← Chapters

နှစ်တစ်ထောင် အတွင်း အကြီးကျယ်ဆုံး တိုက်ပွဲ

Vol. 7 Ch. 613

နှစ်တစ်ထောင် အတွင်း အကြီးကျယ်ဆုံး တိုက်ပွဲ

Vol. 7 Ch. 613

ရဲ့ချင်စန်း…။

သူသည် ခွန်းလွန်း၏ တည်ထောင်သူ ဖြစ်ကာ တရုတ်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

သိုင်းပညာရှင် တစ်ယောက် ဖြစ်လာချိန်မှ စ၍ သူသည် အစိမ်းရောင်ဂိုဏ်း၊ ဟောင်ဂိုဏ်း၊ နဂါးခန်းမ၊ လင်းမိသားစုတို့အား အနိုင်ယူခဲ့သည်။ သူသည် တရုတ်၏ ထိပ်ဆုံး နေရာကို နှစ်ခြောက်ဆယ် လုံးလုံး သိမ်းပိုက် နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အစောင့်အရှောက်ဟုပင် သတ်မှတ်ခံခဲ့ရသည်။

ချန်းပေ့ရွှမ်း…။

သူကမူ ရဲ့ချင်စန်းထက်ပင် ပိုမို နာမည် ကြီးသေးသည်။ သူသည် နတ်ဘုရား သတ်မှတ်ချက် နံပါတ်တစ် ဖြစ်ကာ ကမ္ဘာ၏ မဟာအင်အားကြီး နိုင်ငံများအား တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သူ ဖြစ်သည်။

ထိုသို့သော ပညာရှင် နှစ်ယောက်၏ တိုက်ပွဲသတင်းသည် တစ်ကမ္ဘာလုံးရှိ လူများ၏ စိတ်ဝင်စားမှုအား သိမ်းကြုံး ယူသွားခဲ့၏။

ထိုသတင်းသည် တရုတ်မှ ကိုရီးယား၊ ဂျပန်၊ ဟောင်ဟောင်၊ အရှေ့တောင် အာရှ၊ အနောက် ဥရောပ၊ မြောက် အမေရိက၊ အရှေ့ အလယ်ပိုင်း… စသည့် ကမ္ဘာ့ ဒေသ အသီးသီးသို့ ငလျင်တစ်ခုလိုပင် ပျံ့နှံ့သွား၏။

နာရီပိုင်း အတွင်းမှာပင် တစ်ကမ္ဘာလုံးမှာ ထိုသတင်းကို သိရှိသွားကြတော့သည်။

"ရဲ့ချင်စန်းက ချန်းပေ့ရွှမ်းနဲ့ တိုက်ခိုက်တော့မယ်တဲ့…"

"ဒါက… မျိုးဆက်နှစ်ခုရဲ့ အစွမ်း အထက်ဆုံး ပညာရှင်တွေကြားက အပြင်းထန်ဆုံး တိုက်ပွဲပဲ"

"ငါတို့ သွားမှ ဖြစ်မယ်… ဒီ တိုက်ပွဲက နှစ်တစ်ထောင် အတွင်း အကြီးကျယ်ဆုံး တိုက်ပွဲလို့တောင် ဆိုနိုင်တယ်… သမိုင်း တစ်လျှောက်လုံးမှာတောင် မြေကမ္ဘာ အဆင့်တွေရဲ့ တိုက်ပွဲကပဲ ဒီတိုက်ပွဲကို ယှဉ်နိုင်လိမ့်မယ်"

အမှောင်ကမ္ဘာ အရှင်သခင်များ၏ မျက်လုံးများက တဖျတ်ဖျတ် လက်နေခဲ့သည်။

ရဲ့ချင်စန်း မတိုက်ခိုက်သည်မှာ နှစ်ပေါင်း ငါးဆယ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူသည် လင်းရှု့မင်နှင့် ခရစ်ယာန် ဘုရားကျောင်း၏ စီရင်သူတို့ကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။

လင်းရှု့မင်ပင်လျှင် သေမျိုးနတ်ဘုရား အဆင့်ကို ချိုးဖျက် နိုင်ခဲ့ရာ ရဲ့ချင်စန်းက မည်သည့် အဆင့်အထိ ရောက်ရှိ နေပြီနည်း။

"သူက … မြေကမ္ဘာ အဆင့် အထိ ရောက်နေပြီလား"

