#နတ်သခင်ဆင်းသက်လာခြင်း၊ ထိပ်တိုက်ရင်ဆိုင်သည်#
Vol. 85 Ch. 1200
နတ်သခင်အဆင့်ဂိုဏ်းများမှ မဟာအကြီးအကဲနှစ်ဦးဖြစ်သည့် လုပင်းနှင်က ကန်ချူယွဲ့တို့က ရှောင်ဟိုင်ဆီက လှုပ်ရှားမှုအနည်းငယ်ကိုပင် မခုခံနိုင်ကြပေ။ ဒါ့အပြင် သူတို့တစ်ချိန်လုံး ချေမှုန်းခံနေရသည်။
ဒါကလူတိုင်းကို ထိတ်လန့်သွားစေသည်။
မိုဂျီ၏အမူအရာပင်လျှင် ရေကဲ့သို့ မှောင်မိုက်သွားသည်။ ရှောင်ဟိုင် အလျင်အမြန်ကြီးထွားလာလိမ့်မည်ဟု သူတွေးထင်ခဲ့သော်လည်း ဒီအတိုင်းအတာအထိ ကြီးထွားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့နှစ်ယောက်စလုံးက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်များ ဖြစ်ကြသည့်တိုင် မိုဂျီ အောင်ပွဲမျှော်လင့်ချက်ကို လုံး၀မမြင်နိုင်ပေ။
လဲ့ရွှမ်း ရှောင်ဟိုင်ကို မိန်းမောတွေဝေစွာ ကြည့်နေမိသည်။ သူ့အမူအရာကို ဖိနှိပ်ရန် သူအကောင်းဆုံးကြိုးစားသော်လည်း သူ့သွေးက ဆူပွက်နေသည်။
ချူမင်အော်ဟစ်သည်။
"ဒါက ငါတို့နတ်ဆိုးဘုရင်ပိုင်နက်မှာရှိသင့်တဲ့ စိတ်နေသဘောထားမျိုးပဲ"
မိုထင်း ချူမင်ကို အလျင်အမြန်စိုက်ကြည့်ပြီးနောက် ဘေးသို့လှည့်ပတ်ကြည့်သည်။ မည်သူမှ အာရုံစိုက်မနေတာကို မြင်ရသောအခါမှသာ သူသက်ပြင်းချနိုင်သည်။
ဒီစကားလုံးများက အတော်လေး အန္တရာယ်များသော်လည်း ဒါက တကယ်တမ်းတွင် သူတွေးနေသည့်အရာဖြစ်သည်။
မိုဂျီတာ၀န်ယူသောအခါ သူတို့နေရာတိုင်းတွင် ချုပ်တည်းခံထားရသည်။ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်၏ တာ၀န်အများစုက ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့အတွက်သာဖြစ်သည်။
သူတို့က ကျွန်များပမာ။
ရှောင်ဟိုင်ကရော။ သူ့တွင် အရင်တုန်းကကဲ့သို့ တူညီသောစရိုက်ကရှိနေဆဲပင်။ သူ့ကို မလက်ခံပါက သူတိုက်ခိုက်မည်။ တစ်ဘက်က နတ်သခင်အဆင့်ဂိုဏ်းဖြစ်နေတော့ရော ဘာအရေးနည်း။
ဒါက နတ်ဆိုးဘုရင်ပိုင်နက်မှာ ရှိသင့်တဲ့ သတ္တိမလား!
အရင်က နတ်ဆိုးဘုရင်ပိုင်နက်က ဘယ်လောက်တောင် မောက်မာခဲ့လဲ!
ဘယ်သူက ရန်စစော်ကားရဲလို့လဲ!
နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း အင်အားစုများကို စုပေါင်းခဲ့လျှင်ပင် တစ်ဘက်က အသားတုံးတစ်တုံးကိုတော့ ကိုက်ဖြတ်ပစ်မည်သာ။
ယခုတွင်မူ ဒါကိုပြောနေစရာမလိုတော့။
ရှောင်ဟိုင် ကန်ချူယွဲ့နှင့်လုပင်းတို့ကို သတ်လိုက်သည်နှင့် ကောင်းကင်မှ အသံနှစ်သံ တိုက်ရိုက် ဖိသိပ်ကျဆင်းလာပြီး ကြီးမားကာ ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ဆင်းသက်လာသည်။
"ရဲတင်းလှချည်လား"
နတ်ဆိုးဘုရင့်ပင်မမြို့အထက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဆင်းသက်လာသည်။
ကောင်းကင်အောက်တွင် အော်ရာက ကောင်းကင်ကို ချေမွပစ်ချင်နေသည့်အလား အစွမ်းထက်လှသည်။
နတ်အင်ပါယာနယ်ပယ်အော်က နတ်ဆိုးဘုရင်ပိုင်နက်ရှိမည်သူမှ ဒီအော်ရာ၏ဖိအားကို မခုခံနိုင်ကြပေ။
နိမ့်ကျသည့်ကျင့်ကြံခြင်းအဆင့်ရှိသော သူများမှာ ခြေလက်များကို မြေပေါ်တွင်ပင် ချထားကြလေပြီ။
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများ ဆင်းသက်လာခဲ့သည်။
သူတို့က ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ဖြစ်သည်။
သူတို့နှစ်ယောက်တွင် တည်ငြိမ်နေသည့် အမူအရာများရှိကြသော်လည်း မျက်လုံးထဲက ဒေါသကို မဖုံးကွယ်ထားနိုင်ဘဲ ရှောင်ဟိုင်အား သတ်ဖြတ်ခြင်းဆန္ဒဖြင့် စိုက်ကြည့်နေကြ၏။
သူတို့ဂိုဏ်း၏ မဟာအကြီးအကဲကို သတ်ဖြတ်ခြင်းက ကမ္ဘာကြီးရှေ့တွင် သူတို့မျက်နှာကို ရိုက်နှက်လိုက်ခြင်းပင် မဟုတ်ပေလော။
ဒီနယ်မြေ၏ အမြင့်ဆုံးနေရာတွင် ရပ်တည်နေသည့် နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်နှစ်ယောက်၏ ဖိအားကို ရင်ဆိုင်နေရသည့်တိုင် ရှောင်ဟိုင် လုံး၀ယိမ်းယိုင်သွားခြင်းမရှိ။ သူ့ကိုယ်ခန္ဓာက လုံး၀ကိုင်းညွတ်မသွားပေ။ သူခေါင်းမော့ကာ ထိုနှစ်ယောက်ကို ကြည့်ရင်း အေးစက်စွာပြောသည်။
"ငါတို့ကြားမှာ ဘာကြောက်စရာရှိလို့လဲ"
ဒီမြင်ကွင်းက ရှန်းယင်နှင့် မီကဲအာခေါင်းဆောင်တို့ကို ထိတ်လန့်သွားစေသည်။
ဒီမြင်ကွင်းက လွန်ခဲ့တဲ့နှစ်သောင်းကျော်က မြင်ကွင်းနှင့် ဆင်တူလှချည်လား!
နေရာတစ်ခုတည်း၊ တူညီတဲ့လူတွေ!
ယခုအချိန်တွင်လည်း နတ်ဆိုးသခင်က အနည်းငယ်မျှ အခွင့်မသာခြင်းမရှိဘဲ နတ်သခင်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်ကို ရင်ဆိုင်ခဲ့ရသည်။
နောက်ဆုတ်ခြင်းမရှိ၊ ရှောင်ရှားခြင်းမရှိ၊ ကြောက်ရွှံ့ခြင်းမရှိ၊ အလျှော့ပေးခြင်းမရှိ!
သခင်ဟွမ် ရှောင်ဟိုင်ကိုစိုက်ကြည့်သည်။
"မင်းအရင်နှစ်သောင်းကျော်က ဖြစ်ပျက်ခဲ့တာကို တကျော့ပြန်ထပ်စေချင်တာလား"
"ပြန်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး" ရှောင်ဟိုင်တည်ငြိမ်စွာပြောသည်။
"ဖြစ်ရပ်ကတော့ အတူတူဖြစ်လောက်ပေမယ့် ရလဒ်ကတော့ ကမ္ဘာတွေလိုမျိုး ကွဲပြားသွားလိမ့်မယ်"
"အိုး၊ နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ခွန်အားနဲ့ မင်းဘာများလုပ်နိုင်လို့လဲ" ယင်ယန်နတ်သခင် အဖွားအိုတစ်ဦးကဲ့သို့ အသံကို ထုတ်လွှတ်သည်။
"ငါ့ရှေ့မှာ မင်းက အလွယ်တကူ ချေမွသတ်ပစ်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ"
"ဘာလို့သူနဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ" သခင်ဟွမ်အေးစက်စွာ နှာခေါင်းရှုံ့ရင်း ရှောင်ဟိုင်ကို ဖမ်းလိုက်၏။
"သူ့ကိုဖမ်းပြီး သေတ္တာကိုဖွင့်ပြီးတဲ့အခါကျရင် သတ်ပစ်တာပေါ့"
