← Chapters

သတင်း

Vol. 14 Ch. 186

သတင်း

Vol. 14 Ch. 186

ရုရှားနိုင်ငံသည် ဧရာမလိပ်ကြီးကို လေ့လာနေဆဲ ဖြစ်သည်။ ဧရာမလိပ်ကြီးမှ အကျိုးအမြတ်များ ရထားသော်လည်း သူတို့သည် အကျိုးအမြတ်များ ထက်လိုချင်နေပေသည်။

သို့ပေမယ့် အခြားလျှို့ဝှက်ချက်များ မရှိတော့သောကြောင့် ၎င်းတို့သည် ဧရာမလိပ်ကြီး၏ ကိုယ်တွင်းအင်္ဂါကို အစိတ်အပိုင်းများကို ဆုံးဖြတ်ရန် ၎င်း၏ ခန္ဓာကိုယ်ကို စပြီးလေ့လာခဲ့သည်။

ဧရာမလိပ်ကြီးကို လေ့လာစဉ်တွင် သူတို့သည် ၎င်း၏ ကိုယ်တွင်းအင်္ဂါ တစ်ရှူးကို ထုတ်ယူဖို့ အပ်ကြီးနှင့် ထုံဆေးကို ထိုးသွင်းခဲ့ရာ ဧရာမလိပ်ကြီးသည် နာကျင်မှုကို ခံစားခဲ့ရလေသည်။

အော်မည်သံသည် ၎င်း၏ လည်ချောင်းထဲမှ ထွက်လာသော်လည်း ရန်လိုသော အပြုအမှုတော့ မလုပ်ခဲ့ပေ။

အမှန်မှာ ဧရာမလိပ်ကြီးသည် ၎င်း၏ လက်ရှိအခြေအနေဖြင့် ရန်လိုသော အပြုအမူကို ပြုလုပ်ရန် အလွန်ခက်ခဲလေသည်။

သိပ္ပံပညာရှင်များ၏ စမ်းသပ်မှုအပြီးမှာ သူတို့သည် ၎င်းအထူးပစ္စည်းသည် ဧရာမလိပ်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းက ဖြစ်လာကြောင်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် အသားရောင်လင်းဇီးမှိုကို နောက်ဆုံးတွင် ထုတ်လုပ်နိုင်ပေတော့မည်။

ရုရှားနိုင်ငံ၏ ဓာတ်ခွဲခန်းမှ ထိုကဲ့သို့ သတင်းကောင်း ထွက်လာသောကြောင့် လူတိုင်းသည် အမေရိကန်များ၏ သတင်းကောင်းကို ထုတ်ပြန်လာမည်အား စောင့်မျှော်နေကြသည်။

အမှန်မှာ အမေရိကန်တွေ ဘက်ခြမ်းကလည်းတစ်ခုခုပြောချင်ပေသည်။ သို့သော် သန္ဓေပြောင်း ညံ့ဆီက ရှာဖွေတွေ့ရှိမှုသည် သူတို့အား စိတ်ပျက်စေပေသည်။

သူတို့၏ ထင်မြင်ချက်အရ သန္ဓေပြောင်း ညံ့၏ လျှို့ဝှက်ချက်သည် ဧရာမလိပ်ကြီး၏ လျှို့ဝှက်ချက်ကို လုံးဝနှိုင်းယှဉ် မရနိုင်ပေ။

"အခုအချိန်အထိ ကျုပ်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန်ဆုံးအရာက အသားရောင်လင်းဇီးမှိုပဲ ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုကို တစ်ကိုယ်တည်း အပိုင်းမသိမ်းထားပဲနဲ့ အခြားသူတွေကို ဝေမျှသင့်တယ်လို့ထင်တယ်.."

သန္ဓေပြောင်း ညံ့အား လေ့လာရန်တာဝန်ရှိသူများအား နိုင်ငံအချို့၏ သက်ဆိုင်ရာအရာရှိများက သတင်းပို့ပြောကြသည်။

"ဘေးထွက်ဆိုးကျိုးတွေက အခုအချိန်ထိ မရှင်းသေးဘူး။ နောက်ထပ်သုတေသန လုပ်ဖို့လိုအပ်နေသေးတယ် "

လူတွေကိုအချိန်ကြာမြင့်စွာ အသက်ရှည်စေနိုင်သည့် အရာထက် ဘယ်အရာက အရေးကြီးမည်နည်း။ မည်သို့ပင် ဖြစ်စေ ၎င်းသည် လူတို့၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို နုပျိုလာစေနိုင်ပေသည်။

ဤအချက်ကြောင့် အမေရိကန်တွေဘက်ခြမ်းက သူတို့၏ ရှာဖွေတွေ့ရှိမှုကို မကြော်ငြာသေးတာ ဖြစ်သည်။

