← Chapters

#ကြိုဆိုပါတယ်၊ နတ်ဆိုးအရှင်#

Vol. 85 Ch. 1198

#ကြိုဆိုပါတယ်၊ နတ်ဆိုးအရှင်#

Vol. 85 Ch. 1198

ငရဲသရဖူမြို့တွင် အရေးပါသည့်ခံတပ်တစ်ချို့ရှိသော်လည်း ကာကွယ်ရေးကို အာရုံစိုက်ရန်အတွက် အားလုံးက နတ်ဆိုးဘုရင့်ပင်မမြို့တွင် စုစည်းကြရသည်။ 

တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင်ပင်မမြို့၏ အပြင်ဘက်တွင် အစီအရင်များစွာကို ချထားသည်။ ရှောင်ဟိုင်နှင့် တခြားသူများ ထပ်မံရုပ်ဖျက်မ၀င်စေရန်အတွက် သူလူအ၀င်အထွက်ကိုပင် စစ်ဆေးရန် စီစဉ်ခဲ့သည်။ 

သို့စေကာမူ ဒီအရာအားလုံးက မိုဂျီ၏ လက်တွေ့မဖြစ်လာတော့နိုင်သော အရာများပမာဖြစ်သွားရသည်။ 

ကန်ချူယွဲ့နှင့် လုပင်းတို့၏ အားကောင်းသည့် အမိန့်များအောက်တွင် မိုဂျီတွင် မည်သည့်စွမ်းအားမှမရှိပါ။ 

သူတို့နှစ်ယောက်၏ နှာခေါင်းအောက်တွင် သူတို့က ရုပ်သေးရုပ်များပမာ။ 

ကန်ချူယွဲ့၏အဆိုအရ သူတို့တွင် လူအများအပြားရှိသည်။ သူတို့အသင်းအနည်းငယ်ခွဲပြီး အော်ရာပျောက်ကွယ်သွားသည့် နေရာတိုင်းတွင် ဖြန့်ကြက်ရှာဖွေရန်သာလိုအပ်သည်။ 

ထို့နောက် သူတို့နတ်ဆိုးဘုရင်ပင်မမြို့တွင် အာကာသတယ်လီပို့ကွန်ရက်တစ်ခု တည်ဆောက်မည်။ သူတို့ထဲက အနည်းငယ်သာ ဒါကိုစောင့်ကြပ်နေပါက ပင်မမြို့ကို အချိန်မရွေးထောက်ပံ့ပေးနိုင်သည်။ 

မိုဂျီကလည်း ရှောင်ဟိုင်နှင့် ကျန်သောသူများနှင့် အကြိမ်ရေအနည်းငယ်ခန့် တိုက်ခိုက်ခဲ့သဖြင့် တစ်ဘက်လူ၏နည်းလမ်းများကို သူသိပါသည်။ 

ထို့ကြောင့် သူတို့ပင်မမြို့၌ စိုးရိမ်စွာသာ ရှိနိုင်ကြပြီး ဘာတစ်ခုမှမလုပ်နိုင်ကြ။ 

ရုတ်တရက် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်မှ ကင်းထောက်တစ်ယောက် အလျင်အမြန်၀င်လာပြီး ပူပန်စွာပြောသည်။ 

"တင်ပြပါတယ်၊ နတ်ဆိုးဝိဉာဉ်မြို့က အသင်းသုံးသင်းရဲ့ ဝိဉာဉ်တုံကင်တွေအားလုံး ပြိုကွဲသွားပါပြီ"

နတ်ဆိုးဝိဉာဉ်မြို့မှ အသင်းသုံးသင်းက ယင်ယန်ဂိုဏ်းကဖြစ်သည်။ ကန်ချူယွဲ့ ဒါကိုကြားသောအခါ ချက်ချင်းဒေါသတကြီး အော်ဟစ်သည်။ 

"တစ်ယောက်ယောက်ကို ချက်ချင်းပို့လိုက်၊ အဲဒီလူတွေကိုရှာကြ"

ဖိအားကို ထုတ်လွှတ်လိုက်သောအခါ စုံစမ်းသူက ချက်ချင်းဒူးထောက်ကြသွားပြီး အသံသေးသေးလေးသာလျှင် ထုတ်လွှတ်နိုင်တော့သည်။ 

