← Chapters

#သွေးမဆာတော့သည့် နတ်ဆိုးဘုရင်ပိုင်နက်#

Vol. 85 Ch. 1197

#သွေးမဆာတော့သည့် နတ်ဆိုးဘုရင်ပိုင်နက်#

Vol. 85 Ch. 1197

မုဖူရှန်းပင်လျှင် သရုပ်ခန္ဓာတစ်ခုကို မျှော်လင့်မထားခဲ့ပေ။ 

မည်သို့ပင်ဆိုစေကာမူ မိုဂျီ၏နယ်ပယ်က ထိုအဆင့်ကို မရောက်သေးပါ။ 

မိုဂျီ၏အစစ်အမှန်ခန္ဓာက နတ်ဆိုးဘုရင့်ပင်မမြို့၌ ရှိနေဆဲပင်။ တစ်ချိန်တည်းမှာပင် သူက သူတို့၏ခွန်အားတစ်စိတ်တစ်ပိုင်းကို မြင်သွားခဲ့သဖြင့် မိုဂျီ ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့ကိုပင် ဆက်သွယ်ထားပြီးဖြစ်လောက်သည်။ 

ထို့ကြောင့် နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကလူများ နတ်ဆိုးဘုရင်ပိုင်နက်တွင် စောင့်နေကြလောက်သည်။ 

မိုဂျီ သူတို့ထောင်ချောက်ထဲ တည့်တည့်လျှောက်လာမည်ကို စောင့်နေပုံပင်။ 

"ကြည့်ရတာ ထိပ်တိုက်ရင်ဆိုင်ရတော့မယ့်ပုံပဲ"

မိုဂျီ၏သရုပ်ခန္ဓာအော်ရာက ဗလာနတ္ထိပုံတူထဲတွင် ပေါင်းစပ်ပြီးသွား ဖြစ်သွားလေပြီ။ သူတို့ဗလာနတ္ထိပုံတူကို မစွန့်သရွေ့ သူတို့နှင့်အတူ သယ်သွားသရွေ့ တစ်ဘက်လူက ချက်ချင်းရှာတွေ့ပေလိမ့်မည်။ 

ယဲ့ချိုးပိုင် မုဖူရှန်းနှင့် ဖန်ချန်းတို့ကို ကြည့်လိုက်သည်။ 

"သရုပ်ခန္ဓာအော်ရာကို ဖြတ်ပစ်ဖို့ နည်းလမ်းရှိလား"

မုဖူရှန်းရော ဖန်ချန်းပါ ခေါင်းခါယမ်းသည်။ 

"ဗလာနတ္ထိပုံတူက ဘိုးဘေးရှေးဟောင်းပစ္စည်းတစ်ခုပဲ၊ အထဲက နေရာလွတ်က အဆုံးမဲ့လို့ ပြောလို့ရတယ်၊ အော်ရာကို ဖြတ်တောက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့စွမ်းအားက မလုံလောက်သေးဘူး"

"ဒုတိယစီနီယာအစ်မ ဗလာနတ္ထိပုံတူကို ထိန်းချုပ်နိုင်ပြီး အထဲကအော်ရာအားလုံးကို ဖယ်ရှားပစ်နိုင်နေသရွေ့ပေါ့"

ဒီအခိုက်အတန့်၌ ကောင်းချီးပေးဂူကျေးရွာအုပ်ချုပ်ရေးမှူးတဖြစ်လဲ ဗလာနတ္ထိပုံတူ၏ ရှေးဟောင်းဝိဉာဉ်ကလည်း ရောက်လာသည်။ သူတို့စကားကို ကြားသောအခါ ရွာအုပ်ချုပ်ရေးမှူးခေါင်းခါယမ်းသည်။ 

