← Chapters

#အံ့ဖွယ်တိုက်ခိုက်ရေးစွမ်းအား#

Vol. 85 Ch. 1203

#အံ့ဖွယ်တိုက်ခိုက်ရေးစွမ်းအား#

Vol. 85 Ch. 1203

မုဖူရှန်း၏ခွန်အားက လူတိုင်းကို ဒါက မဖြင်နိုင်ဟု ခံစားရစေသည်။ 

နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားကို မဆိုထားနဲ့၊ နန်ကောင်းယင်၏ အလုံးစုံတိုက်ခိုက်မှုအောက်တွင်ပင် သူတိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်နိုင်သေးပြီး တခြားတစ်ဘက်ကမူ နောက်ထပ် နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့် ကျွမ်းကျင်သူဖြစ်သည့် ဟဲရှန်ကောကို ထောင်ချောက်ဆင်ပစ်ခဲ့သည်။ 

သူကြီးကြပ်ရေးဗိမာန်က နှစ်ယောက်ကို တစ်ယောက်တည်းခုခံကာကွယ်ခဲ့သည်။ 

မိုဂျီကလည်း ကြောက်ရွှံ့နေပုံရသည်။ 

ဒီလူက ရှောင်ဟိုင်ရဲ့ ဂျူနီယာညီလေးဖြစ်ပုံပဲ!

ဒီလိုနယ်ပယ်မျိုးတကယ်ရှိတာလား!

သူတို့ကဂိုဏ်းတစ်ဂိုဏ်းတည်းက လာကြခြင်းဖြစ်သည်။ တပည့်များက ဒီလောက်ထိ အစွမ်းထက်နေပါက သူတို့နောက်ကွယ်က ဆရာက ဘယ်နယ်ပယ်ကိုပင် ရောက်နေမည်နည်း။ 

ရုတ်တရက် မိုဂျီထိတ်လန့်သွားသည်။ 

ဒါကနောင်တရခြင်းမဟုတ်ဘဲ ကြောက်ရွှံ့သွားခြင်းပင်။ 

ဒါကဖြစ်ပျက်နေပြီးဖြစ်သည်။ ပဋိပက္ခကို ဖြေရှင်း၍မရတော့သဖြင့် သူတို့ သေသည်အထိသာ တိုက်ခိုက်ကြရမည်ဖြစ်သည်။ 

သူထိတ်လန့်သွားသောသူက ရှောင်ဟိုင်တို့နောက်တွင် ရပ်နေသည့်တစ်ယောက်ပင်။ သူတို့သာ ဒီနေရာတွင် အသတ်ခံလိုက်ရပါက နောက်ကွယ်က ဆရာက ဒါကို အလွတ်ပေးမည်လား။ ထိုအချိန်တွင် သူတို့အားလုံး ဖျက်ဆီးခံရမည်သာ။ 

မည်သို့ပင်ဆိုစေကာမူ သေခြင်းအဆုံးသတ်တစ်ခုသာလျှင်ရှိသည်။ 

တောင်းပန်ပြီး ကရုဏာသက်ညှာပေးရန်အတွက် တောင်းဆိုရမည်လား။ ဒါကမဖြစ်နိုင်တော့ပါ။ 

ထွက်ပေါက်ဘယ်မှာလဲ!

မိုဂျီဒါကိုမျှော်လင့်မထားခဲ့ပေ။ 

စစ်မြေပြင်၌ နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ကလည်း ထိတ်လန့်နေကြ၏။ 

မျှော်စင်ကဖျက်ဆီးခံရပြီး ဟဲရှန်ကောက တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်ထဲတွင် ပိတ်မိနေခဲ့သည်။ သူဘယ်လောက်ပင် ကြိုးစားတိုက်ခိုက်ပါစေ အချိန်တိုအတွင်း မချိုးဖျက်နိုင်ပေ။ 

