ခွန်အားအကြီးဆုံး သားရဲက မည်သူနည်း
Vol. 13 Ch. 176
နေရောင်ခြည်၏ ရေပြင်က အလင်းပြန်ခြင်းဟု ထင်မှတ်သွားသော ဟီရှီတာသည် ၎င်းအား ဂရုမစိုက်တော့ဘဲ သင်္ဘောဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသော ငါးကြီးထံသို့ ပြန်လှည့်လိုက်သည်။
"အကြီးကြီးပဲ.."
ဟီရှီတာ၏ ဘေးဘက်က အဖြူရောင်ပတ်တီးအား ပခုံ၌ စည်းနှောင်းထားသော အရပ်ပုပုနှင့် လူငယ်တစ်ယောက်က ပြုံးရွှင်စွာ ပြောလိုက်သည်။
သူတို့သည် ဧရာမ ဓားငါးကြီး၏ ပုံပန်းသဏ္ဌာန်အပြည့်အစုံကို ရှင်းလင်းစွာ မြင်လာရသည်။ ၎င်း၏ ကိုယ်ထည်အရှည်သည် ဟီရှီတာ ယခင် ခန့်မှန်းခဲ့ဖူးသော (၁၅) မီတာကျော်ပေသည်။
ရုတ်တရက် ဓားငါးကြီးသည် ၎င်း၏ ပါးစပ်အား ဟလိုက်သည်။ ထိုအခါ ၎င်း၏ ချွန်ထက်သော အပေါ်သွား၊ အောက်သွားများနှင့် ၎င်း၏ ပါးစပ်အတွင်းရှိ နူးညံ့သော အသားဆိုင်ထဲသို့ စိုက်ဝင်နေသော သံချိတ်သည် အထင်အရှားပေါ်လာခဲ့၏။
သင်္ဘောကုန်းပတ်ပေါ်က လူများ အလွန်စိတ်လှုပ်ရှားနေကြသည်။ ၎င်းဓားငါးသည် အလွန်တန်ဖိုးကြီးသည်။ သူတို့အနေဖြင့် ငွေကြေးကိုသာ အလွန်အကျွံ မဖြုန်းတီးဘူးဆိုလျှင် ၎င်းငါးရောင်းချရာမှ ရရှိလာသောငွေကြေးသည် သူတို့မိသားစုကို နှစ်ပေါင်းအတန်ကြာ အလုပ်မလုပ်ဘဲ သပ်တောင့်သက်သာ နေထိုင်နိုင်စေသည်။
"မြန်မြန်လေး.. ဆွဲတင်ကြ..."
ဟီရှီတာက အော်ဟစ် အမိန့်ပေးလိုက်သည်။
သူသည် လက်ကိုင်ဖုန်းကို ကိုင်ဆောင်၍ ဓားငါးကြီး ပုံရိပ်ကို ဖမ်းယူရန် တစ်နေရာ၊ အခြားတစ်နေရာသို့ ဆက်တိုက် ရွေ့လျားနေသည်။
ဟီရှီတာသည် ၎င်းဓားငါးကို ဆွဲတင်ပြီးနောက် မတော်တဆမှုများက ရှောင်ရှားရန် Qinghuan ကျွန်းသို့ ချက်ချင်းပြန်ရန် စိတ်ကူးထားသည်။ ၎င်းဓားငါးကြီးသည် သူတို့အတော်ကြာ သက်သောင့်သက်သာ နေထိုင်နိုင်စေရန် လုံလောက်နေပြီ ဖြစ်သည်။ လောဘကြီးခြင်းကြောင့် ၎င်းအား ဆုံးရှုံးရမည်ကို သူမလိုလားပေ။
အခြားသင်္ဘောသားများတွင်လည်း ၎င်းနည်းတူ စိတ်ကူးများ ရှိကြသည်။ သူတို့သည် ဝန်ချီစက်အား အသုံးပြုပြီး ဓားငါးကြီးကို စိတ်လှုပ်ရှားစွာ ဆွဲတင်နေသည်။
သင်္ဘောနှင့် တဖြည်းဖြည်း နီးကပ်လာသော ဓားငါးကြီးကို ကြည့်ရင်း ဟီရှီတာ စိတ်လှုပ်ရှားနေသည်။
