← Chapters

#မစ္စတာ#

Vol. 85 Ch. 1204

#မစ္စတာ#

Vol. 85 Ch. 1204

မုဖူရှန်း၏သဘောထားကို မြင်ရသောအခါ နန်ကောင်းယင်၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။ သူ တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်ကို တိုက်ခိုက်ရန် အကောင်းဆုံးကြိုးစားနေသည့် ဟဲရှန်ကောကို ကြည့်လိုက်၏။ သူအံကြိတ်ကာ သိုလှောင်လက်စွပ်ထဲက ကောင်းကင်ပြာစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ 

အထဲတွင်စီးဆင်းနေသည့် တာအိုအသိအမြင်က လေဟာနယ်တစ်ခုလုံးတွင် မျောလွင့်နေသည်။ 

ဒါကိုမြင်သော် မုဖူရှန်းမျက်မှောင်ကြုတ်သည်။ 

အာ၊ ဒါကအသံပို့တဲ့အရာတစ်ခုတော့ မဟုတ်ဘူးမလား!

မုဖူရှန်း မလှုပ်ရှားသေးခင်မှာပင် သတင်းအချက်အလက်များ ၀င်ထွက်ခြင်းကနေ တားဆီးရန်အတွက် အဆောင်အစီအစဉ်တစ်ခုကို ချထားခဲ့သည်။ ဖန်ချန်း၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကြား၀င်စွက်ဖက်မှုတစ်ခုမရှိသရွေ့ တစ်ဘက်လူ၏ သတင်းအချက်အလက်များက အချိန်တိုအတွင်း မပို့နိုင်ဘူးဟု ဆို၍ရသည်။ 

မုဖူရှန်း တခြားဖြစ်နိုင်ချေများကို မတွေးမိခြင်းမဟုတ်ပါ။ 

ဥပမာအားဖြင့် သူ့ဆရာကဲ့သို့ ကိုယ်ပွား သို့မဟုတ် ဓမ္မခန္ဓာတစ်ခုဆင်းလာခြင်းပင်။ 

သို့စေကာမူ မုဖူရှန်းတွင် ဒီလိုအခြေအနေမျိုးကို ရပ်တန့်ရန်အတွက် နည်းလမ်းမရှိပါ။ 

နန်ကောင်းယင် စာလိပ်ကိုဖွင့်လိုက်သောအခါ စာလိပ်ထဲက လမ်းစဉ်ဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွား၏။ 

နတ်ဆိုးဘုရင်ပိုင်နက်ကို ၀န်းရံနေသည့် ပင့်ကူအိမ်များကလည်း မဟာလမ်းစဉ်၏ ကောင်းကင်ပြာဆန္ဒကို အစပျိုးပေးပြီး စာလိပ်က ထွက်လာသည့် အော်ရာနှင့်အတူ တောက်ပစွာ လင်း၀င်းနေသည်။ 

လူတိုင်းဒီမြင်ကွင်းကို ပဟေဠိဖြစ်နေသည့် အမူအရာများဖြင့် မော့ကြည့်လိုက်ကြ၏။ 

တခြားတစ်ဘက်တွင် နန်ကောင်းယင် ပျက်စီးနေသည့်ဟင်းလင်းပြင်၌ ဒူး‌ထောက်လိုက်ပြီး ဒဏ်ရာအပြင်းအထန်ရထားသည့် ကိုယ်ကို အတင်းအားသုံးရင်း အက်ရှရှပြောလိုက်၏။ 

"ခန်းမသခင်၊ ကျေးဇူးပြုပြီး"

တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဥ်းထောင်ကို တိုက်ခိုက်နေသည့် ဟဲရှန်ကောကလည်း ဒီအလိုက်အတန့်တွင် ရပ်လိုက်ပြီးနောက် ဒူးထောက်သည်။ 

"ခန်းမသခင်၊ ကျေးဇူးပြုပြီး"

