မြွေကြီးကို လေ့လာခြင်း
Vol. 13 Ch. 179
ခွန်အားအကြီးဆုံး သားရဲဘုရင်က မည်သူနည်းနှင့် ပတ်သက်သော ကိစ္စရပ်သည် အင်တာနက်ပေါ်တွင် ဆွေးနွေးနေကြဆဲ ဖြစ်၏။
ယခင်ထောက်ခံမှုများကို ဟာသတစ်ခုဟုသာ မှတ်ယူလိုက်ကြပုံရသည်။
ယခုမူကာ ခရာကန်က ရှုံးနိမ့်သူ ဖြစ်သည်။
ထို့ကြောင့် မြွေကြီးသည် ခွန်အားအကြီးဆုံး သားရဲဘုရင် ဖြစ်သင့် ပေသည်လား။
လူအချို့က မြွေကြီးသည် အခြားထိပ်တန်းဘုရင်အဆင့် သားရဲများကို အနိုင်ယူနိုင်သည့်အတွက် ဤဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဟု ထင်ကြသော်လည်း အချို့လူများက ထိုသို့မထင်ကြပေ။
ယခင်က လူတိုင်းနီးပါးသည် ခရာကန်အတွက် မဲပေးခဲ့ကြသည်။ ထိုအထဲတွင် ဟွာရှက လူအများအပြားလည်း ပါရှိပေသည်။
ယခုမူကား...
ခရာကန်၏ ဂုဏ်ပုဒ်သည် ပျောက်ဆုံးသွားပြီး ၎င်းကို အနိုင်ယူခဲ့သော မြွေကြီး၏ ခွန်အားမှာ မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။
"သားရဲဘုရင်တွေ အချင်းချင်းတိုက်ခိုက်ကြရင် သိပ်ကောင်းမှာပဲ"
အင်တာနက်ပေါ်မှ လူတစ်ယောက်က ဤသို့မှတ်ချက်ရေးခဲ့သည်။
ထိုကဲ့သို့ ဖြစ်လာရန် အလွန်ခက်ခဲပေသည်။ သမုဒ္ဒရာများသည် အတူတကွ ချိတ်ဆက်ထားကြသော်လည်း ၎င်းတို့မှာ အလွန် ကျယ်ပြောလွန်းလှ၏။
သားရဲဘုရင်အချင်းချင်း ဆုံတွေ့ရန် အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင်။ မြွေကြီးနှင့် ခရာကန်တို့ အကြား ကြုံတွေ့ရသည်မှာလည်း မတော်တဆမှုတစ်ခုသာ ဖြစ်သည်။
သို့သော် အချို့သော အင်တာနက်အသုံးပြုသူများသည် ၎င်းဖြစ်နိုင်ချေကို အလေးအနက်ထား စဉ်းစားနေကြသည်။
တစ်စုံတစ်ယောက်က စတင်အကြံပြုပြီးနောက် အခြားသူများကလည်း ၎င်းတို့၏ အကြံဉာဏ်များကို ပြောပြကြသည်။ အချို့သူများက သားရဲဘုရင်များသည် အခြားသားရဲဘုရင်၏ ပိုက်နက် ဧရိယာကို ဝင်ရောက်နိုင်သည်ဟု ယူဆကြသည်။
အချို့က ၎င်းသားရဲဘုရင်ငါးကောင်စလုံးကို နှိမ်နှင်းရန် အပြာရောင်ကမ္ဘာဂြိုလ်၏ စစ်ရေးစွမ်းအားကို ထုတ်သုံးသင့်သည်ဟု ထင်မြင်ကြသည်။
စူပါမိုဆာဆောရပ်စ်၊ သန္ဓေပြောင်း ညံ့နှင့် ဧရာမလိပ်ကြီးတို့ အားလုံးသည် အသက်ရှူရန်အတွက် ပင်လယ်မျက်နှာပြင်ပေါ်သို့ တက်လာရန် လိုအပ်ပေမည်။
သို့သော် မြွေကြီးနှင့် ခရာကန်သည်တော့ ချွင်းချက် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤအချက်ကို အခြေခံ၍ ၎င်းတို့ကို နှိမ်နှင်းနိုင်လောက်သည်။
