← Chapters

ဆင့်ကဲဖြစ်စဉ်အတွက် ပြင်ဆင်ခြင်း

Vol. 13 Ch. 182

ဆင့်ကဲဖြစ်စဉ်အတွက် ပြင်ဆင်ခြင်း

Vol. 13 Ch. 182

ဧရာမမြွေကြီး ပျောက်သွားသော ပင်လယ်ပြင် ဧရိယာကို အမေရိကန်အစိုးရသည် ဂြိုလ်တုနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများအသုံးပြုပြီး စောင့်ကြည့်နေသည်။

သူတို့သည် ဧရာမမြွေကြီးကို အဆုံးတိုင်အောင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

ပြင်းထန်သော ဒေါသအမျက်၏ နောက်တွင် အမေရိကန်များ နောက်တဖန် လှုပ်ရှားလာကြသည်။ ဧရာမမြွေကြီး၏ ကာကွယ်ရေးစွမ်းအားသည် သူတို့၏ စိတ်ကူးစိတ်သန်းထက်ကျော်လွန်နေသည်ဟု ထင်ရသည်။

ထို့အပြင် ဧရာမမြွေကြီးတွင် လျှပ်စစ်ဆိုင်ရာ စွမ်းအားလည်း ရှိနေသေးသည်။ ၎င်းသည် ထိပ်တန်းအဆင့် သားရဲဘုရင်များထဲမှ ထိပ်တန်းအဆင့် ဖြစ်သည်။

"ကျုပ်တို့ ဒီဧရာမမြွေကြီးကို ဖမ်းမှရမယ်။ ဒီကောင်ရဲ့ တန်ဖိုးက ဧရာမလိပ်ကြီးထက် ပိုကြီးမှာ သေချာတယ်"

အမေရိကန် အရာရှိတစ်ဦးက ၎င်းအား ပြောခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ စစ်သင်္ဘောများစွာ ပစိဖိတ်သမုဒ္ဒရာ၏ အခြားဘက်ခြမ်းတွင် အခြေစိုက်ထားကြသည်။

ရုရှားသည် မကြာခဏဆိုသလို ဆန္ဒပြ၍ နှင်ထုတ်သော်လည်း ၎င်းတို့က လျစ်လျူရှုထားခဲ့သည်။

အမေရိကန်နိုင်ငံသည် စူပါမိုဆာဆောရပ်စ်ကို ဖမ်းဆီးရမိခဲ့သော်လည်း ဧရာမြွေကြီး၏ ဝင်ရောက်စွက်ဖက်ခြင်းကို ခံခဲ့ရသည်။

အမှန်တကယ်တော့ ရုရှားနိုင်ငံ၏ အခြားတစ်ဖက်မှ နိုင်ငံအတော်များများတွင် ထိပ်တန်းအဆင့် သားရဲဘုရင် တစ်ကောင်လောက်ကို သုတေသနပြုဖို့ စိတ်ကူးရှိကြသည်။

သို့သော် ၎င်းစိတ်ကူးများသည် အမေရိကန်နိုင်ငံ၏ စူပါမိုဆာဆောရပ်စ်ကို ဖမ်းဆီးခြင်းနှင့်အတူ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်နိုင်ငံ၏ နည်းပညာနှင့် စစ်ရေးစွမ်းအားသည် ထိပ်တန်းအဆင့် ဖြစ်သည်။

အကယ်၍ ၎င်းသည်ပင် သမုဒ္ဒရာ၏ သားရဲဘုရင်တစ်ကောင်ကို မဖမ်းနိုင်ပါက အခြားနိုင်ငံများ ၎င်းကို ကြိုးစားလည်း အချည်းနှီးသာ ဖြစ်ပေမည်။

အမေရိကန်ရေတပ်သည် ပစိဖိတ်သမုဒ္ဒရာတွင် လအတန်ကြာ နေခဲ့သော်လည်း သူတို့ဟာ ဧရာမမြွေကြီးရဲ့ သဲလွန်စသေးသေးလေးကိုပင် ရှာမတွေ့ကြပေ။

ဧရာမမြွေကြီးသည် ထိပ်တန်းအဆင့် သမုဒ္ဒရာ၏ သားရဲဘုရင်ငါးကောင်ကြားတွင် ထိပ်တန်းထဲက ထိပ်တန်းအဆင့် ဖြစ်သည်။ ၎င်းသည် အခြားသားရဲဘုရင်များနှင့် မတူပေ။

