← Chapters

ဧရာမလိပ်ကြီး၏ လျို့ဝှက်ချက်

Vol. 13 Ch. 180

ဧရာမလိပ်ကြီး၏ လျို့ဝှက်ချက်

Vol. 13 Ch. 180

ဧရာမလိပ်ကြီး၏ အန္တရာယ်ကင်းမှုကို ကောင်းစွာ အသိအမှတ်ပြုရမည်။ အလွန်ကြီးမားသည့် တောင်ကုန်းသဖွယ် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် လူသားများကို တိုက်ခိုက်လေ့မရှိပေ။

ဧရာမလိပ်ကြီးသည် ၎င်း၏ လေးလံသော လိပ်ခွံကို သယ်ဆောင်ပြီး အာတိတ်သမုဒ္ဒရာအတွင်း ဖြည်းဖြည်းချင်းရေကူးတတ်သည်။ များသောအားဖြင့် ၎င်းသည် ရုရှားနိုင်ငံ၏ ဘေး Laptev ပင်လယ်မျက်နှာပြင်တွင် ရှိတတ်သည်။

၎င်းသည် ပင်လယ်ပြင်မျက်နှာပြင်ပေါ်တွင် စဥ်အမြဲပေါ်လောမျောနေပြီး လေထန်ခြင်းဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ ပင်လယ်ထဲသို့ အလွယ်တကူ ပြန်မငုတ်တတ်ပေ။

ထို့ကြောင့် ၎င်း၏ လိပ်ခွံကို ပေါင်းပင်အမျိုးမျိုးက ဖုံးလွှမ်းထားပြီး သဲကန္တာရ ကျွန်းတစ်ကျွန်းနှင့် တူလို့နေသည်။

ရုရှား (အညိုရောင် ဝက်ဝံ) နိုင်ငံသည်လည်း ဧရာမလိပ်ကြီးကို နှစ်သက်ပေသည်။ ဧရာမလိပ်ကြီးသည် ၎င်းပင်လယ်တွင် တစ်နှစ်ပတ်လုံး နေနေတတ်ခြင်းကြောင့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာတစ်ခု ဖြစ်နေလေသည်။

(အညိုရောင် ဝက်ဝံသည်၊ ရုရှားနိုင်ငံ၏ အထင်ကရ သင်္ကေတတစ်ခု ဖြစ်သည်။)

ကမ္ဘာတစ်ဝှမ်းလုံးမှ လူများစွာသည် အန္တရာယ်ကင်းသော ဧရာမလိပ်ကြီးကို မြင်တွေ့နိုင်ရန်အတွက် Laptev ပင်လယ်သို့ လာကြသည်။

၎င်းတို့ထက် အရေးကြီးသည်မှာ ဧရာမလိပ်ကြီး၏ အနီးတွင် ရေနေအဏ္ဏဝါသားရဲများ အမြဲလိုလို ရှိနေခြင်း ဖြစ်သည်။

သို့သော် ၎င်းအနီးသို့ လာသည့် ရေနေအဏ္ဏဝါသားရဲ အများစုသည် ဧရာမလိပ်ကြီး၏ အစားအစာ ရှာဖွေရေးလုပ်ငန်းစဥ်တွင် စားသုံးခံရလေ့ရှိသည်။

ဤအချက်ကြောင့် ရုရှားနိုင်ငံသည် နေ့တိုင်း ဧရာမလိပ်ကြီး၏ အနီးတွင် သန္ဓေပြောင်းသားရဲများနှင့် ရှေးဟောင်း သားရဲများကို များစွာဖမ်းမိလေ့ရှိသည်။

ယနေ့တွင် ရုရှားနိုင်ငံ၏ ငါးဖမ်းလှေများသည် သန္ဓေပြောင်းသားရဲများနှင့် ရှေးဟောင်းသားရဲများကို ဖမ်းရန် ပုံမှန်အတိုင်း ဧရာမလိပ်ကြီး၏ အနီးသို့ ရောက်လာခဲ့သည်။

ဧရာမလိပ်ကြီးသည် မူလက အစာစားနေခဲ့သော်လည်း ငါးဖမ်းလှေများ ဆိုက်ရောက်လာခြင်းကို သတိပြုမိပြီးနောက် ၎င်းသည် ချက်ချင်းပင် လိပ်ခွံအတွင်းသို့ ဝင်၍ မလှုပ်မယှက်ဖြင့် ပင်လယ်ပေါ်မှာ တိတ်တဆိတ်မျောနေတော့သည်။

