတားအဆီးမဲ့ အကျဉ်းခန်းရှေ့ကို ရောက်လာကြ၏။ ထို့နောက် သူတို့စာလိပ်တစ်လိပ်ကို ချက်ချင်းထုတ်ယူကာ ဖြန့်လိုက်ကြသည်။ အစီအရင်စွမ်းအားက ထိုးထွက်လာသည်။
ဒီအစီအရင်တွင် အမှန်တကယ်ပင် နတ်သခင်နယ်ပယ်တစ်၀က်အဆင့်စွမ်းအားရှိပြီး အကျဉ်းခန်းကို တိုက်ရိုက်ချိုးဖျက်ပစ်သည်။
မီကဲအာခေါင်းဆောင်၏လက်များကို သံကြိုးနှစ်ပင်နှင့် ချည်ထားသည်။ သူ့ဆံပင်များက ဖွာလန်ကြဲနေပြီး အကျဉ်းခန်းအ၀တ်က သွေးများနှင့် ပြည့်နှက်နေသည်။ ယခုဒီသံကြိုးများက ပြတ်သွားကြပြီဖြစ်လေရာ ဖိသိပ်ခံထားရသည့်စွမ်းအားက သူ့မရီဒျန်များထဲတွင် ထပ်မံလည်ပတ်လာသည်။
"အဖေ" သူတို့နှစ်ယောက်ထဲက သတ္တုလူအော်ဟစ်လိုက်သည်။
"မြန်မြန်ကျွန်တော်တို့နဲ့အတူ လိုက်လာခဲ့"
မီကဲအာခေါင်းညိတ်ကာ ရောက်ရှိလာပြီဖြစ်သည့် ရှောင်ဟိုင်ကို ကြည့်လိုက်၏။
"ကြည့်ရတာ ငါတို့ဒီလူငယ်လေးကို အရင်ကိုင်တွယ်ရမယ့်ပုံပဲ"
စွမ်းအားပြန်ရလာသည့် မိသားစုခေါင်းဆောင်က နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူဖြစ်သည်။
သတ္တုလူ မီလုံက ရှောင်ဟိုင်ကို ခက်ထန်စွာကြည့်ရင်း အော်ဟစ်သည်။
"အဲဒီငမိုက်သားနတ်ဆိုးသခင်က အတွင်းပိုင်းမှာ ကြီးစိုးနေပေမယ့် အပြင်မှာမှာတော့ ခွေးအိုကြီးတစ်ကောင်လိုပဲ ဖိနပ်လျက်နေတာ၊ သူ့အတွက် မင်းအသက်ကို စွန့်စားထိုက်လား"
ရှောင်ဟိုင် မီလုံကို မကြည့်ဘဲ ယင်းအစား မီကဲအာကို ကြည့်ကာပြုံးသည်။ တစ်ချို့သွေးကြောအော်ရာက မျဉ်းတစ်ကြောင်းအဖြစ် ပုံပေါ်လာလေရာ မီကဲအာ အာရုံခံမိသွားသည်။
မီကဲအာအနည်းငယ်ကြက်သေသေသွားသည်။
ဒီအပြုံး.....ဒီအော်ရာက!
ဒါကဖြစ်နိုင်တာက.....!
မီကဲအာ၏အသက်ရှူသံက တဖြည်းဖြည်းမြန်ဆန်လာသည်။ သူ့မျက်လုံးများက ခြောက်သွေ့ရှည်လျားသည့် ဆံပင်များကြားကွက်လပ်လေးများထဲမှ မြင်ရပြီး နီရဲနေလေပြီ။
မီလုံ ရှောင်ဟိုင်ထံ ပြေး၀င်သွားပြီဖြစ်သည်။
မီကဲအာ ချက်ချင်းအော်ဟစ်ကာ သူ့ကို တားလိုက်သည်။
"ရဲတင်းလိုက်တာ၊ ရပ်စမ်း"
ဒါကိုကြားသောအခါ မီလုံနေရာတွင်ပင် ရပ်သွားသည်။ သူ့လက်သီးက ရှောင်ဟိုင်မျက်နှာနှင့် လက်ချောင်းတစ်ချောင်းမျှသာ ကွာတော့သည်။
"ဘာလို့လဲ အဖေ၊ သူ့ကိုသာမသတ်ဘူးဆိုရင် ကျွန်တော်တို့လွတ်မြောက်မှာမဟုတ်ဘူး"
ထွက်ပေါက်တစ်ခုတည်းသာ ရှိပြီး ထိုထွက်ပေါက်က ရှောင်ဟိုင်နောက်က လမ်းကြောင်းပင်။
သို့စေကာမူ မီလုံ၏ထိတ်လန့်နေသည့် အကြည့်များအောက်တွင် မီကဲအာ ရှေ့သို့ လျှောက်သွားပြီးနောက် ရှောင်ဟိုင်ရှေ့တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားတုန်ယင်နေသည့် အသံဖြင့် လေးစားစွာပြောသည်။
"အရှင့်ရဲ့ငယ်သား မီကဲအာက နတ်ဆိုးအရှင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်"
နတ်ဆိုးအရှင်မင်းမြတ်လား!