ဤသို့ သင်္ဘောသားများ၏ စိတ်သည် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများ ပြည့်နှက်နေစဉ်တွင် မထင်မှတ်ထားခဲ့သော မတော်တဆမှုတစ်ခုသည် ရုတ်တရက် ဖြစ်ပွားလာခဲ့ပြီး၊ ၎င်းတို့ စိတ်ထဲကြောက်ရွံ့မှုများ ပြည့်နှက်သွားစေသည်။
ဧရာမ အရိပ်မဲကြီးတစ်ခု သန္ဓေပြောင်း ဓားငါးကြီးနှင့် မလှမ်းမကမ်းတွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် မယုံနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် သန္ဓေပြောင်း ဓားငါးကြီးဆီ ပြေးဝင်သွား၏။ ဓားငါးကြီးအနီးသို့ ရောက်သည်နှင့် ဧရာမ သားရဲကြီးသည် ၎င်း၏ ပါးစပ်ကြီးကို ဟ၍ ဓားငါးကြီးကို ကိုက်လိုက်သည်။
"ဒမ်... အဲ့ဒါ ဘာကြီးလဲ"
ဟီရှီတာသည် ဧရာမ အနက်ရောင် အရိပ်မဲကြီးကို မြင်လိုက်ရပြီး အလျင်အမြန်စွာ နောက်ဆုတ်မိလိုက်ခြင်းကြောင့် အတန်းတစ်ခုနှင့်တိုက်မိပြီး လဲကျမလို ဖြစ်သွားသည်။ သူ၏ မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
သင်္ဘောသားများသည် ဧရာမအရိပ်မဲကြီးကို မြင်တွေ့လိုက်ရပြီးနောက် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"မြွေ_ မြွေကြီး..."
သင်္ဘောသား တစ်ယောက်က အထိတ်တလန့် အော်ဟစ်လိုက်သည်။
မြွေကြီးနှင့် ခရာကန်တို့၏ တိုက်ပွဲဗီဒီယိုသည် အလွန်နာမည်ကြီး၏။ ပင်လယ်ပြင်သို့ မကြာခဏသွားလာကြသော တံငါသည်တိုင်းလိုလို ၎င်းဗီဒီယိုကို ကြည့်ဖူးကြသည်။ ၎င်းသားရဲကြီး နှစ်ကောင်၏ ပုံသဏ္ဌာန်ကို သူတို့၏ မှတ်ဉာဏ်များထဲ၌ အထူးတလည် မှတ်သားထားကြသည်။
ယခုပေါ်လာသော ဧရာမသားရဲကြီးသည် မြွေကြီးပင် မဟုတ်ပါလား။
အလွန်ရှည်လျားသော ကိုယ်ထည်၊ မည်းနက်နေသော အကြေးခွံများနှင့် ရွှေအိုရောင်မျက်ဝန်းများ...။
"အားလုံး ပြီးသွားပြီ"
ဟီရှီတာ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။ သူ၏ ခြေလက်များသည် အလွန်အမင် ကြောက်ရွံမှုကြောင့် အေးစက်နေပြီး သူ၏ ခွန်အားများလည်း ပျောက်ဆုံးနေကာ မူးနောက်နောက် ဖြစ်နေသည်။
သူသည် လှဲကျမသွားစေရန် လက်ရန်းများကို ဖမ်းဆုပ်ထားကာ အတင်းအကျပ် ထိန်းချုပ်ထားရ၏။
သူတို့သည် ဤတစ်ကြိမ်အပြန်ခရီးချောမွေ့ရန် မျှော်လင့်ထားခဲ့မိပြီး မြွေကြီးနှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒီသားရဲကြီးက မသေသေးဘူး။ အခုထိ မသေသေးဘူး!
