← Chapters

သူခိုးကောင် ဧရာမမြွေကြီး

Vol. 13 Ch. 181

သူခိုးကောင် ဧရာမမြွေကြီး

Vol. 13 Ch. 181

"နောက်ဆုံးတော့ ငါတို့ ဒီကောင်လေးကို ဖမ်းမိပြီ"

"ငါက အကြိမ်အနည်းငယ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားရမယ် ထင်ထားတာ။ လတ်စသတ်တော့ ဒီကောင်လေးမှာ ခွန်အားမရှိတော့ဘူးပဲ"

"အိုကေ ငါ့ကောင်တွေ ငါတို့ ကောင်လေးတစ်ယောက်ကို ထုံဆေးထိုးပေးဖို့ လိုနေတယ်"

ဆက်သွယ်ရေးလမ်းကြောင်းစက်က အသံစီးရီးများ ထွက်ပေါ်နေသည်။

ပင်လယ်အထက်တွင် ရှိနေသော ရဟတ်ယာဉ်ခြောက်စီး၏ အဟုန်းပြင်းသောလေသည် ပင်လယ်ရေမျက်နှာပြင်ကို ဂယက်ထနေစေသည်။

ရဟတ်ယာဉ်ခြောက်စီအောက်မှာတော့ အနက်ရောင်အရိပ်ကြီးသည် ရေပြင်အလယ်မှာ ပိုက်ကွန်ဖြင့် ဆိုင်းငံ့ခံထားရ၏။ ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ကြောက်စရာကောင်းသော ဒဏ်ရာဒဏ်ချက်များက ဖုံးလွှမ်းထားသည်။

၎င်းသည် စစ်သင်္ဘောနှင့် ရဟတ်ယာဉ်တို့ဖြင့် လိုက်ဖမ်းထားသော စူပါမိုဆာဆောရပ်စ် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် အားနည်းနေသည့်အပြင် ပိုက်ကွန်ထဲ၌ပါ ချုပ်ထားခံရသဖြင့် ကြီးမားသော လှုပ်ရှားမှုများပြုလုပ်ရန် ခွန်အားမရှိပေ။

ဤအခြေအနေသည် အမေရိကန်သားများကို အလွန်စိတ်လှုပ်ရှားစေသည်။

၎င်းသားရဲကို ဖမ်းနိုင်ရန်အတွက် သူတို့တွေ တစ်လကျော်ကြာ အလုပ်များခဲ့ရသည်။

အခုတော့ စူပါမိုဆာဆောရပ်စ်ကို သူတို့ဖမ်းမိခဲ့ပြီ ဖြစ်သည်။

ရဟတ်ယာဉ်တစ်စင်း စူပါမိုဆာဆောရပ်စ်၏ အထက်သို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာသည်။ တစ်ချိန်တည်းမှာပင် စစ်သားတစ်ယောက်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြိုးကို ဆိုင်းဆွဲထားကာ ၎င်းမှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

သူသည်လေထဲတွင် လွင့်မျောနေသော်လည်း မေ့ဆေးသေနတ်ကို ကိုင်ထားသည်။

၎င်းမေ့ဆေးသေနတ်သည် မိုဆာဆောရပ်စ်အတွက် အထူးပြင်ဆင်ထားသည့် အရာဖြစ်ပေသည်။

"အိုကေ။ မင်းအလုပ်စနိုင်ပြီ "

နားကြပ်ကနေ အသံတစ်သံထွက်လာသည်နှင့် ရဟတ်ယာဉ် အောက်ခြေ ကြိုးပေါ်ဆိုင်းဆွဲနေသော လူငယ်သည် သူ၏ လက်ထဲတွင် ကိုင်ထားသော သေနတ်ဖြင့် စူပါမိုဆာဆောရပ်စ်ကို ချိန်ရွယ်လိုက်သည်။

ချိန်ရွယ်လိုက်သော ရည်ရွယ်ချက်မှာ တိကျရန်ဖြစ်သည်။ စူပါမိုဆာဆောရပ်သည် ဒဏ်ရာအပြင်းအထန် ရထားသော်လည်း ၎င်း၏ မာကျောသည့် အကြေးခွံကို သာမာန်လက်နက်များနှင့် ထိုးဖောက်ရန် မဖြစ်နိုင်ချေ။

ထိုကြောင့် သွေးမဲများ စီးကျနေသည့် နေရာကို အတိအကျ ချိန်ကာ ဆန်းခ် ပစ်လိုက်တော့သည်။

ဗွက်!