ဒီအချိန်တွင် ပင့်ကူအိမ်က လျင်မြန်စွာ ပျံ့သွားသည်။ 

စာလိပ်ကနေထွက်လာသည့် ကောင်းကင်ပြာအလင်းတိုင်တွင် ပျံ့နေသည့်ပင့်ကူအိမ်များ အဆက်မပြတ်စတင်ယှက်ဖွဲ့နေကြပြီး တဖြည်းဖြည်းနှင့် လူသားပုံသဏ္ဍာန်တစ်ခုကို ဖန်တီးလာကြ၏။ 

နန်ကောင်းယင် မုဖူရှန်းကို ငုံ့ကြည့်ရင်း သရော်လိုက်သည်။ 

"သတင်းအချက်အလက်ကို ပိတ်ဆို့ဖို့အတွက် အဲဒီအဆောင်တွေနဲ့ အစီအရင်တွေကို ဖန်တီးထားတာမင်းမလား၊ မင်းငါတို့ရဲ့ ကြီးကြပ်ရေးဗိမာန်ကို နည်းနည်းလျှော့တွက်လွန်းမနေဘူးလား"

"ငါတို့ကြီးကြပ်ရေးဗိမာန်ရဲ့ နည်းစနစ်တွေက တခြားဂိုဏ်းတွေနဲ့မတူဘူး"

ဒါကိုမြင်သောအခါ မုဖူရှန်း၏ အမူအရာက တဖြည်းဖြည်းလေးနက်သွားလေတော့သည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အေးဆေးသည့်အပြုံးကို ထိန်းချုပ်လိုက်ကြ၏။ 

ပင့်ကူအိမ်က ဆက်လက်ယှက်ကာသိပ်သည်းနေပြီး လူပုံသဏ္ဍာန်ကို တဖြည်းဖြည်းထုဆစ်ပေးနေသည်။ 

ဆန်းကြယ်သည့်အော်ရာများက ပွင့်လန်းလာသည့် ပန်းရနံ့များပမာ စတင်ပျံ့လာသည်။ 

ဒီအော်ရာက ရန်မူကျူးကျော်ခြင်းမရှိဘဲ ယင်းအစား လူများကို သူတို့၏ဒဏ်ရာများနှင့် ကုန်ဆုံးသွားသည့်ဝိဉာဉ်ချီများကို ဖြည်းဖြည်းချင်း သက်သာလာသည်ဟု ခံစားရစေသည်။ 

ဒါကအင်မော်တယ်စွမ်းအင်ဖြစ်သည်။ 

ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့် အင်မော်တယ်အော်ရာ!

မုဖူရှန်း ဒီမြင်ကွင်းကို ကြည့်ရင်း တိတ်တဆိတ်ပြောလိုက်သည်။ 

"နတ်သခင်နယ်ပယ်က အင်မော်တယ်ချီအများစုကို ပြောင်းလဲဖို့လိုတယ်၊ အင်မော်တယ်ချနေကို ဒီလိုပြည့်၀တဲ့အဆင့်ကို ရောက်နိုင်စေတာက ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတော့တယ်....၊ အဲဒါက အင်မော်တယ်နယ်မြေက တစ်ယောက်ယောက်ဖြစ်ရင်ဖြစ် မဟုတ်ဘူးဆိုရင် အစစ်အမှန်နတ်ဘုရားနယ်ပယ်က တစ်ယောက်ပဲ"

ကြီးကြပ်ရေးဗိမာန်က ကောင်းစွာပုန်းကွယ်နေခဲ့သည်။ 

"ငါ့သီးသန့်တည်ရှိမှုကို ဘာလို့နှောင့်ယှက်ရတာလဲ၊ ဗလာနတ္ထိပုံတူကို တွေ့ပြီလား"