"ကျွန်တော်တို့လူတွေ ရောက်နေကြပြီဆိုပေမယ့် အခင်းဖြစ်ရာနေရာမှာ ဘာခြေရာမှ မတွေ့သေးပါဘူး၊ ဘယ်သူမှမကျန်ရှိတော့ပါဘူး"

"အမှိုက်တွေ" ကန်ချူယွဲ့လက်ဖဝါးနှင့် ရိုက်လိုက်စဉ် ကင်းထောက်က ပြာအဖြစ်တိုက်ရိုက်ပြောင်းလဲသွားရသည်။ 

ဒါကိုမြင်သောအခါ မိုဂျီ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ 

"အကြီးအကဲကန်၊ သူ...."

"ဘာလဲ၊ ငါတစ်ခုခုအမှားလုပ်မိလို့လား" ကန်ချူယွဲ့ ဘဲငန်းကဲ့သို့အသံဖြင့်ပြောသည်။ 

"သူကပုရွက်ဆိတ်တစ်ကောင်သာသာပဲ၊ သူသာအလုပ်ကောင်းကောင်း မလုပ်ဘူးဆိုရင် ရိုက်သတ်ခံရမှာပဲလေ"

မိုဂျီ၏နှလုံးသား နာကျင်သွားရသည်။ 

နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်မှ ကင်းထောက်တိုင်းကို ပျိုးထောင်ရန်အတွက် အရင်းအမြစ်အများကြီးသုံးရန် လိုအပ်သည်။ 

ဒါ့အပြင် သူ့အတွက် ကန်ချူယွဲ့တို့ကို တိုက်ခိုက်ရန်ဟူသည် မဖြစ်နိုင်ပေ။ သူ့လက်အောက်ငယ်သားက ဖော်ပြ၍ မရနိုင်သည့် အခြေအနေတစ်ခုဖြင့် ရိုက်သတ်ခံရသည့်တိုင် နတ်ဆိုးသခင်က မလှုပ်ရှားပေ။ သူကအားနည်းပြီးအသုံးမကျပါ။ တခြားသူများ ဘယ်လိုထင်ကြမည်နည်း။ 

ဒါက သူ့ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။ 

အထက်အဆင့်ပုဂ္ဂိုလ်များ ဒီမြင်ကွင်းကိုမြင်သောအခါ တိတ်တဆိတ်သက်ပြင်းချရုံသာ တတ်နိုင်သည်။ 

ဒါက တကယ်၀မ်းနည်းစရာကောင်းလှသည်။ 

နောက်ထပ်နာရီအနည်းငယ်အတွင်း သတင်းဆိုးက နတ်ဆိုးဘုရင်ပင်မမြို့၌ ပျံ့သွားသည်။ 

အပြင်ကရှာဖွေရေးအသင်းများက အလွန်မြန်ဆန်သည့်နှုန်းတစ်ခုနှင့် ရှင်းလင်းခံနေရသည်။ 

အစတွင် အဆင်ပြေပါသေးသည်။ 

သို့သော် ယခုတွင်မူ ကန်ချူယွဲ့နှင့် လုပင်းတို့ပင် ဒေါသထွက်လာကြ၏။ 

ဒီလိုဆုံးရှုံးမှုကို သူတို့နှစ်ယောက်ကို နာကျင်မှုကို ခံစားရစေသည်။ 

သူတို့ခေါ်လာခဲ့ကြသောသူများက ဂိုဏ်းနှစ်ဂိုဏ်း၏ လက်ရွေးစင်ပုဂ္ဂိုလ်များပင်။ 

မိုဂျီ ဘေးကနေ ဒီဟာသကို ကြည့်ရင်း အနည်းငယ်ခံစားရကောင်းသွားသည်။ 

အစကနေ သူတို့သူ့စကားကိုနားထောင်ပြီး နတ်ဆိုးဘုရင့်ပင်မမြို့တွင် တိုက်ခိုက်ရေးခွန်အားအားလုံးကို စုစည်းခဲ့ပါက ဒီလိုအရာမျိုး ဘယ်လိုလုပ် ဖြစ်လာနိုင်မည်နည်း။ 