မုဖူရှန်းခေါင်းမော့ကာ နန်ကောင်းယင်ကို ကြည့်သည်။ သူ့အကြည့်က အေးစက်သွားပြီး လက်ဖဝါးချက်တစ်ချက် ထပ်မံ ထုတ်လွှတ်လိုက်၏။ 

လျှပ်စီးနဂါးဟိန်းလိုက်စဉ် ရှေးဟောင်းနတ်မိုးကြိုးငါးခုကနေ သိပ်သည်းထားသည့် လျှပ်စီးလုံးတစ်လုံးက ၎င်းပါးစပ်ထဲတွင် ပေါ်လာသည်။ 

မုဖူရှန်း၏ လျှပ်စီးစွမ်းအားထိန်းချုပ်မှုက မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား၏ လမ်းညွှန်မှုအောက်တွင် ပြီးပြည့်စုံမှုအဆင့်ကို ရောက်သွားခဲ့သည်။ 

ချက်ချင်းဆိုသလို ရှေးဟောင်းနတ်မိုးကြိုးငါးခုက ဖိသိပ်ကာ သိပ်သည်းလာသည်။ 

လျှပ်စီးလုံးကနေ ဖျက်ဆီးခြင်းအော်ရာတစ်ခုထွက်လာပြီး လျှပ်စီးအမျှင်စများအဖြစ် ‌ပြောင်းကာ ပတ်၀န်းကျင်၌ ပျံ့သွားသည်။ 

လျှပ်စီးလုံးပေါ်လာသည့်အချိန်တွင် နန်ကောင်းယင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

ဒီလျှပ်စီးလုံးကနေ သေခြင်းတရားနှင့် နီးစပ်သည့်အော်ရာတစ်ခုကို သူခံစားရသည်။ 

လူတစ်ယောက်က ပိုအားကောင်းလေလေ၊ အန္တရာယ်ကို ပိုခံစားနိုင်လေလေပင်။ 

နန်ကောင်းယင် လက်ထဲတွင် သံလိုက်အိမ်မြှောက်ကို ကိုင်ထားပြီး ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။ 

"ဟဲရှန်ကော၊ မြန်မြန်အဲဒီ သောက်အကျဉ်းထောင်ကို ချိုးဖျက်လိုက်၊ ဒီကလေးကို ငါတစ်ယောက်တည်း မတောင့်ခံနိုင်ဘူး"

ဟဲရှန်ကောဆက်ခက်တိုက်ရင်း နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။ 

"ငါဒီမှာအချိန်နည်းနည်းလိုသေးတယ်၊ ဒီတာအိုရှေးဟောင်းပစ္စည်းက အဆင့်မနိမ့်လောက်ဘူး"

မုဖူရှန်း မကြောက်မရွှံ့တိုက်ခိုက်ပြီး သူတို့နှစ်ယောက်ကို လုံး၀ဖိနှိပ်ထားတာကို မြင်သောအခါ ယဲ့ချိုးပိုင်တို့ ပြုံးလိုက်ကြ၏။ 

"ဂျူနီယာညီလေးမုက ဒီနှစ်ယောက်ကို မှတ်သားရအောင် လုပ်နေတာပဲ" ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဟုတ်တယ်၊ စီနီယာအစ်ကိုမုသာ တစ်ဘက်လူက သူ့ပြိုင်ဘက်မဟုတ်တာကို သိတာနဲ့ တစ်ဘက်က ဒုက္ခရောက်သွားရလိမ့်မယ်၊ မဟုတ်ဘူးဆိုရင် စီနီယာအစ်ကိုမု တိုက်ခိုက်မှာလည်းမဟုတ်သလို တိုက်ခိုက်ဖို့လည်း ကြိုးစားမှာမဟုတ်ဘူး၊ သူချက်ချင်းသတ်မှာလည်းမဟုတ်ဘူး" ဖန်ချန်းအားကိုးရာမဲ့နေသည်။ 

