← Chapters

#မုဖူရှန်းအရေးယူဆောင်ရွက်ခြင်း#

Vol. 85 Ch. 1202

#မုဖူရှန်းအရေးယူဆောင်ရွက်ခြင်း#

Vol. 85 Ch. 1202

အဖြူ၀တ်စစ်ဆေးသူများ၏ခွန်အားက ကြီးကြပ်ရေးဗိမာန်အတွင်း ထိပ်တန်းဟု ယူဆ၍ရသော်လည်း ယဲ့ချိုးပိုင်တို့ကို ရင်ဆိုင်ရသောအခါတွင်မူ အနည်းငယ်နိမ့်ကျသည်။ 

နင်းချန်ရှင်း မုဖူရှန်းဘေးတွင်ရပ်လာပြီး ပြုံးသည်။ 

"ဂျူနီယာညီလေးမု ဆရာ့ကို ဒီအကြောင်းပြောလိုက်ပြီလား"

မုဖူရှန်းလက်အစုံကို အကူအညီမဲ့စွာ ဖြန့်လိုက်၏။ 

"မပြောသေးဘူး၊ အခုအချိန်မကျသေးဘူး၊ ဆရာ မလှုပ်ရှားသေးတာက ပိုကောင်းတယ်"

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းက မုဖူရှန်း၏ အကြီးဆုံးဝှက်ဖဲဖြစ်သည်။ 

ယခုလိုဝှက်ဖဲမျိုးကို မထုတ်ဖော်ပြသေးတာက အကောင်းဆုံးပင်။ 

နင်းချန်ရှင်းပြုံးသည်။ 

"ဒါဆိုကြည့်ရတာ ဂျူနီယာညီလေးမုမှာ အဲဒီနတ်သခင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို အနိုင်ယူဖို့ ခွန်အားရှိသေးပုံပဲ"

မုဖူရှန်း နင်းချန်ရှင်း၏ သိမ်မွေ့သည့် အပြုံးကိုကြည့်သည်။ သူ့မျက်လုံးများက တည်ငြိမ်နေသော်လည်း အရာတိုင်းကို ထိုးဖောက်မြင်နိုင်သည့်အလားပင်။ ထို့ကြောင့် သူအားကိုးရာမဲ့စွာပြောသည်။ 

"စီနီယာအစ်ကိုနင်း၊ ဘာလို့အစ်ကို ကျွန်တော့်ထက် ပိုနက်ရှိုင်းစွာ ဖုံးကွယ်ထားနေတယ်လို့ ခံစားနေရတာပါလိမ့်"

"ငါလား" နင်းချန်ရှင်းရယ်မောကာ ခေါင်းခါယမ်းသည်။ 

"ဒါဆို ဂျူနီယာ‌ညီလေးမုက အရမ်းနိမ့်ချနေတုန်းပဲပေါ့"

နင်းချန်ရှင်း၏ အထိခိုက်လွယ်ဆုံးအချက်ကို အမှန်တကယ်မထိသေးသရွေ့ သူစစ်မှန်စွာတိုက်ခိုက်သည့် အကြိမ်ရေက အတော်လေးနည်းပါးသည်။ 

ဥပမာအားဖြင့် ဗုဒ္ဓတောင်ပေါ် တစ်ယောက်တည်းတက်လှမ်းခြင်းပင်။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ၀တ်စုံဖြူစစ်ဆေးသူများကို ဘာဖိအားမှမရှိဘဲ အနိုင်ယူနိုင်တာကိုမြင်ရသောအခါ နန်ကောင်းယင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။ 

သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က တကယ်ပဲဒီလောက်ထိ အားကောင်းတာလား!

အိုက်ရွှယ်နှင့် ကျန်တဲ့သူတွေ သူတို့ပြိုင်ဘက်မဟုတ်တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ!

