← Chapters

#တစ်ယောက်နှင့်နှစ်ယောက်၊ ရှောင်ဟိုင်၏ ရူးသွပ်မှု#

Vol. 85 Ch. 1199

#တစ်ယောက်နှင့်နှစ်ယောက်၊ ရှောင်ဟိုင်၏ ရူးသွပ်မှု#

Vol. 85 Ch. 1199

ရှန်းယင်နှင့် ခေါင်းဆောင်မီကဲအာတို့၏ အော်ဟစ်သံများက မိုဂျီနဖူးက သွေးကြောများကိုပင် ထောင်မတ်လာစေသည်။ 

ဒါက သူ့၏အထိမခံအပိုင်းပေတည်း။ 

နတ်ဆိုးသခင်နေရာတွင် ထိုင်ပြီးနောက် တခြားသူများကိုသာ နတ်ဆိုးသခင်ဟုခေါ်ပါက သူအတော်လေး ဒေါသထွက်တတ်သည်။ 

ထို့ကြောင့် မိုဂျီဒေါသတကြီး အော်ဟစ်သည်။ 

"နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၊ နားထောင်ကြ၊ ခေါင်းဖြတ်အစီအစဉ်ကို အခုစတင်တော့"

ဒါကိုကြားသောအခါ မိန်းမောတွေဝေနေကြသည့် နတ်ဆိုးဘုရင်အင်ပါယာအစောင့်များနှင့် လက်အောက်ငယ်သားများ စတင်လှုပ်ရှားလာကြသည်။ 

သူတို့မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားသည့် မီကဲအာမိသားစု၀င်များအား ခေါင်းဖြတ်ကြသည်။ 

တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်၌ ပုံရိပ်နှစ်ခု ရုတ်တရက်ပေါ်လာသည်။ 

ဓားပိုင်နက်မြင့်တက်လာသည်။ 

အင်ပါယာဆန္ဒက မြို့ရိုးတစ်ခုလုံးကို လွှမ်းခြုံပစ်သည်။ 

သူတို့က ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့ပေတည်း။ 

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ငါ့ဂျူနီယာညီလေးက အခုသူတို့နဲ့ တိုက်ခိုက်နေတယ်၊ မင်းတို့ သူ့ကို မနှောင့်ယှက်ဘဲ နေလို့ရမလား"

ဟုန်ရင် ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားပြီး ထူးမခြားနားစွာပြောသည်။ 

"လှုပ်ရှားသူတိုင်း သေရမယ်"

ဓားဆန္ဒတိုက်ခတ်မှုနှင့် အင်ပါယာဆန္ဒ၏ ဖိနှိပ်မှုက တစ်ခဏအကြာတွင် နတ်ဆိုးဘုရင်အင်ပါယာအစောင့်များအား ရပ်သွားစေသည်။ 

ဒါကမိုဂျီ၏အမူအရာကို အလွန်အမင်း ကြည့်ရဆိုးသွားစေသည်။ သူလှုပ်ရှားတော့မည့်အချိန်တွင် မုဖူရှန်း၏ပုံရိပ်က လင်း၀င်းသွားပြီး သူ့ရှေ့တွင် ပိတ်ဆို့ထားတာကို တွေ့လိုက်ရသည်။ 

ရှေးဟောင်းနတ်မိုးကြိုးငါးစင်းစွမ်းအားကို လက်ထဲတွင်ကိုင်ရင်း မုဖူရှန်း မိုဂျီကို ပြုံးပြသည်။ 

"နတ်ဆိုးသခင်အနေနဲ့ မင်းမကြာခင် တစ်ခုခုဖြစ်တော့မှာဆိုပေမယ့် တိတ်တိတ်လေးကြည့်နေလို့်မရဘူးလား၊ မဟုတ်ဘူးဆိုရင် ဒါကရှက်စရာမကောင်းလွန်းဘူးလား"

မိုဂျီ မုဖူရှန်း၏ခွန်အားအစစ်အမှန်ကို မခံစားနိုင်သော်လည်း နတ်မိုးကြိုးငါးခုစွမ်းအားကို အာရုံခံမိသောအခါ သေခြင်းတရား၏ ခံစားချက်ကို သူခံစားရသည်။ 