ထိုမေးခွန်း၏ အဖြေအား မည်သူမျှ မသိကြချေ။

အခြားတစ်ဖက်၌ ချန်းပေ့ရွှမ်းသည် ပြိုင်ဘက်ကင်း တန်ခိုးရှင် ဖြစ်သည်။

သူသည် ဂျပန်၊ ရုရှား၊ ဥရောပ ယူနီယံတို့အား အနိုင်ယူခဲ့ပြီး အမေရိကန်အား နောက်ဆုတ် စေခဲ့သည်။ သူ၏ လက်၌ သေခဲ့ရသော တန်ခိုးရှင် အရေအတွက်ကား နှစ်ဆယ်ပင် ကျော်သည်။

"တရုတ်ကို သွားကြစို့… ကမ္ဘာပေါ်က အစွမ်း အထက်ဆုံး တန်ခိုးရှင် နှစ်ယောက်ရဲ့ တိုက်ပွဲကို မကြည့်မိရင် သေတဲ့ အထိ နောင်တ ရရလိမ့်မယ်"

အသက်ရာချီ အိုမင်းသော ဂျပန် ကင်ဒိုဓား မာစတာအိုကြီးက အနောက် အရပ်သို့ လှမ်းကြည့်လိုက်၏။

သတင်းအား ကြားသည်နှင့် များစွာသော ပညာရှင်များမှာ ရန်ကျင်းမြို့သို့ အလျင်စလို ထွက်ခွာလာကြ၏။ ထိုအထဲ၌ အမှောင် အရှင်သခင်များ၊ သိုင်းပညာရှင်များ၊ အစီအရင် ပညာရှင်များ… စသဖြင့် အမျိုးအစား စုံလင်လှသည်။

***

တောင်အမေရိက အမေဇုန်တော အတွင်းရှိ ရွှေရောင် ဘုရားကျောင်း တစ်ခု၌…

များစွာသော ကိုးကွယ် ယုံကြည်သူများသည် ဘုရားကျောင်း အရှေ့၌ ဒူးထောက်ချရင်း ဆုတောင်း ဦးညွတ်နေကြ၏။

"ဘုန်း…"

ရုတ်တရက် မိုးခြိမ်းသံ တစ်ခု ပေါ်ထွက်လာကာ ဘုရားကျောင်း အတွင်းမှ ရွှေရောင် လူတစ်ယောက် ကောင်းကင်သို့ ပျံတက်သွား၏။

"ဘုရားသခင် နိုးထလာပြီ…"

ကိုးကွယ် ယုံကြည်သူများက ငိုယိုကာ ကန်တော့ လိုက်ကြတော့၏။

ရွှေရောင်လူကမူ သူတို့အား လှည့်မကြည့်ပဲ အရှေ့အရပ်သို့သာ ဦးတည် ပျံသန်းသွားသည်။

"ရဲ့ချင်စန်း… ချန်းပေ့ရွှမ်း… ငါ အိပ်ပျော်နေတဲ့ အတောအတွင်းမှ မင်းတို့လို အစွမ်းထက်တဲ့ ပညာရှင် နှစ်ယောက် ပေါ်လာခဲ့တာပဲ… ဒီတိုက်ပွဲက ငါသွားပြီး ကြည့်ဖို့ ထိုက်တန်တဲ့ သူတော်စင် အဆင့် နှစ်ယောက်ကြားက တိုက်ပွဲပဲ…"

***

အိန္ဒိယ နိုင်ငံ၊ ဘရာမင် အထွတ်အမြတ် နယ်မြေ တစ်ခု၌…

ယောဂ ဂုရုကြီး နှစ်ဦးသည် ကျောခိုင်းကာ ထိုင်နေကြ၏။ သူတို့၏ အသားအရေက အိုမင်းမှုဖြင့် တွန့်ရှုပ်နေကာ သူတို့၏ ခန္ဓာကိုယ်ကလည်း အသေကောင်  အလားပင်။

"ချန်းပေ့ရွှမ်းက ရာမကို သတ်ပစ်လိုက်တယ်… သူ့မှာ နတ်မိစ္ဆာ ခန္ဓာကိုယ် တကယ် ရှိ မရှိ ငါသွားကြည့်လိုက်ဦးမယ်"

ပိန်လှီနေသော ဂုရုကြီး တစ်ယောက်က ဆိုသည်။

"ကောင်းပြီ…"