မုဖူရှန်း၏စရိုက်က အနည်းငယ်တည်ငြိမ်လွန်းသည်။ 

ဖန်ချန်းပြောသလိုပင် မုဖူရှန်းသူတို့နှစ်ယောက်ကို တုံ့ပြန်ရန်အတွက် မည်သည့်အခွင့်အရေးမှမရှိဘဲ လက်ဖဝါးကို ရှေ့သြို တွန်းလိုက်၏။ 

လျှပ်စီးနဂါးပါးစပ်ထဲတွင် သိပ်သည်းနေသည့် လျှပ်စီးလုံးက အတားအဆီးထဲသို့ တိုက်ရိုက်၀င်သွားပြီး အောက်ကနေစိမ့်၀င်ကာ အထဲတွင် ကသောင်းကနင်းဖန်တီးသည်။ 

နန်ကောင်းယင်လက်ထဲက သံလိုက်အိမ်မြှောက်ကလည်း စတင်ဆက်တိုက်တုန်ခါလာပြီး အပ်ကလည်း လျင်မြန်စွာ လည်ပတ်နေသည်။ 

အစွမ်းထက်အော်ရာအမျှင်စများကို သံလိုက်အိမ်မြှောင်ထဲ ဆက်လက်ထည့်ပေးနေစဉ် ၎င်းကလျှပ်စီးလုံးကိုခုခံနေသည်။ 

သို့စေကာမူ သံလိုက်အိမ်မြှောင်က ထုတ်လွှတ်သည့်အတားအဆီးက ကြီးသထက်ပိုကြီးလာသည်။ 

ရုတ်တရက် အတားအဆီးက တုန်ခါနေတာရပ်သွားသည်။ 

နန်ကောင်းယင်စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ ကံကောင်းစွာပင် သူတို့ခုခဲနိုင်ခဲ့သည်။ 

သူဒီလိုတွေးနေစဉ် ဖျက်ဆီးခြင်းလျှပ်စီးများက အတားအဆီးတစ်ဝိုက်က အက်ကြောင်းများကနေ ပွင့်လန်းလာခဲ့သည်။ 

မုဖူရှန်း ဒီမြင်ကွင်းကိုအပြုံးဖြင့် ကြည့်နေသည်။ သူဆန့်ထုတ်ထားသည့်လက်နှင့် အကျဉ်းထောင်ကို ဖြည်းဖြည်းချင်းဖမ်းကာ ညင်သာစွာပြောသည်။ 

"ဒုံ......"

ဂျုန်း.....!

ကျယ်လောင်သည့်တုန်ခါသံတစ်သံထွက်လာပြီး နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးအတွင်း ပျံ့သွားသည်။ 

လျှပ်စီးလုံးက အတားအဆီးအတွင်းမှာပင် ပေါက်ကွဲသွား၏။ 

အရူးအမူးထွက်လာသည့်လျှပ်စီးများကလည်း အတားအဆီးကိုပေါက်ကွဲစေသည်။ 

‌ပေါက်ကွဲသွားသည့် နောက်ဆက်တွဲအဖျက်လှိုင်းက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးကိုပင် စုတ်ဖြဲပစ်ချင်နေသည့်အသွင်။ 

ယဲ့ချိုးပိုင်တို့ပင်လျှင် ခုခံရန်အတွက် ခွန်အားအလုံးစုံကို သုံးလိုက်ရသည်။ 

လျှပ်သီးကတောက်ပလွန်းသဖြင့် နောက်ဆက်တွဲအဖျက်လှိုင်းကို ခုခံနေစဉ် မည်သူမှ မျက်လုံးမဖွင့်နိုင်ကြပေ။ 

လျှပ်စီးပျောက်ကွယ်သွားသည့်အချိန်တွင်သာ နတ်ဆိူဘုရင်ပိုင်နက်၏ ကွဲအက်နေသည့်နေရာများကို နေရာတိုင်းကိုမြင်နိုင်သည်။ 

