← Chapters

သန္ဓေပြောင်း ညံ့ကို ဖမ်းဆီးခြင်း

Vol. 14 Ch. 184

သန္ဓေပြောင်း ညံ့ကို ဖမ်းဆီးခြင်း

Vol. 14 Ch. 184

သန္ဓေပြောင်း ညံ့ တိုက်ခိုက်သည့် မိုဇမ်ဘစ် တံငါသည် ရွာတွင်ဖြစ်သည်။ ငါးဖမ်းလုပ်သားများသည် အလုပ်ပင်ပန်းသည့် အရှိန်ဒဏ်ကြောင့် အိပ်ပျော်နေကြသည်။

သန္ဓေပြောင်း ညံ့ ကုန်းပေါ်သို့ တက်လာသည်ကို မည်သူမျှ သတိမပြုမိပေ။ ၎င်းသည် ၎င်း၏ အမြင့်ဆုံး အမြန်နှုန်းဖြင့် အနီးဆုံးအိမ်သို့ ရောက်လာသည်။ ဤရွာက လူများသည် ဆင်းရဲကြပြီး သစ်သားအိမ်နှင့် ဝါးအိမ်များကိုသာ ဆောက်လုပ်နိုင်ကြသည်။

ကြီးမားသော ခန္ဓာကိုယ်ဖြင့် သန္ဓေပြောင်း ညံ့သည် သစ်သားအိမ်တစ်ခုကို ဖြိုဖျက်ရန် ကြိုးစားအားထုတ်စဥ်တွင် အိမ်ထဲရှိ ၎င်းကို ရိပ်မိသွားသော လူများသည် ကျယ်လောင်စွာအော်ဟစ်တော့သည်။

၎င်းအော်သံများကိို ကြားသွားသော သန္ဓေပြောင်း ညံ့၏ ရှည်လျားလှသော လည်ပင်းသည် အော်သံကြားရာဆီသို့ နိမ့်ဆင်းသွားပြီ အော်နေသည့် လူတစ်ယောက်ရှေ့ ရောက်သွားသည်။

မှောင်မဲနေသည့် ကောင်းကင်အောက်တွင် အော်နေသည့် လူ၏ အသားရေမှာ မည်းနက်လှသည်။ သန္ဓေပြောင်း ညံ့သည် အမြင်အာရုံချို့တဲ့သော်လည်း အနံ့ခံအာရုံကောင်းမွန်ကာ သားကောင်၏ တည်နေရာကို ခွဲခြားနိုင်သည်။

ထိုသည်ကပင် ယင်းလူ၏ ကံဆိုးမှုဖြစ်သွားကာ သန္ဓေပြောင်း ညံ့၏ ကိုက်ယူခြင်းခံလိုက်ရပြီး မျိုချခံလိုက်ရလေသည်။

ဤအစားခံလိုက်ရသည့် ဖြစ်စဉ်တွင် ထိုလူ၏ ဇနီးနှင့် ကလေးများလည်း ပါသွားခဲ့သည်။

ထီုမိသားစု၏ စိတ်ဆင်းရဲစရာ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် ငိုကြွေးသံများသည်၊ အိမ်နီးနားချင်းများကို နိုးသွားစေသည်ဟု ဆိုရမည်။

နောက်ဆုံးပေါ်ထွက်လာသည့် အော်သံကြောင့် အိမ်နီးချင်းများက သိလိုစိတ်နှင့် အပြင်ထွက်ကြည့်ကြသည့် အခါတွင်တော့ လရောင်အောက်တွင် ကြီးမားလှသော သန္ဓေပြောင်း ညံ့ကို တွေ့လိုက်ရတော့သည်။

"အား !!"

"ဒါက ပင်လယ် သားရဲဘုရင် တစ်ကောင်ပဲ!!"