ဟီရှီတာသည် သူ၏ နှုတ်ခမ်းအား တင်းတင်းစေ့ထားပြီး ခါးသီးစွာဖြင့် ရေရွတ်မိ၏။
၎င်းသားရဲကြီးသည် သမုဒ္ဒရာ၏ နေရာတစ်ခုခုတွင် သေဆုံးသွားခြင်း သို့မဟုတ် ခရာကန်၏ စားသောက်ခံလိုက်ရခြင်း ဖြစ်လိမ့်မည်ဟု သူတို့မူလက ထင်မှတ်ခဲ့ကြသည်။ သို့သော် မထင်ထားမိသည့်အရာက ၎င်သားရဲသည် မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ရှိနေသေးပြီး ၎င်းနှင့် ကြုံရမည်ကို ဖြစ်သည်။
သူတို့၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် မြွေကြီးသည် ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရေအောက်က ထုတ်လိုက်ပြီး သန္ဓေပြောင်း ဓားငါးကြီးကို လေထဲတွင် ကိုက်လိုက်သည်။
ထိုနောက် ၎င်းမြွေကြီးသည် ဓားငါးကြီးကို စားနေရင်း နောက်ဘက်သို့ ဆွဲယူသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ၎င်းပါးစပ်အတွင်းက ကျကျန်ရစ်ခဲ့သော ငါးအပိုင်းအစများသည် ရေပြင်အောက် နစ်မြုတ်သွား၏။
ပင်လယ်ရေမျက်နှာပြင်သည် ငြိမ်သက်သွားခဲ့ပြီဖြစ်သော်လည်း သင်္ဘောကုန်းပတ်ပေါ်တွင် အနေအထားအမျိုးမျိုးဖြင့် ရှိနေကြသော ဟီရှီတာနှင့် သင်္ဘောသားများသည်တော့ အနည်းငယ် တုန်ယင်နေဆဲပင်။
အချိန် သုံးမိနစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ထိုအခါမှသာ ဟီရှီတာနှင့် အခြားသူများ တစ်ယောက်ကို တစ်ယောက် ရဲရဲတင်းတင်း ကြည့်နိုင်ကြလေသည်။
ဟီရှီတာသည် ခြောက်ကပ်နေသော လည်ချောင်းအား စိုစွတ်စေရန် တံတွေးတစ်ချက်မျိုချလိုက်ပြီး တုန်တုန်ယင်ယင်နှင့် သင်္ဘောဘေးသို့ လျှောက်သွားကာ ပင်လယ်ပြင်သို့ ငုံ့ကြည့်လိုက်သည်။
ပင်လယ်ရေပြင်သည် အနီရောင်သွေးကွက်များဖြင့် ပြည့်နေသော်လည်း မြွေကြီး သို့မဟုတ် ဓားငါးကြီး၏ အရိပ်အယောင် တစ်စိုးတစ်စမျှ ရှိမနေပေ။
'သူထွက်သွားပြီလား..'
ဟီရှီတာ အနည်းငယ် စိတ်သက်သာရာရသွားသည်။
သူသည် သူ့နောက်မှ လူများအား လက်ဝှေ့ယမ်းပြလိုက်သည်။
အခြားသင်္ဘောသားများ သူ့ဘေးသို့ လျှောက်လာကြပြီး မြွေကြီး၏ အရိပ်အယောင်ကို ရှာဖွေနေသကဲ့သို့ ရေမျက်နှာပြင်ကို ငုံ့ကြည့်ကြသည်။
'မြွေကြီးတကယ်ထွက်သွားပြီ..'
ဟီရှီတာနှင့် အခြားသင်္ဘောသားများသည် သက်ပြင်းများချလိုက်ကြသော်လည်း ထိုနေရာတွင် ဆက်မနေရဲတော့ပေ။ သူတို့သည် သင်္ဘောအတွင်းခန်းသို့ ဝင်ပြီး သင်္ဘောပဲ့အား ထိန်းကာ ထိုနေရာမှ အမြန်ထွက်ခွာလိုက်ကြသည်။
သူတို့သည် ဤသတင်းကို ပြန်ဖြန့်ရပေမည်။
မြောက်ပစိဖိတ်သမုဒ္ဒရာသည် မလုံခြုံတော့ပေ။ မြွေကြီးသည် ခရာကန်၏ စားသောက်ခြင်းကို မခံရဘဲ ၎င်းကို အနိုင်ယူကာ မြောက်ပစိဖိတ်သမုဒ္ဒရာကို သိမ်းပိုက်ထားခဲ့သည်။
...
