← Chapters

သန္ဓေပြောင်း ညံ့

Vol. 13 Ch. 183

သန္ဓေပြောင်း ညံ့

Vol. 13 Ch. 183

ဧရာမလိပ်ကြီး၏ လျို့ဝှက်ချက်ဖြစ်သော အသားလင်းဇီမှိုကို လေ့လာခြင်းတွင် တိုးတက်မှုများ ရှိခဲ့ပေသည်။

သိပ္ပံပညာရှင်များက ၎င်းကို စမ်းသပ်လေ့လာခဲ့ရာ၌ ၎င်းတွင် အိုမင်းခြင်းကို ဆန့်ကျင်နိုင်သည့် ဂုဏ်သတ္တိရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

သို့သော် ၎င်းသည် လူ့ခန္ဓာကိုယ်နှင့်လည်း သက်ဆိုင်သေး၏။

ထိုသတင်းထွက်လာပြီးနောက် တကမ္ဘာလုံးရှိ မိန်းကလေးများသည် အသည်းအသန် ပိုက်ဆံစတင် စုဆောင်းကြတော့သည်။ သတ်ဆိုင်ရာ ဆေးဝါးများပေါ်လာသည်နှင့် သူတို့က ဝယ်ယူကြပေမည်။

ဤသည်မှာ ၎င်း၏ အကျိုးသက်ရောက်မှုများထဲမှ တစ်ခုသာ ဖြစ်သည်။ ၎င်းတွင် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများကိုလည်း နုပျိုစေနိုင်သော အစွမ်းသတ္တိရှိပေသည်။

"ဒီဟာက လူတစ်ယောက်ကို အသက်ရှည်စေနိုင်မယ့် နုပျိုခြင်းရဲ့ အစွမ်းသတ္တိပဲလား"

လူအချို့က ၎င်းသည် မဖြစ်နိုင်ဘူးဟု တွေးကာ သံသယတွေရှိနေကြသည်။ သို့သော် သိပ္ပံပညာရှင်များက ဤအချက်နှင့် ပတ်သက်၍ ရှင်းပြမလာပေ။

သို့ပေမယ့် လူအများကို စိတ်လှုပ်ရှားစေဖို့ လုံလောက်ပေသည်။ မည်သို့ပင် ဖြစ်စေ အသက်ရှည်ခြင်း ဆိုသည်မှာ လူတိုင်း တောင်းတခဲ့ရသော အရာတစ်ခု မဟုတ်ပါလား။

အတိုချုပ်ဆိုရသော် ဧရာမလိပ်ကြီး၏ လျှို့ဝှက်ချက်သည် လူသားများကို အကျိုးဖြစ်ထွန်းစေပေသည်။

ဤအရာသည် လူသားများ၏ အသက်ရှည်ခြင်းဆီသို့ စတင်လျှောက်လမ်းနိုင်သည့် ပထမဆုံးသော ခြေတစ်လှမ်းလည်း ဖြစ်သည်။

"ဒီလိုသမိုင်းဆိုင်ရာ အခိုက်အတန့်ကို တွေ့ရတာ သိပ်ကံကောင်းတယ်"

လူအများစုက အင်တာနက်ပေါ်တွင် ထိုကဲ့သို့ စိတ်ခံစားမှုများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဧရာမလိပ်ကြီး၏ လျှို့ဝှက်ချက်သည် ဂျူးလူမျိုးများ ပြုလုပ်ခဲ့သော အရေးပါသည်များထက် သာလွန်သည်မှာ ပြောဖို့ပင် မလိုပေ။ ဤသည်မှာ သူတို့၏ အနာဂတ် အခြေအနေကို သိသိသာသာ ပြောင်းလဲသွားစေပေလိမ့်မည်။

သို့သော် ဓာတ်ခွဲခန်းရှိ အခြေအနေသည် ပြင်ပကမ္ဘာနှင့် မတူညီပေ။ ဆန့်ကျင်အားဖြင့် လေထုအခြေအနေသည် တင်းကြတ်နေပုံပေါ်သည်။

သိပ္ပံပညာရှင်တွေသည် အသားလင်းဇီမှိုမှ အရာဝတ္ထုအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး၍ ပြန်လည်းပေါင်းစပ်ချိန်တွင် အကျိုးသက်ရောက်မှုက တစ်မျိုးဖြစ်နေပေသည်။

