← Chapters

ခရာကန်၏ ပြန်လာခြင်း

Vol. 13 Ch. 173

ခရာကန်၏ ပြန်လာခြင်း

Vol. 13 Ch. 173

အချိန်သည် ည ကိုးနာရီခန့် ဖြစ်သည်။

ဗာဂျီးနီးယားကမ်းခြေသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ၎င်းအနီး ဟိုတယ်၏ စားသောက်ခန်းအတွင်း လူအနည်းငယ်သာ ရှိနေကာ ဝိုင်နီသောက်ရင်း လရောင်ကို ကြည့်နေကြသည်။

Hampton ဟိုတယ်အတွင်း မြင်ကွင်းသည် တိတ်ဆိတ်ကာ နွေးထွေးသည်။

စားသောက်ခန်း၏ ထောင့်တစ်နေရာတွင် စားပွဲတစ်ခုရှိပြီး ၎င်းတွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ဝိုင်သောက်ရင်း ရယ်မောကာ စကားပြောနေကြသည်။

၎င်းတို့သည် ရုတ်တရက် စူပါမိုဆာဆောရပ်စ် ပင်လယ်ထဲမှ တက်လာသည်ကို မြင်တွေ့လိုက်ရသည်။

"အား..."

သူတို့သုံးယောက် စူပါမိုဆာဆောရပ်စ် ကမ်းခြေဆီတက်လာပြီး Hampton ဟိုတယ်ဆီ ဦးတည်လာသည်ကို မြင်လိုက်ရချိန်တွင် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ဧရာမသားရဲကြီး၏ လျင်မြန်စွာ ချဉ်းကပ်လာမှုသည် သူတို့အား ကြောက်လန့်မှုကြောင့် အေးခဲသွားစေခဲ့သော်လည်း စက္ကန့်အနည်းငယ်အတွင်း သတိဝင်လာပြီး စတင်ပြေးလွှားကြသည်။

သူတို့သည် ပြေးလွှားနေစဥ်အတွင်း နောက်ထပ် ခြေထောက်တစ်စုံ အပိုမရှိခြင်းကိုပင် မုန်းတီးနေခဲ့သည်။ ၎င်းတို့သည် သူတို့၏ ကြောက်ရွံ့မှုကို ဖော်ပြရန် ကျယ်လောင်စွာ အော်ဟစ်ကြ၏။

၎င်းသည် လူအများအပြားအား အလန့်တကြား ဖြစ်သွားစေပြီး လူအများအပြားကို မည်သူက ဆူညံစေသနည်းဟု သိလိုစိတ်ဖြင့် ပြတင်းပေါက်များကို ဖွင့်ကြည့်မိစေသည်။ ရလဒ်အနေဖြင့် သူတို့သည် သူတို့ဆီသို့ စူပါမိုဆာဆောရပ်စ် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်အား မြင်တွေ့လိုက်ရသည်။

ဟိုတယ်တစ်ခုလုံး ချက်ချင်းလိုလို ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး၊ လူအများအပြားဟာ အသည်းအသန် တွန်းထိုးထွက်ပြေးကြသည်။ သို့သော် စူပါမိုဆာဆောရပ်စ်သည် အတော်လေး မြန်ဆန်ပြီး တစ်မိနစ်မပြည့်မှီမှာ Hampton ဟိုတယ်ဆီသို့ ရောက်ရှိလာပြီး အပြင်းအထန် အမဲဖျက်ခြင်းအား စတင်လာခဲ့သည်။

၎င်း၏ အရွယ်အစားသည် ယခင်က မီတာ (၁၅၀) ရှိခဲ့သော်လည်း ယခုအချိန်တွင် မီတာ (၁၈၀) ရှည်လျားနေခဲ့ပြီး အတော်လေး ကြောက်စရာကောင်းနေခဲ့၏။

စူပါမိုဆာဆောရပ်စ်သည် Hampton ဟိုတယ်၏ နံရံများကို စက္ကူတစ်ရွက်အား ဆုတ်ဖြဲလိုက်သကဲ့သို့ အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။

"အားးးး"

"ကယ်ကြပါအုံး!!"