ဖန့်ရန်သည် သန္ဓေပြောင်း ဓားငါးကြီးကို နေရာတစ်ခုသို့ ဆွဲယူသွားပြီး မျိုချသည်။
ဓားငါးကြီးကို မျိုချရန်အတွက် အချိန်များစွာ မကြာပေ။ ၎င်းအတွက် မိနစ်အနည်းငယ်သာ အသုံးပြုခဲ့ရသည်။
ဓားငါးကြီးကို ဂျပန်သင်္ဘောသားများဆီက လုယူစဉ်က ၎င်းတို့၏ မျက်နှာများထက်၌ ကြောက်ရွံ့မှုကို သဘာဝအတိုင်း မြင်တွေ့ခဲ့ရသည်။
ဖန့်ရန်သည် ယခင်ဘဝက အာရှသားဖြစ်ခဲ့သောကြောင့် ၎င်းတို့အား အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။
ဂျပန်နိုင်ငံက လူများကို မြင်တွေ့ပြီးနောက် ဖန့်ရန်သည် သူမည်သည့်နေရာ ရောက်နေသည်ကို ခန့်မှန်းမိလိုက်၏။ သူထင်တာ မမှားလျှင် ဂျပန်နိုင်ငံနှင့် မလှမ်းမကမ်းတွင် ရှိနေခြင်း ဖြစ်ရမည်။
၎င်းတို့၏ ကြောက်ရွံ့ထိတ်လန့်မှုသည် မဟုတ်အပ်ဟု သူယူဆသည်။ ၎င်းတို့သည် သူ့ကို စတင်တိုက်ခိုက်ခြင်း မပြုသ၍ ၎င်းတို့အား သွားရောက် ဒုက္ခပေးမည် မဟုတ်ပေ။ သူသည် သန္ဓေပြောင်း ဓားငါးကြီးကိုသာ စိတ်ဝင်စားခြင်း ဖြစ်သည်။
ဖန့်ရန်သည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ထိုအတွေးများကို ဖယ်ရှားကာ ဆက်လက်ခရီးထွက်လာတော့သည်။
...
ဤရက်ပိုင်းအတွင်း အင်တာနက်ပေါ်၌ ရေပန်းစားနေသော ခေါင်းစီးပို့စ်တစ်ခု ရှိသည်။
"သားရဲဘုရင် လေးပါးထဲက ဘယ်သူက အင်အားအကြီးဆုံးလို့ မင်းထင်လဲ..."
၎င်းပို့စ် တက်လာပြီးနောက် လူအများအပြားသည် ၎င်းတို့၏ ထင်မြင်ယူဆချက်ကို ဖော်ပြလာခဲ့သည်။
"သံသယဖြစ်စရာမလိုဘူး။ ခွန်အားအကြီးဆုံး သားရဲဘုရင်က စူပါမိုဆာဆောရပ်စ်ပဲ။ အယ်ဆင်းနီလို အချက်အချာမြို့ကြီးကိုတောင် ဒီကောင်က အပျက်အစီးပုံ ဖြစ်အောင် လုပ်ပစ်ခဲ့တာ.."
ထိုလူ၏ စကားများက ချဲ့ကားလွန်းနေ၏။ သို့သော်လည်း အချို့လူများက ၎င်းကို အသိအမှတ်ပြုထားကြသည်။
စူပါမိုဆာဆောရပ်စ်သည် သားရဲဘုရင် လေးပါးထဲမှ အစောဆုံး ပေါ်လာခဲ့သော ဘုရင်တစ်ပါးဖြစ်ပြီး ၎င်းတွင် အယ်ဆင်းနီမြို့တစ်ဝက်နီးပါးကို ဖျက်ဆီးခဲ့သော မှတ်တမ်းရှိခဲ့သည်။
၎င်းနှင့် နှိုင်းလျှင် သန္ဓေပြောင်း ညံ့က ကမ်းရိုးတန်းနိုင်ငံအချို့က ကမ်းစပ်များ၌ တည်ရှိသော ရွာအချို့ကိုသာ ဖျက်စီးသောင်းကျန်းခဲ့ခြင်း ဖြစ်သည်။ ခရာကန်သည်လည်း ၎င်းနှင့် သိပ်မကွာဘဲ ကမ်းခြေအနားမှာတင် ခဏခဏ မောင်းထုတ်ခံခဲ့ရသည်။