"ဟုန်ရင်ရဲ့ခွန်အားနဲ့ဆိုရင် သူဗလာနတ္ထိပုံတူကို အပြည့်အ၀မထိန်းချုပ်နိုင်ဘူး၊ အရင်က ငါလူသားဘိုးဘေးတစ်ချို့နဲ့ စစ်တိုက်ဖို့လိုက်ခဲ့တုန်းက အပြင်းအထန်ဒဏ်ရာရခဲ့တယ်၊ အဲဒီကာလအတွင်း ဗလာနတ္ထိပုံတးရဲ့ ပုံမှန်လုပ်ဆောင်ချက်ကို ထိန်းသိမ်းထားဖို့အတွက် ငါကျန်ရှိနေသေးတဲ့စွမ်းအားကို အသုံးပြုခဲ့တယ်၊ ငါအခုထိ မကောင်းမွန်လာသေးတော့ ငါလည်းမလုပ်နိုင်သေးဘူး"

အကယ်၍ ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုက ဗလာနတ္ထိပုံတူ၏ လုပ်ဆောင်မှုကို ထိန်းသိမ်းလိုပါက ထိန်းသိမ်းထားရန်အတွက် ရှေးဟောင်းဝိဉာဉ်တစ်ခုလိုအပ်သည်။ 

"ငါ့မှာအကြံတစ်ချို့ရှိနိုင်တယ်"

ဒီအခိုက်အတန့်မှာပင် ရှီရှန်းဒန်တျန်မှ ကြယ်တာယာကောင်းကင်တစ်ခု ကျဆင်းလာပြီး ၀တ်စုံဖြူလူတစ်ယောက်၏ပုံရိပ်က  ကြယ်တာယာကောင်းကင်အောက်တွင် ပေါ်လာသည်။ 

သူက ကြယ်အစစ်အမှန်နတ်ဘုရားဖြစ်သည်။ 

ဗလာနတ္ထိပုံတူက ကြယ်တာအိုနိယာမအပါအ၀င် တာအိုနိယာမမျိုးစုံဖြင့် ပြည့်နှက်နေသည်။ 

ဗလာနတ္ထိပုံတူထဲက အချိန်စီးကြောင်းကလည်း အတော်လေးနှေးသည်။ ဗလာနတ္ထိပုံတူအတွင်း လွန်ခဲ့သောနှစ်အနည်းငယ်တွင် ‌ရှီရှန်း၏ခွန်အား တိုးလာခဲ့သည်သာမက သူ့ဆယ်ခုမြောက်ကြယ်ဗဟိုချက်ကလည်း လုံး၀ကောင်းမွန်လာခဲ့သည်။ 

"မင်းသူ့ကို အမွေပေးခဲ့တာလား" ရွာအုပ်ချုပ်ရေးမှူး ကြယ်အစစ်အမှန်နတ်ဘုရားကို ကြည့်ရင်းပြုံးသည်။ 

"ကြည့်ရတာ အရင်ကမင်းအစီအစဉ်က အောင်မြင်သွားပုံပဲ‌၊ မင်းခန္ဓာကို ပြန်လည်တည်ဆောက်ဖို့ဆိုတာက ဖြစ်နိုင်ချေရှိတယ်"

ကြယ်အစစ်အမှန်နတ်ဘုရား ပြုံးရင်း ရွာအုပ်ချုပ်ရေးမှူးကို ဦးညွတ်သည်။ 

"စီနီယာ"

ဗလာနတ္ထိပုံတူ၏ ရှေးဟောင်းဝိဉာဉ်က လူသားဘိုးဘေးနောက်က နှစ်များစွာလိုက်ခဲ့သဖြင့် သက်တမ်းအရဆိုရပါက သူက အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူများထက် ပိုမြင့်သည်။ 

ထို့နောက် ကြယ်အစစ်အမှန်နတ်ဘုရား လူတိုင်းကို အပြုံးဖြင့်ကြည့်သည်။ 

"ကြယ်စွမ်းအားရဲ့ အဓိကသက်ရောက်မှုက ဖိနှိပ်ဖို့နဲ့ ချိပ်ပိတ်ဖို့ပဲ၊ ဒီဗလာနတ္ထိပုံတူထဲမှာ ငါကြယ်စွမ်းအားကို အဆက်မပြတ်စုပ်ယူနိုင်တယ်၊ ငါအဆက်မပြတ်ဖိနှိပ်ပြီး အထဲကအော်ရာကို ချိပ်ပိတ်ထားသရွေ့ ဒါကို လုပ်နိုင်တယ်၊ ဒါပေမယ့် ရှီရှန်း၊ ငါ‌လုပ်ဆောင်တဲ့အခါကျရင် မင်းငါ့အကူအညီကို မရနိုင်ဘူး"