မီကဲအာကို နတ်ဆိုးအရှင်ဟု ခေါ်အောင် လုပ်နိုင်သည့် လူတစ်ယောက်တည်းသာရှိသည်။
ထိုလူက သေချာပေါက် မိုဂျီမဟုတ်ပါ။
မီလုံနှင့်ကျန်တစ်ယောက် ရှောင်ဟိုင်ကို ရုတ်တရက်လှည့်ကြည့်လိုက်မိကြ၏။ သူတို့ကလည်းတုံ့ပြန်လာကာ မီကဲအာနောက်တွင် ဒူးထောက်လိုက်ကြသည်။
"နတ်ဆိုးအရှင်ကို နှုတ်ဆက်ပါတယ်"
"နတ်ဆိုးအရှင်၊ ဘာလို့ဒီမှာရှိနေရတာလဲ"
ရှောင်ဟိုင်သူ့အစီအစဉ်ကိုပြောပြသည်။
ဒီအခိုက်အတန့်မှာပင် မီလုံနှင့်ကျန်တစ်ယောက်နားလည်သဘောပေါက်လာသည်။ မည်သည့်အတွက်ကြောင့် အရင်က ရှောင်ဟိုင် ခွန်အားကိုဖုံးကွယ်ထားသည်ဟု သူတို့ခံစားမိရသနည်း။ တကယ်တမ်းတွင် သူက သူတို့၏ကိုယ်ပိုင်ကစားပွဲမှာပင် သူတို့ကိုအနိုင်ယူပြီး နတ်ဆိုးအကျဉ်းထောင်ထဲကို ၀င်လိုခြင်းပင်။
မီကဲအာ လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"ဒါဆိုရင်တော့ ကျွန်တော် မလွတ်မြောက်နိုင်တော့ဘူး"
"ကျွန်တော်သာထွက်သွားမယ်ဆိုရင် မိုဂျီက သေချာပေါက် နတ်ဆိုးအရှင်ကို အပြစ်တင်လိမ့်မယ်"
ရှောင်ဟိုင်ခေါင်းညိတ်ရင်း မီကဲအာပခုံးကိုပုတ်သည်။
"မီလုံတို့ကိုအရင်သွားခွင့်ပေးလိုက်ပါ၊ ကျုပ်အချိန်တန်တာနဲ့ ခင်ဗျားကို ကယ်တင်ပေးမယ်"
ရှောင်ဟိုင် နတ်ဆိုးသခင်ဖြစ်ခဲ့တုန်းက မီလုံကို မမွေးဖွားသေးသဖြင့် ဒီအရင်နတ်ဆိုးသခင်ဟောင်းအကြောင်း သူအများကြီးမသိပေ။
မီကဲအာမထွက်သွားနိုင်သေးတာကို ကြားရသောအခါ သူစိုးရိမ်ပူပန်စွာပြောသည်။
"အဲဒီသူခိုးအိုကြီးမိုဂျီက ကျွန်တော့်အဖေ့ကို သတ်ချင်နေရင်ရော"
မီကဲအာအော်ဟစ်သည်။
"ပါးစပ်ပိတ်ထားစမ်း၊ ငါတို့ အရေးကိစ္စအတွက် ငါသေရမယ်ဆိုရင်ရောဘာဖြစ်လဲ"
"ဒါ့အပြင် အဲဒီမျိုးမစစ်မိုဂျီ ငါ့ကို သတ်ရဲမှာမဟုတ်ပါဘူး၊ ငါအဲဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ပဲလိုတယ်"
ရှောင်ဟိုင်တွင် လျှို့ဝှက်ချက်က ဘာလဲဆိုတာကို မေးရန်အချိန်မရှိပေ။ မိုထင်းနှင့် ကျန်သောသူများ အချိန်မရွေး ပြေး၀င်လာနိုင်သည် မဟုတ်ပေလော။
ထို့ကြောင့်သူပြောသည်။
"မီလုံ၊ မင်းတို့နှစ်ယောက်မြန်မြန်ထွက်သွားကြ"
မီလုံတစ်ခဏကြာ တွန့်ဆုတ်နေသေးသည်။ မီကဲအာ၏အကြည့်အောက်တွင် သူအံကြိတ်ကာ ထွက်သွားရုံသာ တတ်နိုင်သည်။
မီကဲအာ အကျဉ်းထောင်ထဲတွင် ပြန်ထိုင်ပြီး လက်များကို သံကြိုးများဖြင့် ချည်နှောင်လိုက်၏။
ရှောင်ဟိုင် မီကဲအာအား ခေါင်းညိတ်ပြပြီးနောက် အောက်သို့ပြေးဆင်းသွားလေတော့သည်။
သူ့ညီမလေးကို သူကယ်တင်ချင်ပါက အောက်တွင် ဘယ်လိုတည်ဆောက်ပုံမျိုးရှိသလဲဆိုတာကို သူပုံဖော်ရပေမည်။