မိုဂျီ၏အမူအရာက နက်မှောင်သွားသော်လည်း ရပ်တန့်ကာ အော်ရာကို ရုပ်သိမ်းရုံသာ တတ်နိုင်သည်။ 

မုဖူရှန်းခေါင်းညိတ်ရင်း ပြုံးသည်။

"ဟုတ်တယ်၊ ဒီလိုဆိုမှပေါ့"

ဒုသံတမန်မိုကောနှင့် ဒုသံတမန်ဖြစ်လာတာ မကြာသေးသော မဟာတပ်မှူးဟီတို့မှာ ရှီရှန်းနှင့် နင်းချန်ရှင်းတို့၏ ဟန့်တားခြင်းကို ခံရသည်။ 

မု၀မ်အာနှင့် မုဇီရှင်းတို့က ဖန်ချန်း၏ အစီအရင်နှင့် ပူးပေါင်းပြီး နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက လူများကိုတားဆီးသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင်ကျေးဇူးတင်မိသည်။ 

ထို့နောက် သူကန်ချူယွဲ့နှင့် လုပင်းတို့အား ကြည့်ရင်း ထူးမခြားနားစွာပြောသည်။ 

"မင်းတို့အဲမှာ တနေကုန်ရပ်နေကြတော့မှာလား၊ မင်းတို့တိုက်မှာလား၊ မတိုက်ဘူးလား"

ကန်ချူယွဲ့နှင့် လုပင်းတို့ တစ်ဦးကိုတစ်ဦး ရက်စက်သည့်မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး ရှောင်ဟိုင်ထံသို့ ဘယ်နှင့်ညာကနေ ပြေး၀င်သွားကြ၏။ 

ကန်ချူယွဲ့လက်ထဲတွင် ကြာပွတ်ရှည်တစ်ချောင်းပေါ်လာသည်။ ကြာပွတ်ရှည်ကို လွှဲယမ်းသောအခါ မရေမတွက်နိုင်လောက်သော ကြာပွတ်အရိပ်များက ရှောင်ဟိုင်ထံသို့ နတ်ဆိုးအုပ်စုတစ်စုပမာ ကခုန်၀င်သွားကြသည်။

ကြာပွတ်အရိပ်များက ရှောင်ဟိုင်၏ လွတ်မြောက်ရာလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။ 

ပတ်၀န်းကျင်က လေဟာနယ်က အလိုလိုပြိုကွဲနေသည်။ 

လုပင်းဒေါသတကြီးအော်ဟစ်ကာ ကြာပွတ်အရိပ်ထဲပြေးသွားသည်။ 

သူတို့နှစ်ယောက်တွင် တိတ်တိတ်ပုန်းနားလည်မှုတစ်ခုရှိသည့်အသွင် ကန်ချူယွဲ့၏ ကြာပွတ်အရိပ်က လုပင်းပေါ် ကျလာခြင်းမရှိချေ။ 

လုပင်း၏ လက်သီးကလည်း ရှောင်ဟိုင်နှင့် တစ်ချိန်တည်းတွင် တိုက်မိသွားပြီး ရှေးဟောင်းအော်ရာတစ်ခုက လက်သီးထဲကနေ ထွက်လာသည်။ 

လက်သီးဖြတ်သွားသည့်နေရာတိုင်းတွင် အာကာသက ပန်း၀တ်ဆံတစမခုပမာ စတင်ဆွေ့မြေ့လာကြပြီး မရေမတွက်နိုင်လောက်သည့် အရေးအကြောင်းများက စတင်ပေါ်လာကာ တစ်လက်မချင်း ကျဆင်းလာသည်။ 

ရှောင်ဟိုင်ဒီမြင်ကွင်းကိုမြင်သည့်တိုင် လုံး၀လှုပ်ရှားခြင်းမရှိပေ။ သူနောက်လည်း မဆုတ်သလို ရှေးလည်းမတိုးပါ။ 

နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်း ဒီမြင်ကွင်းကိုမြင်သောအခါ ခေါင်းခါယမ်းကြ၏။ 

"သူကလုံလောက်အောင် မသန်မာသေးပါဘူး"

