#ကြီးကြပ်ရေးဗိမာန်ရောက်လာပြီ#
Vol. 85 Ch. 1201
လူတိုင်း ရုတ်တရက်ပေါ်လာသည့် လူရှည်ကြီးကို မိန်းမောတွေဝေစွာ ကြည့်လိုက်ကြ၏။
ထိုလူက အရပ်ရှည်ပြီးသန်မာသည်။ သူ့အော်ရာကို တမင်တကာထုတ်ဖော်ပြသထားခြင်းမရှိသော်လည်း သူ့ရုပ်ခွန်အားက ပတ်၀န်းကျင်က လေဟာနယ်ကိုပင် နစ်၀င်သွားစေသည်။
ဒါကိုတစ်ချက်ကြည့်ရုံမျှနှင့် ကမ္ဘာဖျက်ရုပ်ခွန်အားတစ်ခုကို ခံစားနိုင်ပေသည်။
နတ်သခင်ဟောင်တျန်း!
ရှောင်ဟိုင်ဘေးတွင် ဟောင်တျန်းဂိုဏ်း မဟာအကြီးအကဲ၊ သုံ့ချန်၀မ်နှင့် စုန့်ရှောင်တို့ရှိသည်။
သုံ့ချန်၀မ်က နတ်ဆိုးဘုရင်ပိုင်နက်ထဲတွင် အချိန်အတော်ကြာပုန်းနေခဲ့သဖြင့် ဒီအခြေအနေဖြစ်ပျက်လာသည်နှင့် သူနတ်သခင်ဟောင်တျန်းကို ချက်ချင်းအသိပေးနိုင်သည်။
အဖော်မဲ့နတ်သခင်ဟွမ် ဟောင်တျန်းကို ကြည့်ရဆိုးသည့် အမူအရာဖြင့်ကြည့်သည်။
"ဟောင်တျန်း၊ မင်းငါတို့ကို အဆုံးထိ ဆန့်ကျင်တော့မှာလား၊ နတ်သခင်အဆင့်စစ်ပွဲတစ်ပွဲ စတင်လာမှာကို မင်းတကယ်မကြောက်ဘူးလား"
နတ်သခင်ဟောင်တျန်း ကျယ်လောင်စွာ ရယ်မောသည်။
"မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ဟောင်တျန်းနတ်ဂိုဏ်းက သေချာပေါက်အဆုံးထိ မင်းတို့နဲ့အတူ လိုက်လုပ်ပေးမယ်လို့ပြောပြီးပြီလေ၊ အခုမင်းက အတိတ်ကို ပြန်ယူလာနေတာလား၊ ဘာလဲ၊ မင်းကြောက်နေတာလား၊ မင်းကျင့်ကြံခြင်းအားလုံးကို ခွေးတစ်ကောင်အဖြစ် ကျင့်ကြံထားတာလား၊ မင်းဘာလို့ဒီလောက် သတ္တိနည်းနေရတာလဲ"
နတ်သခင်ဟောင်တျန်းကနေ အပြင်ဂိုဏ်းတပည့်များအထိ သူတို့က စစ်ကိုချစ်မြတ်နိုးကြသော အရူးများဖြစ်ကြသည်။
စစ်ပွဲလား၊ ဟောင်တျန်းနတ်ဂိုဏ်းက ယင်ယန်နှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့ အင်အားစုများပူးပေါင်းလျှင်ပင် မည်သောအခါမှ ကြောက်မည်မဟုတ်။
ဒါ့အပြင် နတ်သခင်ဟောင်တျန်းက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ပြီးသွားလေပြီ။ သခင်ဟွမ်နှင့် ယင်ယန်နတ်သခင်တို့က နတ်သခင်ဟောင်တျန်းရှေ့၌ မည်သည့်အသာစီးမှ မရနိုင်ပါ။
ယင်ယန်နတ်သခင်ဒေါသတကြီး အော်ဟစ်သည်။
"ငါတို့ကို နင်တစ်ယောက်တည်း အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား"