ထိုအုပ်စုတွင် မရေမတွက်နိုင်လောက်သည့် နည်းလမ်းများရှိသည်။ ဒါက တစ်ဘက်လူကို ဖြန့်ကြက်ကာ ရှာဖွေပြီး သူတို့အား တစ်ယောက်ပြီးတစ်ယောက် သတ်ရန် အခွင့်အလမ်းတစ်ခုပေးနေသည်နှင့် တူမနေဘူးလား။ 

ကန်ချူယွဲ့နှင့် လုပင်းတို့ နက်မှောင်သည့် အမူအရာများဖြင့် ကျန်နေသောအသင်းများကိုခေါ်ပြီး နတ်ဆိုးဘုရင့်ပင်မမြို့တွင် စောင့်ကြပ်စေရုံသာ တတ်နိုင်တော့သည်။ 

သို့စေကာမူ ပြန်လာစဉ်မှာပင် သူတို့ကြားဖြတ်ဖမ်းဆီးခံရပြီး တစ်၀က်ကျော် ဆုံးရှုံးလိုက်ရသည်။ 

တိုက်ခိုက်ရေးသမားအားလုံး နတ်ဆိုးဘုရင်ပင်မမြို့ကို ရောက်လာသောအခါ သူတို့ကို တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးဘဲ ဖျက်ဆီးခြင်းအစီအရင်တစ်ခုက ပင်မမြို့၏ မြို့ရိုးကနေ ကောင်းကင်ပေါ် ထိုးတက်သွား၏။ 

အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်!

နတ်ဆိုးဘုရင် ပင်မမြို့ကလူတိုင်း ထိတ်လန့်သွားကြ၏။ 

မိုဂျီကလည်း အနည်းငယ်မျက်မှောင်ကြုတ်သည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် ဟာကွက်တစ်ခုကရှိနေသည်။ 

အကြောင်းက ဒီကာလအတွင်း တိုက်ခိုက်ရေးစွမ်းအားများကို ဖြန့်ကြက်ရန် လိုနေသောကြောင့် သူသေချာဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ 

ရှောင်ဟိုင်နှင့် ကျန်သောသူများက ဒီအချိန်ကို သွက်လက်ကျွမ်းကျင်စွာ ဖမ်းဆုပ်ရင်း တိုက်ခိုက်သည်။ 

မိုဂျီ ကန်ချူယွဲ့နှင့် လုပင်းတို့ကို လျစ်လျူရှုကာ လက်ဝှေ့ယမ်းသည်။ 

"အစီအရင်ကို အသက်သွင်းလိုက်"

မိုကောချက်ချင်းခေါင်းညိတ်ပြီး အစီအရင်ကို ထိန်းချုပ်နေသည့် အသက်သွင်းရန်အတွက် အမိန့်ကိုစောင့်နေကြသောသူများထံ အသံပို့လိုက်၏။ 

သို့စေကာမူ လူတိုင်းအသံပို့လာကြသည်။ 

"အစီအရင်ကို အသက်သွင်းလို့မရတော့ပါဘူး"

ဒါကမိုကောနှင့် ကျန်သောသူများကို ကြက်သေသေသွားစေသည်။ 

မိုဂျီ၏အမူအရာက နက်မှောက်သွားသည်။

"ကြည့်ရတာ အဲဒီအဖိုးရှန်းယင်မသေသေးပုံပဲ....."

မိုဂျီ၏ခန့်မှန်းချက်က မှန်ပေသည်။ 

ရှောင်ဟိုင်တို့ အုပ်စုသုံးစုခွဲ့သည်။ 

ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့က ထိုရှာဖွေရေးအသင်းများကို သတ်ရန်အတွက် ဦးဆောင်သည်။ 

တခြားတစ်ဘက်တွင် မုဖူရှန်းနှင့်ဖန်ချန်းတို့ကို ရှန်းယင်က မနက်စောစောအချိန်တွင် နတ်ဆိုးဘုရင်ပင်မမြို့အနီးကို ခေါ်လာပြီး အစီအရင်ကို တိတ်တဆိတ်ချိုးဖျက်ပစ်သည်။ သူတို့အစီအရင်ကို ဖျက်ဆီးလိုက်ကြခြင်းပင်။ 

နတ်ဆိုးဘုရင်ပိုင်နက်က အစီအရင်အများစုကို ရှန်းယင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ 