မည်သည့် မတော်တဆမှုမှ ရှိမလာခဲ့ဘဲ သူ၏ မေ့ဆေးပြွန်သည် စူပါမိုဆာဆောရပ်စ်၏ အသားကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားခဲ့သည်။

ထိုနောက် မေ့ဆေးပြွန်သည် အတွင်းမှ ပွင့်ထွက်သွားကာ စူပါမိုဆာဆောရပ်စ်၏ ကြွက်သားတစ်သျှူးများသို့ တိုးဝင်သွားသည်။

" ဂါး ...! "

မေ့ဆေးပြွန်သည် နူးညံ့သော အသားဆိုင်ထဲသို့ ထိုးဖောက်ခြင်းဖြင့် ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်စေကာ စူပါမိုဆာဆောရပ်စ်ကို ဒေါသတကြီး အော်မည်စေပြီး ပြင်းထန်စွာရုန်းကန်စေသည်။

ဆန်ခ်သည် သူ၏ မျက်နှာကို တိုက်ရိုက်စိုစွတ်သွားစေနိုင်သည့် ပင်လယ်ရေကို မျက်နှာလွှဲရှောင်လိုက်သည်။

"ဟေး မိုက်ကယ် ငါ့ကို ဆွဲတင်တော့။ ဒီကောင်က ကြမ်းတမ်းလွန်းတယ် ငါသူနဲ့ မရင်းနှီးချင်ဘူး"

သူနှင့် စူပါမိုဆာဆောရပ်စ်သည် လေးမီတာ၊ ငါးမီတာသာ ကွာဝေးသည်။ ကံကောင်းထောက်မစွာဖြင့် စူပါမိုဆာဆောရပ်စ် ဒဏ်ရာရပြီး အခြေအနေဆိုးနေသည်။ အကယ်၍ ၎င်းသာ ဒဏ်ရာမရထားလျှင် သူမျိုချခံရနိုင်လေသည်။

ထိုနောက် မေ့ဆေး၏ အကျိုးအာနိသင်သည် စတင်အကျိုးသက်ရောက်လာခဲ့ပြီး အချိန်အတော်ကြာပြီးနောက် စူပါမိုဆာဆောရပ်စ် လှုပ်မယှက်ဖြစ်သွားသည်။

၎င်းမြင်ကွင်းကို မြင်ပြီးနောက် ရဟတ်ယာဉ်များသည် သံချိတ်တွေကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။ ၎င်းသံချိတ်တွေသည် စူပါမိုဆာဆောရပ်စ်၏ ခန္ဓာကိုယ်ပေါ်ရှိ ပိုက်ကွန်ကိုချိတ်ဆွဲရန် အသုံးပြုမည် ဖြစ်သည်။

ပိုက်ကွန်နှင့် သံချိတ် ချိတ်ဆက်ပြီးသည်နှင့် ၎င်းကို သယ်ဆောင်နိုင်ပြီ ဖြစ်သည်။

ဆန်ခ် ရဟတ်ယာဉ်တွေ ၎င်းတို့၏ သံချိတ်များဖြင့် ပိုက်ကွန်သို့ ချိတ်ဆက်တော့မည်ကို မြင်တွေ့နေရသည်။

ထိုစဉ် မိုဆာဆောရပ်စ်က ရေအောက်သို့ တစ်စုံတစ်ခု၏ ဆွဲယူခြင်း ခံလိုက်ရသကဲ့သို့ နစ်မြုတ်စပြုလာလေသည်။

"ဒါ ...ဒါ ဘာတွေဖြစ်နေတာလဲ"

သံချိတ်တစ်ခုကို ကိုင်ထားသည့် ဆန်ခ်သည် ၎င်းမြင်ကွင်းကို မြင်တွေ့ရပြီးတဲ့နောက် အကြီးအကျယ်ခေါင်းခါလိုက်သည်။

သူ့အမြင်မှားနေတယ်လို့ ဆန်ခ် ထင်သည်။

သို့သော် ဆက်သွယ်ရေးလမ်းကြောင်းစက်က ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အသံသည် ဆန်းခ်၏ မျက်လုံးများကို တုန်ခါစေလေသည်။

ဆန်ခ် ထိုင်ပြီးငုံ့ကြည့်လိုက်ရာ စူပါမိုဆာဆောရပ်စ်ကို အနက်ရောင်ကိုယ်ထည် ပိုင်ရှင်က ကိုက်ခဲထားတာ တွေ့လိုက်ရသည်။

စူပါမိုဆာဆောရပ်စ်သည် ၎င်း၏ ပါးစပ်အတွင်း ရောက်ရှိနေသည်။

" ဧရာမမြွေကြီး "