ခေါင်းကိုက်စရာများသော အင်တာနက်ပေါ်တွင် လူအများအပြားရှိပေသည်။ တချို့လူတွေက မြွေကြီးနှင့် အခြားသားရဲဘုရင်တွေကို နှိမ်နှင်းရန် ဖြစ်နိုင်သည့် နည်းလမ်းများ ပြောနေကြသည်။
ယခုအချိန်တွင် သားရဲဘုရင်ငါးကောင်သည် သမုဒ္ဒရာတစ်ခုစီကို သိမ်းပိုက်ထားသည်။
အတ္တလန္တိတ်သမုဒ္ဒရာတွင် စူပါမိုဆာဆောရပ်စ်၊ ပစိဖိတ်သမုဒ္ဒရာတွင် မြွေကြီး၊ အိန္ဒိယသမုဒ္ဒရာတွင် သန္ဓေပြောင်း ညံ့၊ အာတိတ်သမုဒ္ဒရာတွင် ဧရာမလိပ်ကြီးနှင့် အန္တာတိတ်က ခရာကန်တို့ ဖြစ်သည်။
ဤအချက်တွေကို အခြေခံ၍ အချို့လူများက သမုဒ္ဒရာ၏ သားရဲဘုရင်ငါးပါးဟု ခေါ်ဝေါ်ကြသည်။
အပျော်အပျက် ရည်ရွယ်ချက်ဖြင့် အင်တာနက်ပေါ်တွင် တင်ခဲ့သော ကျပန်းမှတ်ချက်တစ်ခုသည် အခြားသူများ အလေးအနက် ဖြစ်လာမည်ဟုတော့ ၎င်းကို စတင်ခဲ့သူကတော့ မျှော်လင့်မထားခဲ့ပေ။
၎င်းဆွေးနွေးမူကို ဖြစ်ပေါ်စေခဲ့သော ဖန့်ရန်သည် ကျပန်း ဦးတည်ချက်ဖြင့် ရေကူးနေသည်။
အမဲလိုက်ခြင်းကို အခါအားလျော်စွာ သူက ပြောင်းရွေ့တတ်ပေသည်။
...
ကားစ်၏ ဗွီဒီယိုဖိုင်ကို ဖြန့်ချီပြီးသည့်နောက် မြွေကြီးနှင့် ကြုံတွေ့ခဲ့ရသော နေရာကို အမေရိကန်နိုင်ငံသည် ဂြိုလ်တုကတဆင့် အတည်ပြုကာ စစ်သင်္ဘောနှစ်စင်းကို စေလွှတ်ခဲ့သည်။
အိုကီဝါနာ(Okinawa) မှ ထွက်ခွာလာသော စစ်သင်္ဘောနှစ်စင်းတွင် ပစ်မှတ်တစ်ခုရှိပြီး ဦးခေါင်းမဲ့ ယင်ကောင်များလို ဦးတည်ရာမဲ့ လျှောက်မောင်းနေခြင်း မဟုတ်ပေ။
Burke-class အမည်ရှိ ၎င်းအဖျက်သင်္ဘောနှစ်စင်းသည် မီတာ (၁၅၀) ကျော်ရှည်လျားပြီး မီတာ (၂၀) ကျော် ကျယ်ပြန့်ကာ တန်ချိန် (၉၀၀၀) ကျော်ကို တင်ဆောင် ရွှေ့ပြောင်းခံနိုင်သည်။
စစ်သင်္ဘောနှစ်စင်းသည် မြွေကြီး ထွက်ပေါ်လာခဲ့သော ဂျပန်နိုင်ငံ၏ အရှေ့တောင်ဘက် ရေမိုင် (၅၀၀) ခန့်အကွာသို့ ရောက်ရှိလာခဲ့သည်။
၎င်းတို့သည် အချိန်နှင့် တစ်ပြေးညီ ဂြိုလ်တုဓါတ်ပုံများကို ရရှိနေ၏။ စစ်သင်္ဘောနှစ်စင်းသည် (၅) ကီလိုမီတာခန့် သွားပြီး မကြာမီမှာပင် ပစ်မှတ်ကို တွေ့လိုက်ရ၏။
စစ်သင်္ဘောနှစ်စင်း ရှေ့ဆက်မသွားတော့ပေ။ ၎င်းတို့၏ ဤခရီးစဉ် ရည်ရွယ်ချက်သည် မြွေကြီးနှင့် ထိတ်တိုက်ရင်ဆိုင်ရန် မဟုတ်ချေ။
အမေရိကန်အစိုးရ၏ မှန်းဆချက်တွင် မြွေကြီး၌ စူပါမိုဆာဆောရပ်စ်ထက် ပိုသည့် ပုံမှန်မဟုတ်သော ကာကွယ်မှုတစ်ခုရှိသော်လည်း ၎င်းသည် သူတို့အတွက် ဆွဲဆောင်နိုင်စွမ်းမရှိတော့ပေ။