"မှန်တယ်လေ၊ ဒီပြန်လည်မွေးဖွားလာသူက ထပ်ကျင့်ကြံတာ ဘယ်လောက်ကြာသေးလို့လဲ၊ သူနဲ့ အဲဒီမဟာအကြီးအကဲနှစ်ယောက်ကြားမှာ အချိန်ဘယ်လောက်တောင် ခြားသွားလဲ၊ အဲဒီအချိန်တုန်းက သူဒီနှစ်ယောက်ကို ချေမှုန်းနိုင်ပေမယ့် ဒီနှစ်တွေအတွင်း သူတို့နှစ်ယောက်က နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်နေကြပြီ၊ သူကဘယ်လိုလုပ် သူတို့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

"သူကအတော်လေး မောက်မာနေတုန်းပဲ"

သို့စေကာမူ ရှောင်ဟိုင်က အော်ရာကြောင့် ပိတ်ဆို့ခံထားရခြင်းလည်းမရှိသလို ကြာပွတ်အရိပ်များ၏ ၀န်းရံခြင်းကိုခံရသဖြင့် မလှုပ်ရှားနိုင် သို့မဟုတ် မရှောင်တိမ်းနိုင်တာကိုသာ သူတို့မြင်နိုင်ကြသည်။ ရှောင်ဟိုင်၏မျက်လုံးထဲတွင်မူ ရှောင်တိမ်းရန် လုံး၀မလိုအပ်ပါာ 

မရေမတွက်နိုင်တဲ့ ကြာပွတ်အရိပ်တွေလား!

ဒါပေမယ့် တကယ့်အစစ်အမှန် ကျာပွတ်က တစ်ခုပဲရှိတာလေ!

လုပင်းရဲ့အားအပြည့်တိုက်ခိုက်မှုလား!

ရုပ်ခန္ဓာနဲ့ လာတိုက်ခိုက်တာလား!

ရယ်စရာကောင်းလိုက်တာ!

ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။ ကျာပွတ်အရိပ် သူ့အပေါ် ကျရောက်လာတော့မည့်အချိန်တွင် ရှောင်ဟိုင်လက်ကို ဆန့်ပြီး ဖမ်းလိုက်သည်။ 

ရှောင်ဟိုင် ကြာပွတ်ရှည်ကို လက်ဖဝါးနှင့်ဖမ်းလိုက်၏။ 

ကောင်းကင်၌ ပြည့်နှက်နေသည့် ကြာပွတ်အရိပ်များက ပျောက်ကွယ်သွားရသည်။ ထို့နောက် သူအားတင်းဆွဲလိုက်၏။ 

ကန်ချူယွဲ့ကြက်သေသေသွားသည်။ သူမတကယ်တမ်းတွင် ရှောင်ဟိုင်၏ ဆွဲယူနေခြင်းကိုပင် ခံနေရလေသည်။ 

တစ်ချိန်တည်းမှာပင် လုပင်း၏တိုက်ခိုက်မှုကလည်း ရောက်လာသည်။ သူ့လက်သီးက ရှောင်ဟိုင်ရင်ဘတ်ကို ထိမှန်တော့မည့်အချိန်တွင် ရှောင်ဟိုင်၏ တခြားလက်တစ်ဖက်က လက်သီးဆုပ်ရင်း လွှဲယမ်းပစ်သည်။ 

ထာ၀ရနတ်ဆိုးခန္ဓာ၏ အဆင်းခုနှစ်ခုက ရှောင်ဟိုင့်လက်မောင်းကို တစ်ချိန်တည်းတွင် ဖုံးလွှမ်းသွား၏။ 

လက်သီးချက်တစ်ချက်က ရှောင်ဟိုင်၏ ရင်ညွှန့်ရိုးပေါ်ကျရောက်လာသော်လည်း ရှောင်ဟိုင်၏လက်သီးချက်က ဒါကို ထိမှန်သည်။ 

ဘန်း......!

လုပင်း၏အမူအရာ ရုတ်တရက်ပြောင်းသွားပြီး သွေးအန်လိုက်ရသည်။ 

ရှောင်ဟိုင်၏လက်သီးနှင့် တိုက်မိသည့်လက်မောင်းက တစ်လက်မချင်း ကွဲအက်သွား၏။ 

ခရက်ခ်၊ ခရက်ခ်!