ဤတစ်ကြိမ်တွင် သူတို့သည် ပင်လယ်အောက်၌ မိမိကိုယ်မိမိ ဖုံးကွယ်ကာ လျို့ဝှက်စွာ နေထိုင်တတ်သော ဧရာမသားရဲကြီးနှင့် ဆုံတွေ့နေရသည်။ ၎င်းသည် ပစိဖိတ်သမုဒ္ဒရာကို အုပ်စိုးနေသော ဧရာမမြွေကြီး မဟုတ်ပါလား။

ထို့အပြင် ၎င်းသည် စူပါမိုဆာဆောရပ်စ်ကို ဆွဲယူနေသည်မှာ အတော်လေးခရီးရောက်နေခဲ့ပြီ ဖြစ်သည်။

"ဒီမြွေကြီး ငါတို့ဟာကို ခိုးယူလိုနေတာပဲ ! "

ဆန်ခ်သည် ချက်ချင်းပင် ထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာပြီး မသိစိတ်တစ်ပိုင်းကနေ ကြွေးကြော်အော်ဟစ်မိခဲ့သည်။

သူသည် ဧရာမမြွေကြီးကို သတ်ပစ်ရန် စက်သေနတ်ကို အသုံးပြုလိုသော်လည်း မည်သည့် အမိန့်မှမရရှိသေးပေ။

"ဧရာမမြွေကြီးကို ရပ်တန့်အောင် ချက်ချင်းလုပ်!"

ယင်းအချိန်မှာပင် အမိန့်ပေးသံကို သူ့နားကြပ်မှတဆင့် ကြားခဲ့ရသည်။ သို့သော် လမ်းပျောက်နေသလို ဆန်ခ် ခံစားနေရ၏။

ဧရာမမြွေကြီးသည် စူပါမိုဆာဆောရပ်စ်၏ ခန္ဓာကိုယ်အောက်တွင် ရှိနေကာ ၎င်း၏ အမြန်နှုန်းသည် အံ့သြသင့်ဖွယ် ကောင်းပေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် စူပါမိုဆာဆောရပ်စ်နှင့် သူတို့ကြား အကွာအဝေးတိုးလာခဲ့သည်။

"ဒုံးကျည်တွေကိုသုံး ငါတို့ ဒီမြွေကြီးကို အခုချက်ချင်း ရပ်တန့်မှရမယ်!!!"

ဒေါသတကြီး အမိန့်ပေးသံသည် နားကြပ်အတွင်းမှ ထွက်ပေါ်လျက်ရှိသည်။

သူတို့တွေ စူပါမိုဆာဆောရပ်စ်ကို ဖမ်းမိရန် ကြိုးစားအားထုတ်မှုတွေ အများကြီးထည့်ထားခဲ့သည်။ အဆုံးမှာတော့ သူတို့၏ ကြိုးစားအားထုတ်မူသည် တစ်ပါးသူအတွက် အကျိုးရှိသွားမည်ကို လက်သင့်မခံနိုင်ပေ။

ထိုအမုန်းတရားသည် ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်စေခဲ့သည်။

ဖန့်ရန်သည် ၎င်းတို့၏ အမုန်းတရားနှင့် ဒုံးကျည်နှစ်စင်းကို ခံစားမိသည်။ သူသည် လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်နိုင်သော်လည်း ၎င်းသည် မီတာတစ်ဒါဇင်အတွင်းပတ်ဝန်းကျင် ဧရိယာကိုသာ နှောင့်ယှက်နိုင်ပေသည်။

ထို့အပြင် ဒုံးကျည်နှစ်စင်း၏ အမြန်နှုန်းသည် အလွန်မြန်ဆန်၏။ စူပါမိုဆာဆောရပ်စ်ကို သယ်ဆောင်ပြီး ထွက်ပြေးနေသော ဖန့်ရန်သည် အလွန်လျင်မြန်သော်လည်း ဒုံးကျည်သည် သူ့အထက် မီတာ (၃၀) အကွာကနေ ပေါက်ကွဲသွားဆဲ ဖြစ်သည်။

ကြမ်းကြုတ်သည့် စွမ်းအင်များသည် ပတ်ဝန်းကျင် ဧရိယာအတော်များများကို ဖြတ်သန်းသွားခဲ့ပြီး တည်ငြိမ်သော ရေအောက်စီးကြောင်းများကို ဖရိုဖရဲ ဖြစ်သွားစေသည်။

ဖန့်ရန်သည် စွမ်းအင်လှိုင်းရိုက်ခတ်မူကြောင့် အနောက်ကျောပြင် ကွဲပြီး လုံးဝသေဆုံးသွားသည့် စူပါမိုဆာဆောရပ်စ်ကို မလွှတ်တမ်းကိုက်ထားတုန်း ဖြစ်သည်။