ကမ္ဘာတစ်ခုလုံး၏ မျက်လုံးများသည် ဧရာမလိပ်ကြီးနှင့် သန္ဓေပြောင်း ညံ့ အကြောင်း အာရုံစူးစိုက် လူသိများနေကြစဉ် အရေးကြီးသော ကိစ္စရပ်အနည်းငယ်သည် အစိမ်းရောင်ပင်လယ်၌ ရုတ်တရက် ဖြစ်ပွားခဲ့သည်။

ဤကိစ္စသည် လွန်ခဲ့သော (၂) လက စတင်ခဲ့သည်။

"ပါမောက္ခ စိတ်မပူပါနဲ့ ငါတို့ ဒီတစ်ကြိမ်အပြည့်အဝ ပြင်ဆင်သွားမှာပါ"

ရုံးခန်းအတွင်း၌ ထန်ရွှဲကို သူ့ရှေ့မှောက်ရှိ လူငယ်က အပြုံးဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။

ထန်ရွှဲက သူ၏ မာနကြီးသော ကျောင်းသားကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်း သတိထားရမယ် "

သူသည် ၎င်းကို မကူညီနိုင်သော်လည်း စိုးရိမ်ပူပန်မှုများသည်တော့ သူ၏ မျက်နှာပေါ်တွင် ထင်ရှားနေသည်။

"ဟုတ်ကဲ့"

ဟန်ချိုက ခေါင်းကို ညိတ်ပြီး ထရပ်လိုက်ကာ နှုတ်ဆတ်သည်။

"ပါမောက္ခ.. နှုတ်ဆတ်ပါတယ်"

"ကောင်းပြီ။ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ဖို့ သတိရပါ"

ထန်ရွှဲသည် မပ်တတ်ထရပ်လိုက်ပြီး၊ ဟန်ချို၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

ခဏကြာပြီးတဲ့နောက် သူက ဟန်ချိုလက်ကို လှုပ်ခါလိုက်လေသည်။

"ကောင်းပြီ။ သွားတော့။ သူတို့ မင်းကို စောင့်နေကျတယ်"

ဟန်ချိုက ထန်ရွှဲကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် ရုံးထဲမှ ထွက်သွားတော့သည်။

ထန်ရွှဲ၏ ပိန်ပါးသော ခန္ဓာကိုယ်သည် ဟန်ချိုပျောက်ကွယ်သွားသည် သေချာပြီးနောက် နှစ်ပေါင်းများစွာ အသက်ရှင်လာသော လူအိုကြီးလိုမျိုး အိုကျသွားလေသည်။

သမုဒ္ဒရာထဲက ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများထွက်လာသည်က စ၍ သူတို့သည် သုတေသနလုပ်ခြင်းကို ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။

သုတေသနများအရ အိန္ဒိယသမုဒ္ဒရာသည် ရှေးဟောင်းသားရဲများနှင့် သန္ဓေပြောင်းသားရဲတို့၏ မွေးရပ်မြေ ဖြစ်ပုံရလေသည်။

ထို့ကြောင့် အဓိကနိုင်ငံများသည် ထိုနေရာကို စူးစမ်းလေ့လာရန် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

ဟန်ချိုသည်လည်း အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။

သူတို့သည် ၎င်းအဖွဲ့ကို ကောင်းစွာပြင်ဆင်ထားပြီး ပင်လယ်ပြင်အောက်က အခြေအနေကို လေ့လာရန် ရေငုပ်သင်္ဘောကို အသုံးပြုပေမည်။

...

ထန်ရွှဲ၏ ရုံးခန်း မငြိမ်မသက်ဖြစ်နေသည်။

ဟန်ချိုတို့ စုံစမ်းစစ်ဆေးမှုအတွက် ထွက်သွားပြီးနောက် ပထမနှစ်လတွင် ပုံမှန် သတင်းပြန်လာသော်လည်း လွန်ခဲ့သော ငါးရက်က သတင်းဆိုးများသာ ရောက်လာခဲ့သည်။

သူတို့သည် ဟန်ချိုနှင့် အခြားသူများကို သယ်ဆောင်ထားသော ရေငုပ်သင်္ဘောနှင့် အဆက်အသွယ်မရတော့ပေ။

အခြားရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများသည်လည်း ကျယ်ပြောသော သမုဒ္ဒရာတွင် လုံးဝပျောက်ကွယ်သွား သကဲ့သို့ အဆက်အသွယ်မရတော့ချေ။

ဟန်ချိုနှင့် အခြားသူများသည် မတွန်းလှန်နိုင်သော အင်အားအချို့ကို ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားပေသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ရှင်သန်ရန် မဖြစ်နိုင်သလောက် ရှိသည်။

ဤအကြောင်းကို စဉ်းစားကြည့်မိတိုင်း ထန်ရွှဲသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်ဓာတ်ကျမိသည်။

သူသည် ရင်ဘတ်ကို ဖိပြီးတော့ ဆိုဖာပေါ်မှာ ထိုင်ချလိုက်ကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူသည် နောင်တ အကြီးအကျယ်ရမိသည်။