ငါးဖမ်းလှေများရှိ တံငါသည်များသည် ငါးဖမ်းရန် ပြင်ဆင်နေကြ၏။ ထိုစဥ် လူတစ်ချို့က လိပ်ခွံပေါ်တက်သွားကြပြီး နေရာအနှံ့ လျှောက်သွားကြသည်။

သူတို့သည် လိပ်ခွံ၏ ဗဟိုချက်သို့ ရောက်သောအခါ ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်ရသည်။

၎င်းသည် ထူးဆန်းသော အဆင်းသဏ္ဍာန်နှင့် မွှေးရနံ့နှင့် အသားလင်းဇီမှိုနှင့် ဆင်တူလေသည်။ (ဝူရှနှင့် ရှန်ရှများတွင် အသုံးပြုလေ့ရှိသည့် ရှားပါးသော ဆေးပင်တစ်မျိုး)

အသားလင်းဇီမှို၏ မူးယစ်ထုံသင်းသည့် အမွှေးနံ့သည် ပျံ့လွင့်နေ၏။

ထိုနောက် တံငါသည်များသည် စုရုံးလိုက်ကြပြီး ၎င်းကို ဘယ်လိုတူးယူကြမလဲဆိုတာ ချက်ချင်းဆွေးနွေးကြသည်။

ဆွေးနွေးပြီးနောက် ၎င်းတို့သည် အသားလင်းဇီမှို၏ ပတ်ပတ်လည် မြေဆီလွှာကို ဂရုတစိုက်တူးပြီး နောက်ဆုံးအဆင့်ရောက်ချိန်တွင် အသားလင်းဇီမှိုသည် လိပ်ခွံနှင့် ချိတ်ဆက်ထားသည်ကို မြင်လိုက်ကြရလေသည်။

ဤအရာသည် ဧရာမလိပ်ကြီး၏ လျှို့ဝှက်ချက် တစ်ခုပေလော။

နောက်ဆုံးတွင် တံငါသည်များသည် ဧရာမလိပ်ကြီး၏ နောက်ကျောမှ အသားလင်းဇီမှိုကို အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်။

အသားလင်းဇီမှိုသည် သက်ဆိုင်ရာ သိပ္ပံပညာရှင်များ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

သိပ္ပံပညာရှင်များ၏ သုတေသနအရ အသားလင်းဇီမှိုတွင် အိုမင်မူကို နှောင်နှေးစေသော တက်ကြွသည့် ဂုဏ်သတ္တိပါဝင်နေကြောင်း သိလိုက်ရသည်။

၎င်းသည် လူသားတို့၏ သက်တမ်းအကန့်အသက်ကိုပင် တိုးချဲ့နိုင်လေသည်။

သို့သော် ၎င်းက သိပ်မကြာလှသော အနာဂတ်တွင်သာ ဖြစ်သည်။ ယခုလောလောဆယ်တော့ အသေးစိတ်သုတေသန ပြုလုပ်ရန် အချက်အလက်တွေ လိုအပ်နေသေးသည်။

၎င်းသတင်းကို ရုရှားနိုင်ငံက ပေါက်ကြားစေခဲ့သည်မှာ ငွေရှာဖို့ အခွင့်အရေးကောင်းတစ်ခုလို့ သူတို့ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

အရင်က မြွေကြီးကို လူတိုင်းက အာရုံစိုက်နေကြခြင်း ဖြစ်သည်။ ယခုတော့ အာတိတ်သမုဒ္ဒရာရှိ ဧရာမလိပ်ကြီးက လူတိုင်း၏ အာရုံစူးစိုက်မှုကို လုံးဝဆွဲဆောင်သွားခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် နိုင်ငံအသီးသီးမှ ဒဏ္ဍာရီလာပုံပြင်များနှင့် ဝတ္ထုများကို ယုံကြည်ကြသူများ ရူးသွတ်သွားကြသည်။

အဓိက အလှကုန်ကုမ္ပဏီများ၏ စတော့ရှယ်ယာ ဈေးနှုန်းများသည်လည်း ကျဆင်းသွားကြသည်။

အင်တာနက်ပေါ်တွင် အသားလင်းဇီမှိုသည် အိုမင်းခြင်းကို တိုက်ဖျက်နိုင်ကြောင်း ကောလာဟလများစွာရှိသည်။