လက်ဖဝါးချက်တစ်ချက်က ရှောင်ဟိုင်ထံသို့ ဖိသိပ်လာသည်။
လူတိုင်းဒါကိုမြင်သောအခါ သူတို့၏ အမူအရာများက တင်းကျပ်သွားကြ၏။
နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်က ကျော်လွှား၍မရနိုင်သည့် နယ်ပယ်တစ်ခုပေတည်း။
နတ်သခင်နယ်ပယ်အောက်က မည်သူက ဒီလက်ဖဝါးချက်ကနေ လွတ်မြောက်နိုင်မည်နည်း။
မုဖူရှန်း၏အမူအရာကလည်း တင်းကြပ်သွားသည်။ သူလက်ထဲတွင် ဖန်တီးခြင်းနတ်အဆောင်ကိုကိုင်ပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရှောင်ဟိုင်သူ့ကို လှည့်ကြည့်လာတာကို တွေ့ရသဖြင့် မုဖူရှန်းရပ်လိုက်၏။
ရှောင်ဟိုင် လက်ဖဝါးချက်ကိုမော့ကြည့်ရင်း ရိုင်းစိုင်းစွာရယ်မောသည်။
သူ့ရယ်သံက ရိုင်းစိုင်းပြီး အထိန်းအချုပ်မဲ့နေသည်။
"နှစ်များစွာအကြာမှာ မင်းဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ကြည့်တာပေါ့"
ထိုစကားနှင့်အတူ သူနတ်ဆိုးဘုရင်ချပ်၀တ်ကို၀တ်ဆင်ပြီး သွေးကြောစွမ်းအားက ထိုးတက်လာခဲ့သည်။
သူ့နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင် ဆင်းသက်လာပြီး လက်ဖဝါးချက်ဆီသို့ လှုပ်ရှားစရာမလိုဘဲ ပြေး၀င်သွား၏။
လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏မျက်နှာများက မယုံနိုင်မှုများနှင့် ပြည့်နှက်သွားသည်။ ကျင့်ကြံခြင်းနယ်ပယ်မှာ ဒီလောက်ကြီးမားသည့် ခြားနားချက်မျိုးနှင့် ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရတာတောင် သူထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားနေတုန်းပဲလား၊ သူသေချင်နေတာလား!
သို့စေကာမူ ရှောင်ဟိုင်၏စရိုက်ကို နားလည်ကြသူများနှင့် ထိုအချိန်က ပင်မမြို့ကလူများမှာမူ အဆက်မပြတ် တုန်ယင်နေကြ၏။ သူတို့၏သွေးများကို မဖိနှိပ်နိုင်တော့သလို အန်လုမတတ်ခံစားနေရသည်။
အရင်က နတ်ဆိုးဘုရင်ပိုင်နက်က ဒီလိုမျိုးလား!
အဲဒီတုန်းက နတ်ဆိုးသခင်က ဒီလိုမျိုးလား!
သူ့လက်အောက်ငယ်သားများ၏ အမူအရာများ ယိမ်းယိုင်နေတာကို မြင်ရသောအခါ မိုဂျီ၏ အမူအရာက ချက်ချင်းနက်မှောင်သွား၏။
ထို့နောက်သူအံကြိတ်ကာ လက်ဖဝါးချက်ဆီသို့ ပြေး၀င်သွားသည့် ရှောင်ဟိုင်အား ကြည့်ရင်းတွေးလိုက်မိသည်။ မင်းကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားပြီး ငြိမ်းချမ်းစွာ နေနိုင်တာပဲလေ၊ ဘာလို့ငါ့ပုံရိပ်ကို လာနှောင့်ယှက်နေရသေးတာလား!
သခင်ဟွမ် ရှောင်ဟိုင်ကို ကြည့်ရင်း နှာခေါင်းရှုံ့သည်။
"မင်းတကယ်ထပ်အသက်မရှင်ချင်တော့ဘူးဘဲ"
ဒီအခိုက်အတန့်၌ ရှောင်ဟိုင် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ကိုင်ကာ အော်ဟစ်ရင်း ကောင်းကင်မှ ကျဆင်းလာသည့် လက်ဖဝါးချက်ကို ရိုက်ချလိုက်လေသည်။
လက်ဖဝါးချက်က စတင်တုန်ခါလာသည်။
ကောင်းကင်က တုန်လှုပ်နေသည်။
လေဟာနယ်ကလည်း မခံမရပ်နိုင်လောက်သော ၀မ်းနည်းဖွယ်ရာဟစ်ကြွေးသံတစ်သံကို ထုတ်လွှတ်သည်။
ကျယ်လောင်သည့် အသံလှိုင်းများက လေလှိုင်းများကဲ့သို့ စက်ဝိုင်းများပမာ ပျံ့နေကြသည်။
၎င်းပျံ့သွားတိုင်း ပတ်၀န်းကျင်က လေဟာနယ်နှင့် အောက်က အဆောက်အအုံများကို ဖျက်ဆီးပစ်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ သခင်ဟွမ် ကြက်သေသေသွားသည်။
ယင်ယန်နတ်သခင်မျက်မှောင်ကြုတ်သည်။
"နင့်ခွန်အား၁၀ရာခိုင်နှုန်းကို သုံးခဲ့တာလား...."