ဤငါးဖမ်းသမားများသည် သန္ဓေပြောင်း ညံ့၏ အကြောင်းကို သဘာဝကျကျ ကြားဖူးကြသည်။ မည်သူကမှ ၎င်းသားရဲကို ခုခံတွန်းလှန်ဖို့ မစဉ်းစားမိကြပေ။

သန္ဓေပြောင်း ညံ့သည် မီတာ (၁၈၀) ရှည်သောကြောင့် မသေချင်လျှင် ဘယ်သူကမှ ထိတ်တိုက်ရင်ဆိုင်ဖို့ စဉ်းစားဝံ့မည် မဟုတ်ပေ။

အထိတ်တလန့်ဖြစ်နေကြသည့် လူများနှင့် သန္ဓေပြောင်း ညံ့၏ အကွာအဝေးလမ်းကြောင်းသည် မီတာ (၁၀၀) ဖြစ်သည်။

ဤတံငါသည် ကျေးရွာတွင် သဘာဝကျစွာဖြင့် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် ဖုန်းတစ်လုံးရှိပေသည်။

မကြာမီလှသည့် အချိန်တောအတွင်း အမေရိကန်များသည် ဤသတင်းကို ရရှိခဲ့သည်။

ဤနေရာသို့ ပထမဆုံးရောက်လာသည်က ရဟတ်ယာဉ်တွေ ဖြစ်သည်။

အမှန်တကယ်တော့ အမေရိကန် စစ်သင်္ဘောတွေသည် အနီးအနားကို ရေကင်းလှည့်ပြီ ဖြစ်ပြီး ဤတံငါသည် ရွာနှင့် (၁၀) ကီလိုမီတာ အကွာမှာ ရှိနေခဲ့သည်။ ထိုကြောင့်ပင် ရဟတ်ယာဉ်တွေဟာ ခပ်မြန်မြန်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျယ်လောင်သော အသံများဖြင့် ရဟတ်ယာဉ် ခုနစ်စင်းသည် မြှားပုံသဏ္ဍာန် တံငါသည် ကျေးရွာကို ဖြတ်ပျံသွားသည်။

ပင်လယ်ထဲသို့ ပြန်ဆင်းတော့မည့် သန္ဓေပြောင်း ညံ့ကို မြင်တွေ့ခဲ့ပြီးနောက် ၎င်းကို တိုက်ခိုက်ရန် သူတို့တွန့်ဆုတ်ကြမည် မဟုတ်ပေ။

သန္ဓေပြောင်း ညံ့သည် ပင်လယ်ပြင်မှာ ဖိအားများပြားလာခြင်းကြောင့် ကုန်းပေါ်တက်လာခြင်း ဖြစ်သည်။ ၎င်းသည် ဧရာမမြွေကြီးနှင့် ခရာကန်တို့နှင့် မတူညီဘဲ ရေအောက်သို့ အလွန်နက်ရှိုင်းစွာ ငုတ်လျို့မနေနိုင်ပေ။

အခြားသားရဲဘုရင်များကဲ့သို့ သန္ဓေပြောင်း ညံ့တွင် လုံလောက်သည့် နိုးကြားမှုမရှိခြင်းကြောင့် မြန်ဆန်စွာပင် အဝိုင်းခံလိုက်ရတော့သည်။

ရဟတ်ယာဉ်များရှိ စက်သေနတ်မျာမှ မီးလျှံများထွက်ပေါ်လာခဲ့သည်။ ရဟတ်ယာဉ်သုံးစီးသည် သန္ဓေပြောင်း ညံ့ကို ပင်လယ်ထဲသို့ ပြန်ဆင်းခြင်းကို တားဆီးလိုက်သည်။

ဤသားရဲဘုရင်သာ ပင်လယ်ထဲသို့ ပြန်ဆင်းသွားခဲ့လျှင် ပြန်ရှာဖို့ခတ်နိုင်သလို သူတို့လည်း တာဝန်ပျက်ကွက်ခြင်းကြောင့် ဒုက္ခများနိုင်လေသည်။

ကျန်ရှိနေသည့် ရဟတ်ယာဉ်လေးစီးသည် ၎င်းတို့၏ စက်သေနတ်များနှင့် ပစ်ခတ်နေကြ၏။

သန္ဓေပြောင်း ညံ့၏ အကြေးခွံများသည် ဧရာမမြွေကြီးနှင့် နှိုင်းယှဉ်လျှင် များစွာညံ့ဖျင်းသည် မဟုတ်ပေ။

စက်သေနတ်များမှ တိုးထွက်လာသော ရိုင်းစိုင်းကြမ်းတမ်းသည့် ကျည်ဆံများသည် ပစ်ခတ်စဉ်တွင် မီးပွားများပျံလွင့်နေစေသည်။

သန္ဓေပြောင်း ညံ့ကို ထိမိသည့် ကျည်ဆံများသည် ၎င်း၏ အကာအကွယ်ကြေးခွံများကို မချိုးဖောက်နိုင်ခဲ့ပေ။ သို့သော်လည်း ၎င်းတို့သည် သန္ဓေပြောင်း ညံ့ကို အလွန်နာကျင်သည့် ဝေဒနာကို ခံစားရစေလေသည်။

"ဂူး!!"

