ပျောက်ဆုံးနေသော ဖန့်ရန်
Vol. 13 Ch. 174
ခရာကန်အား ဟွာရှ၏ သိပ္ပံနည်းကျ သုတေသနတစ်ခုအား ပြုလုပ်နေသည့် သင်္ဘောတစ်စင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် ကုန်းပတ်ပေါ်ရှိ ဝန်ထမ်းတစ်ယောက်သည် သင်္ဘောနံဘေး ရေထဲမှ အမည်းရောင် အရိပ်တစ်ခု တက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
"ပင်လယ်သသားရဲကြီး... ပင်လယ်သားရဲကြီး ရှိနေတယ်ဟေ့"
ထူထဲသည့် အဝတ်အစားအား ဝတ်ဆင်ထားသော ဝန်ထမ်းသည် ချက်ချင်းပင် အော်ဟစ်လိုက်ပြီး သင်္ဘောပေါ်က အခြားသူများ၏ အာရုံကို သူ့ထံဆွဲယူလိုက်သည်။
ယခုအချိန်တွင် ပင်လယ်သားရဲကြီးဟူသော စကားလုံးသည် သိပ်ကြောက်စရာမကောင်းတော့ဘဲ ၎င်းအမည်တွင် ကွယ်ဝှစ်ထားသော ထူးခြားဆန်းကြယ်မှုများလည်း မရှိတော့ပေ။ ဤသို့ ဖြစ်ရသည်မှာ ယခုနောက်ပိုင်းတွင် ၎င်းဟာ အလွန်ပင် အဖြစ်များလာသောကြောင့် ဖြစ်သည်။
ယခုနောက်ပိုင်းတွင် လူတစ်ဦးသည် ငါးဖမ်းပိုက်အား မိနစ်အနည်းငယ်မျှ ပင်လယ်ထဲချထားပြီး ပြန်ဆွဲတင်လိုက်ရုံဖြင့် ပင်လယ်သားရဲတစ်ကောင် ရရှိပေမည်။
ဤခေတ်သည် ပင်လယ်သားရဲများ အုပ်စိုးသော ခေတ်ဖြစ်သည်။ ပင်လယ်ထဲတွင် သွားလာမည်လျှင် ပင်လယ်သားရဲတစ်ကောင်နှင့် ဆုံတွေ့နိုင်သော အခွင့်အရေးသည် ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်။
ထို့ကြောင့် သင်္ဘောပေါ်ရှိ သုတေသန ဝန်ထမ်းများသည် ထိုအော်သံ၏ ရင်းမြစ်ဆီသို့ သာမာန်မျှသော အမူအရာဖြင့် လှမ်းကြည့်လိုက်ကြသည်။ ထိုအချိန်က သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိခဲ့ပေ။ သို့သော် ရေထဲမှ ထွက်လာသော ဧရာမအရိပ်ကြီးကို မြင်ချိန်တွင် သူတို့၏ မျက်နှာဟာ ပြောင်းလဲသွားခဲ့၏။
အန္တာတိတ်က ပင်လယ်၏ ရေပြင်သည် ကြည်လင်ပြီး အညစ်အကြေးများ ကင်းစင်သည်။ ထို့ကြောင့် ပင်လယ်သားရဲကြီးသည် ရေပေါ်သို့ ရောက်မလာသေးသော်လည်း ၎င်း၏ ပုံပန်းသဏ္ဍာန်ကို သူတို့ အကြမ်းဖျဉ်း မြင်နိုင်ပေသည်။
၎င်းသည် ဧရာမရေဘဝဲကြီးတစ်ကောင်ပင် ဖြစ်သည်။
"အဲ့တာ ပျောက်ဆုံးနေတဲ့ ကရာကန်ပဲ...!"