"ကယ်ကြပါ.."

စူပါမိုဆာဆောရပ်စ်သည် ၎င်း၏ ဦးခေါင်းအား ဟိုတယ်အတွင်းသို့ ထိုးသွင်းလိုက်ပြီး သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့် ပိုးကောင်သဖွယ် လူသားများအား ကိုက်ဖြတ်လိုက်သည်။

စူပါမိုဆာဆောရပ်စ် ထွက်ခွာသွားပြီးနောက် ကျန်ရှိသည်မှာ အပျက်အစီးများသာ ဖြစ်သည်။ ရဲများ ရောက်လာချိန်တွင် ငါးမိနစ်ခန့် နောက်ကျနေခဲ့ပြီ ဖြစ်သည်။

စူပါမိုဆာဆောရပ်စ်သည် ခြောက်ထပ်အမြင့်ရှိသည့် ဟိုတယ်တစ်ခုအား ဖျက်ဆီးခဲ့ပြီးနောက် မည်သည့် ဒဏ်ရာမှ မရခဲ့ဘဲ ပင်လယ်အတွင်းသို့ အလွယ်တကူ ပြန်ဆင်းသွားခဲ့၏။ Hampton ဟိုတယ်အတွင်း၌ လူ ၁၀၀ ခန့် ရှိနေခဲ့သော်လည်း မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ပေ။

ဗာဂျီးနီးယားကမ်းခြေရှိ ဟိုတယ်တစ်ခုအား စူပါမိုဆာဆောရပ်စ် ဖျက်ဆီးသွားသော ဖြစ်စဉ်သည် နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီး သတင်းမီဒီယာများ၏ ခေါင်းစီးပိုင်း သတင်းများ ဖြစ်လာခဲ့သည်။ ၎င်းသည် သတင်းအားလုံး၏ ထိတ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး မြွေကြီးနှင့် ရေဘဝဲ သားရဲတို့၏ ရေပန်းစားမှုကိုပင် ဖိနှိမ်သွားခဲ့သည်။

၎င်းသည် အမေရိကန် နိုင်ငံသားများအား အလွန်ဒေါသထွက်စေခဲ့လေသည်။ စူပါမိုဆာဆောရပ်စ်သည် လွန်ခဲ့သော တစ်နှစ်တာလုံး ဖြစ်စဥ်များစွာနှင့် လူထောင်ပေါင်းများစွာအား သေဆုံးစေခဲ့သည်။

၎င်းသည် မြို့များအား ပျက်ဆီးမှုများနှင့် ဖြစ်စေခဲ့ပြီး သင်္ဘောများအား ဖျက်စီးပစ်ခဲ့သည့်အပြင် ဘီလီယံနှင့်ချီသော ပစ္စည်းများအား ဆုံးရှုံးစေခဲ့ပေသည်။

အမေရိကန် နိုင်ငံသားများသည် အင်တာနက်ပေါ်တွင် ၎င်းတို့၏ စွမ်းဆောင်ရည်ညံ့ဖျင်းသော အစိုးရအား ကျိန်ဆဲခဲ့ကြပြီး ထိုသားရဲအား အမြန်ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းခဲ့ကြသည်။

အမေရိကန် အစိုးရကလည်း ကတိများစွာအား ပေးခဲ့ပြီး၊ ထိုသားရဲအား အမြန်ဆုံး သတ်ပစ်မည် ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

...

ရှေးဟောင်းသားရဲများ ကျူးကျော်လာခဲ့ချိန်တွင် ပင်လယ်ထဲရှိ မျိုးစိတ်များ အတော်အတန် လျော့နည်းသွားခဲ့၏။ ကျန်ရှိနေသော သားရဲများသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင်နိုင်သည့် သားရဲများ ဖြစ်ကြသည်။