သန္ဓေပြောင်း ညံ့သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ နက်ရှိုင်းလှသော ၎င်း၏ အသံထဲတွင် မုန်းတီးမှုများ ပါဝင်နေသည်။

သာမန်လူတစ်ယောက်သာ ၎င်းရှေ့မှောက်တွင် ရှိနေခဲ့လျှင် ဤဟိန်းဟောင်မှုကြောင့် ကြောက်လန့်ပြီး ဆီးများပင် ထွက်သွားနိုင်သည်။

ကြောက်လန့်သွားရမည့်အစား ရဟတ်ယာဉ်ပေါ်ရှိ အမေရိကန်များသည် ပိုလို့ပင် စိတ်လှုပ်ရှားသွားသည်။

နောက်ထပ်သုံးမိနစ်အကြာတွင်..။

သန္ဓေပြောင်း ညံ့၏ ကြေးခွံအကာအကွယ်သည် ခုခံနိုင်စွမ်း ပြိုကွဲသွားပြီး နေရာအတော်များများတွင် အကြေးခွံများ ဖွစာကြဲသွားကာ ကျည်ဆံများသည် ၎င်း၏ အသားအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။

ဧရာမမြွေကြီးနှင့် မတူဘဲ သန္ဓေပြောင်း ညံ့ သို့မဟုတ် စူပါမိုဆာဆောရပ်စ်တို့သည် သာမန်သားရဲ တိရိစ္ဆာန်များထက် ပိုမိုမြင့်မားသော ကာကွယ်ရေးစွမ်းအား ရှိနိုင်သော်လည်း ၎င်းတို့သည် ကျည်ဆံများကို တာရှည်ခုခံနိုင် မဖြစ်နိုင်ပေ။

သန္ဓေပြောင်း ညံ့ မသေသေးပေ။

၎င်းသည် မြေပြင်ပေါ်တွင် ဆက်လက် တွားသွားလျက်ရှိသည်။ ဝမ်းဗိုက်လမ်းကြောင်းမှာ သွေးများစွန်းထင်နေပြီ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မေ့ဆေးဒဏ်ကြောင့် ပေါ်လာသည့် တွင်းများစွာရှိနေကာ ယင်းမှ သွေးစီးကျနေသည်။

၎င်းသည် ကြီးမားသော မေ့ဆေးအပ်ဖြင့် မေ့ဆေးနှစ်လုံး ထိုးသွင်းခံခဲ့ရသည်။

ယခုချိန်တွင် သန္ဓေပြောင်း ညံ့သည် နည်းနည်းမှ တိုက်ခိုက်နိုင်စွမ်း မရှိတော့သလို ဖြစ်နေသည်။

ရဟတ်ယာဉ်ပေါ်ရှိ အမေရိကန် စစ်သားများက ၎င်းတို့၏ စက်သေနတ်များဖြင့် ရဟတ်ယာဉ်ပေါ်မှ ကြိုးဆွဲကာ ဆင်းလာလေသည်။

သူတို့ထဲမှ စစ်သားတစ်ယောက်သည် သန္ဓေပြောင်း ညံ့၏ ဝမ်းဗိုက်က သွေးများစွန်းပေနေသည့် အကြေးခွံကို လက်နှင့် ကိုင်ကြည့်လိုက်သည်။

"ကြည့်ရတာ ဒီကောင်က တကယ်ခြိမ်းခြောက်မှု မဟုတ်တော့ဘူးလို့ ထင်တာပဲ"

စစ်သားတစ်ယောက်က ခေါင်းကိုလှည့်လိုက်ပြီး သူ၏ ရဲဘော်ရဲဘက် ဂတုံးဆံပင်နှင့် လူကို ပြောလိုက်သည်။

ထိုနောက် သူတို့သည် အတူတကွဆန့်ကျင်ဘက် အခြမ်းဆီသို့ စကားစမြည်းပြောရင်း ဦးတည်လမ်းလျှောက်လိုက်ကြသည်။

သို့သော် ယင်းအချိန်တွင် သူတို့၏ ခြေလှမ်းများရပ်တန့်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာများ အကြီးအကျယ်ပြောင်းလဲသွားသည်။

"သတိထား!!"