အခြား ဂုရုကြီး တစ်ယောက်က ခေါင်းညိတ်လိုက်၏။

***

ရုရှားနိုင်ငံ၊ ဝန်ရိုးစွန်း ဒေသ၌…

အိုလက်သည် ဝံပုလွေ အုပ်စု ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။

မီးပုံဘေး၌ စုနေသော အကြီးအကဲများထဲမှ လူဖြူ ပုံသဏ္ဌာန် ရှိသော လူကြီးတစ်ဦးက အိုလက်အား မြင်သည်နှင့် နှာခေါင်း ရှုံ့လိုက်၏။

"သစ္စာဖောက် အိုလက်… မင်းက စစ်ဝံပုလွေ ဘုရင်ကို သစ္စာဖောက်ပြီး… အုပ်စုကနေ ထွက်သွားခဲ့တယ်… နောက် လူသားနိုင်ငံကို သစ္စာခံပြီး သွေးမျိုးဆက် လက်နက်တွေ ထုတ်ဖို့ ကူညီပေးခဲ့တယ်… မင်းကို အခု ဝံပုလွေအုပ်စုက ထုတ်လိုက်ပြီ… ငါတို့ အထွတ်အမြတ် ဝံပုလွေ နယ်မြေကို ဘယ်ဝောာ့မှ ထပ်မလာနဲ့"

အခြား အကြီးအကဲများကလည်း ထိုင်ရာမှ ထကာ ရပ်လိုက်ကြ၏။ သူတို့၏ ပုံစံက အိုလက်အား မကြိုဆိုပုံပင်။

"ငါဒီကို လာတဲ့ အကြောင်းရင်းက သတင်းတစ်ခု ပေးချင်လို့ပါ… နောက်ရက်ပိုင်း အတွင်း ချန်းပေ့ရွှမ်းနဲ့ ရဲ့ချင်စန်းတို့ တိုက်ခိုက် ကြလိမ့်မယ်… အဲဒီ တိုက်ပွဲက လွန်ခဲ့တဲ့ နှစ်ထောင်ချီရဲ့ နတ်ဘုရား တိုက်ပွဲတွေလို ခမ်းနားလိမ့်မယ်… မင်းတို့ အဲဒီ ပွဲကို မလွဲချော်ဖို့ မျှော်လင့်ပါတယ်"

အိုလက်က ပြောပြီးနောက်… လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြန်လည် ထွက်ခွာ သွားတော့၏။

"ဟဟ… ပျင်းစရာကောင်းတဲ့ လူသား နှစ်ယောက်ကြားက တိုက်ပွဲပဲ… နောက်ပြီး ချန်းပေ့ရွှမ်းက ဂေါ့ဒင်ကို သတ်ခဲ့တဲ့ တစ်ယောက်… အိုလက်… မင်းက ငါတို့ကို အဲဒီကောင်ရဲ့ တိုက်ပွဲကို လာကြည့်စေချင် နေတာလား"

အကြီးအကဲ တစ်ယောက်က လှမ်းအော်လိုက်ချိန်၌ အိုလက်၏ အသံက အဝေးမှ ပျံ့လွင့်လာ၏။

"ချန်းပေ့ရွှမ်းက အမှောင်ခုံရုံးရဲ့ ခုံသမာဓိ လေးယာက်ကို သတ်ဖြတ်ခဲ့သေးတယ် ဆိုတာ ငါပြောဖို့ မေ့သွားတယ်… မင်းတို့က မင်းတို့ကိုယ် မင်းတို့ စစ်ဝံပုလွေ ဘုရင် အမှောင်မြို့စားတို့ထက် ပို အစွမ်းထက်တယ် ထင်ရင်တော့… တိုက်ပွဲကို မလာခဲ့နဲ့ပေါ့"

အိုလက် ပျောက်ကွယ်သွားသည့် အချိန်ထိ အကြီးအကဲ အားလုံးမှာ ဆွံ့အ၍ ကျန်ခဲ့ကြတော့၏။

***

တိုက်ပွဲသတင်းကြောင့် တောင်အမေရိက၊ ရုရှား၊ အိန္ဒိယ စသည်ဖြင့် ကမ္ဘာ အရပ်ရပ်မှ ပညာရှင်အိုကြီးများသည် တရုတ်သို့ ရောက်ရှိ လာခဲ့ကြ၏။ သူတို့ထဲ၌ လင်းရှု့မင်ထက် ပိုမို သက်တမ်းရှည်သော လူများပင် ပါဝင်ကြ၏။