၎င်းက သူတို့သည် စူပါမိုဆာဆောရပ်စ်၏ အကြေးခွံကို ရရှိခဲ့စဥ်က ခွဲခြမ်းစိတ်ဖြာခြင်း၏ ရလဒ်သည် မော်လီကျူးအမျိုးမျိုး၏ သိပ်သည်းဆ အထူးမြင့်မားခြင်းသာ ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းတို့တွင် ရောနှောထားသော အထူးဒြပ်စင်များ ရှိမနေပေ။ ထိုကြောင့် ဧရာမြွေကြီးသည်လည်း အလားတူပင် ဖြစ်နိုင်လေသည်။
သို့သော် ၎င်းကို လေ့လာရန်တော့ လိုအပ်နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင်တော့ မြွေကြီး၏ ကာကွယ်ရေးသည် စူပါမိုဆာဆောရပ်စ်ထက် ပိုသည့် အစွမ်းရှိပေသည်။
စစ်သင်္ဘောနှစ်စင်း၏ တာဝန် ( ခေါ် ) မစ်ရှင်သည် ဧရာမမြွေကြီး၏ အမျိုးမျိုးသော အလေ့အထများကို လေ့လာရန်ဖြစ်ပြီး ၎င်းနှင့် ပတ်သက်၍ ထူးခြားမူ တစ်စုံတစ်ရာရှိလျှင် သတင်းပို့ရန် ဖြစ်သည်။
မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပျံသန်းစေပြီး ၎င်းတို့သည် ဓာတ်ပုံ (သို့) ဗီဒီယိုကို ရယူ ရိုက်ကူးခဲ့သည်။
မောင်းသူမဲ့လေယာဉ်များမှ ဖမ်းယူရရှိသည်များအရ မြွေကြီးသည် ပင်လယ်ရေမျက်နှာပြင်အနီး၌ ထိတ်လန့်တုန်လှုပ်နေသည့် တောင်ပံပါသော ရေနေသန္ဓေပြောင်း သားရဲတစ်ကောင်ကို လိုက်ဖမ်းနေကြောင်း သိလိုက်ရသည်။
၎င်း၏ ခန္ဓာကိုယ်သည် မီတာ (၄၀) ကျော်ရှည်ပြီး ခန္ဓာကိုယ်သည် အလွန်မာကြောပြီး ရက်စက်ကြမ်းတမ်းပုံရ၏။ သို့သော်ငြား ဧရာမမြွေကြီး၏ လိုက်ဖမ်းခြင်းအောက်တွင် ၎င်းသည် ယုန်ကဲ့သို့ ထိတ်လန့်နေလေသည်။
၎င်းတို့အတွက် ဤအရာသည် အံ့အားသင့်စရာ မဟုတ်ပေ။ နောက်ဆုံးတွင်တော့ ဧရာမမြွေကြီးသည် ရေဘဝဲကြီးကို အနိုင်ယူနိုင်သည့် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းအတွက် မည့်သည့် ကြီးမားသော သားရဲမဆို သားရဲဘုရင်အဖြစ် မသတ်မှတ်နိုင်သေးသ၍ အလွယ်တကူ အမဲလိုက်နိုင်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
သို့သော် နောက်တစ်ကြိမ်တွင် သူတို့သည် မြွေကြီး၏ ခန္ဓာကိုယ်မှ အပြာရောင်လျှပ်စစ်များ ထွက်ပေါ်လာခြင်းကို ရုတ်တရက် တွေ့လိုက်ရသည်။
မြွေကြီး၏ အရှေ့က သားရဲသည် ထုံကျင်သွားပြီး အောက်ဘက်သို့ ကျဆင်းတော့မည် ဖြစ်သည်။
ထိုနောက် မြွေကြီးသည် ၎င်းနောက်မှ လိုက်ဖမ်းလိုက်ပြီး ရေအောက်သို့ ဆွဲချလိုက်သည်။
ဤနောက် မြွေကြီးသည် ရေအောက်သို့ ငုတ်လျို့ ပျောက်ကွယ်သွားတော့သည်။
၎င်းသားရဲက လျှပ်စစ်ဆိုင်ရာ အစွမ်းသတ္တိ ရှိနေသည်လား။
ထို့အပြင် လျှပ်စစ်ဗို့အားသည်လည်း အားပြင်းပုံရသည်။