ဝန်ထမ်းများထဲက လူတစ်ယောက် အော်ဟစ်လိုက်သည်။ ၎င်းသည် ခရာကန် ပျောက်ဆုံးမှုသတင်းကို သိရှိထားခဲ့၏။
ခရာကန်၏ အစွမ်းက မေးခွန်းထုတ်စရာ မလိုပေ။ ၎င်းသားရဲသည် လူအများ၏ အကြောက်တရားပင် ဖြစ်သည်။ သင်္ဘောပေါ်ရှိ ဝန်ထမ်းတချို့ ထိတ်လန့်တကြား စတင်ငိုယိုလာသည်။
သို့သော လူအချို့က ဉာဏ်ကောင်းကြပြီး အစောင့်အကြပ်အဖြစ် လိုက်ပါလာသော စစ်သင်္ဘောအား ချက်ချင်းပင် အကြောင်းကြားလိုက်သည်။ တစ်ချိန်တည်းပင် ခုခံကာကွယ်ရန်အတွက် လက်နက်များ ပြင်ဆင်လိုက်ကြ၏။
သိပ္ပံနည်းကျ သုတေသနသင်္ဘောများသည် ယခုနောက်ပိုင်း လက်နက်တချို့နှင့် ဝေလငါးဖမ်းမှိတ်သေနတ်များအား တပ်ဆင်ထားကြသည်။
၎င်းတို့သည် ဝေလငါးဖမ်းရန်အတွက် တပ်ဆင်ထားခြင်း မဟုတ်ဘဲ လမ်းခရီးတစ်လျှောက် ကြုံတွေ့ရမည့် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများအား ရင်ဆိုင်ရန် သီသန့်ပြင်ဆင်ထားခြင်း ဖြစ်သည်။
ဝေလငါးဖမ်းမှိတ်သေနတ်၏ ပစ်လွှတ်ရာ နေရာတွင် လူတစ်ယောက်သည် ၎င်းအား ပစ်လွှတ်ရန်အတွက် စတင်ချိန်ညှိလိုက်သည်။
ယခုနောက်ပိုင်း ပုံစံအား ပြောင်းလဲထားသော မေ့ဆေးအပ်သည် ဒုံးပျံနှင့် ဆင်တူသော်လည်း ကြီးမားသည့် မေ့ဆေးအပ်ပင် ဖြစ်သည်။ ထိုမေ့ဆေးအပ်သည် ကြီးမားသော သားရဲများကို ရင်ဆိုင်ရန် အထူးပြင်ဆင်ထားခြင်း ဖြစ်ပြီး ထိုးဖောက်နိုင်စွမ်း ပြင်းထန်ကာ မိနစ်အနည်းငယ်အတွင်း အပြာရောင်ဝေလငါး တစ်ကောင်ကို မေ့မျောသွားစေရန် လုံလောက်သည်။
ခရာကန်သည် စတင်ပေါ်လာသည်နှင့် မေ့ဆေးအပ်ဖြင့် ကြိုဆိုခံလိုက်ရသည်။ ခရာကန်၏ ထူထဲသော နောက်ကျောသို့ မေ့ဆေးအပ်သည် ကျရောက်သွားသော်လည်း ၎င်း၏ တွန်းကန်ခြင်း ခံလိုက်ရပြီး ၎င်း၏ လက်တံတစ်ခုကို ထိမှန်သွားသည်။
နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသော ခရာကန်သည် ၎င်း၏ လက်တံများကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်၏။ လက်တံတစ်ခုသည် သင်္ဘောဆီသို့ ကျရောက်လာပြီး ခိုင်ခန့်သော သင်္ဘောကိုယ်ထည်ပေါ်တွင် အကျိုးအပဲ့များ ပြည့်သွားစေသည်။ ထိုနေရာတွင် ရပ်နေခဲ့သော လူသုံးယောက်သည် အော်ဟစ်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ အသားပြား ဖြစ်သွားသည်။
ဝေလငါးဖမ်း(မှိတ်×)သေနတ်၏ ပစ်လွှတ်ရာစင်ပေါ်ရှိ လူသည် နောက်ထပ် မေ့ဆေးအပ်တစ်ချောင်းအား ထပ်ထည့်ကာ ပစ်ခတ်လိုက်သည်။ ထိုအခါ ခရာကန်၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ထပ်ရလာခဲ့ပြီး မေ့ဆေးရည်သည် ၎င်း၏ ကိုယ်တွင်းသို့ ဝင်သွားခဲ့၏။
၎င်းမေ့ဆေးသည် ဆင်တစ်ကောင်အား ချက်ချင်းပင် မေ့လဲစေနိုင်လောက်သော်လည်း ခရာကန်သည် ၎င်းအား အမှုမထားပေ။
ခရာကန်သည် ၎င်း၏ လက်တံတစ်ခုကို ထပ်မံဝှေ့ယမ်းလိုက်ပြီး သင်္ဘောကို ရိုက်ချလာပြန်သည်။ ဤတွင် သင်္ဘောသည် စတင်လှုပ်ခါလာခဲ့ပြီး နစ်မြှုတ်မလို ဖြစ်လာခဲ့သည်။
"အားး"
"ကယ်ကြပါ..."