မိုဂျီ အစီအရင်ဗဟိုချက်ကို အရင်နှစ်များကတည်းက ပြောင်းရန် ကြိုတင်စီစဉ်ခဲ့သော်လည်း နတ်ဆိုးဘုရင်အတွက် အစီအရင်များကို ရေးဆွဲဖန်တီးသည့် အစီအရင်ဆရာ ရှန်းယင်သာမရှိပါက ပြောင်းလဲနှုန်းက အင်မတန်နှေးပါသည်။ 

ဖန်ချန်း၏ အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာကိုပါ ပေါင်းစပ်လိုက်ပါက ဖန်ချန်း အစီအရင်များအား အတော်လေးခံစားနိုင်သည်။ မိုဂျီ အစီအရင်ဗဟိုချက်ကို ပြောင်းလိုက်လျှင်ပင် ရှန်းယင်၏ အခြေအနေနှင့် အလွယ်တကူဖယ်ရှားနိုင်သည်။ 

သူဘက်ပေါင်းစုံကနေ ၀န်းရံခံထားရသည်။ 

သတင်းကောင်းဟူ၍မရှိ။ 

ကန်ချူယွဲ့အော်ဟစ်သည်။ 

"ငါနဲ့မြို့ရိုးကိုလိုက်ပြီး အားလုံးကိုသတ်ပစ်"

နတ်ဆိုးဘုရင့်ပင်မမြို့က အထက်အဆင့်ပုဂ္ဂိုလ်တိုင်းက ထွက်သွားကြသည်။ 

သူတို့ အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်ကနေ အပေါက်ကြီးတစ်ပေါက် ဖောက်ထားသည့် နေရာကို ရောက်လာသောအခါ ရှောင်ဟိုင်နှင့် ကျန်သောသူများက အချိန်အတော်ကြာ စောင့်နေခဲ့တာကို သိလိုက်ရသည်။ 

ထိပ်တိုက်တွေ့ဆုံရန် အချိန်ကျရောက်လာခဲ့လေပြီ။ 

သူတို့တိုက်ခိုက်ရေးခွန်အားကို ပြန်ရလာသောအခါ အရာအားလုံးက အပြင်တွင် ရှိနေလေပြီ။ 

မိုထင်း၊ လဲ့ရွှမ်း၊ ချူမင်နှင့် ဟိုင်မုတဲ၏ ကျန်သောလက်အောက်ငယ်သားများက ရှောင်ဟိုင်ကို စိတ်ရှုပ်ထွေးနေသည့် အမူအရာများဖြင့် ကြည့်နေကြ၏။ 

ကန်ချူယွဲ့ ရှောင်ဟိုင်ကို စိုက်ကြည့်ပြီး အော်ဟစ်သည်။ 

"ဒီအတွက် မင်းတန်ဖိုးကြီးတစ်ခုပေးဆပ်ရမယ်"

ရှောင်ဟိုင် ယဲ့ချိုးပိုင်တို့ရှေ့တွင် ရပ်လိုက်ပြီးနောက် ကောင်းကင်ပေါ် မျောလွင့်သွား၏။ 

တဖြည်းဖြည်း သူ့သွေးကြောစွမ်းအားနှင့် နတ်ဆိုးဘုရင်အော်ရာက ပေါက်ကွဲထွက်လာသည်။ 

နတ်ဆိုးဘုရင်ချပ်၀တ်က သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံသွားပြီး ရှောင်ဟိုင် လက်ထဲတွင် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ကိုင်ထားသည်။ 

ကမ္ဘာကြီးကို အထက်စီးကနေငုံ့ကြည့်နေပြီး သက်ရှိအားလုံးကို လျစ်လျူရှုထားသည့် အေးစက်မှုက သူ့မျက်လုံးများမှတဆင့် ပွင့်လန်းလာသည်။ 

သူ့၀န်ကျင်၌ လည်ပတ်နေသည့် အနက်ရောင်လေမုန်တိုင်းက နတ်ဆိုးဘုရင်ဆင်းသက်လာသည့်အသွင်။ 

"ကန်ချူယွဲ့၊ မင်းကအဲတုန်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး၊ အခုရောငါ့ကို အနိုင်ယူနိုင်မယ်လို့ထင်လား"