အချို့လူများက ၎င်းတွင် အထူးပစ္စည်းအချို့ရှိကောင်းရှိနိုင်သည်ဟု ခန့်မှန်းကြသော်လည်း ထိုအရာများသည် အဓိကအချက်ဖြစ်၍ သူတို့သည် ၎င်းတို့ကို မဖော်ထုတ်ကြသေးပေ။

ဓာတ်ခွဲခန်းမှ သတင်းကောင်းသည် တစ်ကမ္ဘာလုံးကို ဝမ်းမြောက်စေရုံသာမက အမေရိကန်စစ်တပ်နှင့် အမေရိကန်အစိုးရကို လှုံ့ဆော်ခဲ့သည်။

ထိုကြောင့် သူတို့လည်း သုတေသနလုပ်ဖို့ ပြင်ဆင်နေတော့သည်။

သူတို့၏ စစ်သင်္ဘောများသည် ပစိဖိတ်သမုဒ္ဒရာမှာ လှည့်လည်သွားလာနေသော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။ ဧရာမမြွေကြီးသည် လေထုထဲတွင် ပျောက်ကွယ်သွားပုံရသည်။

ပစိဖိတ်သမုဒ္ဒရာတွင် သင်္ဘောများနှင့် လှေများ ပိုမိုများပြားလာသည်။ အများစုသည် သာမန်အရပ်သား ငါးဖမ်းလှေများဖြစ်သည်။

စူပါမိုဆာဆောရပ်စ်သည် အတ္တလန္တိတ်သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာအထိ လိုက်ဖမ်းခံခဲ့ရသည်။

အချို့လူများက စူပါမိုဆာဆောရပ်စ်ကို အမေရိကန်က လွန်ခဲ့သော အချိန်များကတည်းက ပြန်ဖမ်းမိခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း လှည့်လည်နေသော စစ်သင်္ဘောများသည် ဧရာမမြွေကြီးကို ဖမ်းယူရန်အတွက် ၎င်းနေရာတွင် ရှိနေခြင်း ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

သို့သော် ဧရာမမြွေကြီးသည် အချိန်ကြာမြင့်စွာ ပေါ်မလာခဲ့ပေ။

သုံးလခန့် ကုန်လွန်သွားခဲ့သည်။

အင်တာနက်ပေါ်တွင် ၎င်းနှင့် ပတ်သက်သော ဆွေးနွေးမှုများ ရှိနေတုန်းပင်။ သမုဒ္ဒရာ၏ သားရဲဘုရင်ဖိုရမ်တွင် လူများသည် ဧရာမမြွေကြီးအကြောင်းကို အဆက်မပြတ် မေးမြန်းနေကြသည်။

ဤအချိန်အတောအတွင်း ပစိဖိတ်သမုဒ္ဒရာသည် တိတ်ဆိတ်စွာ ရှိနေခဲ့သည်။

ကမ်းရိုးတန်းနိုင်ငံများသည် ထိပ်တန်းအဆင့်ရှိ သားရဲများ၏ တိုက်ခိုက်ခြင်းကို မခံရတော့ပေ။

ဤအချိန်အတောအတွင်း သန္ဓေပြောင်း ညံ့သည် အမြင့်ဆုံးသော တောင်ကြီးသဖွယ် ဖြစ်နေခဲ့သည်။

ဧရာမမြွေကြီးနှင့် စူပါမိုဆာဆောရပ်စ်တို့ ပျောက်ကွယ်သွားကာ ဧရာမလိပ်ကြီးကို ရုရှားနိုင်ငံက ကာကွယ်ထားသည်။ ခရာကန်သည်တော့ အန္တာတိတ်ကတွင် ဖြစ်သည်။

နိုင်ငံအသီးသီးမှ လေ့လာရေးအဖွဲ့များက လေ့လာရေးခရီးများ ထွက်လျက်ရှိသည်။

သန္ဓေပြောင်း ညံ့သည် အိန္ဒိယသမုဒ္ဒရာတွင် နေထိုင်သည်။ ၎င်းသည် တက်ကြွစွာ သွားလာတတ်၏။ တစ်ခါတစ်ရံတွင် ၎င်းသည် တောင်အာဖရိက၊ မိုဇမ်ဘစ်နှင့် အခြားသော အနီးနားရှိ ကမ်းရိုးတန်းနိုင်ငံများသို့ သွားပေလိမ့်မည်။