"ငါတို့ဂုဏ်သတင်းကို ထပ်ဂရုမစိုက်နိုင်တော့ဘူး၊ သူတို့ကိုမြန်မြန်အဆုံးသတ်ပစ်ကြရအောင်" ဟဲရှန်ကောပြောသည်။ 

နန်ကောင်းယင်ကလည်း ခေါင်းညိတ်သည်။ သူ့၏ နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်အော်ရာက ပေါက်ကွဲထွက်လာသည်။

သူလက်နှစ်ဖက်နှင့် တစ်ချိန်တည်းတွင် လက်တံဆိပ်များကို ဖွဲ့စည်းစင် မျှော်စင်မြင့်တစ်ခု ကောင်းကင်ပေါ်၌ ချက်ချင်းသိပ်သည်းသွားသည်။ 

မျှော်စင်က တောင်ငယ်လေးတစ်ခုပမာ ဟုန်ရင်ရှိရာဘက်သို့ ဦးတည်ကျဆင်းလာသည်။ 

အော်ရာက ခမ်းနားလှသည်။ မျှော်စင်ကိုသာ ကျခွင့်ပေးပါက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံး ပျက်စီးသွားလောက်သည်။ 

ဒါကကောင်းကင်ကို ဖုံးထားသည်။ 

မျှော်စင်အောက်၌ ရပ်နေကြသူတိုင်း မော့ကြည့်လိုက်ကြ၏။ မျှော်စင်အရိပ်အောက်တွင် မူလမှောင်မိုက်နေသည့် ကောင်းကင်က ကျန်ရှိနေသည့် အလင်းအရင်းအမြစ်ကိုပါ ဖုံးပစ်သည်။ 

နင်းချန်ရှင်းပြုံးသည်။ 

"ဂျူနီယာညီလေးမု၊ တိုက်ခိုက်ဖို့အချိန်ကျပြီမလား"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မျက်စိတစ်မှိတ်အတွင်း မုဖူရှန်းပျောက်ကွယ်သွားပြီဖြစ်ကာ မျှော်စင်အောက်တွင် ရောက်လာသည်။ 

မျှော်စင်၏ဖိနှိပ်မှုအောက်တွင် မုဖူရှန်း၏ခန္ဓာက အတော်လေးသေးငယ်သည်။

လူတိုင်းဒီမြင်ကွင်းကို မျက်ကန်းများပမာ စိုက်ကြည့်နေကြ၏။ 

ဒီလိုတိုက်ခိုက်မှုတစ်ခုကို သူတကယ်ခံနိုင်ပါ့မလား!

လူအတော်များများက စိတ်ပျက်အားငယ်နေကြသည်။ 

လဲ့ရွှမ်းနှင့် ကျန်သောသူများပင်လျှင် ခါးသီးစွာပြုံးလိုက်ကြ၏။ 

မျှော်စင်ကျလာပါက နတ်ဆိုးဘုရင့်ပင်မမြို့နှင့် အထဲကလူတိုင်းက နောက်ထပ်တည်ရှိတော့မည်မဟုတ်။ 

ဒါက ‌နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အားအပြည့်တိုက်ခိုက်မှုပေတည်း။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အပြုံးဖြင့် မုဖူရှန်းကို တိတ်ဆိတ်စွာကြည့်နေကြသည်။ 

သူတို့မုဖူရှန်းကို ခြွင်းချက်မရှိယုံကြည်သည်။ 

ဒါက မုဖူရှန်းတွင် ထူးခြားသည့်စရိုက်လက္ခဏာတစ်ခုရှိသောကြောင့်ပင်။ 

ထိုစရိုက်က မုဖူရှန်းသာ သူနိုင်မှာမဟုတ်တာကိုသိပ်က သေချာပေါက်တိုက်ခိုက်မည်မဟုတ်။ 

သူသာနိုင်နိုင်ပါက သူ့ဝှက်ဖဲကို သိမ်းဆည်းရင်း တိုက်ခိုက်ပေလိမ့်မည်။ ဒါ့အပြင် တစ်ဘက်လူကို သေချာပေါက်အနိုင်ယူနိုင်တာကိုလည်း အာမခံပေလိမ့်မည်။ 

ယခုသူလှုပ်ရှားလာလေရာ ဒါက မုဖူရှန်းတွင် နိုင်ရန်အတွက် ရာနှုန်းပြည့်အခွင့်အရေးရှိသည်ဟု ဆိုလိုနေခြင်းပင်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ နန်ကောင်းယင် မျက်မှောင်ကြုတ်သည်။ 

သူတို့ အဲဒီကောင်လေးပေါ်မှာ အရာအားလုံးကို စွန့်စားထားတာလား!

