← Chapters

တိုက်ပွဲစပြီ

Vol. 7 Ch. 614

တိုက်ပွဲစပြီ

Vol. 7 Ch. 614

"ရှောင်မိသားစုက ကျွန်တော်တို့ကို ကူညီခဲ့တယ် ဆိုပေမဲ့လည်း… ကျွန်တော်တို့ ဘက်ကလည်း သူတို့ကို ဆယ်စုနှစ်တွေ ကြာအောင် ထောက်ပံ့ပေးခဲ့တယ်… နောက်ပြီး ဒါက တတိယ မျိုးဆက်ကြားက သာမန် ပြဿနာလေး တစ်ခုပါပဲ… အဖေ့ အနေနဲ့ သူ့ကို အရိုးဆက်ဆေး ပေးပြီး ကူညီလိုက်လို့လည်း ရတာပဲလေ… ဘာလို့ တိုက်ခိုက်ရမှာလဲ"

စစ်ယူနီဖောင်းဝတ် လူကြီး၏ မျက်လုံးများက တည်ငြိမ် စူးရှနေသည့်တိုင် စိုးရိမ် ပူပန်မှု တစ်ခုက နေရာယူ နေခဲ့၏။

"နောက်ပြီး… အဖေတို့ နှစ်ယောက် စလုံးက ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံး လူတွေပဲလေ… အဖေတို့ တိုက်ခိုက်ကြမှာကို ကြည့်ပြီး ရန်သူတွေ ပျော်ရွှင်နေမှာ သေချာတယ်"

"ဘာလို့လဲ ပေ့ချန်း… မင်းက ငါ နိုင်မယ်လို့ မယုံကြည်ဘူးလား"

အနက်ရောင်ဝတ် အကြီးအကဲက ပြုံးရင်း မေးလိုက်၏။ သူ၏ ပုံစံက စိတ်ပူမှု တစ်စုံတစ်ရာ မရှိပုံပင်။

"ချန်းပေ့ရွှမ်းက ကျွန်းတစ်ကျွန်းတောင် ဖျက်ဆီးပြခဲ့တယ် တဲ့… သူက နျူကလိယ လက်နက်လောက် အစွမ်းထက် နေပြီ… မြေကမ္ဘာ အဆင့် တစ်ယောက်တောင် သူ့ကို နိုင်မှာ မဟုတ်တော့ဘူး"

စစ်ဝတ်စုံဝတ် လူကြီးက သက်ပြင်းချရင်း ဆိုလိုက်၏။

"အဲဒါက ဓမ္မရတနာရဲ့ စွမ်းအားပါ… ချန်းပေ့ရွှမ်းက အမှန်တကယ် မြေကမ္ဘာ အဆင့် မဖြစ်သေးပါဘူး… မဟုတ်ရင် သူက ဝါရှင်တန်ကို တိုက်ရိုက်သွားပြီး အမေရိကန် သမ္မတကို တောင်းပန်ဖို့ အထိ ဖိအားပေးမှာ"

ရဲ့ချင်စန်းက ရယ်မောလိုက်၏။

လူချင်း မဆုံဖူးသည့်တိုင် သူသည် ချန်းဖန်၏ အကြောင်းကို အခြားလူများထက် ပိုမို၍ သိသည်။

"ဒါပေမဲ့ ဓမ္မ ရတနာ မရှိခင် ကတည်းက… ချန်းပေ့ရွှမ်းက အမှောင်ခုံရုံးက ခုံသမာဓိ ငါးယောက်ကို သတ်နိုင်ခဲ့တာလေ… အဲဒါကတင် ကြောက်ဖို့ ကောင်းနေပြီ… ခုံသမာဓိတွေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ အဖေ သိသင့်တယ်"

စစ်ယူနီဖောင်းဝတ် လူကြီးက ဆိုသည်။

"ဟားဟား…"

ရဲ့ချင်စန်းက ရယ်မောလိုက်၏။

"လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက သွေးမျိုးဆက်တွေဟာ တရုတ်ကို လာပြီး ငါနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်… အစပိုင်းမှာ ငါရှုံးခဲ့ပေမဲ့… နောက်ဆုံး တိုက်ပွဲမှာ သူတို့ အားလုံးပေါင်းကို ငါ အနိုင်ယူ နိုင်ခဲ့တယ်… အခု နှစ်သုံးဆယ် ကြာပြီ… ငါ ဘယ်လောက် အစွမ်းထက်နေမလဲ ဆိုတာ မင်းခန့်မှန်းနိုင်လား"