လိမ်ယှက်ခြင်းနှင့် ထုဆစ်ခြင်းတို့ ဖြည်းဖြည်းချင်းပြီးဆုံးသွားသောအခါ ခါးကုံ့နေသည့် အဖိုးအိုတစ်ဦး ကောင်းကင်ပြာအလင်းတိုင်ထဲတွင် ပေါ်လာသည်။ 

ဒါက အသွင်ခန္ဓာ သို့မဟုတ် ဓမ္မခန္ဒာတစ်ခု၏ ပုံစံတစ်ခုပင်။ 

သို့စေသည့်တိုင် အဖိုးအို၏အော်ရာက လူများကို ခုခံရန်အတွက် မည်သည့်အတွေးကိုမျှ မပေါ်လာသည်အထိ ဖြစ်စေသည်။ 

အဖိုးအိုမလှုပ်ရှားဘဲ သို့မဟုတ် မည်သည့်စကားမှမဆိုဘဲ ရပ်နေသရွေ့ ဒီနယ်မြေ၏ အုပ်ချုပ်သူအလားပင်။

မုဖူရှန်းပင်လျှင် အလားတူခံစားနေရသည်။ 

အစစ်အမှန်နတ်ဘုရားနယ်ပယ်!

နန်ကောင်းယင် ချက်ချင်းလေးစားစွာ ပြန်ပြောသည်။ 

"ဗလာနတ္ထိပုံတူကို တွေ့ထားပေမယ့် တခြားတစ်ယောက်က ယူသွားပါတယ်"

ဒီနေရာတွင် နန်ကောင်းယင် အဖိုးအိုကို သူ့စကားလုံးများအား ထပ်ပြောလိုက်၏။ 

အဖိုးအိုခေါင်းညိတ်သည်။ 

"ဗလာနတ္ထိပုံတူက တခြားသူတွေလက်ထဲ ကျလို့မရဘူး၊ မဟုတ်ဘူးဆိုရင် သေမျိုးနယ်မြေက လုံး၀ဖျက်ဆီးခံရလိမ့်မယ်"

ဒီနေရာ၌ သူ နန်ကောင်းယင်ကိုကြည့်သည်။ 

"မင်းဒဏ်ရာတွေက ဒီလူငယ်လေးကြောင့် ဖြစ်လာရတာလား"

နန်ကောင်းယင်၏ အမူအရာက ကြည့်ရဆိုးနေသည်။ သူအံကြိတ်ထားရုံသာ တတ်နိုင်ပြီး မျက်နှာပျက်သွားရသည့်တိုင် ခေါင်းညိတ်လိုက်ရသည်။ 

ထို့နောက် အဖိုးအို မုဖူရှန်းကို ကြည့်ရင်း ခြောက်သွေ့နေသည့်လက်ကို ဆန့်ထုတ်ကာ ဖြည်းညင်းစွာပြောသည်။ 

"လူငယ်လေး၊ ဗလာနတ္ထိပုံတူကိုပေးပါ၊ ဒါကသေမျိုးနယ်မြေအတွက်ပါ"

"သေမျိုးနယ်မြေအတွက်" မုဖူရှန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။ 

"ခင်ဗျားအပြောလေးနဲ့ ကျုပ်ခင်ဗျားကို ဘယ်လိုယုံရမှာလဲ"

"ဒါ့အပြင် ဒါကို တကယ်ပဲ သေမျိုးနယ်မြေအတွက် လုပ်နေတာဟုတ်လို့လား"

ဒါကိုအတင်းအားသုံးယူပြီး နက်ရှိုင်းစွာ ဖုံးကွယ်ထားတာက ရန်သူ၏လုပ်ရပ်နှင့် အတော်လေးတူသည်။ 

အဖိုးအိုသက်ပြင်းချကာ ခေါင်းခါယမ်းသည်။ 

"ငါဒီအကြောင်းမပြောနိုင်ဘူး၊ ဒါပေမယ့် မင်းမပေးဘူးဆိုရင်တော့ ငါလူငယ်မျိုးဆက်ကို အနိုင်ကျင့်ရုံပဲတတ်နိုင်တော့တာပေါ့၊ ဘာပဲဆိုဆို ငါ့မှာအချိန်သိပ်မကျန်တော့ဘူး"