ဧရာမလိပ်ကြီးကမူ ၎င်းနှင့်ယှဥ်လျှင် အလွန်သေးငယ်သော လူသားများကိုတွေ့တိုင်း ၎င်း၏ အခွံအတွင်းသို့ ပုန်းခိုသွားတတ်သောကြောင့် သားရဲဘုရင် လေးပါး၏ အားအကောင်းဆုံး မဖြစ်နိုင်ပေ။
သို့သော်လည်း လူအချို့က ကန့်ကွက်ကြသည်။ ထိုလူများသည် သားရဲဘုရင်လေးပါး၏ မှတ်တမ်း အချက်အလက်များနှင့် အရွယ်အစားကို နှိုင်းယှဉ်၍ ဆုံးဖြတ်ခြင်းကို အစပြုခဲ့သည်။
ပင်လယ်လိပ်ကြီးသည် အရွယ်အစား အကြီးဆုံးဖြစ်ပြီး ကျန်သားရဲသုံးကောင်သည် ခန့်မှန်းခြေအားဖြင့် အရွယ်အစား တူညီကြ၏။
၎င်းပို့စ်ကို တင်ခဲ့သော သူတို့သည် ပျင်းရိဖွယ်ကောင်းသော ခွဲခြမ်းစိတ်ဖြာမှုကို အချိန်ပေး ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ခရာကန်က ခွန်အားအကြီးဆုံးဟု ကောက်ချက်ချခဲ့ကြသည်။
ဤသို့ ကောက်ချက်ချခဲ့ကြခြင်းတွင် ၎င်း၏ အလွန်ပျော့ပြောင်းကာ အထပ်မြင့်များစွာနှင့် တူညီသော လက်တံကြီးများက အရေးကြီးဆုံး အခန်းကဏ္ဍက ပါဝင်နေသည်။
ထို့အပြင် ၎င်းသားရဲကြီးတွင် စစ်သင်္ဘောအပါအဝင် သင်္ဘောအများအပြားကို ဖျက်ဆီးခဲ့သည့် မှတ်တမ်းများလည်း ရှိသည်။
ထို့အပြင် ၎င်းက မီတာခြောက်ဆယ် အရှည်ရှိသည့် မြွေကြီးကိုလည်း သတ်ခဲ့သေးသည်။
ပညာရှင်များ၏ ခန့်မှန်းမှုများအရ ၎င်းမြွေကြီးသည် ထိပ်တန်းအဆင့် သားရဲဖြစ်နိုင်ပြီး ဘုရင်အဆင့်ပင် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။
ခရာကန်သည် ၎င်း၏ လက်တံငါးချောင်းကို အသုံးပြုပြီး မြွေကြီးကို ရစ်ပတ်ခဲ့သော်လည်း ၎င်းမြွေကြီး၏ အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။ ၎င်းကပင် မြွေကြီး၏ ခံစစ်စွမ်းအားကို ဖော်ပြနေနိုင်ပြီ ဖြစ်သည်။
ဤကဲ့သို့ သန္ဓေပြောင်း သားရဲသည် သားရဲများကြားတွင်ပင် အလွန်ရှားပါး၏။ သို့သော်လည်း နောက်ဆုံးတွင် ၎င်းက ခရာကန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
၎င်းတို့ထုတ်ဖော်လာသော ထိုစကားအား အထူးသဖြင့် အရှေ့တောင်အာရှ၊ ဟွာရှက ထောက်ခံကြသည်။ ၎င်းတို့သည် ခရာကန်၏ အချိန်အတော်ကြာ ဒုက္ခပေးခံခဲ့ရသောကြောင့် ၎င်း၏ စွမ်းအားကို အထူးသိထားကြသည်။
တရုတ်ပြည်ရဲ့ များပြားလှသော လူဦးရေ၏ ထောက်ခံမှုဖြင့် ခရာကန်သည် ခွန်အားအကြီးဆုံး သားရဲဘုရင် ဘွဲ့ကို ရရှိခဲ့သည်။
သို့သော် ခရာကန်၏ ခွန်အားအကြီးဆုံး သားရဲဘုရင် ဘွဲ့ကို ရရှိပြီး သုံးရက်မြောက်နေ့၌ ဗီဒီယိုတစ်ခုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။
.....