ယခုအချိန်တွင် အပြာရောင်ဝေလငါး ကဲ့သို့ နူးညံ့သိမ်မွေ့သော သားရဲများသည် မျိုးသုဉ်းလုနီးပါး ဖြစ်လာခဲ့သည်။ ၎င်းသားရဲမျိုးစိတ်သည် ကြီးမားကာ၊ နူးညံ့ပြီး နှေးကွေးသည်။ ထိုကြောင့် ၎င်းတို့သည် သန္ဓေပြောင်း ရှေးဟောင်း သားရဲများအတွက် ရွေ့လျားနေသော အစာများ ဖြစ်လာကြသည်။

ဖန့်ရန်သည် ယခုနောက်ပိုင်း အပြာရောင်ရောင်ဝေလငါးကို မြင်တွေ့ရခြင်း မရှိသေးပေ။

သမုဒ္ဒရာထဲတွင် ရှေးဟောင်းသားရဲများစွာ ရှိသည်။ သူသည် သမုဒ္ဒရာထဲတွင် လှည့်လည်သွားလာနေစဉ် မတူညီသော ခေတ်ကာလများမှ အမျိုးမျိုးသော သားရဲများကို တွေ့ခဲ့ရပြီး ၎င်းတို့ထဲမှ တစ်ဝက်ကျော်ကို သူမသိပေ။

လွန်ခဲ့သော ရက်အနည်းငယ်အကြာက ဧရာမ ပုဇွန်တစ်ကောင်ကို သူမြင်ခဲ့ရသေးသည်။ စနစ်၏ အသိပေးချက်အရ ထိုပုဇွန်သည် ဒေဗီယန်ခေတ်က ရှင်သန်ခဲ့သော သားရဲ ဖြစ်သည်။

၎င်းသည် ရှေးဟောင်းသားရဲများနှင့် ယှဉ်လိုက်လျှင် သေးငယ်သည်ဟု ထင်ရသော်လည်း အများဆုံး လက်မအနည်းငယ်သာ ရှည်လျားသည့် ပုဇွန်များနှင့် ယှဉ်လိုက်သော် ဒေဗီယန်ခေတ်က ထိုပုဇွန်သည် (၂) မီတာကျော်သောကြောင့် ဧရာမပင် ဖြစ်သည်။

ထူးဆန်းပြီး ကြီးမားသော ထိုပုဇွန်သည် သူ့အား စနစ်အမှတ် (၈၀၀) ပေးသည်။

လမ်းခရီးတစ်လျှောက် သားကောင်များစွာကို သူဖမ်းဆီးခဲ့ပြီး စနစ်အမှတ် (၇၂၀၀၀၀) အထိ စုဆောင်းမိလာခဲ့သည်။ ယခုဆို သူ၏ နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်း ပြုလုပ်ရန်အတွက် စနစ်အမှတ် (၁.၈) သန်းခန့်သာ ကျန်ရှိတော့သည်။

"ဒါက.."

ဖန့်ရန်ရဲ့ ရွေ့လျားခြင်းက ရပ်တန့်သွား၏။ သူသည် ဦးတည်ရာတစ်ခုကို လှမ်းကြည့်လိုက်သည်။ ၎င်းတွင် ရင်းနှီးသော အနံ့တစ်ခုအား သူရနေသည်။

"သွေးနံ့.."

ဖန့်ရန် ထိုဦးတည်ရာဆီမှ လျှပ်စစ်သံလိုက်လှိုင်းများကို သေချာအာရုံကြည့်လိုက်သည်။

"သားရဲတစ်ကောင် အမဲလိုက်နေတာလား..."

ဖန့်ရန်တွေးတောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လိမ်ဖယ်လိမ်ဖယ်လုပ်ကာ ထိုနေရာသို့ ကူးခတ်လာခဲ့သည်။ နှစ်ကီလိုမီတာခန့် သွားပြီးချိန်တွင် ဧရာမပုံသဏ္ဍာန်တစ်ခုကို သူ တွေ့လိုက်ရသည်။

၎င်းသည် (၁၀) မီတာခန့် ရှည်လျားသော ရှေးဟောင်း သားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ နောက်ကျောက်သည် အမဲရောင်ဖြစ်ကာ ဝမ်းဗိုက်သည် ငွေရောင်ဖြစ်၏။ ၎င်း၏ ဦးခေါင်းနှင့် လည်ပင်းသည် အရိုးများဖြင့် ပြည့်နှက်နေသလို ဖြစ်ပြီး အလွန်ကြောက်စရာကောင်းသည်။