"ဂျွန် ဒီကိုအမြန်လာ !!"

၎င်းတို့က အော်လိုက်ရင်း သူတို့လက်အတွင်းက စက်သေနတ်ကို အသုံးပြုပြီး ပစ်ဖို့ပြင်လိုက်သည်။

အခြားတစ်ဖက်ရှိ သန္ဓေပြောင်း ညံ့သည် ၎င်း၏ ရှည်လျားလှသော လည်တံကို ရွေ့လိုက်ပြီး သူ၏ ဝမ်းဗိုက်က အကြေးခွံကို စိတ်ဝင်တစားဖြစ်နေသည့် စစ်သားကို အစာအိမ်ထဲသို့ တိုက်ရိုက်မျိုချလိုက်သည်။

ဒိုင်း! ဒိုင်း!

ဒိုင်း! ဒိုင်း!

မရပ်မနား ပစ်ခတ်မှုများအောက်တွင် သန္ဓေပြောင်း ညံ့သည် မကျေနပ်သော်လည်း ကျန်ရှိနေသေးသည့် စစ်သားများကို တိုက်ခိုက်ရန် မစွမ်းသာတော့ပဲ မြေပေါ်သို့ လဲကျသွားရာ မြေကြီးပင် ပြင်းထန်စွာ တုန်လှုပ်သွား၏။

စစ်သားများတစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်သူကမှ ရှေ့တက်မသွားဝံကြပေ။

ဆယ်မိနစ်ခန့်အကြာတွင် သက်ဆိုင်ရာသိပ္ပံပညာရှင်များ ရောက်ရှိလာလေသည်။ သူတို့သည် မြေပေါ်မှာ အမြင်များ ဝေဝါးနေပြီ ဖြစ်သည့် သားရဲကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားသွားကြသည်။

"အိုး ဘုရားရေ ဒါကကမ္ဘာပေါ်မှာ အလှဆုံးတိရစ္ဆာန်တစ်ကောင်ပဲ!"

"ဝိုး ငါတို့နောက်ဆုံးတော့ မင်းကို ဖမ်းမိသွားပြီပဲ.."

သိပ္ပံပညာရှင်များသည် သန္ဓေပြောင်း ညံ့ သေသွားမည်ကို မစိုးရိမ်ခဲ့ပေ။ ဘုရင်အဆင့် သားရဲများသည် အသက်စွမ်းအင်များပြားလှသောကြောင့် အလွယ်တကူ သေဆုံးရန် မဖြစ်နိုင်ပေ။

"ကျုပ်တို့တွေ ဒီသွေးအရမ်းထွက်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့လိုတယ်"

၎င်းနေရာသို့ ရောက်လာသော ဆေးဘက်ဆိုင်ရာ ပါမောက္ခတစ်ယောက်က ပြောလေသည်။

သူတို့သည် သန္ဓေပြောင်း ညံ့ကြောင့် ကြောက်ရွံနေခြင်း မရှိချေ။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အလျင်အမြန်ထွက်လာပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ကြတော့သည်။

သန္ဓေပြောင်း ညံ့၏ ဒဏ်ရာများအားလုံးသည် ၎င်း၏ နောက်ကျောတွင် ရှိခြင်းကြောင့် ကိုင်တွယ်ရန် လွယ်ကူပေသည်။

ထို့နောက် သူတို့သည် ယင်းသားရဲကို အမေရိကန်နိုင်ငံသို့ ပြန်ပို့ရန် စီစဥ်တော့သည်။

သူတို့၏ အကြံဉာဏ်ကတော့ ဤသားရဲကို ကြီးမားသည့် ကွန်တာနာဖြင့် ပို့ခြင်းပင် ဖြစ်သည်။

အစီအစဉ်ကို အတည်ပြုပြီးနောက် လူတိုင်းက စတင်လုပ်ဆောင်ကြလေသည်။

ထိုနောက် သန္ဓေပြောင်း ညံ့၏ ခါးနှင့် အမှီးကို ကြီးမားသော နိုင်လွန်ကြိုးနှစ်ချောင်းဖြင့် တုတ်နှောင်ပြီး ရဟတ်ယာဉ်ခြောက်စီးသည် အတူတကွပူးပေါင်းကာ ကုန်တင်သည့် တည်နေရာသို့ ပို့လိုက်သည်။

.....

All Chapters