"ဒီတိုက်ပွဲက သာမန် တိုက်ပွဲ မဟုတ်ဘူး… ရဲ့ချင်စန်းနဲ့ ချန်းပေ့ရွှမ်း နှစ်ယောက် စလုံးက… မြေကမ္ဘာ အဆင့်လို့တောင် ထင်ကြေးပေးခံနေတဲ့ လူတွေ… မြေကမ္ဘာ အဆင့် မဟုတ်သေးရင်တောင် တိုက်ပွဲ အတွင်း သူတို့က မြေကမ္ဘာအဆင့်ကို ချိုးဖျက်ပြီး ရောက်သွားနိုင်တယ်"

ကမ္ဘာပေါ်၌ မြေကမ္ဘာအဆင့် မပေါ်ခဲ့သည်က နှစ်တစ်ထောင်ခန့် ရှိခဲ့ပြီ ဖြစ်သည်။

သွေးမျိုးဆက်၏ ဘိုးဘေးသည် မြေကမ္ဘာ အဆင့် တစ်ယောက် ဖြစ်သည့်တိုင် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က ဒဏ္ဍာရီ တစ်ခုသာ ဖြစ်သည်။ ယခု အချိန်ထိ သူ အသက်ရှင်နေခြင်း၊ မနေခြင်းက မသေချာ မရေရာပေ။

သို့သော်လည်း ချန်းပေ့ရွှမ်းနှင့် ရဲ့ချင်စန်း တို့ကမူ သက်ရှိလူသားများ ဖြစ်ကြသည်။ သူတို့က မြေကမ္ဘာ အဆင့် မဟုတ်လျှင်ပင် ထိုအဆင့်သို့ အလွန်တရာ နီးကပ်နေသော လူများ ဖြစ်ကြသည်။

တစ်ချိန်တည်း၌… ရန်ကျင်း၏ မိသားစုများမှာမူ အံ့အားသင့် နေမိကြသည်။

ရှောင်မိသားစု တတိယ မျိုးဆက် ခြေလက်များ အချိုးခံရခြင်းက သာမန်သာ ဖြစ်သည်။ ခေတ်မှီ ကုထုံးများဖြင့် ဆိုလျှင် နောက်ငါးနှစ် အတွင်း ပြန်ကောင်းသွားမည်သာ ဖြစ်သည်။

ရဲ့ချင်စန်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီး အတွက် ထိုကိစ္စလောက်က ဝင်ပါရန် ထိုက်တန်သော ကိစ္စ တစ်ခု မဟုတ်ချေ။ သို့သော်လည်း ရဲ့ချင်စန်းက ချန်းပေ့ရွှမ်းအား ရန်တောင်ထိပ်၌ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။

"ဘုရား ဘုရား… တစ်ကမ္ဘာလုံးက ပညာရှင်ကြီးတွေ ရန်ကျင်းမှာ လာစုနေတာ ပါလား… အသက်နဲ့ တစ်ကိုယ် ဒီလို ကိစ္စမျိုး မမြင်ခဲ့ဖူးဘူး"

လူများစွာက အံ့အားသင့်စွာ ရေရွတ်မိကြသည်။

"ဆရာ… ချန်းပေ့ရွှမ်းက အမှောင်ခုံရုံးက ခုံသမာဓိ လေးယောက်ကို သတ်နိုင်ခဲ့တယ်… ဒါပေမဲ့ ရဲ့ချင်စန်းကတော့ မတိုက်ခိုက်တာ နှစ်ပေါင်း ငါးဆယ် အထိ ရှိနေပြီ… သူတို့ နှစ်ယောက်က ပြိုက်ဘက်တောင် ဟုတ်ပါ့ မလား"

ထိုက်ကျိဂိုဏ်း၏ တပည့်လေး တစ်ယောက်က သူ၏ ဆရာ အထွတ်အထိပ် အဆင့် ထိုက်ကျိ ဆရာကြီးကို မေးသည်။

"အရူးကောင်လေး… ဗိုလ်ချုပ်ရဲ့က နတ်ဘုရား သတ်မှတ်ချက်မှာ နှစ်ပေါင်း ခြောက်ဆယ် တိတိ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာကွ… အဲဒါက ဟာသ မဟုတ်ဘူး နားလည်လား… လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ကတည်းက ဗိုလ်ချုပ်ရဲ့ဟာ အမှောင်ခုံရုံး ခုံသမာဓိ ငါးယောက်ထက် ပိုပြီး အစွမ်းထက်တယ်… ဒါတောင် နှစ်ခြောက်ဆယ် တံခါးပိတ် ကျင့်ကြံခဲ့တာ ထည့်မတွက်သေးဘူးနော်"