အောက်ဘက်လမ်းတစ်လျှောက်လုံး၌ ပတ်၀န်းကျင်က အလင်းက ပိုပိုပင် မှိန်လာသည်။
နောက်ဆုံး၁၈ထပ်မြောက်တွင် ရှောင်ဟိုင်ရှေ့သို့ ကြည့်လိုက်၏။ ရှေ့၌ ရေကန်တစ်ကန်ရိသည်။ ရေကန်ပတ်လည်က အတိမည်းနက်နေသော်လည်း ရေကန်မျက်နှာပြင်က တောက်ပနေသည်။ ရေကန်အလယ်က လှောင်အိမ်၌ အလင်းပြန်နေသည့် အလင်းရောင်တစ်ခုတောက်ပနေသည်။
ရှောင်ဟိုင် ရေကန်ဆီသို့လျှောက်သွားပြီး လှောင်အိမ်ထဲတွင် သံကြိုးများနှင့် ချည်ထားသည့် ဆံပင်ရှည်နှင့် အမျိုးသမီးကို ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် သူမက သူ့မှတ်ဉာဏ်အပိုင်းအစများက လူနှင့် ထပ်တူကျလာသည်။
အကြောင်းရင်းတစ်ချို့ကြောင့် သူ့နှလုံးက စတင်ခုန်ပေါက်လာသည်။
သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်းတွင် နှလုံးခုန်သံကပိုပို၍ ပြင်းထန်လာသည်။
တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား လှောင်အိမ်ထဲက ဆံပင်ရှည်နှင့် အမျိုးသမီးကလည်း ခေါင်းမော့လိုက်၏။ သူမ၏လှပသော ဆံပင်များက နောက်ပြန်ချည်ထားသဖြင့် မျက်လုံးများက ပေါ်လွင်နေသည်။ သူမ၏မှေးမှိန်နေသည့်မျက်လုံးများက ရှောင်ဟိုင်ကို မြင်သောအခါ ကြယ်ပွင့်များကဲ့သို့ ဖြည်းဖြည်းချင်းတောက်ပသွား၏။
သူမ၏မျက်လုံးများထဲတွင် တောက်ပသည့်အလင်းတစ်ခုရစ်ဝဲနေသည်။
ရှောင်ဟိုင်က ပိန်လှီသွယ်လျသည့် အသွင်အပြင်ကို ယူထားသည့်တိုင် သူမရှောင်ဟိုင်ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်သည်။
"အစ်ကိုကြီး"
သွေးမျက်ရည်ကျပြီးငိုနေသည့် ဥဩငှက်တစ်ကောင်ပမာ အသံက ခြောက်သွေ့သည့်လည်ချောင်းကနေ ဖျစ်ညှစ်ထွက်လာသည်။
ရှောင်ဟိုင် လှောင်အိမ်ဘေးသို့လျှောက်သွားသည်။ သူ့ညီမလေး၏ ၀မ်းနည်းဖွယ်ရာ အခြေအနေကို ကြည့်ရင်း သူ့၏ကြောက်စရာကောင်းသည့်သွေးချီက မထိန်းချုပ်နိုင်ဘဲ ထိုးထွက်လာသည်။
သူ့မျက်လုံးများက အတိနီရဲသွားတာကိုပင် တွေ့နိုင်သည်။
ထို့နောက် သူဒေါသတကြီးအော်ဟစ်ကာ မချုပ်တည်းထားဘဲ လှောင်အိမ်ကို ထိုးနှက်လိုက်လေသည်။
သို့စေကာမူ လှောင်အိမ်က လုံး၀မယိမ်းယိုင်သွားပါ။ တကယ်တမ်းတွင် သူ့အသံက အရမ်းကြီးမကျယ်ပေ။
ရှောင်ဟိုင်ထိုးနှက်လိုက်သည့် နေရာမှတဆင့် လှောင်အိမ်ပတ်ပတ်လည်၌ လှိုင်းများစတင်ပျံ့လာသည်။
အမျိုးသမီး အလျင်အမြန်ပြောသည်။
"အစ်ကိုကြီး၊ မြန်မြန်ထွက်သွားတော့၊ အစ်ကိုကြီးရဲ့လက်ရှိခွန်အားနဲ့ လှောင်အိမ်ကို အတင်းဖွင့်လို့မရသေးဘူး"
ရှောင်ဟိုင်၏အသံက တိုးညင်းကာ အနည်းငယ်တုန်ယင်နေသည်။
"မင်းကိုကယ်တင်ဖို့အတွက် ငါဘာလုပ်ရမလဲ....."