"ကြိုးစားကြည့်လို့ရတယ်" နတ်သခင်ဟောင်တျန်း မျက်လုံးကျဉ်းလိုက်ပြီးနောက် ယင်ယန်နတ်သခင်ကို ထက်ရှသည့်အကြည့်ဖြင့် ကြည့်သည်။ သူ့၏အစွမ်းထက်ရုပ်ခွန်အားက ပေါက်ကွဲထွက်လာပြီး နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်က ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကို ဖိနှိပ်ပစ်သည်။
သခင်ဟွမ်နှင့် ယင်ယန်နတ်သခင်တို့ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ခေါင်းညိတ်လိုက်ကြ၏။
သူတို့တွင် တိုက်ခိုက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိပါ။
သူတို့ကလည်း ရှောင်ဟိုင်ကို အရေးတကြီး ယူဆောင်သွားရန်လိုအပ်သည်။ သူ့တိုးတက်နှုန်းက အရမ်းကြောက်စရာကောင်းလွန်းသည်။ သူတို့ခြိမ်းခြောက်မှုတစ်ခုကိုပင် ခံစားရသည်။ တစ်ချိန်တည်းမှာပင် ကြီးကြပ်ရေးဗိမာန်ကလည်း သူတို့ကို ခြေရာခံနေသဖြင့် သူတို့ဒီကိစ္စကို အမြန်ဆောင်ရွက်ရပေမည်။
ဒါ့အပြင် ဒီနေရာ၌ လူအတော်လေးများသည်။ သူတို့နတ်သခင်ဟောင်တျန်းကို တစ်ယောက်ချင်းမတိုက်ခိုက်ရဲကြပေ။ ဒါကလည်း သူတို့၏ဂုဏ်သတင်းအပေါ် ကြီးမားသည့် ထိခိုက်မှုတစ်ခုကို ဖြစ်စေသည်။
ဒါကိုတွေးမိသောအခါ သူတို့နှစ်ယောက် နတ်သခင်ဟောင်တျန်းဆီသို့ တစ်ချိန်တည်းတွင် ပြေး၀င်သွားကြ၏။
နတ်သခင်ဟောင်တျန်းနှာခေါင်းရှုံ့သည်။
"ငါတို့ဒီမှာတိုက်ခိုက်မယ်ဆိုရင် နတ်ဆိုးဘုရင်ပိုင်နက်က ကြေမွသွားလောက်တယ်၊ ငါ့နောက်ကလိုက်ခဲ့"
ထိုစကားနှင့်အတူ သူကောင်းကင်ပေါ် ထိုးတက်သွား၏။
နတ်သခင်သုံးယောက်က ကောင်းကင်ပေါ်သို့ တစ်ချိန်တည်းမှာပင် ပြေးသွားကြလေတော့သည်။
မကြာမီ ယှဉ်၍မရနိုင်သည့်ဖိအားတစ်ခုက နတ်ဆိုးဘုရင်ပိုင်နက်အထက်က ကောင်းကင်မှတဆင့် အောက်သို့ဖိသိပ်ကျဆင်းလာသည်။ သူတို့နတ်ဆိုးဘုရင်ပိုင်နက် အပြင်ဘက်တွင် တိုက်ခိုက်နေသည့်တိုင် နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက ငလျင်တစ်ခုကဲ့သို့ တုန်ခါနေပုံရသည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်၏အကြည့်က မိုဂျီထံကျရောက်လာပြီး ထူးမခြားနားစွာပြောသည်။
"အခုမင်းဆရာတွေက သွားပြီဆိုတော့ သော့ကိုလွှဲပေးပါ"
ရှောင်ဟိုင်၏ ထေ့ငေါ့နေသည့်စကားလုံးများကို ကြားသောအခါ မိုဂျီဒေါသထွက်လွန်းသဖြင့် အော်ဟစ်သည်။