ဒီအခိုက်အတန့်၌ နတ်သခင်ဟောင်တျန်း လက်နှစ်ဖက်ဆုပ်သည်။ 

"စီနီယာ၊ သူကဂျူနီယာလေးပဲလေ၊ ကြီးကြပ်ရေးဗိမာန်ရဲ့ ဂုဏ်သတင်းအရဆိုရင် ဂျူနီယာလေးတစ်ယောက်ကို တိုက်ခိုက်နေစရာမလိုဘူးမလား"

သို့သော် အဖိုးအိုနတ်သခင်ဟောင်တျန်းကို ကြည့်ပင်မကြည့်ပေ။ 

သူမုဖူရှန်းထံ လက်ကိုဆန့်ထုတ်လိုက်၏။ 

မုဖူရှန်း၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ သူ့လက်ထဲက အဆောင်ကလင်းဝင်းသွားပြီး မိုးကြိုးစင်းတစ်ခုအဖြစ် ပြောင်းကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။ 

မုဖူရှန်းအတွက် တိုက်ခိုက်မှုကို တားဆီးတော့မည့်နတ်သခင်ဟောင်တျန်းကလည်း အေးခဲသွားသည်။ 

မုဖူရှန်းရပ်နေခဲ့သည့်နေရာက စတင်ပုံပျက်သွားသည်။ 

"အိုး၊ မင်းအင်္ကျီလက်ထဲမှာ လှည့်ကွက်တစ်ချို့ရှိပုံပဲ၊ ရှေးခေတ်မှာတောင် မင်းပါရမီက ပြိုင်ဘက်ကင်းတယ်၊ ဒါပေမယ့် ကံဆိုးချင်တော့ မင်းကခေတ်မှားပြီး မွေးဖွားလာတယ်...."

မုဖူရှန်း၏အမူအရာက လေးနက်နေပြီး အဖိုးအို၏နောက်ထပ်တိုက်ခိုက်မှုကို ကြည့်နေသည်။ 

သူ့ဆရာရောက်လာရန်အတွက် အသက်ရှူကြိမ်ရေဆယ်ကြိမ်ကျော်လိုအပ်သည်။ 

သို့စေကာမူ တစ်ဘက်လူ၏ခွန်အားနဲ့.....!

မုဖူရှန်းတွေးနေစဉ် သူ့လက်ထဲတွင် အဆောင်တစ်ခု တိတ်တဆိတ်ပေါ်လာသည်။ 

ငါတကယ်ပဲ ဒီအဆောင်ကို သုံးရတော့မှာလား!

သူသာဝိဉာဉ်စွမ်းအားနှင့် တိုက်ခိုက်ပါက ပြန်သက်သာနိုင်မည်မဟုတ်။ သူ့၏ အားအပြည့်ကိုပါ ပေါင်းစပ်လိုက်ပါက ဒီကနေ သူရှင်ကျန်နိုင်လောက်မည်မဟုတ်ပါ။ 

ဒါပေမယ့်.......!

မုဖူရှန်းအံကြိတ်ကာ အဆောင်ကိုပစ်ရန်ပြင်လိုက်စဉ် ရုတ်တရက် ပုံရိပ်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ 

ထိုသူကလည်း အဖိုးအိုတစ်ဦးဖြစ်သည်။ 

အဖိုးအိုပြောသည်။ 

"တျန်းယန်၊ မင်းနည်းနည်းလွန်ကဲမနေဘူးလား"

ခန်းမသခင်တျန်းယန် အနည်းငယ်ကြက်သေသေသွားပြီးနောက် ချက်ချင်းရပ်ကာ ပြောလိုက်၏။ 

"မစ္စတာ"

မစ္စတာ!