၎င်းငါးအား အကဲခတ်နေချိန်တွင် စနစ်၏ အသိပေးချက်က သူ့စိတ်ထဲတွင် ပေါ်လာသည်။

[ပစ်မှတ် - သံချက်ကာငါး၊ အသားစား၊ ရေနေသတ္တဝါ၊ စနစ်အမှတ် ၁၂၀၀၀ မှတ် ရရှိနိုင်သည်]

(Dunkleosteus၊ မြန်မာအခေါ်အဝေါ်မရှိပါ။ ဖတ်ရလွယ်ကူစေရန် အသုံးများတဲ့ သံချက်ကာငါး လို့ရေးထားပါတယ်)

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသော ဖန့်ရန်သည် အံအားသင့်သွား၏။

သံချက်ကာငါး၏ အချက်အလက်အချို့ကို သူသိပေသည်။

ဤသားရဲသည် ဒေဗီယန်ခေတ်က ထိတ်တန်း ပင်လယ်သားရဲ ဖြစ်၏။ ၎င်းတွင် အံ့ဖွယ်ကောင်းသော ကိုက်အား ရှိပြီး ၎င်းသည် အပြင်းဆုံး ကိုက်အားရှိသည့် သမိုင်းမတင်မီခေတ်က ငါးတစ်ကောင် ဖြစ်သည်။ ၎င်းငါးသည် (၁၀) မီတာခန့်သာ ရှည်လျားသော်လည်း စနစ်အမှတ် (၁၂၀၀၀) ပေးနိုင်သည်မှာ အံ့သြစရာသိပ်မရှိပေ။

ချက်ချင်းပင် ဖန့်ရန်သည် ၎င်းပေါ်သို့ ခုန်အုပ်ကာ သရေစာအဖြစ် စားသုံးရန် ရည်ရွယ်လိုက်၏။

သံချက်ကာငါးသည် ဧရာမငါးမန်းဖြူတစ်ကောင်အား စားနေစဥ် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုအား ခံစားမိလိုက်သည်။

၎င်းသည် ထိုလှုပ်ရှားမှု ရင်းမြစ်ကို လှည့်ကြည့်လိုက်၏။ ဤတွင် ဧရာမသားရဲကြီးတစ်ကောင် သူ့ဆီ လျင်မြန်စွာ ချဉ်းကပ်လာသည်အား တွေ့လိုက်ရသည်။

အကယ်၍ ဒေဗီယန်ခေတ်တွင် ရှင်သန်ခဲ့သော သားရဲသာ ဖြစ်မည်ဆိုလျှင် သူ့အား တိုက်ခိုက်လာသည့် သူဆီသို့ ချက်ချင်းပင် ပြေးဝင်ကာ သမုဒ္ဒရာ၏ အရှင်သခင်ကို တိုက်ခိုက်လာသည့်အတွက် သင်ခန်းစာပေးမိလိမ့်မည်။

သို့သော် အခြေအနေသည် ထူးခြား၏။ ၎င်းသည် ဒေဗီယန်ခေတ်တွင် ပေါက်ဖွားလာခြင်း မဟုတ်ဘဲ အာကာသလမ်းကြောင်း၏ တစ်ဖက်ကမ္ဘာတွင် မွေးဖွားလာခြင်း ဖြစ်သည်။

ထိုဂေဟစနစ်တွင် ၎င်းသည် အစားကွင်းဆက်၏ အောက်ဆုံး၌ ရှိနေခြင်း ဖြစ်သည်။ ၎င်းအား ယခုထိတိုင် အသက်ရှင်စေခဲ့သော အရာသည် ၎င်းကျင့်သုံးခဲ့သော သတိကြီးမှုကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဖန့်ရန်ကို မြင်သည်နှင့် တစ်ပြိုင်နက် ၎င်းသည် လျင်မြန်စွာ ထွက်ပြေးခဲ့၏။