ဒါမှမဟုတ် ခုခံဖို့တခြားနည်းလမ်းရှိလို့လား!

လူတိုင်း၏အကြည့်အောက်တွင် ချိပ်စည်းကို မတင်လိုက်သည့်အလား မုဖူရှန်း၏ အော်ရာက ဖြည်းဖြည်းချင်းမြင့်တက်လာခဲ့သည်။ 

နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်!

ဒါက နတ်သခင်နယ်ပယ်အလယ်အလတ်အဆင့်အထိ မြင့်တက်နေသေးသည်။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအပါအ၀င် စုန့်ရှောင်နှင့် မုဇီရှင်းတို့ကလွဲ၍ လူတိုင်း ထိတ်လန့်နေသည့် အမူအရာကို ဖော်ပြလိုက်ကြ၏။ 

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

နတ်သခင်နယ်ပယ်အလယ်အလတ်အဆင့်လား၊ သူဘာသောက်ခဲ့တာလဲ!

နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ပင်လျှင် ကြက်သေသေသွားကြ၏။ 

"ဒီတော့ဘာဖြစ်လဲ၊ ဒီလိုဆိုရင်တော့ ဒီတိုက်ခိုက်မှုကို ခုခံဖို့ဆိုတာ ခက်ခဲပါသေးတယ်" နန်ကောင်းယင် အလျင်အမြန် တုံ့ပြန်လာပြီးနောက် နှာခေါင်းရှုံ့သည်။ 

"နတ်သခင်နယ်ပယ်က အဆင့်တွေကြားမှာ အဆင့်သေးသေးလေးတစ်ခု ခြားနေရင်တောင် ကမ္ဘာတစ်ခုလောက်ခြားတယ်"

"ဒီလိုထင်တာလား"

ရုတ်တရက် မုဖူရှန်း၏ အသံက နေရာတစ်ခုလုံးတွင်ပျံ့သွားပြီးနောက် သူအဆောင်တစ်ခုကို ထုတ်ယူပြီး ရင်ဘတ်ပေါ်တွင် ကပ်လိုက်၏။ 

သူ့နယ်ပယ်က ထိုးတက်သွားပြန်သည်။ 

သူနတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်ကို ရောက်လာပြီး နန်ကောင်းယင်နှင့် အဆင့်တူဖြစ်လာသည်။ 

"ဒါဘာအဆောင်လဲ" ဟဲရှန်ကော၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အော်ဟစ်သည်။ 

"နတ်သခင်နယ်ပယ်မှာတောင် အဆင့်တစ်ဆင့်ကို အတင်းတိုးစေနိုင်တာလား"

ဒီတစ်ကြိမ်မုဖူရှန်း အဖြေမပေးပေ။ သူ့တွင် ဖြေရန်လည်းအချိန်မရှိ။ 

မျှော်စင်မြင့်က ဥက္ကာခဲတစ်ခုပမာ ကျဆင်းနေလေပြီ။ လေပြင်းက မုဖူရှန်း၏ အ၀တ်ထောင့်စွန်းများကို တလူလူလွင့်မြောနေစေသည်။ 

မုဖူရှန်းခေါင်းမော့ရင်း မျှော်စင်ကျဆင်းလာတာကို တိတ်ဆိတ်စွာကြည့်နေသည်။ ရှေးဟောင်းနတ်မိုးကြိုးငါးခုစွမ်းအားက လျှပ်စီးနဂါးတစ်ကောင်အဖြစ် သိပ်သည်းသွားပြီး ပြေးထွက်သွား၏။ 