အရိုးကျိုးပဲ့နေသည့်အသံက လုပင်း၏ အော်ဟစ်သံနှင့်အတူ ဒီနေရာ၌ ပဲ့တင်ထပ်ကာထွက်လာပြီး လုပင်းလွင့်စင်သွား‌ရလေတော့သည်။ 

သို့စေကာမူ လုပင်း၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်သောအခါ ရှောင်ဟိုင် တစ်ချက်သာညည်းညူရင်း ဘာမှမဖြစ်သလို ပြုမူနေခဲ့သည်။ 

ဒီအခိုက်အတန့်၌ ကန်ချူယွဲ့ကလည်း ဆွဲခံနေရသည်။ 

ရှောင်ဟိုင်က အမှန်တကယ်ပင် ဝါရင့်ကျွမ်းကျင်သူဖြစ်ရန် ထိုက်တန်ပြီး အသိဉာဏ်ကြွယ်၀သည်ဟု ဆိုနိုင်ပေသည်။ 

ကန်ချူယွဲ့ချက်ချင်းတည်ငြိမ်သွားပြီး တန်ပြန်ဆောင်ရွက်မှုတစ်ခုကို စဉ်းစားနေသည်။ 

သူမ၏ခွန်အားဖြင့် ရှောင်ဟိုင်ကို ထိပ်တိုက်မတိုက်ခိုက်နိုင်ပေ။ 

ယင်းနောက်တွင် သူမကြာပွတ်ရှည်ကို တိုက်ရိုက်ပင် စွန့်လွှတ်လိုက်လေသည်။ 

သို့စေကာမူ ဒီတစ်ခဏကြာ လေးကန်ထိုင်းမှိုင်းမှုက ကန်ချူယွဲ့ကို ရှောင်ဟိုင်ရှေ့သို့ ဦးတည်သွားစေသည်။ ဒီအချိန်မှာပင် သူမလက်တံဆိပ်များ စတင်ဖန်တီးသည်။ 

ပန်းရောင်အရိုးစုတစ်ခုက သူမ၏ သွယ်လျသည့်ကိုယ်ရှေ့တွင် ချက်ချင်းပေါ်လာပြီး ပါးစပ်ကိုဟကာ ရှောင်ဟိုင်အား ကိုက်ပစ်သည်။ 

ပန်းရောင်အော်ရာက ရှောင်ဟိုင်၏ စိတ်အခြေအနေကို သက်ရောက်ချင်သည်။ 

သို့စေကာမူ ဒီပန်းရောင်အော်ရာက ဝိဉာဉ်စင်မြင့်ကိုလုံး၀မထိုးဖောက်နိုင်ပေ။ ရှောင်ဟိုင်၏ ကျောက်တုံးကဲ့သို့ ခိုင်မာသည့် နှလုံးသားကို သက်ရောက်ရန်ဟူသည် ဝေးသေးသည်။ 

ရှောင်ဟိုင် သူ့တွင် ဘက်နှစ်ဘက်ရှိသည့်အလားပြုံးသည်။ 

တခြားတစ်ဘက်က ကမ္ဘာကြီးကိုငုံ့ကြည့်ပြီး သက်ရှိအားလုံးကို လျစ်လျူရှုထားသည့် နတ်ဆိုးဘုရင်ပင်။ 

သို့စေကာမူ တိုက်ပွဲ၀င်သောအခါ သူအင်မတန်ရူးသွားတတ်သည်။ 

သူ လက်သီးချက်များနှင့် ရှေ့က သက်ရှိတိုင်းကို ချိုးဖျက်ပစ်ချင်သည့်အလား။ 

ပန်းရောင်အရိုးစုချဉ်းကပ်လာသည့် အခိုက်အတန့်တွင် ရှောင်ဟိုင်လက်နှစ်ဖက်ကို တစ်ချိန်တည်းတွင် ဆန့်ထုတ်သည်။ သူ အရိုးစု၏ အပေါ်မေးရိုးကို လက်နှစ်ဖက်နှင့် ကိုင်ပြီး အောက်မေးရိုးကို ကျန်တစ်ဖက်နှင့်ကိုင်ကာ အော်ဟစ်ရင်း လက်နှစ်ဖက်ထဲသို့ ခွန်အားထည့်သွင်းလိုက်၏။ 