ဒီလိုသာ ဖြစ်လာမယ်မှန်း သိခဲ့ရင် ဒီစစ်ဆင်ရေးမှာ ပါဝင်ခြင်းကနေ ဟန်ချိုကို ရပ်တန့်ဖို့အတတ်နိုင်ဆုံး ကြိုးစားခဲ့မှာပင်။

သုတေသီများသည် ဤအပြာရောင် ကမ္ဘာဂြိုလ်ပေါ်မှာ ရှေးဟောင်း သားရဲတွေနှင့် သန္ဓေပြောင်း သားရဲတွေ ရုတ်တရက် ပေါ်ထွက်လာခြင်းကို စိတ်ဝင်စားသူ မရှိဘူးဆိုတာ မဖြစ်နိုင်မှန်း သူသိသည်။

အကယ်၍ သူသာ အသက် (၁၀) နှစ်လောက်ငယ်နေခဲ့ရင် သူလည်း ထိုအခွင့်အရေးကို လက်လွှတ်ခံနိုင်မည် မထင်ပေ။

ဒီအကြောင်းကို စဉ်းစားကြည့်မိတိုင်း ထန်ရွှဲ ကူကယ်ရာမဲ့ရသည်။

ထန်ရွှဲက မျက်လုံးကို အနည်းငယ်ပိတ်လိုက်ပြီး သူ၏ နှလုံးသားထဲမှာ ဟန်ချိုအတွက် ဆုတောင်းနေခဲ့သည်။

ဒေါက်! ဒေါက်! ဒေါက်!

ရုတ်တရက် တံခါးကို လူတစ်ယောက်က ခေါက်လာခဲ့သည်။

ထန်ရွှဲသည် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။

"ဝင်လာခဲ့"

ဖိုင်တစ်ခုကို ကိုင်ထားသော လူငယ်တစ်ယောက်က တံခါးကိုတွန်းပြီး တံခါးဝကနေ ဆိုဖာမှာ ထိုင်နေသည့် ထန်ရွှဲကို ကြည့်ပြီး..။

"ပါမောက္ခ, ညီအစ်ကိုဟန်အကြောင်း သတင်းရှိတယ်"

"ဘာ!"

ထန်ရွှဲက ရုတ်တရက် ဆိုဖာကနေ ထရပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျန်းလုံ, မင်းမှာ ဟန်ချိုနဲ့ ပတ်သတ်ပြီး သတင်းရှိတယ်လို့ ပြောလိုက်တာလား"

"ဟုတ်ကဲ့ "

ကျန်းက တုန့်ပြန်သည်။

"မနေ့က, ပါကစ္စတန်မှာရှိတဲ့ ငါးဖမ်းသမားတစ်ယောက်က အစ်ကိုဟန်ကို မတော်တဆ ရှာတွေ့ခဲ့တယ်။ အခုဆို ညီအစ်ကိုဟန်ကို သူ့နိုင်ငံက ပြန်ပို့လာပြီး မြို့ဆေးရုံက အထူးနေရာမှာ ဆေးကုသမှု ခံယူခိုင်းထားတယ်"

"လက်ရှိအခြေအနေအရ ညီအစ်ကိုဟန်ရဲ့ အဖွဲ့က ကြီးမားတဲ့ မတော်တဆမှုအချို့ကို ကြုံတွေ့ခဲ့ရပုံပေါ်တယ် "

"ဆေးရုံကို အခုချက်ချင်းသွားမယ်"

ထန်ရွှဲက ချက်ချင်းပင် တံခါးအပြင်သို့ အလျင်အမြန် လမ်းလျှောက်ထွက်လာပြီး လူငယ် ကျန်းက ထန်ရွှဲနောက်မှ အနီးကပ် လိုက်လာနေသည်။

"ဟူးး ... "

လမ်းလျှောက်နေစဉ် ထန်ရွှဲက သက်ပြင်းချလိုက်သည်။

အဘယ်ကြောင့် ဟန်ချိုကဲ့သို့ အခြားအဖွဲ့သားများ သူတို့မတွန်းလှန်နိုင်သော အရာကို ကြုံခဲ့ရပေသနည်း။

ထန်ရွှဲတို့ ကားဘေးရောက်လာသည်။ ထိုနောက် သူ၏ နောက်က လိုက်လာသော ကျန်းက ကားမောင်းသူ ထိုင်ခုံမှာထိုင်ပြီး ကားကို စမောင်းခဲ့သည်။

ကားထဲတွင် ထန်ရွှဲက မျက်မှောင်ကြုတ်နေသည်။ သူသည် သူ၏ သားကဲ့သို့ ချစ်မြတ်နိုးရသော တပည့်နှင့် ပတ်သက်ပြီး စိတ်ပူနေခဲ့သည်။

သူ့စိုးရိမ်မှုများ မပြေပျောက်မှီ ကားရပ်သွားခဲ့သည်။

ကားနှင့် ရှေ့မလှမ်းမကမ်းတွင် ဆေးရုံတစ်ခု ရှိနေသည်။

.....

All Chapters