တရုတ်နိုင်ငံ တစ်ခုလုံး၌ တိုက်ပွဲ အကြောင်း ဆွေးနွေးမှုများက တဖြည်းဖြည်း အရှိန်အဟုန် မြင့်တက် နေခဲ့သည်။

ရဲ့ချင်စန်းသည် တရုတ်၌ ဆယ်စုနှစ် များစွာ စစ်ခင်းခဲ့ပြီး နတ်ဘုရား သတ်မှတ်ချက်၌ နံပါတ်တစ် နေရာကို နှစ်ခြောက်ဆယ်ကြာ သိမ်းပိုက် ထားခဲ့သူ ဖြစ်သည်။

သူသည် ချန်းဖန်ကဲ့သို့ တန်ခိုးရှင်ပေါင်းများစွာကို မသတ်ဖြတ်ခဲ့သည့်တိုင် ခန့်မှန်း၍ မရနိုင်သူ ဖြစ်သည်။ သူကား မြေကမ္ဘာ အဆင့်သို့ပင် ရောက်နေနိုင်သေးသည်။

***

ဝမ်မိသားစု၊ အစည်းအဝေး ခန်းမ၌…

"ကျွန်တော်တို့ မျှော်လင့်ထားတာက... ချန်းပေ့ရွှမ်းရဲ့ လက်မှာ ရှောင်မိသားစု ကျဆုံးသွားဖို့ပဲလေ… ဒါမှပဲ သူတို့ နေရာကို ကျွန်တော်တို့ ယူနိုင်မှာ… ဒါပေမဲ့ အခုက ရဲ့ချင်စန်း ဝင်ပါလာတာ ဆိုတော့… ပြဿနာတွေက ပိုပြီး ရှုပ်ထွေးကုန်ပြီ"

ဝမ်ချန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

သူကား အနည်းငယ် စိုးရိမ် နေမိသည်။ အကယ်၍ သူတို့ ကြံစည်ထားသည့် အတိုင်းသာ ဖြစ်ခဲ့လျှင် ဝမ်မိသားစုက ရန်ကျင်းမြို့အား လွှမ်းမိုးနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် ဖြစ်ပေါ်လာသော တိုက်ပွဲက ဝမ်မိသားစု၏ ထိန်းချုပ်မှု အပြင်တွင် ရှိနေခဲ့၏။

"စိတ်မပျက်နဲ့ဦး… တိုက်ပွဲမှာ ဘယ်သူ နိုင်နိုင် ငါတို့အတွက် အရှုံး မရှိဘူး… ချန်းဖန် နိုင်မယ် ဆိုရင် သူက ငါ့မြေး ဆက်ဖြစ်နေလိမ့်မယ်… ရဲ့ချင်စန်း နိုင်ရင်လည်း ငါတို့ ဝမ်မိသားစုက ရန်ကျင်းရဲ့ ထိပ်တန်း မိသားစုကြီး အနေနဲ့ ဆက်ရှိနေလိမ့်မယ်"

ဝမ်ကျိုးကောက အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။

အခြားသော ဝမ်မိသားစုဝင်များက သူ၏ စကားကို ခေါင်းညိတ်လိုက်မိ၏။ မှန်ပေသည်။ မည်သို့ပင် ဖြစ်လာစေကာမူ ဝမ်မိသားစု အတွက် အရှုံး မရှိချေ။

"ဝမ်းကွဲညီလေး… တိုက်ပွဲမှာ သေတဲ့လူက မင်း ဖြစ်ဖို့ ငါမျှော်လင့်တယ်"

ဝမ်ချန်းက အေးစက်စွာ ပြုံးလိုက်တော့၏။

***

ရန်တောင်ထိပ်၌…

လူနှစ်ဦးသည် လက်ကို နောက်ပစ်ရင်း အေးဆေးစွာ ရပ်နေခဲ့၏။

တစ်ယောက်သည် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူကြီးပိုင်း တစ်ယောက် ဖြစ်ပြီး… အခြား တစ်ယောက်မှာမူ စစ်ဝတ်စုံဝတ် လူလတ်ပိုင်း တစ်ဦး ဖြစ်သည်။

တစ်ခဏမျှ အကြာ၌ စစ်ယူနီဖောင်းဝတ် လူကြီးက မေးလိုက်၏။

"အဖေ… ဘာလို့ တိုက်ပွဲကို သဘောတူလိုက် ရတာလဲ"

***

All Chapters