ထိုနိုင်ငံများ၏ ကမ်းရိုးတန်းများတွင် တံငါသည် ကျေးရွာများရှိသည်။ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းအမူ ပြုလုပ်ဖို့ ပင်လယ်ထဲ သွားရန် အသက်အန္တရာယ်များသည့် ကြားမှ သဘာဝတရားကြီး၏ အတင်းအကျပ် ဖိအားပေးခံရသည်။

အရေးကြီးဆုံးမှာ ၎င်းတံငါးသည် ကျေးရွာများသည် ငါးဖမ်းလှေကြီးများ ဝယ်ယူဖို့ရန် မတတ်နိုင်ကြခြင်း ဖြစ်သည်။

သန္ဓေပြောင်း ညံ့၏ အကြိုက်ဆုံးအရာမှာ ပစ္စည်းကိရိယာများ ရှားပါးသော တံငါသည်များကို အမဲလိုက်ခြင်း ဖြစ်သည်။

တံငါသည် အများစု၏ ငါးဖမ်းလှေများသည် မီတာတစ်ဒါဇင်လောက်သာ ရှည်လျားသည်။

သူတို့အတွက်တော့ ထိုမျှရှည်လျားသော ငါးဖမ်းလှေသည် လွန်စွာအဖိုးတန်သည်။

အကယ်၍ ရှေးဟောင်း သားရဲကြီး သို့မဟုတ် သန္ဓေပြောင်း သားရဲကြီး တစ်ကောင်နှင့်သာ ကြုံတွေ့ခဲ့လျှင် တိုက်ခိုက်မခံရရန် တံငါသည်များက လှေများစွာကို စုဝေးကာ အတူတကွလုပ်ဆောင်ကြလိမ့်မည်။

သို့သော် ဤအလေ့အထသည် သာမန် သန္ဓေပြောင်း သားရဲနှင့် ရှေးဟောင်း သားရဲများအတွက်သာ အလုပ်ဖြစ်သည်။ ၎င်းသည် ထိတ်တန်းအဆင့်ဖြစ်သည့် သန္ဓေပြောင်း ညံ့ အပေါ်တော့ အလုပ်မဖြစ်ပေ။

သန္ဓေပြောင်း ညံ့သည် ငါးဖမ်းလှေကို ရှာဖွေတွေ့ရှိပြီးနောက် ငါးဖမ်းလှေ၏ အောက်ခြေကို ဖြတ်တောက်ရန် ချွန်ထက်သော ၎င်း၏ ကျောရိုးစူးချွန်ကို အသုံးပြုပြီး ငါးဖမ်းလှေအောက်က ဖြတ်ကူးသွားသည်။

သန္ဓေပြောင်း ညံ့၏ နောက်ကျောက ကျောရိုးစူးချွန်သည် အလွန်မာကျောကာ ချွန်ထက်သည်။ သံမဏိဖြင့် ပြုလုပ်ထားသည့် လှေ၏ သံမဏိပြားကိုပင် ဖြတ်တောက်ရန် ၎င်းအတွက် လွယ်ကူသည်။

ငါးဖမ်းလှေကို ဖြတ်ပြီးနောက် ပင်လယ်ရေများ လှေဝမ်းအတွင်း စီးဝင်လာခဲ့ပြီး လှေက မြုပ်စပြုလာသည်။ ဤအချိန်တွင် လှေပေါ်ရှိလူများ အသက်ရှင်နေဆဲ ဖြစ်သည်။

သူတို့သည် ပင်လယ်ပြင်တွင် အသည်းအသန် ရုန်းကန်ရင်း ကူကယ်ရာမယ့်စွာ အော်ဟစ်အကူအညီတောင်းခံကြသည်။ ထိုအချိန်မှာပင် သန္ဓေပြောင်း ညံ့သည် ရောက်လာခဲ့ပြီး လူများကို သတ်ဖြတ်တော့သည်။

ထိတ်တန်းအဆင့် သားရဲဖြစ်သည့် သန္ဓေပြောင်း ညံ့သည် လူအများစုကို သတ်ဖြတ်ခဲ့လေသည်။

အခင်းဖြစ်ပွားရာ နေရာသည် တတိယမြောက်အဆင့်ရှိ နိုင်ငံနှင့် အနောက်နိုင်ငံတစ်ခုကြားတွင် ဖြစ်သောကြောင့် ၎င်းက လူစိတ်ဝင်စားမူမှာ အလွန်နည်းပါးပေသည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လူအာရုံစူးစိုက်ခံရမှုနှုန်းက ရုတ်တရက်မြင့်တက်လာသည်။