ရှီရှန်းခေါင်းညိတ်သည်။ 

"ဒီလိုဆိုရင် ကျေးဇူးပြုပြီး ကူညီပေးပါဦး၊ စီနီယာ"

ကြယ်အစစ်အမှန်နတ်ဘုရား ‌ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းသည်။ 

ချက်ချင်းဆိုသလို နေ့ခင်းသာရှိသေးသည့်ကမ္ဘာကို ကြယ်တာယာကောင်းကင်တစ်ခု လွှမ်းခြုံပစ်သည်။ 

အမှောင်ထုကဆင်းသက်လာပြီး ကြယ်ရောင်ကသာ အောက်တွင်ပြန့်ကြဲကာ ဒီကမ္ဘာကြီးကို အလင်းပေးနေသည်။

ဒါကိုမြင်သော် ကြယ်အစစ်အမှန်နတ်ဘုရား၏ စွမ်းအားက လူတိုင်းကို အလွန်အမင်း ထိတ်လန့်သွားစေသည်။ အကြွင်းအကျန်ဝိဉာဉ်လေးတစ်ခုက ဒါကိုတောင် လုပ်နိုင်တာလား!

"ကောင်းပြီ၊ မင်းတို့လုပ်ချင်တာ လုပ်လို့ရပြီ"

မုဖူရှန်းပြုံးသည်။ 

"ဒီလိုဆိုရင်တော့ ကျန်တာတွေက လွယ်သွားပြီ"

"ဒါကအရမ်းလွယ်ပါတယ်၊ ရန်သူက အလင်းထဲမှာ ရှိနေပြီး ကျွန်တော်တို့က အမှောင်ထဲမှာပဲ၊ ဒီတော့ ကျွန်တော်တို့ သူတို့နဲ့ ပြောက်ကျားစစ်ပွဲတစ်ပွဲ ဆင်နွှဲနိုင်တယ်၊ ကျွန်တော်တို့သာ သူတို့ကို တကယ်အနိုင်မယူနိုင်ဘူးဆိုရင် ဗလာနတ္ထိထဲကို၀င်ပြီး တစ်ဘက်လူရဲ့ ခွန်အားကို အဆက်မပြတ် ကုန်ခမ်းသွားစေအောင် လုပ်နိုင်တာပဲလေ"

"ဒါပေမယ့် ဒီဖြစ်စဉ်အတွင်း တစ်ဘက်က အာကာသကို ချိပ်ပိတ်တာကို တားဆီးဖို့လိုသေးတယ်" မုဖူရှန်းလေးနက်စွာပြောသည်။ 

"ဗလာနတ္ထိပုံတူက ၀င်ထွက်ဖို့အတွက် အာကာသစွမ်းအားကို အားကိုးနေရဆဲပဲ၊ ဒုတိယစီနီယာအစ်မက ဗလာနတ္ထိပုံတူကို အပြည့်အ၀ မထိန်းချူပ်နိုင်သေးဘူး၊ ဒါက အာရုံစိုက်ဖို့လိုတဲ့အရာတစ်ခုပဲ"

"ဒီတော့....." မုဖူရှန်း ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ ရှီရှန်းနှင့် ဖန်ချန်းတို့ကို ကြည့်လိုက်၏။ 

"ငါတို့ဘာလုပ်ရမလဲ" ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတစ်ချိန်တည်းတွင် မေးသည်။  

မုဖူရှန်း လက်အစုံကို အားကိုးရာမဲ့စွာဖြန့်သည်။ 

"စီနီယာအစ်ကိုတို့နဲ့ ဂျူနီယာညီလေး၊ အချိန်ကျလာတဲ့အခါကျရင် ကျေးဇူးပြုပြီး ခံစားချက်တွေကို ထိန်းချုပ်ပေးပါ"

ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့ တစ်ဦးကိုတစ်ဦးကြည့်ရင်း တညီတညွတ်တည်းမေးကြသည်။ 

"ငါတို့စိတ်ခံစားချက်တွေက လုံလောက်အောင် မတည်ငြိမ်လို့လား"

မုဖူရှန်းတင်မဟုတ်ဘဲ မုဇီရှင်းပင်လျှင် တိတ်ဆိတ်သွားရသည်။ 

......