၎င်းရှာဖွေတွေ့ရှိမှုကို စစ်သင်္ဘောပေါ်က အရာရှိတချို့က ဌာနချုပ်သို့ သတင်းပြန်ပို့လိုက်သည်။ အကယ်၍ သူတို့သာ အနာဂတ်တွင် မြွေကြီးကို ကိုင်တွယ်မည်ဆိုလျှင် ၎င်းသည် အရေးပါလာနိုင်၏။
ထိုရက်အနည်းငယ်တွင် စစ်သင်္ဘောနှစ်စင်းသည် ဂြိုလ်တုတွေရဲ့ အကူအညီနဲ့ ဧရာမမြွေကြီးကို စောင့်ကြည့်နေကြစဥ် နောက်ထပ် ထိတ်လန့်ဖွယ်အချက်ကို တွေရှိခဲ့လေသည်။
ဧရာမမြွေကြီး၏ အစာအိမ်သည် တွင်းနက်တစ်ခုပေလော။ ကြည့်ရသည်မှာ ၎င်းတွင် မြန်ဆန်သည့် အစာခြေစွမ်းရည် ရှိပုံရသည်။
ထို့အပြင် ဧရာမမြွေကြီးသည် အမဲလိုက်ခြင်းတွင် လျှပ်စစ်ဓာတ်ကို ထုတ်သုံးပြီးနောက် အားလပ်ချိန်တွင် နေရောင်အောက်မှာ လှဲတတ်နေသည်။
လျှပ်စစ်ကို အသုံးပြုနိုင်သည့် လျှပ်စစ်ငါးရှဥ်ကဲ့သို့ လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်နိုင်သော သားရဲများ သမုဒ္ဒရာအတွင်း၌ ရှိပေသည်။
၎င်းတို့သည် ငြိမ်ဝပ်စွာစားသောက်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်ကနေ စွမ်းအင်များ စုဆောင်းလေ့ရှိသည်လား။
ထိုကဲ့သို့ ထင်မြင်ချက်ကို ဘယ်သူမှ လက်မခံနိုင်ပေ။
လူအချို့က ဧရာမမြွေကြီးသည် နေပူဆာလှုံခြင်းသည် ၎င်း၏ ခန္ဓာကိုယ်သည် အနွေးဓာတ်လိုခြင်းကြောင့် (သို့) ကပ်ပါးကောင်များကို သတ်ရန် ခရမ်းလွန်ရောင်ခြည်ကို သဘာဝအလျောက် အသုံးပြုခြင်းသာ ဖြစ်မည်ဟု ဆိုလေသည်။
နောက်ဆုံးတွင် ၎င်းသည် ရေနက်ပိုင်းတွင် အမဲလိုက်သည့် အခါတိုင်း လျှပ်စစ်ဓာတ်ကို ပုံမှန်အားဖြင့် ထုတ်လွှတ်ပေသည်။
ထိုကြောင့် လျှပ်စစ်ဓာတ်ကို အသုံးပြုပြီးနောက် နေရောင်ခြည်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင် ပြန်လည်ဖြည့်ဆည်းခြင်း ဖြစ်နိုင်ပေသည်။
သို့သော် ၎င်းအချက်မှာ အဆက်အစပ်မရှိသလို အဓိပ္ပာယ်လည်း မရှိချေ။
ဤဖော်ပြချက်သည် ကျိုးကြောင်းဆီလျော်သော်လည်း သူတို့အနေနှင့် သက်သေအထောက်အထားများ ပိုလိုအပ်ပေသည်။
ဧရာမမြွေကြီး၏ နေရောင်ခြည်စွမ်းအင် အသုံးပြုမူနှင့် စပ်လျဉ်းသည် ထက်စာလျှင် အာတိတ်သမုဒ္ဒရာရှိ ဧရာမလိပ်ကြီးသည် လူအများ၏ အကျိုးစီးပွားရှာလိုစိတ်ကို နှိုးဆွပေးခဲ့လေသည်။
တစ်စုံတစ်ယောက်က ဧရာမလိပ်ကြီး၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့၏။
၎င်းသည် မြွေကြီး၏ လျှပ်စစ်နှင့် ပတ်သတ်သော ရှာဖွေတွေ့ရှိမှုထက် သာလွန်သည့် ထိတ်လန့်စရာ ကိစ္စရပ် ဖြစ်သည်။
.....