ဤအချိန်တွင် ရုရှားနိုင်ငံသည် ဧရာမလိပ်ကြီးကို ကြည့်ရှုခြင်းဆိုသော အစီအစဉ်ကို ပိတ်ထားပြီး ၎င်းကို အနီးကပ် လေ့လာစောင့်ကြည့်ခဲ့သည်။

၎င်းသည် အခြားနိုင်ငံများကို ဧရာမလိပ်ကြီးအတွက် စိတ်အနှောက်အယှက် မဖြစ်ပေါ်စေရန် တားဆီးခြင်း ဖြစ်သည်။

သူတို့သည် ဧရာမလိပ်ကြီးကို သူတို့ကိုယ်ပိုင်အဖြစ် မှတ်ယူလိုက်ကြပြီ ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံ၏ ကျွမ်းကျင်သူများက သူတို့သုတေသနလုပ်ငန်းစဉ်၏ ဗွီဒီယိုအချက်အလက်များကို ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ ကိုယ်စားလှယ်သည် ထိုစမ်းသပ်မူ နိဂုံးအဆုံးသတ်နှင့် ပတ်သက်ပြီး သံသယများကို ဖော်ပြခဲ့ကာ ဧရာမလိပ်ကြီးသည် ရုရှားနိုင်ငံနှင့် မသက်ဆိုင်ကြောင်း ပြန်လည်း ရှင်းလင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ စကားများကို သဘာဝကျကျ လျစ်လျူရှုခဲ့လေသည်။

နောက်ဆုံးတွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သည် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အစောပိုင်းရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ ပေးအပ်ခဲ့သည်။

အသားလင်းဇီမှို သုတေသနတွင် တစ်ဒါဇင်ကျော်သော နိုင်ငံများမှ ပူးပေါင်းပါဝင်ခဲ့ပြီး အဓိကနိုင်ငံများမှာ ဟွာရှ၊ ဂျပန်နှင့် ရုရှားတို့ ဖြစ်သည်။

အမေရိကန်နိုင်ငံကိုတော့ ဤပြိုင်ပွဲမှ ကန်ထုတ်လိုက်သည်။

သို့သော် အမေရိကန်နိုင်ငံကလည်း ၎င်းကို ဂရုမစိုက်ခဲ့ပေ။

ယခင်က ထိုထိပ်တန်းအဆင့်ဖြစ်သော သန္ဓေပြောင်းသားရဲများသည် ထူးခြားသည့်အရာမဟုတ်ဟု သူတို့ထင်မြင်ခဲ့ကြသော်လည်း ယခုအခါ သူတို့၏ ထင်မြင်ယူဆချက်မှာ မှားယွင်းနေပုံရသည်။

ဧရာမလိပ်ကြီးတွင် အသားလင်းဇီမှို ရှိသည်။ စူပါမိုဆာဆောရပ်စ်တွင်ကော။

အမေရိကန်နိုင်ငံသည် စူပါမိုဆာဆောရပ်စ်ကို ဖမ်းဆီးရန် နည်းလမ်းတစ်ခု ရှာတွေ့ထားသည်။

ထို့အပြင် သူတို့သည် စူပါမိုဆာဆောရပ်စ်ကို ဖမ်းလိုယုံသာမက ဧရာမမြွေကြီးကိုလည်း ဖမ်းလိုကြသည်။

လျို့ဝှက်ဆန်းကြယ်သည့် အရာနှင့် စပ်လျဉ်းလျှင် ဧရာမမြွေကြီးက ထူးခြားမှု အရှိဆုံး ဖြစ်သည်။

"ထိပ်တန်းအဆင့် သန္ဓေပြောင်းသားရဲတိုင်းမှာ လျှို့ဝှက်ချက်တစ်ခု ရှိမယ်ဆိုရင် ဧရာမမြွေကြီးရဲ့ လျှို့ဝှက်ချက်က အကြီးမားဆုံး ဖြစ်လိမ့်မယ်"

အစည်းအဝေးတွင် အရာရှိတစ်ယောက်က ပြောခဲ့ခြင်း ဖြစ်သည်။

ဤအချိန်အတောအတွင်း ၎င်းတို့သည် မြောက်ပစိဖိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာကို စောင့်ကြည့်လေ့လာရန် ဂြိုလ်တုများကို စတင်စေသည်။