"ဒီလှောင်အိမ်ကို ပထမဆုံးနတ်ဆိုးအရှင်ကိုယ်တိုင် တည်ဆောက်ခဲ့တာ၊ သူ့စွမ်းအားက လှောင်အိမ်အစိတ်အပိုင်းမျိုးစုံကို ပျံ့သွားပြီး တစ်ချိန်တည်းမှာပဲ ဒါက ရေကန်ထဲက စွမ်းအားကို လုံး၀ပျောက်ကွယ်သွားစေတယ်၊ နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်စွမ်းအားရှင်တစ်ယောက်ကပဲ ဒါကိုအတင်းဖွင့်နိုင်လိမ့်မယ်၊ ပြီးတော့ သော့ကို မိုဂျီရဲ့နေရာမှာပဲ ရနိုင်တယ်"
အမျိုးသမီးက ရှောင်ဟိုင်ကို ကြည့်ရင်း ညင်သာစွာပြောသည်။
"ဘာမှမဖြစ်ပါဘူး၊ ညီမလေးစောင့်နေတာကြာပါပြီ၊ မြန်မြန်လုပ်စရာမလိုပါဘူး၊ ဖြည်းဖြည်းချင်းလုပ်ပါ၊ အခုထွက်သွားတော့၊ မဟုတ်ဘူးဆိုရင် အစ်ကိုကြီးရဲ့ ကိုယ်ပိုင်လက္ခဏာကို ရှာတွေ့သွားလိမ့်မယ်"
ရှောင်ဟိုင် ရုပ်ဖျက်ဖုံးကွယ်ထားတာကို မြင်ရသောအခါ အမျိုးသမီး လက်ရှိအခြေအနေကို ချက်ချင်းမှန်းဆမိသည်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ငါ့ကိုစောင့်နေပါ" ထို့နောက် သူလာရာလမ်းကနေ ပြန်သွားသည်။
အမျိုးသမီး ရှောင်ဟိုင်၏နောက်ကျောကိုကြည့်နေစဉ် သူမ၏မျက်လုံးများထဲက မနှစ်မြို့မှုများက လုံး၀ပျောက်ကွယ်သွားပြီး ယင်းအစား မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။
"ညီမလေး အစ်ကိုကြီးကိုစောင့်နေပါမယ်.."
....
အပြန်လမ်းတွင် ရှောင်ဟိုင်တွေးနေသည်။
နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပဲ အတင်းချိုးဖျက်နိုင်တာလား!
ဒါဆိုသော့မလိုတော့ဘူးလေ၊ ငါဂျူနီယာညီလေးမုကို ဒီကိုခေါ်လာရုံပဲမလား!
သို့စေကာမူ နတ်ဆိုးအကျဉ်းထောင်ထဲကို ၀င်ရန်အတွက် နောက်ထပ်အခွင့်အလမ်းက ဘယ်အချိန်ပေါ်လာမလဲဆိုတာ သူမသိပေ။ အကယ်၍ ဂျူနီယာညီလေးမုသာ အတင်းတိုက်ခိုက်ပါက ကြီးကြပ်ရေးဗိမာန်က ဒါကို အာရုံခံမိသွားနိုင်သလို ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့ကိုပါ ဆွဲဆောင်သွားနိုင်သည်။
ဒီအစီအစဉ်ကို နောက်ခံအစီအစဉ်အဖြစ်သာ အသုံးပြုနိုင်သည်။ သူမိုဂျီဆီက သော့ရရန် လိုအပ်ပါသေးသည်။
ရှောင်ဟိုင်အတွေးထဲတွင် နစ်မြောရင်း ၁၃ထပ်ကိုရောက်လာစဉ် အထက်ကနေ အလင်းတန်းများစွာ အလျင်အမြန် ချဉ်းကပ်လာကြ၏။
အပိုင်း(1195) coming။