နဂါးဟိန်းသံနှင့်အတူ ငါးရောင်ခြယ်လျှပ်စီးနဂါးက မျှော်စင်အောက်ခြေကို ၀င်တိုက်သည်။ 

ချက်ချင်းဆိုသလို နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက ပြိုကျတော့မည့်ပုံပေါ်လာပြီး မြေကြီးကကွဲအက်ကာ မြို့ကပြိုလဲကျနေသည်။ 

နိမ့်ကျသည့်ကျင့်ကြံခြင်းအဆင့်ရှိသည့် မရေမတွက်နိုင်လောက်သောသူများက မြေကြီးပေါ်၌ တိုက်ရိုက်ချေမှုန်းခံရသည်။ သူတို့၏ မျက်နှာအသွင်အပြင်က မြေကြီးနှင့် တင်းကျပ်စွာဖိသိပ်ခံနေရပြီး လှုပ်ရှားနိုင်စွမ်းမရှိပေ။ 

နတ်သခင်များအကြား တိုက်ပွဲတစ်ခုက ကမ္ဘာကိုပင်ဖျက်ဆီးနိုင်သည်ဟု ဆို၍ရသည်။ 

မိုဂျီအဆင့်ကျွမ်းကျင်သူပင်လျှင် အသက်ရှူပ်စေသည့်ဖိအားတစ်ခုကို ခံစားရသည်။ 

နန်ကောင်းယင်ခေါင်းငုံ့ပြီး ဒီမြင်ကွင်းကို အလွန်အမင်း ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်နေသည်။ သူတကယ်ကို ခုခံနိုင်သည်။ ဒါ့အပြင် မျှော်စင်ကလည်း အဆက်မပြတ် တုန်ယင်နေသည်။ ငါးရောင်ခြယ်လျှပ်စီးနဂါးထံမှ လျှပ်စီးက မျှော်စင်ထံတိုး၀င်သွားပြီး အက်ကြောင်းများကို တစ်ခုပြီးတစ်ခု ဖန်တီးနေသည်။ 

သူတို့ကနယ်ပယ်တူလျှင်ပင် သူ့အားအပြည့်တိုက်ခိုက်မှုက မည်သည့်အတွက်ကြောင့် ယခုလိုအလွယ်တကူ ပြိုကွဲနိုင်မည်နည်း။ 

နန်ကောင်းယင် ဒေါသတကြီးအော်ဟစ်ကာ လက်ဖဝါးဖြင့်ရိုက်ချလိုက်၏။ 

မျှော်စင်က တဝီဝီမြည်သံကိုထုတ်လွှတ်ပြီး ဖိနှိပ်မှုအော်ရာက မြင့်တက်လာကာ သူလည်ပင်း၌ သွေးပြန်ကြောများပင် ကူးခတ်နေသည်။ 

သို့စေကာမူ မုဖူရှန်းက ခွန်အားအပြည့်ကို မသုံးရသေးသည့်အလား သူ့အမူအရာက တည်ငြိမ်နေသည်။ 

"ဒါကခင်ဗျားရဲ့ ခွန်အားအပြည့်လား၊ ကြည့်ရတာ ကျုပ်အရမ်းပိုတွက်မိပုံပဲ" မုဖူရှန်းတည်ငြိမ်စွာပြောသည်။ 

"ဒါဆိုရင်တော့ တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ပစ်ကြရအောင်"

ဒီအခိုက်အတန့်မှာပင် မုဖူရှန်းရုတ်တရက် လက်အစုံကို အတူတကွပူးကပ်လိုက်၏။ 

သူ့လက်ဖဝါးပေါ်၌ အဆောင်တစ်ခုပေါ်လာသည်။ 

အဆောင်က မိုးကြိုးဆန္ဒနှင့်ပေါက်ကွဲသွားပြီး ငါးရောင်ခြယ်လျှပ်စီးနဂါးပေါ်၌ တွယ်ကပ်သွားသည်။ 

မူလကပုံရိပ်ယောင်သာဖြစ်သည့် လျှပ်စီးနဂါးက အကြေးခွံများနှင့်ဖုံးနေပြီး ဒေါသတကြီးဟိန်းသည်။ အကြေးခွံများက အသက်ရှုနေသည့် တကယ့်နဂါးအကြေးခွံများပမာ။ 

ဂရား......!