တစ်ချိန်တည်းမှာပင် အပြင်ပကမ္ဘာတွင် ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းမှ လူများ နတ်ဆိုးဘုရင်ပိုင်နက်သို့ တစ်ချိန်တည်းတွင် ရောက်လာခဲ့ကြသည်။ 

တစ်ခဏအကြာတွင် နတ်ဆိုးဘုရင်ပိုင်နက်အထက်က ကောင်းကင်ရှိ ဝိဉာဉ်ချီက ထိုးထွက်လာသည်။ 

မိုဂျီကိုယ်တိုင် သူတို့ကိုကြိုဆိုရင်း သူ့ရှေ့ကလူနှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့က ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့၏ မဟာအကြီးအကဲများ ဖြစ်လေရာ သူလက်နှစ်ဖက်ဆုပ်လိုက်သည်။ 

"စီနီယာတို့"

ယင်ယန်ဂိုဏ်း၏ မဟာအကြီးအကဲက အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက အတော်လေးကို သေးသွယ်သော်လည်း စကားပြောသောအခါ သူမ၏အသံက ဘဲငန်းတစ်ကောင်ကဲ့သို့ပင်။ 

"အမှိုက်တွေပြောမနေနဲ့၊ သူဘယ်မှာလဲ"

မိုဂျီ သူ့ကိုတိတ်တဆိတ် မုန်းတီးသွားရသော်လည်း နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းကို အားကိုးရမည့်အပေါ် သူဒေါသကို မျိုချကာ ပြောရုံသာတတ်နိုင်သည်။ 

"တစ်ဘက်လူရဲ့ တည်နေရာကို ကျုပ်ပိတ်ဆို့ထားပါပြီ၊ ကျုပ်....."

စကားပြော၍မပြီးသေးခင်မှာပင် မိုဂျီ ကြက်သေသေသွားလေတော့သည်။ 

ယင်ယန်ဂိုဏ်း၏ မဟာအကြီးအကဲ ကန်ချူယွဲ့နှာခေါင်းရှုံ့သည်။

"ထပ်ခြေရာခံလို့မရတော့ဘူးမလား"

အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်း၏ မဟာအကြီးအကဲ လုပင်း၏ အမူအရာကလည်း လေးနက်နေသည်။ သူ့မုတ်ဆိတ်မရိတ်ထားသလို အတော်လေးစိတ်တိုနေပုံရသည်။ ဒေသတကြီး နှာ‌ခေါင်းရှုံ့သည်။ 

"မင်းက တကယ်အမှိုက်ပဲ"

ထို့နောက် သူလက်ဝှေ့ယမ်းသည်။ 

"အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းကလူတွေ၊ နတ်အသိကိုထုတ်လွှတ်ကြ၊ မင်းတို့ တစ်ဘက်လူရဲ့ ခြေရာတစ်ခုခုကိုရှာတွေ့တာနဲ့ ချက်ချင်းအစီရင်ခံကြ"

ကန်ချူယွဲ့ပြောသည်။ 

"နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ ၀င်ပေါက်တွေကိုလည်း ငါတို့လူတွေပိတ်ဆို့ထားပြီးပြီဆိုပေမယ့် သူတို့ဒီလောက်လွယ်လွယ်နဲ့ ထွက်သွားနိုင်မယ်လို့တော့ မထင်ဘူး"

မိုဂျီ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ 

နတ်ဆိုးဘုရင်ပိုင်နက်ကို မင်းတို့လူတွေ ပိတ်ဆို့ပစ်တာလား၊ ဒါဆို ငါ့မှာ တကယ်ပဲ ဘာအစစ်အမှန်စွမ်းအားရှိလို့လဲ?