ဧရာမမြွေကြီးသည် သမုဒ္ဒရာ၏ ကြီးမားသော ဧရိယာအစိတ်ပိုင်းကို နေရာယူထားသော်လည်း ၎င်း၏ လှုပ်ရှားမှု ဧရိယာသည် အလွန်ကြီးမားသည်တော့ မဟုတ်ပေ။

အမေရိကန်များသည် ဧရာမမြွေကြီးကို အလွန်စိုးရိမ်ကြသည်။ သူတို့သည် ပစိဖိတ်သမုဒ္ဒရာကို စစ်ထုတ်ရန် ၎င်းအား ရှာရန် မစောင့်နိုင်တော့ပေ။

သို့သော် ဧရာမမြွေကြီးက နေလာနှင်းပျောက်သလို ပျောက်ကွယ်နေသည်။

လအတန်ကြာတွင် အမေရိကန်များသည် တွေးတောဆင်ခြင်ကာ ၎င်းပင်လယ်ဒေသမှ ထွက်ခွာသွားသည်။

.....

ဖန့်ရန်သည် စူပါမိုဆာဆောရပ်ကို မျိုချခြင်းဖြင့် ဆင့်ကဲဖြစ်စဉ်အတွက် လုံလောက်သော ပမာဏကို ရရှိခဲ့သည်။

"ငါဝေးလံခေါင်သီတဲ့ နေရာကကျွန်းတစ်ကျွန်း ဒါမှမဟုတ် သစ်တောကြီးတစ်ခုကို ရှာရမယ်"

ပင်လယ်ထဲ ရေကူးနေစဉ် ဖန့်ရန်က တွေးနေခဲ့သည်။ သူသည် ဂျပန်နိုင်ငံ၏ နယ်မြေပိုင်နက်ကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သည်။

ယခုသူသည် ဤဧရိယာများကို အကြမ်းအားဖြင့် သိရှိလာခဲ့ပြီဖြစ်သည်။

သူသည် ရုရှားနိုင်ငံသို့ မသွားခဲ့ပေ။

သူ့အရှေ့တွင် အမျိုးသားဥယျာဉ်တစ်ခု ရှိနေသည်။ သူသည် ဤနေရာ၌ပင် သူ၏ ဆင့်ကဲဖြစ်စဉ်ကို စတင်မည် ဖြစ်သည်။

အချိန်သည် နေ့လယ်ဖြစ်သောကြောင့် သူ့အရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဤသစ်တောသည် စိမ်းစိုပြီး မီတာဒါဇင်မကမြင့်သော သစ်ပင်များတွင် တိရစ္ဆာန်ငယ်များက လှုပ်ရှားသွားလာနေကြသည်။

သူ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ကြီးထွားသော်လည်း မီတာဒါဇင်မက မြင့်သော ဤသစ်တောက သူ၏ ခန္ဓာကိုယ်ကိုထိရောက်စွာ ဖုံးကွယ်ထားပေးနိုင်ဆဲ ဖြစ်သည်။

ငါးမိနစ်ခန့်အကြာတွင် ဖန့်ရန်သည် ၎င်းကမ်းရိုးတန်းသို့ ရောက်ရှိသွားသည်။

သူ၏ နှစ်မီတာအထူရှိသော ခန္ဓာကိုယ်နှင့် ကျွန်းပေါ်သို့ တွားသွားတက်သွားလိုက်သည်။ သူ၏ အမြန်နှုန်းသည် အလွန်မြန်ပြီး ထူထဲသော တောအုပ်ထဲသို့ဝင်ရန် သိပ်မကြာပေ။

သူသည် ဤလောကသို့ ပထမဆုံးအကြိမ်လာချိန်က သူနေနေသည့် သစ်တောကိုပင် ဂဂနနမသိခဲ့ပေ။ ထိုအချိန်က သူသည် ယုန်တစ်ကောင်ကပင် သတ်သွားနိုင်သည်အထိ အားနည်းနေခဲ့သည်။

ယခုသူသည် ကမ္ဘာအကြီးဆုံး ဝေလငါးကိုပင် အလွယ်တကူ အမဲလိုက်လာနိုင်ခဲ့သည်။

အကယ်၍ ကမ္ဘာကြီး ထက်မံပြောင်းလဲသွားလျှင်ပင် သူသည် အစားကွင်းဆက်၏ ထိပ်ဆုံးပိုင်းတွင် ရှိနေနိုင်အုံးမည် ဖြစ်သည်။