မရေမတွက်နိုင်လောက်သော ပြည်နယ်များ၏လေဟာနယ်နှင့် နတ်ဆိုးဘုရင့်ပင်မမြို့အထက်က အာကာသတို့က တိုက်ရိုက်ပြိုကွဲသွားကြ၏။ အာကာသမုန်တိုင်းနှင့် အာကာသအရှုပ်အထွေးများက အဆမတန် တိုးလာခဲ့ကြသည်။ 

ပေါက်ကွဲမှုဗဟိုချက်နှင့် အနီးဆုံးလူဖြစ်သည့်အပေါ် နန်ကောင်းယင်က အများကြီး ထိခိုက်ခံစားရသူပင်။ 

လူတိုင်းသိချင်စိတ်ဖြင့် ကြည့်လိုက်ကြစဉ် သူတို့၏မျက်သူငယ်အိမ်များက ကျုံ့သွားကြ၏။ 

နန်ကောင်းယင် တစ်၀က်သာကျန်ခဲ့သည့် သံလိုက်အိမ်မြှောင်ကို ကိုင်ထားသည်။ သူ့အ၀တ်အစားများက စုတ်ပြဲနေပြီး ကိုယ်ကို မဖုံးနိုင်တော့။ သူ့ကိုယ်က သွေးများနှင့် ပြည့်နှက်နေကာ ပါးစပ်ထောင့်စွန်းက သွေးများက မရပ်မနားစီးတွေလာကြ၏။ 

သူ့အသက်ရှုသံက အလွန်အမင်းအားနည်းနေသည်။ နန်ကောင်းယင် ရင်ဘတ်ကို ဖိထားပြီး မုဖူရှန်းကို တစ်၀က်မျှပွင့်နေသည့် မျက်လုံးဖြင့် စိုက်ကြည့်နေသည်။ သူ့၏ အားနည်းနေသောမျက်လုံးများက မယုံနိုင်မှုဖြင့် ပြည့်နှက်နေသည်။ 

သူခွန်အားအပြည့်သုံးမည်ဆိုလျှင်ပင် ယခုလိုဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးကို အောင်မြင်နိုင်မည်မဟုတ်။ 

"မင်းခွန်အားကို ဖုံးကွယ်ထားတုန်းပဲလား"

မုဖူရှန်းကြက်‌သေသေသွားသည်။ 

သူဒါကိုလည်းသိသွားတာလား!

နန်ကောင်းယင်၏ အက်ရှနေသည့်အသံထွက်လာသည်။ 

"ဒီလိုအဖျက်စွမ်းအားမျိုးနဲ့ဆိုရင် မင်းရဲ့ အစစ်အမှန်နယ်ပယ်က နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်မှာရှိတယ်"

အသက်ငါးဆယ်အောက်က နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူလား!

ဒါက မွန်းစတားတစ်ကောင်ပင် လုပ်နိုင်မည်မဟုတ်။ 

မိခင်၀မ်းဗိုက်ကတည်းက ထိပ်တန်းအရင်းအမြစ်မျိုးစုံကို သုံးခဲ့လျှင်ပင် ဒီအတိုင်းအတာအထိ ကျင့်ကြံနိုင်မည်မဟုတ်ပေ။ 

ရှေးဟောင်းမှတ်တမ်းများအရ ကျင့်ကြံခခြင်းအစဉ်အလာထွန်းကားသည့် ခမ်းနားကြီးကျယ်သော ရှေးခေတ်တွင် တောက်ပခဲ့သည့် လူသားဘိုးဘေးများကလွဲ၍ တခြားမည်သူမှမရှိပါ။ 

ဒါကိုကြားသောအခါ မုဖူရှန်းစိတ်သက်သာရာရသွားသည်။ 

အင်း၊ ငါသူ့ကိုပိုတွက်မိသွားတာပဲ!