"ဘာလို့သူ့ကို ဒီအတိုင်းမပစ်လိုက်ရတာလဲ"
အဖော်မဲ့နတ်သခင်၏ အမူအရာက ကြည့်ရဆိုးနေသည်။
"ငါ၃၀ရာခိုင်နှုန်းသုံးခဲ့တာ...."
ယင်ယန်နတ်သခင်ကလည်း ကြက်သေသေသွားရသည်။
နတ်သခင်နယ်ပယ် နောက်ဆုံးအဆင့်တစ်ယောက်အတွက် ၃၀ရာခိုင်နှုန်းက နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦး၏ အားအပြည့်တိုက်ခိုက်မှုနှင့် ညီမျှသည်။ ဒါကပို၍ပင် အားကောင်းသည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်နောက်ဆုံးတော့ တုံ့ပြန်လာသည်။
သူမြေကြီးထဲသို့ အမြောက်ဆံတစ်ခုပမာပစ်၀င်သွား၏။
မြေကြီးတစ်ခုလုံးက တုန်ခါနေပြီး စတင်ကွဲအက်ပြိုကျလာသည်။
ရှောင်ဟိုင်ဗဟိုပြုကာတိုက်မိသည့် မြေကြီးထဲတွင် ကျောက်တုံးများက ပတ်၀န်းကျင်ကနေ အဆက်မပြတ်ထိုးထွက်လာကြ၏။
ပတ်၀န်းကျင်က မြို့ရိုးများပင် စတင်ပြိုကျပျက်စီးသွားကြသည်။
သို့စေကာမူ များမကြာမီ ရှောင်ဟိုင် သွေးများနှင့်အတူ ခုန်ထွက်ပျံသန်းလာခဲ့သည်။
နတ်ဆိုးဘုရင်ပိုင်နက်ကလူတိုင်း ထိတ်လန့်သွားကြ၏။
အဖော်မဲ့နတ်သခင်ရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာတောင် မသေဘူးလား!
ဒါ့အပြင် သူ့မှာတိုက်ခိုက်နိုင်စွမ်းရှိသေးတာလား!
ရှောင်ဟိုင်အသက်ပြင်းပြင်းရှူနေသည်။ သူ့ကိုယ်ထဲက အရိုး၈၀ရာခိုင်နှုန်းကျော်က ကြေမွသွားကြ၏။
နတ်ဆိုးဘုရင်သွေးကြော၏ ပြန်လည်ကုသနိုင်စွမ်းကြောင့်သာ မဟုတ်ပါက သူထိုနေရာ၌ လဲလျောင်းနေမည်ဖြစ်ကာ ထပ်လှုပ်ရှားနိုင်မည်မဟုတ်တော့။
သခင်ဟွမ်ရှောင်ဟိုင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သည်။
"အဲဒီသေတ္တာကို ဘယ်လိုဖွင့်ရမလဲဆိုတာ ငါ့ကိုအမြန်ဆုံးပြောပါ၊ ငါမင်းကို မြန်မြန်သေခွင့်ပေးနိုင်တာပေါ့"
"မင်းအိပ်မက်ထဲမှာပဲရမယ်" ရှောင်ဟိုင်ရယ်မောရင်း ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်သည်။
ဒါ့အပြင် သူသေတ္တာကို ဘယ်လိုဖွင့်ရမလဲဆိုတာမသိပေ။ သေတ္တာထဲတွင် ဘာရှိမှန်းပင် သူမသိပါ။
မှတ်ဉာဏ်အပိုင်းအစက မပြည့်စုံသေးပါ။
"ဟမ့်၊ ဒါဆိုငါမင်းကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီး စိတ်ဝိဉာဉ်ရှာဖွေရတာပေါ့" အဖော်မဲ့နတ်သခင် ရှောင်ဟိုင်အား ထပ်ရိုက်လိုက်၏။
ရှောင်ဟိုင်လုံး၀ကြောက်ရွှံ့ခြင်းမရှိဘဲ အပေါ်သို့ ထပ်မံပြေးသွားသည်။
သို့စေကာမူ ဒီတဒင်္ဂမှာပင် ရှည်လျားသည့်ပုံရိပ်တစ်ခုက ရှောင်ဟိုင်ရှေ့တွင် ပေါ်လာပြီး လက်ဖဝါးကို ဖိချကာ လက်သီးတစ်ချက် ထိုးလိုက်သည်။
လက်ဖဝါးချက်က ပြိုကွဲသွားသည်။
"သခင်ဟွမ်၊ မင်းလိုခွန်အားအရာရော ဝါစဉ်အရပါ စီနီယာကျတဲ့လူတစ်ယောက်က ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေတာက ရှက်စရာကောင်းမနေဘူးလား"
အပိုင်း(1201) coming။