"မဖြစ်နိုင်တာ"
သို့စေကာမူ ထိုစကားလုံးကို ပြောပြီးနောက်တွင် သူထပ်ပြုံးရင်း ရှောင်ဟိုင်အား ဆိုးယုတ်စွာကြည့်သည်။
"ဒါပေမယ့် ငါ့မှာနောက်ခံအစီအစဉ်အနေနဲ့ ဒီတစ်ခုပဲရှိတယ်လို့ မင်းတကယ်ထင်နေတာလား"
ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်သည်။
"မင်းတို့က အခုတစ်ကမ္ဘာလုံးရဲ့ ရန်သူဖြစ်နေပြီဆိုတာ သိသင့်တယ်" မိုဂျီ လက်အစုံကိုဖြန့်ကာ ရိုင်းစိုင်းစွာရယ်မောသည်။
"သာမန်လူတစ်ယောက်ရဲ့ တစ်ခုတည်းသောအပြစ်က ကျောက်စိမ်းတုံးကို သယ်သွားတာပဲ၊ အဆင့်မြင့်ကြယ်နယ်မြေက မင်းတို့ကိုလိုချင်နေတယ်၊ ကျွမ်းကျင်သူတိုင်းနီးပါးက မင်းတို့ရဲ့ခြေရာတွေကို ရှာဖွေနေကြတယ်"
"ဒါ့အပြင် ဒါကိုကြီးကြပ်ရေးဗိမာန်က ထုတ်ပြန်ခဲ့တာ၊ ငါ့ရဲ့အစ်ကိုကြီးရေ၊ ကြီးကြပ်ရေးဗိမာန်ရဲ့ခွန်အားကို မင်းကိုင်တွယ်နိုင်မယ်လို့ထင်လား"
မိုဂျီအတွက် သူသေတ္တာကို မဖွင့်ရလျှင်ပင် အဆင်ပြေပါသည်။ သူလိုချင်တာက နတ်ဆိုးဘုရင်ပိုင်နက်တွင် နတ်ဆိုးသခင်အဖြစ် သူ့ရာထူးကို တည်ငြိမ်စေလိုခြင်းပင်။ ထို့ကြောင့် သူ့ပထမဆုံးပန်းတိုင်က ရှောင်ဟိုင်ကို သတ်ပစ်ရန်ဖြစ်သည်။
ဒါကအရေးအကြီးဆုံးအရာပေတည်း။
ဒါကိုကြားသောအခါ သုံ့ချန်၀မ်နှင့် စုန့်ရှောင်တို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။ စုန့်ရှောင် အလျင်အမြန်ပြောသည်။
"ညီလေးရှောင်ဟိုင်၊ လောလောဆယ်ငါတို့ နောက်ဆုတ်ကြရအောင်၊ ဒီကြီးကြပ်ရေးဗိမာန်က ရန်စဖို့အတွက် တကယ်မလွယ်ကူဘူး"
"ဒါ့အပြင် နတ်သခင်ကလည်း အခု ယင်ယန်နတ်သခင်နဲ့ သခင်ဟွမ်တို့ရဲ့ ကိုင်တွယ်ထားခြင်းကို ခံနေရတယ်၊ အချိန်ကျလာတဲ့အခါကျရင် သူမင်းကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
သုံ့ချန်၀မ်ခေါင်းညိတ်သည်။
"စုန့်ရှောင်ပြောတာမှန်တယ်၊ မိတ်ဆွေလေး၊ အချိန်တစ်ခုအထိ ပုန်းနေတာက မင်းအတွက် အကောင်းဆုံးပဲ၊ အချိန်ခဏယူလိုက်ရင် ကြီးထွားလာပြီးနောက်မှာ မင်းအများကြီးပိုအားကောင်းလာမယ်လို့ ငါထင်တယ်"
ဒီအခိုက်အတန့်မှာပင် မုဖူရှန်းမော့ကြည့်ရင်း လေးနက်စွာပြောသည်။
"အရမ်းနောက်ကျသွားပြီ"
ကောင်းကင်ကိုဖုံးထားသည့် ပင့်ကူအိမ်များက နတ်ဆိုးဘုရင်ပိုင်နက်အထက်တွင် ပျံ့နေပြီး နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးကို အမှန်တကယ်ပင် လွှမ်းခြုံပစ်သည်။