၎င်းပင်လယ်ဒေသ နှစ်ခုကို စစ်သင်္ဘောတွေကလည်း ကင်းလှည့်သည်။

ပထမဆုံး တွေ့ခဲ့ရသော ဧရာမမြွေကြီးသည်တော့ ပျောက်ခြင်းမလှ ပျောက်နေခဲ့ပြီ ဖြစ်သည်။

သို့သော် အတ္တလန္တိတ်သမုဒ္ဒရာတွင် တစ်စုံတစ်ယောက်က စူပါမိုဆာဆောရပ်စ်၏ သဲလွန်စကို တွေ့ရှိခဲ့သည်။

ထိုအချိန်တွင် စူပါမိုဆာဆောရပ်စ်သည် အကြီးစား ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ မြန်ဆန်လှသော သတင်းအချက်အလက်များအောက်တွင် စစ်သင်္ဘောများနှင့် စစ်လေယာဥ်များ မြန်ဆန်စွာ ရောက်ရှိသွားပြီး စူပါမိုဆာဆောရပ်စ်ကို တိုက်ခိုက်တော့သည်။

စူပါမိုဆာဆောရပ်စ်သည် ဧရာမမြွေကြီးမဟုတ်ပေ။

၎င်း၏ အကြေးခွံများသည် ကာကွယ်မှုအား မြင့်မားသော်လည်း စက်သေနတ်များ အရူးသဖွယ် ပစ်ခတ်မူနှင့် ဗုံးကြဲတိုက်ခိုက်မှုတို့အောက်တွင် ဒဏ်ရာများရလာလေသည်။

ဒဏ်ရာများ များပြားလာချိန်တွင် စူပါမိုဆာဆောရပ်စ်သည် ရေငုတ်ထွက်ပြေးလေတော့သည်။

ဂြိုလ်တုများနှင့် စောင့်ကြည့်နေကြသည်။ စူပါမိုဆာဆောရပ်စ်သာ ပြန်ပေါ်လာပါက ၎င်းတို့သည် ရုံးချုပ်သို့ ချက်ချင်းသတင်းပေးပို့ပေလိမ့်မည်။

ရက်အနည်းငယ်မှာ စူပါမိုဆာဆောရပ်စ် နောက်တစ်ခါပြန်ပေါ်လာသည်။

၎င်းသည် အောက်စီဂျင်လိုအပ်မူကို ပြန်လည်ဖြည့်တင်းရန် ကြိုးစားနေသော်လည်း ရဟတ်ယာဉ်တစ်စင်းမှ ပျံသန်းလာပြီး တိုက်ခိုက်လာသည့်အတွက် ဒဏ်ရာများနှင့် ထွက်ပြေးတိမ်းရှောင်ရပြန်သည်။

တစ်လကျော်ကြာပြီးနောက် စူပါမိုဆာဆောရပ်စ်သည် အမေရိကန်နိုင်ငံ၏ တိုက်ခိုက်မူကြောင့် ၎င်း၏ ဒဏ်ရာများ ဆိုးသထက် ဆိုးလာတော့သည်။

အကယ်၍ ၎င်းတွင်သာ အသိဉာဏ်ပညာနှင့် အကာအကွယ်သာ အလုံအလောက်မရှိပါက အမေရိကန်နိုင်ငံ၏ ရှေ့မှောက်၌ ပေါ်လာခြင်းက ဝမ်းနည်းစရာအဆုံးသတ် ဖြစ်သွားနိုင်သည်။

စူပါမိုဆာဆောရပ်စ်သည် အလွန်ပင်ပန်းနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်အပေါ်တွင် ဒဏ်ရာများစွာ ရှိနေသည်။

စူပါမိုဆာဆောရပ်စ် ဝိုင်ယီကျွန်းများ အနီးရောက်ရှိလာစဉ် ကြားဖြတ် တိုက်ခိုက်ခံရပြန်သည်။

စစ်သင်္ဘောလေးစင်းသည် စူပါမိုဆာဆောရပ်စ်ကို အလယ်၌ ဝိုင်းရံထားသည်။ ၎င်းတို့သည် လေယာဉ်တင်သင်္ဘောများ ဖြစ်သည်။

ဒဏ်ရာအပြင်းအထန် ရရှိထားသော စူပါမိုဆာဆောရပ်စ်ကို အမေရိကန်နိုင်ငံက သတ်မပစ်ပေ။ သူတို့သည် အထူးငါးဖမ်းပိုက်ကို အသုံးပြုကာ မေ့ဆေးမှိတ်ကို အသုံးပြုလိုက်သည်။

.....

All Chapters