လူတိုင်းအံ့ဩစွာ လှည့်ကြည့်လိုက်ကြ၏။ 

နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ အလျင်အမြန်ပင် လက်နှစ်ဖက်ဆုပ်လိုက်ကြသည်။ 

နတ်သခင်ဟောင်တျန်းလည်း အလားတူပင်။ 

"မစ္စတာကို နှုတ်ဆက်ပါတယ်"

အကယ်၍ လုချန်ရှန်းသာ ဒီမှာရှိမည်ဆိုပါက သေချာပေါက်မှတ်မိလောက်သည်။ 

ထိုအဖိုးအိုက သေမျိုးကျေးရွာက မစ္စတာဖြစ်နေသည်မဟုတ်ပေလော။ 

သို့စေကာမူ နတ်သခင်ဟောင်တျန်း မျှော်လင့်မထားခဲ့တာက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်သည့် ကြီးကြပ်ရေးဗိမာန်၏ ခန်းမသခင်က သေမျိုးကျေးရွာမှ မစ္စတာကိုပင် လာစေလိမ့်မည်ကိုပင်။ 

မစ္စတာ ခန်းမသခင်တျန်းယန်ကို ထူးမခြားနားစွာကြည့်သည်။ 

"တျန်းယန်၊ မင်းရဲ့ရည်ရွယ်ချက်က ကောင်းပေမယ့် နည်းနည်းလွန်ကဲနေတယ်"

တျန်းယန်အကူအညီမဲ့စွာပြောသည်။ 

"သေမျိုးနယ်မြေက ထပ်မစောင့်နိုင်တော့ဘူး၊ ငရဲနတ်ဆိုးဒေသက ပြန်လာတော့မယ်၊ တခြားနည်းလမ်းမရှိတော့ဘူး"

မစ္စတာဘာမှမပြောနိုင်သေးခင်မှာပင် တျန်းယန်ထပ်ပြောသည်။ 

"မစ္စတာ၊ စည်းတံဆိပ်ကနေ ခင်ဗျားဒီလောက်အကြာကြီး ရှင်ကျန်ခဲ့ပြီးဖြစ်သလို လွယ်လွယ်နဲ့လည်း မချိုးဖျက်နိုင်သေးတာမို့ အခုကျုပ်ကို မတားဆီးနိုင်ပါဘူး"

"တျန်းယန် ဒီနေရာကနေ တောင်းပန်ရုံပဲ တတ်နိုင်ပါတယ်၊ ဒီကိစ္စပြီးသွားတဲ့အခါကျရင် မစ္စတာကို လာတောင်းပန်ပါမယ်"

ထို့နောက် ခန်းမသခင်တျန်းယန် မုဖူရှန်းကို ကြည့်ရင်း ဖမ်းကိုင်ရန်အတွက် လက်ကို ဆန့်ထုတ်လိုက်သည်။ 

မစ္စတာ၏မျက်နှာကမည်းမှောင်သွားသည်။

မုဖူရှန်းအပါအ၀င် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကမူ အေးဆေးနေကြ၏။ 

လက်က မုဖူရှန်းကိုထိတော့မည့်အချိန်တွက် သူ့ရှေ့က အာကာသမှ ၀တ်စုံဖြူနှင့်လူတစ်ယောက် ပြိုကွဲနေသည့် ဟင်းလင်းပြင်ပေါ် တက်လှမ်းလာသည်။ လက်တစ်ချက် ညင်သာစွာဝှေ့ယမ်းရုံနှင့် သူလက်ဖဝါးချက်ကို ကြေမွသွားစေသည်။ 

"ဘာဖြစ်တာလဲ၊ မုဖူရှန်း၊ မင်းရော မင်းအစ်ကိုကြီးလိုမျိုး လမ်းလွဲသွားပြီလား၊ မင်းအခုပြဿာနာတွေ စဖန်တီးတတ်နေပြီပေါ့"

အပိုင်း(1205) coming။ 

All Chapters