ဒီအခိုက်အတန့်၌ နတ်ဆိုးဘုရင်ပိုင်နက်အထက်က ကောင်းကင်တွင် နတ်သခင်ဟောင်တျန်း၊ ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့တစ်ချိန်တည်းတွင် ပေါ်လာကြ၏။ သူတို့သုံးယောက်စလုံး ဒီမြင်ကွင်းကို အထိတ်တလန့်ကြည့်ပြီးနောက် မုဖူရှန်းကို ကြည့်လိုက်ကြသည်။ 

ဒါက....သူ့ကြောင့်လား!

ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြစဉ် မျက်လုံးထဲက ထိတ်လန့်မှုကိုပင်မြင်နိုင်သည်။ 

တစ်ခဏကြာအံ့ဩသင့်နေပြီးနောက် နတ်သခင်ဟောင်တျန်း အားကိုးရာမဲ့စွာပြုံးသည်။ 

သူနည်းနည်းအံ့ဩသင့်သွားခဲ့သည်။ 

ဒီလိုပါရမီမျိုးက စီနီယာလုအဆင့်က ကျွမ်းကျင်သူတစ်ယောက်သာလျှင် သင်ကြားပေးနိုင်သည့် အရာတစ်ခုဖြစ်လောက်သည်။ ထို့နောက် သူ ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကိုကြည့်ရင်း လက်သီးများကို ပွတ်သပ်လိုက်၏။ 

"ဆက်တိုက်ကြမလား၊ ငါ့ဆန္ဒကိုတောင် မဖြည့်ဆည်းရသေးဘူး"

ယင်ယန်နတ်သခင်၏ အမူအရာက ပို၍ပင် ကြည့်ရဆိုးသွားသည်။ 

သူတို့နှစ်ယောက်၏ တစ်ပြိုင်နက်တိုက်ခိုက်မှုအောက်တွင်ပင် နတ်သခင်ဟောင်တျန်းလက်ထဲတွင် အသာစီးမရခဲ့ပေ။ 

ယင်းအစား ဒီစိတ္တဇ နတ်သခင်ဟောင်တျန်း၏ ဖိနှိပ်ခြင်းကို ခံရသည်။ 

တိုက်ခိုက်ခြင်းက ဘာအတွက်နည်း။ 

ဒါ့အပြင် သူတို့ဘက်၌ နောက်ထပ်နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်တစ်ယောက် ရပ်နေသည်။ 

ထို့ကြောင့် သခင်ဟွမ် အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်၏။ 

"နောက်ဆုတ်မယ်"

ဒီစကားနှင့်အတူ သူပျောက်ကွယ်သွားသည်။ 

ယင်ယန်နတ်သခင်လည်း အတူတူဖြစ်သည်။ 

နတ်သခင်ဟောင်တျန်း သူတို့နောက်က လိုက်မဖမ်းဘဲ နှာခေါင်းရှုံ့သည်။ 

"ဒီမြေ‌ခွေးအိုကြီးနှစ်ကောင်က တကယ်သူရဲဘောကြောင်တဲ့ကောင်တွေပဲ"

မိုဂျီ နတ်သခင်နှစ်ဦးထွက်သွားတာကို ကြည့်ရင်း စိတ်ပျက်အားငယ်မှုကို ခံစားရသည်။ 

ထို့နောက် သူနန်ကောင်းယင်ကို ကြည့်လိုက်၏။ 

ယခုသူယုံကြည်နိုင်တာဆိုလို့ ကြီးကြပ်ရေးဗိမာန်သာလျှင် ကျန်တော့သည်။ 

နန်ကောင်းယင် မုဖူရှန်းကိုစိုက်ကြည့်သည်။ 

"မင်းအဆုံးစွန်ထိ ကြီးကြပ်ရေးဗိမာန်ကို တကယ်ဆန့်ကျင်တော့မှာလား"

မုဖူရှန်းတည်ငြိမ်စွာပြောသည်။ 

"အကူအညီတောင်းဖို့အတွက် ခေါ်ဖို့လုပ်နေတာမလား၊ မြန်မြန်လုပ်တော့"

အပိုင်း(1204) coming။

All Chapters