တစ်ချို့နေရာများ၌ အဖြူ၀တ်ပုံရိပ်များက ကြီးမားသည့်ပင်ကူအိမ်ဖြင့် ဖုံးထားသည်။
ထိုသူများက ကြီးကြပ်ရေးဗိမာန်၏ ၀တ်စုံဖြူစစ်ဆေးသူများပေတည်း။
မိုဂျီလက်အစုံကိုဖြန့်ကာ ရယ်မောသည်။
"အရမ်းနောက်ကျသွားပြီ၊ အဆုံးမှာ မင်းဒီမှာသေရဦးမှာပဲ"
ဗလာနတ္ထိပုံတူထဲကနေ ထွက်လာပြီးနောက် မိုဂျီပြင်ဆင်မှုနှစ်ခုလုပ်ခဲ့သည်။
ရှောင်ဟိုင်နှင့်ကျန်သောသူများက နတ်သခင်ဟောင်တျန်းနှင့် အတော်လေး နီးစပ်တာကို သူသိသဖြင့် နတ်သခင်ဟောင်တျန်း ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကို အချိန်ဆွဲထားရန်အတွက် လာရောက်ကူညီနိုင်လောက်တယ်ဆိုတာ သူတွေးမိသည်။
ထို့ကြောင့် သူ့သရုပ်ခန္ဓာ ဗလာနတ္ထိပုံတူထဲတွင် သေဆုံးသွားပြီးနောက် သူနောက်ထပ်သတင်းတစ်ခုကို ကြီးကြပ်ရေးဗိမာန်ထံ ပို့ဆောင်ခဲ့သည်။
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်နှင့် ကျန်သောသူများအထက်တွင် ပုံရိပ်နှစ်ခုပေါ်လာသည်။
သူတို့က ဒုခန်းမသခင်နှစ်ယောက်ဖြစ်ကြသည့် နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ပေတည်း။
သူတို့နှစ်ယောက်လုံးက နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ နတ်ဆိုးဘုရင်ပိုင်နက်ကလူတိုင်း ကြောက်လန့်သွားကြ၏။
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများ တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် အများကြီးပေါ်လာတာကို သူတို့ဘယ်တုန်းက မြင်ဖူးသနည်း။
ဒါ့အပြင်သူတို့အားလုံးက ရှောင်ဟိုင်တို့အတွက်ဖြစ်သည်။
နန်ကောင်းယင်ခေါင်းငုံ့ကာ စိုက်ကြည့်ပြီးနောက် လက်ကိုဆန့်ထုတ်ရင်းပြောသည်။
"ဗလာနတ္ထိပုံတူကိုပေးလိုက်၊ မင်းကို အသက်ရှင်ခွင့်ပေးမယ်"
ဟုန်ရင်ခေါင်းမော့ကာ နန်ကောင်းယင်အား ကြည့်သည်။ သူမလုံး၀ကြောက်ရွှံ့ခြင်းအလျဉ်းမရှိဘဲ တည်ငြိမ်စွာပြောသည်။
"ဒါကိုရဖို့အတွက် ငါတို့က ကိုယ့်ခွန်အားကို ကိုယ်မှီခိုခဲ့ကြတာ၊ ဘာလို့ရှင့်ကိုပေးရမှာလဲ၊ ဘာလို့လဲ၊ ကြီးကြပ်ရေးဗိမာန်က အားသုံးပြီး ယူတတ်တဲ့ အင်အားစုမျိုးလား"
နန်ကောင်းယင်အနည်းငယ် မျက်မှောင်ကြုတ်သည်။ ကြီးကြပ်ရေးဗိမာန်က ယခုလိုအမည်တပ်မခံချင်သဖြင့် သူအော်ဟစ်သည်။