"ငါ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင်ဖို့ အချိန်ဘယ်လောက်တောင် လိုမှာပါလိမ့်"

ဖန့်ရန်က ခေါင်းကို မြှောက်ပြီး သက်ပြင်းချမိသည်။

အစပိုင်းတွင် သူ့မိသားစုကို ကြည့်ဖို့ ပြန်သွားနိုင်လောက်ပြီဟု ထင်မိခဲ့သည်။ ယခုသူက ဤလောက၏ အစာကွင်းဆက် ထိပ်ဆုံးမှာ ရပ်နေခြင်း ဖြစ်သည်။

သို့သော် သူသိလိုက်ရသည်မှာ သူ့ပန်းတိုင်နှင့် ဝေးကွာနေသေးမှန်းပင်။

လက်ရှိ သူ့တွင် ဤအပြာရောင် ကမ္ဘာဂြိုလ်ကနေ ထွက်သွားရန် လုံလောက်သည့် စွမ်းအားမရှိသေးချေ။

ရှဲ ! ရှဲ !

တောတွင်း၌ ပွတ်တိုက်သံများ ထွက်ပေါ်လျက်ရှိသည်။

သာမန်ချိန်တွင် မြင်တွေ့ရန်ခဲယဥ်းသည့် သားရဲကြီးတစ်ကောင် သစ်ပင်များကြားတိုးဝှေ့ကာ သွားနေသည်။

ဤအချိန်မှာသာ လူတစ်ယောက်ယောက် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ထိတ်လန့်တုန်လှုပ်သွားနိုင်ပေသည်။

၎င်းသည် အချင်းနှစ်မီတာနှင့် မီတာခြောက်ဆယ် အရှည်ရှိသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမမြွေကြီးပင် ဖြစ်သည်။

ဖန့်ရန်သည် သစ်တောအတွင်း နှစ်နာရီကျော်ကြာ ခရီးဆက်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ပတ်ဝန်းကျင်တွင် ကြီးမားသော သစ်ပင်ကြီးက ပိုမိုများပြားလာသည်။ ၎င်းသစ်ပင်ကြီးများက ကောင်းကင်နှင့် နေရောင်ကိုပင် ဖုံးအုပ်ထားကြ၏။

ထိုနေရာသို့ ရောက်လာချိန်တွင် လေထု၏ စိုထိုင်းဆပြောင်းလဲသွားသည်ကို ဖန့်ရန် အာရုံခံမိလိုက်သည်။

သူသည် ဂရုတစိုက် နားထောင်လိုက်သည်နှင့် စီးဆင်းနေသော ရေစီးသံများကို ကြားလိုက်ရသည်။

ဖန့်ရန် သူ၏ အမြန်နှုန်းကို တိုးမြှင့်ကာ ဆက်သွားလိုက်သည်။

များမကြာမီ သူ့အရှေ့တွင် ချောက်ကမ်းပါးတစ်ခုက ရေကန်တစ်ခုအတွင်း စီးဆင်းနေသည့် ချောက်တစ်ခုပေါ်လာခဲ့သည်။

ဖန့်ရန်သည် ၎င်းရေကန်ဘေးသို့ လျှောက်သွားပြီး ဘေးပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။

၎င်းရေကန်သည် အတန်ငယ်နက်ရှိုင်းပြီး ဘောလုံးကွင်းနှစ်ကွင်းခန့် ကျယ်ဝန်းသောကြောင့် ၎င်းကို ရေကန်ငယ်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ဖန့်ရန်သည် သိချင်စိတ်ဖြင့် ရေကန်ထဲသို့ ဆင်းလိုက်ချိန်တွင် ရေအတိမ်အနက်က (၁၅) မီတာခန့်ရှိသည်ကို သိလိုက်ရသည်။

ထိုကြောင့် သူသည် ၎င်းရေကန်ကို ဆင့်ကဲဖြစ်စဉ် စတင်ရန်အတွက် သင့်လျော်သော နေရာအဖြစ် ချက်ချင်းပင် မှတ်ယူလိုက်ပြီး ဆင့်ကဲပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

မကြာလှသော အချိန်မှာပင် ၎င်းရေကန်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတစ်ခု၌ ဖန့်ရန်သည် တိတ်တဆိတ်နှင့် မလှုပ်မယှက်နှင့် ကျောက်ရုပ်သဖွယ် ဖြစ်သွားတော့သည်။

.....

All Chapters