ဖန့်ရန်၏ လက်ရှိအသွင်အပြင်သည်လည်း စိတ်ဆင်းရဲစရာဖြစ်၏။ သူ့ခန္ဓာကိုယ်အပေါ်ရှိ အကြေးခွံအများအပြားသည် ပြုတ်ထွက်နေကာ ၎င်းဒဏ်ရာများမှ သွေးများလျှံကျနေပြီး ပတ်ဝန်းကျင်ပင်လယ်ရေကို ဆိုးဆေးနေသည်။

" ရွှီး!!"

ဖန့်ရန်၏ စိတ်ထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသော်လည်း သူသည် ပတ်ဝန်ကျင်အခြေအနေကို အကာအကွယ်ယူကာ ၎င်းတို့ကို မျက်ခြေဖျက်လိုက်သည်။

"သေချာပေါက် အဲဒီအင်အားကြီး လက်နက်တွေက ငါ့ကို ဒဏ်ရာရစေနိုင်သေးတယ်"

ဖန့်ရန် တွေးနေမိသည်။ သူသည် ယခင်တိုက်ပွဲများတွင် အနိုင်ရရှိခဲ့သော်လည်း ဤကဲ့သို့ အဆင့်မြင့် လက်နက်များမှာ သူ့ကို ဒဏ်ရာရစေနိုင်သေးသည်။

"ကံကောင်းစွာနဲ့ ငါ့မှာ လျင်မြန်သော ကုသမူ စွမ်းရည်ရှိနေလို့သာပေါ့ ..."

ဖန့်ရန် သူ့ခန္ဓာကိုယ်ကို ဖြေလျော့ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း သူတွေ့နေခဲ့ရလေသည်။

၎င်းစူပါမိုဆာဆောရပ်စ်ကို ဆွဲယူလာရခြင်းသည် ၎င်းက သူ့ဆင့်ကဲဖြစ်စဥ်အတွက် စနစ်အမှတ် လိုအပ်ချက်ကို လုံလောက်စေမည်ဟု ထင်သောကြောင့် ဖြစ်သည်။

လိုအပ်နေသည့် စနစ်အမှတ်ပမာဏကို စူပါမိုဆာဆောရပ်စ်က ဖြည့်တင်းပေးနိုင်ခဲ့သည်။

မူလက သူသည် ရှေးဟောင်းသားရဲနှင့် သန္ဓေပြောင်းသားရဲများကို ဖမ်းမိနိုင်လေမလားဆိုတာကို ကြည့်ဖို့အတွက် ဤနေရာမှာ လှည့်လည်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်

စနစ်မှပေးသော အခြေခံအချက်အလက်များအရ ၎င်းသည် သမုဒ္ဒရာ၏ သားရဲဘုရင် စူပါမိုဆာဆောရပ်စ် ဖြစ်သည်။ ၎င်းသည် ရေဘဝဲကြီးထက်ပင် ပိုများသော စနစ်အမှတ်ပမာဏကို ပေးစွမ်းခဲ့သည်။

၎င်းက စနစ်အမှတ် (၃၅၀၀၀၀) ဖြစ်သည်။

...

စူပါမိုဆာဆောရပ်စ်ကို ဧရာမမြွေကြီး လုယူသွားခဲ့ခြင်းသည် အမေရိကန်နိုင်ငံကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။

သူတို့၏ တစ်လကျော်ကြာ ကြိုးစားအားထုတ်မူသည် အဆုံးတွင် အခြားသူအတွက် လက်ဆောင်တစ်ခု ဖြစ်သွားခဲ့သည်။

၎င်းထက် အရေးကြီးသည်မှာ သူတို့အနေဖြင့် စူပါမိုဆာဆောရပ်စ်ကို မလေ့လာနိုင်တော့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဧရာမမြွေကြီးသည် စူပါမိုဆာဆောရပ်စ်ကို စားသုံးခဲ့လောက်ပြီဖြစ်၍ စူပါမိုဆာဆောရပ်စ်တွင် ကြီးမားသော လျှို့ဝှက်ချက် ရှိနေလျှင်ပင် ယခုအချိန်မှာ အဓိပ္ပာယ်မရှိတော့ပေ။

ဤအချက်အပေါ် အခြေခံကာ အမေရိကန်နိုင်ငံ၏ အမုန်းဆုံး သားရဲသည် ဧရာမမြွေကြီး ဖြစ်လာခဲ့သည်။

.....

All Chapters