"မင်းတို့က ကြီးကြပ်ရေးဗိမာန်က ပါရမီရှင်အားလုံးကိုသတ်ပြီး ဗလာနတ္ထိပုံတူကို ယူသွားခဲ့တယ်၊ အခုလူထုရှေ့မှာ လိမ်နေတုန်းပဲလား"
လူတိုင်းယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်ကြသည်။
သူတို့ဒါကို ကြားခဲ့ကြသော်လည်း နန်ကောင်းယင်ကိုယ်တိုင် ပြောလာသောအခါတွင်မူ ပင့်သက်ရှိုက်လိုက်မိကြသည်။
နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းပင်လျှင် ကြီးကြပ်ရေးဗိမာန်ကို တစ်ယောက်ယောက်ကို မသတ်ခင် နှစ်ခါတွေးတောရပေလိမ့်မည်။
ဟုန်ရင်အေးစက်စွာပြောသည်။
"ရှင့်တပည့်တွေက ကျွန်မတို့ကို ချုံခိုသတ်ပစ်ချင်ကြပြီး အဓမ္မလုယူသွားချင်ကြတယ်၊ ဒီစကားက တကယ်တော့မမှားပါဘူး၊ ရတနာတွေကို တတ်စွမ်းနိုင်သူကပဲ ပိုင်ဆိုင်တယ်၊ ဒါ့အပြင် သူတို့ခွန်အားက မနိမ့်ကျဘူးလေ၊ သူတို့ဘယ်လိုလုပ် အသတ်ခံရနိုင်မှာလဲ....."
ဟဲရှန်ကော ဟုန်ရင်ကို လက်ညိုးထိုးကာပြောသည်။
"ပေါက်ကရတွေ၊ မင်းတို့ရှေးဟောင်းစစ်မြေပြင်ကို ၀င်ကတည်းက မင်းတို့ကို ရှေးဟောင်းစစ်မြေပြင်ကို ခေါ်လာရတဲ့ အခြေအနေက မင်းတို့ရရှိခဲ့တဲ့ နတ်ပစ္စည်းကို ငါတို့ကိုလက်လွှဲပေးရမယ်လို့ ငါတို့ပြောခဲ့တယ်၊ ငါတို့ကြီးကြပ်ရေးဗိမာန်ကလည်း တူညီတဲ့ဆုလာဘ်တစ်ခုကို ပေး...."
သို့စေကာမူ သူစကားပြော၍မပြီးသေးခင်မှာပင် ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။
"ခင်ဗျားတို့ရဲ့ကြီးကြပ်ရေးဗိမာန်က ဘိုးဘေးရှေးဟောင်းပစ္စည်းနဲ့ ညီမျှတဲ့ အခကြေးငွေကို တတ်နိုင်လို့လား"
"အဲဒီနေ့နောက်ဆုံးမှာလည်း ခင်ဗျားတို့ လုယူဖို့ကြိုးစားကြတာပဲမလား"
"ဘာတွေအဲလောက် သောက်အဓိပ္ပာယ်မရှိတာတွေပြောနေရတာလဲ၊ တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ရိုက်လာတိုက်ခိုက်လှည့်"
နန်ကောင်းယင်နှာခေါင်းရှုံ့ကာ သုံးကြိမ်တိုင်တိုင်အော််ဟစ်သည်။
"ဒီလိုဆိုမှတော့ ငါတို့ကို အားနည်းသူကို အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မတင်နဲ့"
နန်ကောင်းယင်လက်ဝှေ့ယမ်းကာ ဆက်ပြောသည်။
"စစ်ဆေးသူတို့၊ သူတို့ကို ဖမ်းဆီးကြ၊ သူတို့ခုခံရင် နေရာမှာတင်သတ်ပစ်လိုက်ကြ"
အပိုင်း(1202) coming။