နတ်ဆိုးဘုရင်ပိုင်နက်၏ အထက်ပုဂ္ဂိုလ်များကလည်း အမူအရာမကောင်းကြပါ။ 

လဲ့ရွှမ်း၊ ချူမင်နှင့် မိုထင်းတို့က ပို၍ပင် စိတ်ဖိစီးနေကြသည်။

ထိုလူဟာဆိုပါက သူတို့ဘယ်လိုလုပ် ဒီလိုသည်းခံနေစရာလိုမည်နည်း။ 

မိုဂျီပြောသည်။ 

"အားလုံးပဲ၊ သူ့ခွန်အားက နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ထိ ကြီးထွားလာပြီးပြီ၊ သူ့ကိုအသက်ရှင်လျက် မဖမ်းနိုင်ဘူးဆိုရင် သတ်ပစ်ရုံပဲ၊ ငါတို့သူ့ကို အခွင့်အရေးတစ်ခုမှ ပေးလို့မရ...."

"ပါးစပ်ပိတ်ထားစမ်း"

မိုဂျီစကားပြော၍ မပြီးသေးခင်မှာပင် ကန်ချူယွဲ့ကြားဖြတ်ပစ်သည်။ 

"သူ့ကိုအသက်ရှင်လျက်ပဲဖမ်းလို့ရမယ်၊ သူအရမ်းအသုံး၀င်နေတုန်းပဲ"

ဒါကိုကြားသောအခါ မိုဂျီ၏ အမူအရာက အလွန်အမင်းနက်မှောင်သွားသည်။ 

နတ်ဆိုးဘုရင်ပိုင်နက်က တိုက်ခိုက်ရေးစွမ်းအားရှိသူတိုင်းနီးပါး ဒီနေရာတွင် စုစည်းနေကြ၏။ 

ပါးစပ်ပိတ်ထားစမ်း!

မိုဂျီနှလုံးသားထဲက ဒေါသက ထိုးထွက်လာပုံရပြီး ကန်ချူယွဲ့ကို စိုက်ကြည့်နေသည်။ 

ကန်ချူယွဲ့ ဒါကိုသတ်ထားမိသဖြင့် အထင်အမြင်သေးစွာပြောသည်။ 

"ဘာလဲ၊ နင်ငါ့ကိုသတ်ချင်တာလား၊ နင့်ခွန်အားနဲ့ ငါ့ကိုသတ်နိုင်တယ်၊ မသတ်နိုင်ဘူးဆိုတာ မပြောနဲ့ဦး၊ နင်ငါ့ကို တိုက်ခိုက်ရဲလို့လား"

မိုဂျီ သူမကိုအသားအရိုးများ ပြားသွားသည်အထိ ဖျစ်ညှစ်ပစ်ချင်နေသည့်အလား လက်သီးကျစ်ကျစ်ဆုပ်သည်။ 

အံကြိတ်ထားရင်း ကန်ချူယွဲ့က ယင်ယန်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်နေတာကို တွေးမိသောအခါ ဒေါသကို မျိုသိပ်ရုံသာ တတ်နိုင်သည်။ သူအံကြိတ်ရင်း ပြောလိုက်သည်။ 

"ကျုပ်မလုပ်ရဲပါဘူး...."

လူတိုင်း မိုဂျီကိုယခုလို မြင်ရသောအခါ နှလုံးသားထဲကသာလျှင် သက်ပြင်းချနိုင်တော့သည်။ 

သူတို့အားလုံးက နတ်ဆိုးဘုရင်ပိုင်နက်က ဆိုပေမယ့် သူတို့သခင်မိုဂျီကို ယခုလို ငကြောက်တစ်ယောက် မည်သူဖြစ်စေချင်မည်နည်း။ 

သို့သော် တစ်ဘက်လူ၏စွမ်းအားကို သူတို့တကယ်မခုခံနိုင်ပါ။ 

မိုဂျီ၏လုပ်ရပ်များက မမှားပေ။ 

သူတို့တွေးနိုင်သည်ဟူ၍ ဒါသာလျှင်ရှိတော့သည်။ 

ဒါကလည်း နတ်ဆိုးဘုရင်ပိုင်နက်တွင် နောက်ထပ်သတ္တိမရှိရတော့သည့် အကြောင်းရင်းပေတည်း။ 

သူတို့က ကျွန်ပြုခံနေရသည့်အသွင်။ 

သူတို့ပြင်ပအင်အားစုများ၏ အမိန့်များကို နားထောင်ရုံသာ တတ်နိုင်သည်။ 

အပိုင်း(1198) coming။

All Chapters