"စစ်သားတွေ အခုထိ ရောက်မလာသေးဘူးလား"
ကုန်းပတ်တစ်ခုလုံး ထိတ်လန့်တကြား အော်ဟစ်သံများ ပြည့်နှက်နေသည်။ လူအချို့သည် လက်တံများ၏ ရိုက်နှက်ခြင်းကို ခံရမည် ကြောက်သောကြောင့် သင်္ဘောအတွင်းခန်းသို့ ပြေးဝင်ကြသည်။ လူတချို့သည် ထိတ်လန့်တကြား ပင်လယ်ထဲသို့ ခုန်ဆင်းကြ၏။
ခဏအကြာတွင် စစ်ဘက်သုံး ရဟတ်ယာဉ်သုံးစီးသည် လေရဟတ်အသံများနှင့်အတူ ရောက်ရှိလာခဲ့သည်။
ရဟတ်ယာဉ်နှစ်စီးသည် စက်သေနတ်ကို အသုံးပြုပြီး ခရာကန်ကို အာရုံပြောင်းသည့်အချိန်တွင် အခြားရဟတ်ယာဉ်တစ်စီးက အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်သည်။
ရွီးး....
အမြောက်သည် ခရာကန် လက်တံပေါ်သို့ ကျရောက်သွားပြီး အသားများအား ပဲ့ထွက်သွားစေပြီး နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။ ခရာကန်သည် ရဟတ်ယာဉ်ကို တိုက်ခိုက်လိုသောကြောင့် ၎င်း၏ လက်တံများကို ဝှေ့ရမ်းကာ ၎င်း၏ ဦးခေါင်းအထက်ရှိ ရဟတ်ယာဉ်တွေကို ဖျက်ဆီးဖို့ ကြိုးစားသည်။
သိပ္ပံနည်းကျ သုတေသနသင်္ဘောသည် စတင်ရွေ့လျားလာပြီး ခရာနှင့် ဝေးကွာလာခဲ့ပြီး သင်္ဘောပေါ်ရှိ လူများသည် ခရာကန် အား တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။
ရဟတ်ယာဉ်နှစ်စီး ခရာကန်ကို တိုက်ခိုက်နေသည်။ ကျည်ဆန်များစွာ ခရာကန် အပေါ်သို့ ဆက်တိုက်ကျရောက်နေပြီး ဆက်တိုက်ပြန်ကန်ထွက်နေသည်။ ဒေါသတကြီး ဖြစ်နေသော ခရာကန်သည် ၎င်း၏ လက်တံကိုးချောင်းကို ကောင်းကင်ယံသို့ ဝှေ့ယမ်းနေခဲ့ပြီး ရွေ့လျားနေသော ဧရာမအဆောက်အအုံ (၉) လုံးနှင့် ဆင်တူနေသည်။
ဤအချိန်တွင် အခြားရဟတ်ယာဉ်တစ်စီးသည် အာရုံလွှဲရန် အသင့်ဖြစ်နေပြီး ၎င်းတို့ စစ်သင်္ဘော၏ ဒုံးကျည်သည်လည်း ပစ်လွှတ်တော့မည် ဖြစ်သည်။
ခရာကန်သည် ၎င်း၏ ရွေ့လျားခြင်းအား ရုတ်တရက် ရပ်တန့်လိုက်သည်။ ၎င်းသည် အန္တရာယ်အား အာရုံခံမိပုံပေါ်ပြီး ရေအောက်သို့ လျင်မြန်စွာ ပြန်ငုတ်သည်။ ဤသို့ဖြင့် စက္ကန့်အနည်းငယ်အတွင်း ခရာကန် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
...