လက်ရှိရှောင်ဟိုင်က လုံး၀ကွဲပြားသည့် လူတစ်ယောက်ဖြစ်သွားပုံရသည်။ 

သူ့ဝိဉာဉ်ကိုပင်လျှင် တစ်ယောက်ယောက်က သိမ်းပိုက်ထားသည့်အသွင်။ 

သူ့အရင်ဘ၀၌ အလားတူမြင်ကွင်းကို သူကြုံခဲ့ရသည့်အလား။ သူ့မှတ်ဉာဏ်အပိုင်းအစများက အပြည့်အ၀မကောင်းမွန်သေးသည့်တိုင် ရှောင်ဟိုင်ကို သူ့အရင်ဘ၀အခြေအနေသို့ ပြန်ရောက်ခွင့်ပေးသည်။ 

လုပင်းဒေါသတကြီးပြောသည်။ 

"နတ်ဆိုးဘုရင်ပိုင်နက်ကို ငါတို့ဂိုဏ်းနှစ်ဂိုဏ်း ၀န်းရံထားတာကြာပြီ၊ မင်းဘာထပ်လုပ်နိုင်မယ်လို့ထင်လဲ"

ကန်ချူယွဲ့ဆက်လာသည်။ 

"အရင်မြင်ကွင်းကို ပြန်လည်ဖန်တီးတာတစ်ခုထက် မပိုပါဘူး၊ နင်သေရဦးမှာပဲ၊ သေချာတာပေါ့၊ ဒီတစ်ခါတော့ အလားတူလှည့်ကွက်ကို ငါသုံးခွင့်မပေးတော့ဘူး"

"ဒါ့အပြင် နှစ်များစွာအကြာမှာ ငါတို့အရင်နေရာမှာပဲ ရှိနေမယ်လို့နင်ထင်နေတာလား"

ဒီနှစ်များအတွင်း ရှောင်ဟိုင်ပြန်လည်မွေးဖွားလာခဲ့ပြီး ပြန်လည်ကျင့်ကြံကာ အဆက်မပြတ် တိုးတက်နေခဲ့သည်။ 

ရှောင်ဟိုင်၏အမူအရာက ထူးမခြားနားစွာ ရှိနေသည်။ 

"ဒီလိုဆိုမှတော့ ကြိုးစားကြည့်တာပေါ့"

"ဒီလိုဆိုရင်ရော၊ ငါမင်းတို့ကို အနိုင်ကျင့်တယ်လို့ပြောလို့မရအောင် မင်းတို့နှစ်ယောက် အတူတကွတိုက်ခိုက်နိုင်တယ်"

ရှောင်ဟိုင်၏ မထီမဲ့မြင်စကားလုံးများကို ကြားရသောအခါ ကန်ချူယွဲ့နှင့် လုပင်းတို့ဒေါသထွက်သွားကြ၏။ 

တခြားတစ်ဘက်တွင် နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်း နှလုံးသားထဲကနေ ယှဉ်၍မရနိုင်လောက်အောင် လွတ်လပ်သည့် ခံစားချက်တစ်ခုကို ခံစားရသည်။ 

ဒီနှစ်များစွာအတွင်း ဖိနှိပ်ထားခဲ့ရသည့် သူတို့၏အားကိုးရာမဲ့မှုများနှင့် ဒေါသကို ရှောင်ဟိုင်၏ စကားလုံးများက ဒီအခိုက်အတန့်၌ လောင်ကျွမ်းပစ်စေပြီး လွတ်မြောက်အောင် လုပ်ပစ်လိုက်သည့်အလားပင်။ 

မြို့ရိုးပေါ်တွင်ရှိနေသည့် ရှန်းယင်နှင့် မီကဲအာခေါင်းဆောင်တို့တွင်လည်း မျက်လုံးများ၌ မျက်ရည်စများရှိသည်။ သူတို့နှစ်ယောက်သာရှိသော်လည်း ကမ္ဘာတုန်လှုပ်ဖွယ်ရာ အော်ဟစ်သံများကို ထုတ်လွှတ်လိုက်ကြ၏။ 

"နတ်ဆိုးအရှင်ကို ပြန်လည်ကြိုဆိုပါတယ်"

အပိုင်း(1199) coming။ 

All Chapters