နဂါးပါးစပ်ကိုဖွင့်ပြီး မျှော်စင်ထံသို့ လျှပ်စီးများကို ထွေးထုတ်လိုက်သည်။ 

ချက်ချင်းဆိုသလို မျှော်စင်၌ ပြည့်နှက်နေပြီဖြစ်သည့် လျှပ်စီးစွမ်းအားက တောက်ပသည့်လျှပ်စီးများကို ထုတ်လွှတ်လာသည်။ 

မိုးကြိုးသံနှင့်အတူ မျှော်စင်က ပြိုကွဲသွားရပြီး နန်ကောင်းယင် သွေးတစ်လုပ်ပင် အန်လိုက်ရသည်။ 

သူ့မျက်နှာကဖြူရော်နေပြီး မုဖူရှန်းကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ 

မုဖူရှန်းသူ့ကိုစကားပြောရန်အတွက် အခွင့်အရေးမပေးပါ။ သူလက်အစုံကို ဝှေ့ယမ်းသောအခါ လျှပ်စီးနဂါးကလည်း အော်ဟစ်သည်။ 

၎င်းက လျှပ်စီးအသူရာချောက်ကဲ့သို့ ပါးစပ်ကိုဟပြီး နန်ကောင်းယင်အားကိုက်ပစ်သည်။ 

နန်ကောင်းကင်အံကြိတ်လိုက်စဉ် သူ့လက်ထဲ၌ သံလိုက်အိမ်မြှောင်တစ်ခုပေါ်လာသည်။ သံလိုက်အိမ်မြှောင်ပေါ်က အပ်က ဆက်လည်နေပြီး ပုံပျက်နေသည့်လေဟာနယ်က သူ့ရှေ့တွင် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ 

"ဟဲရှန်ကော၊ ငါ့ကိုကူညီ"

ဟဲရှန်ကော၏ အမူအရာကလည်း လေးနက်နေပြီး လျှပ်စီးနဂါးကိုဖြတ်ကာ မုဖူရှန်း၏ အစစ်အမှန်ကိုယ်ခန္ဓာဆီသို့ ပြေး၀င်သွား၏။ 

မုဖူရှန်း ဟဲရှန်ကောကို ကြည့်ရင်း ကျန်လက်တစ်ဖက်ကို ဖွင့်လိုက်သည်။ သူ့လက်ဖဝါးပေါ်၌ တိုင်ရှစ်လုံးပေါ်လာပြီး ညင်သာစွာပစ်ချလိုက်၏။ 

တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်က လေထဲတွင်ကျယ်ပြန့်လာပြီး ဟဲရှန်ကောကို ၀န်းရံပစ်သည်။ 

‌သူပြေး၀င်သွားစဉ် ဒီမြင်ကွင်းကို မြင်သောအခါ ဟဲရှန်ကော ထိတ်လန့်သွားသည်။ သူ့ရှောင်တိမ်းချင်သော်လည်း မိုးကြိုးတောင်ရှစ်လုံးက သူ့ကို သေသည်အထိ ထောင်ချောက်ဆင်ထားသည်။ 

သူ့အတွက် ရှောင်တိမ်းရန်နေရာမရှိပါ။ 

မုဖူရှန်းက နတ်သခင်အဆင့်နှစ်ဦးကို တစ်ဦးတည်းတိုက်ခိုက်နေခဲ့သည်။ 

အပိုင်း(1203) coming။ 

All Chapters