ဖန့်ရန် ပင်လယ်ပြင်အတွင်း စိတ်လွတ်ကိုယ်လွတ် လျှောက်သွားနေသည်။ သူသည် အစိမ်းရောင် ပင်လယ်အတွင်း ရှိနေဆဲဖြစ်သော်လည်း အရှေ့ဘက်သို့ ရွေ့လျားလာခြင်း ဖြစ်သည်။
ဤလမ်းခရီးတစ်လျှောက် ငါးဖမ်းလှေများစွာကို သူတွေ့ခဲ့ရသည်။ ၎င်းက သူ့အား အတော်လေး အံ့သြသင့်စေသည်။ ပင်လယ်ထဲတွင် သန္ဓေပြောင်း သားရဲမျစွာနှင့် ရှေးဟောင်းသားရဲများ မရေမတွက်နိုင်လောက်အောင် များပြားနေသည့် နေရာတွင် အဘယ့်ကြောင့် လှေများ ရှိနေရသနည်း။ ၎င်းက သူ့အား သိချင်စိတ်အနည်းငယ် ဖြစ်စေသည်။
လူအများ၏ အမြင်တွင် ခရာကန်သည် ပျောက်ဆုံးနေပြီး သူကတော့ သေဆုံးသွားပြီ ဖြစ်သည်။
ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသော ငါးဖမ်းသမားများသည် ယခင်နှစ်က ဆုံးရှုံးခဲ့ရသည့် အရာများကို ပြန်ကာမိစေရန် ငါးများအား အရူးအမူးဖမ်းခြင်းစတင်ခဲ့သည်။
ဤအချိန်တွင် လူအချို့က ဧရာမမြွေကြီး၏ ဘုရင်အဆင့် သားရဲဘွဲ့ကို ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ထင်နေကြသည်။ ၎င်းသည် ပထမဆုံး တိုက်ခိုက်မှုကို စတင်ခဲ့သူ ဖြစ်သော်လည်း သတ်ဖြတ်ခံလိုက်ရသည်။ ထိုကြောင့် မြွေကြီးသည် ဘုရင်အဆင့် သတ်မှတ်ချက်နှင့် မထိုက်တန်ဟု သူတို့ ထင်သည်။
ရိုးရှင်းပြီး အဓိပ္ပါယ်မဲ့သော်လည်း ၎င်းအကြောင်းအရာသည် အင်တာနက်ပေါ်တွင် အငြင်းပွားမှုများ ဖြစ်ပွားစေခဲ့သည်။ လူအများအပြားသည် မတူညီသော ထင်မြင်ယူဆချက်များ ရှိကြပြီး။ လူအချို့က ဖန့်ရန်အား အကူအညီရစေသည်။
ဖန့်ရန်သာ လူအများအပြားသည် သူ့အကြောင်း ငြင်းခုံနေကြသည်ကို မသိခဲ့ပေ။
သူသည် လက်ရှိတွင် ငါးဆယ်ကောင်ခန့်သာ ရှိသည့် (၅) မီတာခန့် အရွယ်အစားရှိသော ရှေးဟောင်း သားရဲ ငါးအုပ်တစ်အုပ်ကို လိုက်နေသည်။
စနစ်၏ အသိပေးချက်အရ ၎င်းသည် ဓားငါးများ ဖြစ်ကြ၏။
၎င်းတို့သည် အချွန်ပါ ငါးမန်းများနှင့် ဆင်တူပြီး နှာတံချွန်ကာ မြန်ဆန်သည်။ ဤအချိန်တွင် သာမန် သားရဲတစ်ကောင်သာ ဖြစ်မည်ဆိုလျှင် ၎င်းတို့အား လိုက်ဖမ်းရန် အခက်အခဲရှိလိမ့်မည် ဖြစ်သော်လည်း ဖန့်ရန်အတွက် ၎င်းက ပြဿနာ မဟုတ်ပေ။
ဓားငါးဆယ်ကောင်ကို မျိုချပြီးနောက် ငါးအုပ်သည် ပြိုကွဲသွားခဲ့ပြီး ဖန့်ရန်လည်း ၎င်းဓားငါးများနောက် ဆက်မလိုက်တော့ဘဲ ဆက်သွားနေခဲ့သည်။
ဓားငါးတစ်ကောင်သည် စနစ်အမှတ် (၇၅၀၀) ပေးနိုင်ခြင်းကြောင့် ဤစားသောက်ခြင်းသည် စနစ်အမှတ် သောင်းချီ ရရှိစေသည်။
စနစ်အမှတ် ပမာဏသည် (၁.၂) သန်းအထိပင် စုဆောင်းမိလာခဲ့သည်။ ၎င်းသည် လိုအပ်သော စနစ်အမှတ် ပမာဏ၏ ထက်ဝက်ခန့် ဖြစ်သည်။
...
ဤသို့ဖြင့် လဝက်ခန့်ကြာသွားသည်။ တစ်နေ့ ဖန့်ရန်သည် သူ၏ အရှေ့၌ ကုန်းမြေတစ်ခုအား တွေ့လိုက်ရသည်။
"အဲ့တာ ဂျပန် နိုင်ငံ မဟုတ်လား..."
များမကြာခင် သူသည် ဂျပန် နိုင်ငံ၏ ပင်လယ်ဧရိယာတစ်ခုတွင် ရောက်ရှိနေမှန်းသိလာခဲ့ပြီး သားကောင်ပေါများမှန်းလည်း သိလာခဲ့သည်။ ထိုသို့ဖြင့် ဖန့်ရန်သည် သားကောင် ပေါများသော ဤနေရာတွင် ခဏမျှ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
.....