ကံမကောင်းစွာဖြင့် ၎င်း၏ အရှိန်သည် ဖန့်ရန်၏ အရှိန်ထက် နှေးကွေးနေသာ်။ မိနစ်ဝက်ပင် မကြာမီ သံချက်ကာငါးသည် ဖန့်ရန်၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။ စစ်သင်္ဘောများကိုပင် မှောက်လှန်နိုင်သော သူ၏ စွမ်းအားဖြင့် ၎င်းအား သတ်ဖြတ်ပြီးနောက် မျိုချလိုက်သည်။

သံချက်ကာငါးကို မျိုချပြီးနောက် ဖန့်ရန်သည် သူ၏ နောက်ထပ်သားကောင်ကို ဆက်ရှာနေခဲ့သည်။

...

ဖန့်ရန်သည် သူ၏ ဆင့်ကဲပြောင်းလဲမှုစတင်ရန် စနစ်အမှတ် လိုအပ်ချက်ကြောင့် အပြင်းအထန် အမဲလိုက်နေစဉ် လူများကြားတွင်တော့ အကြောင်းအရာတစ်ခုကြောင့် ပွက်လောရိုက်နေခဲ့သည်။

၎င်းသည် အမေရိကန်နိုင်ငံက စူပါမိုဆာဆောရပ်စ်ကို ဖမ်းဆီးနိုင်ခြင်းကြောင့် မဟုတ်သလို သတ်ဖြတ်နိုင်လိုက်သောကြောင့်လည်း မဟုတ်ပေ။

အမေရိကန် အစိုးရသည် စူပါမိုဆာဆောရပ်စ်အား ဖမ်းဆီးပေးပါ့မည်ဟု အာမခံထားသော်လည်း ကမ္ဘာကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်ခြင်းသည် ထိုကြောင့် မဟုတ်ခဲ့ပေ။

အမေရိကန် အစိုးရသည် ယခုသည့်တိုင် စူပါမိုဆာဆောရပ်စ်အား ဖမ်းမိခြင်း မရှိသေးပေ။ ၎င်းစူပါမိုဆာဆောရပ်စ်သည် ဗာဂျီးနီးယားကမ်းခြေကို တိုက်ခိုက်ပြီးနောက် လေကဲ့သို့ ပျောက်ကွယ်နေခဲ့သည်။

လူအများပြား ဆူညံပွက်လောရိုက်ရသည့် အကြောင်းရင်းသည် လွန်ခဲ့သော နှစ်လကျော်က ပျောက်ဆုံးသွားခဲ့သည့် ခရာကန်ကို တစ်စုံတစ်ဦးက တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းကို တွေ့ရှိခဲ့သော နေရာသည် ပစိဖိတ်သမုဒ္ဒရာမှ အလွန်ဝေးကွာသော အန္တာတိတ်ပင်လယ်တွင် ဖြစ်၏။

၎င်း၏ ပြန်ပေါ်လာခြင်းသည် ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းကမ်းရိုးတန်း နိုင်ငံများမှ ငါးဖမ်းသမားများကို စိတ်သက်သာရာရသွားစေသည်။ နောက်ဆုံးတော့ ထိုသားရဲကြီး သူတို့အား တိုက်ခိုက်လာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ခရာကန် သေဆုံးမသွားသည်က ဝမ်းနည်းစရာကောင်းသော်လည်း ၎င်းသည် ယခုအခါ ပစိဖိတ်သမုဒ္ဒရာနှင့် အလွန်ဝေးသော အန္တာတိတ်တွင် ရှိနေပြီ ဖြစ်သောကြောင့် သူတို့ ငါးဖမ်းနေစဉ် ရုတ်တရက် တိုက်ခိုက်လာမည်ကို ကြောက်နေစရာ မလိုတော့ပေ။

မတူညီသော လူများတွင် မတူညီသည့် အတွေးများ ရှိကြသည်။

ခရာကန်က ပြန်ပေါ်လာခဲ့ပြီး မြွေကြီးကကော ဘယ်မှာလဲ သူဒဏ်ရာရသွားတာလား သေသွားတာလား။

......

All Chapters