၎င်းသည် သမုဒ္ဒရာ၏ သားရဲဘုရင်များ ပျောက်ကွယ်သွားခြင်းကြောင့် မဟုတ်ဘဲ အမေရိကန်တွေကို စိတ်ဝင်စားသောကြောင့်သာ ဖြစ်သည်။

လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

အမေရိကန်များသည် ပစိဖိတ်သမုဒ္ဒရာ၌ မည်သည့် အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

ဧရာမမြွေကြီးသည် လူတိုင်း၏ အာရုံကို အလွန်ဆွဲဆောင်နိုင်သော်လည်း ၎င်းက နောက်တဖန် ပေါ်မလာသေးပေ။

ထိုကဲ့သို့ သားရဲကို သမုဒ္ဒရာထဲတွင် ရှာဖွေခြင်းသည် တွေ့ရှိနိုင်ချေ အလွန်နည်းပါး၏။

ထိုကြောင့် အမေရိကန်အစိုးရသည် ဧရာမမြွေကြီးကို ရှာဖွေခြင်းလုပ်ငန်းစဥ်ကို ခေတ္တရပ်ဆိုင်းထားပြီး သန္ဓေပြောင်း ညံ့ဆီသို့ ပစ်မှတ်ပြောင်းလိုက်သည်။

ရုရှားနိုင်ငံတွင် သုတေသနပြုလုပ်ရန် အနေဖြင့် ဧရာမလိပ်ကြီးရှိသည်။

၎င်းတို့အနေဖြင့် လိုက်လံလေ့လာလျှင်ပင် ကိုယ်ပိုင်မဟုတ်ခြင်းကြောင့် အောင်မြင်မှုများစွာ မရရှိနိုင်ပေ။

စူပါမိုဆာဆောရပ်စ်သည် ဧရာမမြွေကြီး၏ စားသုံးခံရနိုင်ဖွယ် ရှိပေသည်။ ဧရာမမြွေကြီးသာ စူပါမိုဆာဆောရပ်ကို စားသုံးပြီးသွားပြီ ဆိုလျှင် တစ်နေရာရာ၌ အစာချေနေနိုင်ဖွယ်ရှိ၏။ အကယ်၍ သူတို့သာ သင့်တော်သော သားရဲကို လေ့လာလိုလျှင် အကောင်းဆုံးပစ်မှတ်က သန္ဓေပြောင်း ညံ့ပင် ဖြစ်သည်။

သန္ဓေပြောင်းညံ့သည် လူများကို တိုက်ခိုက်ရခြင်းကို ကြိုက်နှစ်သက်သည်။ ၎င်းကို အကြောင်းပြု၍ ယင်းအား ဖမ်းယူရန် လွယ်နိုင်သည်။

...

ပစိဖိတ်သမုဒ္ဒရာတွင် စစ်သင်္ဘော (၅) စီးသည် သန္ဓေပြောင်း ညံ့ကို ဖမ်းယူရန် ပြင်ဆင်နေ၏။

မျှော်လင့်မထားသော ထိုသတင်းထွက်လာချိန်တွင် ကမ်းရိုးတန်းဒေသရှိ တံငါသည်ကျေးရွာများက လူတွေအလွန်ပျော်ရွင်သွားကြသည်။

သူတို့က အမေရိကန်နိုင်ငံကို ကတိပေးခဲ့ပြီး သန္ဓေပြောင်း ညံ့ ပေါ်လာသည်နှင့် ၎င်းသတင်းကို ချက်ချင်း အကြောင်းကြားပေလိမ့်မည်။

ယင်းသားရဲကို ကမ်းရိုးတန်းဒေသရှိ နိုင်ငံတွေက လူတွေဟာ သဘာဝကျကျ သေဆုံးစေချင်ပေသည်။ အမေရိကန်နိုင်ငံ၏ ၎င်းကို ဖမ်းလိုခြင်းသည်လည်း သတင်းကောင်းတစ်ခုဖြစ်သည်။

တစ်မြန်းနေ့တွင် သန္ဓေပြောင်း ညံ့သည် တံငါသည်ကျေးရွာတစ်ရွာကို တိုက်ခိုက်လာခဲ့သည်။

အမေရိကန် နိုင်ငံသည် ၎င်းတံငါသည်ကျေးရွာသို့

စစ်သင်္ဘောများ ချက်ချင်းစေလွှတ်ခဲ့သည်။

သူတို့သည် ဤတစ်ကြိမ်တွင် သန္ဓေပြောင်း ညံ့အား ဖမ်းယူရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

.....

All Chapters