ပန်းရောင်အရိုးစုက တိုက်ရိုက်ပင် ပြိုကွဲသွားရသည်။ 

ပန်းရောင်အရိုးစုပြိုကွဲသွားသည်နှင့် ပုံရိပ်နှစ်ခုက ပန်းရောင်အော်ရာထဲကနေ တစ်ပြိုက်တည်း ထွက်လာကြပြီး ရှောင်ဟိုင်၏ အချက်အချာနေရာများကို တိုက်ခိုက်လာကြသည်။ 

ရှောင်ဟိုင်ဒါကို မျှော်လင့်ထားသည့်အလား လက်များကို မဆုတ်ခဲ့ပေ။ 

သူလက်သီးကို လက်ဖဝါးအဖြစ်ပြောင်းကာ သူတို့နှစ်ယောက်လုံး၏ လက်သီးများကို ဖမ်းကိုင်ရင်း ရိုင်းစိုင်းစွာ ရယ်မောသည်။ 

"ဒါပဲလား"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ဟိုင် လက်သီးကို ဖျစ်ညစ်ပစ်သည်။ 

ခရက်ခ်!

အရိုးကျိုးသံနှစ်ခု ထပ်မံထွက်လာပြန်သည်။ 

လုပင်းနှင့်ကန်ချူယွဲ့တို့၏ လက်သီးများက ကြေမွသွားကြ၏။ 

သို့စေကာမူ ရှောင်ဟိုင်ဒီလိုအလွတ်မပေးပေ။ ယင်းအစား သူဆုပ်ကိုင်ထားတာကို ဖြေလျှော့ကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူတို့၏လည်ပင်းများကို ဆုပ်ကိုင်လိုက်သည်။ 

မျက်နှာများကဖြူရော်ကာ မျက်လုံးများက အကြောက်တရားများနှင့် ပြည့်နှက်နေသည့် ကန်ချူယွဲ့နှင့် လုပင်းတို့ကို ရှောင်ဟိုင် အေးစက်စွာစိုက်ကြည့်ရင်း သွားများကို ဖွင့်ပြကာပြုံးသည်။ 

"မင်းတို့ငါ့ထက်ပိုကြာကြာ ကျင့်ကြံခဲ့တော့ရော ဘာအရေးလဲ၊ အတိတ်က မင်းတို့ပြိုင်ဘက်မဟုတ်ခဲ့တာမို့ အခုလည်း ငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး၊ အနာဂတ်မှာတော့....၊ အိုး၊ မင်းတို့မှာ အနာဂတ်မရှိတော့ဘူး"

"နတ်ဆိုးဘုရင်ပိုင်နက်ကလူတွေ၊ လာကြ"

ကန်ချူယွဲ့နှင့် လုပင်းတို့၏မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားသည်။ ဒီစကားလုံးများ၌ သူတို့၏ကြောက်ရွှံ့မှုများက ထင်ဟပ်နေသည်။ 

"မဟုတ်ဘူး....မင်း....ငါ...ငါတို့ကို သတ်လို့မရဘူး...ငါတို့က...."

သို့စေကာမူ စကားပြော၍မပြီးသေးခင်မှာပင် ဂျွတ်ဟူသောအသံနှစ်သံထွက်လာပြီး သူတို့၏ခေါင်းနှစ်လုံးက အားနည်းစွာ ကျသွားသည်။ 

နတ်ဆိုးနက်ချီက သူတို့၏ကိုယ်များထဲသို့ အလျင်အမြန်၀င်သွားကြပြီး သူတို့၏ဝိဉာဉ်များကို ပျံ့သွားစေသည်။ 

ရှောင်ဟိုင်ပါးစပ်ထောင့်စွန်းက အထင်အမြင်သေးသည့် အကြည့်ကို ဖော်ပြရင်း သူတို့နှစ်ယောက်ကို အမှိုက်များပမာ ငုံ့ကြည့်သည်။ 

"မင်းတို့ဂိုဏ်းက ငါ့ကိုတစ်ခါသတ်ပြီးပြီ၊ အရင်က မင်းတို့ကို စော်ကားမိမှာကို ငါမကြောက်ခဲ့ဘူး၊ အခုငါ့ကို ခြိမ်းခြောက်တာက ဘာအကျိုးရှိလို့လဲ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဒေါသတကြီးအော်သံတစ်သံက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ 

"ရဲတင်းလှချည်လား"

အပိုင်း(1200) coming။

All Chapters