"ဒါပေမဲ့ အဖေ… ချန်းပေ့ရွှမ်းရဲ့ ပါရမီက အဖေ့ထက် နှစ်ဆ ပိုမြင့်တယ် လို့ အဖေ ပြောဘူးတယ်လေ"

စစ်ဝတ်စုံဝတ် လူကြီးက မေးလိုက်ပြန်သည်။

"ဟုတ်တယ်လေ…"

ရဲ့ချင်စန်းက ခေါင်းညိတ်လိုက်၏။

"ချန်းပေ့ရွှမ်းရဲ့ ပါရမီက အရမ်းကို မြင့်တယ်… ငါ ဆယ်ယောက် ပေါင်းရင်ဝောာင် သူ့ရဲ့ ပါရမီကို မမီနိုင်သေးဘူး… ဒါပေမဲ့…"

ရုတ်တရက် ရဲ့ချင်စန်း၏ မျက်လုံး၌ အလင်းရောင် တစ်ချို့ ဖြတ်ပြေးသွား၏။

"ပါရမီက ပါရမီပဲ… စွမ်းအားက စွမ်းအားပဲ… လွန်ခဲ့တဲ့ နှစ်သုံးဆယ်မှာ ငါက အမှောင်မြို့စား လောက်တောင် အစွမ်း မထက်ခဲ့ဘူး… ဒါပေမဲ့ တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်ရင်းနဲ့ သူတို့တွေကို ငါ အနိုင်ယူ နိုင်လာခဲ့တယ်… ခိုင်မာတဲ့ စိတ်ဆန္ဒက တိုက်ပွဲ တစ်ပွဲ အတွက် အရမ်း အရေးကြီးတယ်… နောက်ပြီး အဲဒီ အပိုင်းမှာ ငါက ကမ္ဘာပေါ်က လူတွေ အားလုံးထက် ပိုပြီးတော်တယ်လို့ ငါ့ကိုယ်ငါ ယုံကြည်မှု ရှိတယ်"

စစ်ဝတ်စုံဝတ် လူကြီး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။

ထိုအရာကား ဘယ်တော့မှ အရှုံးမပေးတတ်သော ဖခင် ဖြစ်သူ၏ မောက်မာမှုပင် ဖြစ်သည်။

ရဲ့ချင်စန်းသည် ဘဝ တစ်လျှောက်လုံး၌ တိုက်ပွဲပေါင်း သုံးရာကျော် တိုက်ခိုက် ခဲ့ဖူးသည်။ သူ့အနေဖြင့် တိုက်ပွဲ အချို့၌ ရှုံးနိမ့်ခဲ့ဖူးသော်လည်း နောက်ဆုံး အောင်ပွဲခံခဲ့သူက သူသာ ဖြစ်သည်။

"ဘုန်း…"

ထိုအချိန်မှာပင် ရန်တောင် အတွင်းပိုင်းမှ သွေးရောင် ချီများ ပေါက်ကွဲ ထွက်လာခဲ့၏။ ထိုချီများက သုံးရာမီတာ ပတ်လည်ကို သွေးရောင်လွှမ်းကာ တိမ်မြူများကို ဖွဲ့စည်း၏။

"အရမ်းကောင်းတယ်… ရဲ့နန်ထင်းက တန်ခိုးရှင် အဆင့်ကို ဝင်ရောက်သွားပြီ… ငါတို့ မိသားစုမှာ နောက်ထပ် တန်ခိုးရှင် တစ်ယောက် တိုးလာခဲ့ပြီ… ငါရန်တောင်မှာ သေရမယ် ဆိုရင်တောင် စိတ်ပူစရာ မရှိတော့ဘူး… ဟားဟား…"

ရဲ့ချင်စန်းက အော်ဟစ် လိုက်မောလိုက်၏။

စစ်ဝတ်စုံဝတ် လူကြီးမှာမူ အနည်းငယ် ကြောင်အ နေခဲ့မိ၏။

သူ၏ ညီအကိုဖြစ်သူ ရဲ့နန်းမှာ တန်ခိုးရှင် အဆင့်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ရာ… နှစ်တစ်ရာ့ ငါးဆယ် ကြာအောင် အသက်ရှင် နေနိုင်တော့မည် ဖြစ်သည်။

ထို့အပြင် ရဲ့နန်ထင်း၏ အဆင့်တက်မှုကြောင့် ထွက်ပေါ်လာသော ချီများမှာ ပိုမို များပြားရာ သူ၏ အနာဂတ်သည်လည်း ကောင်းမွန် ပေလိမ့်မည်။ ရဲ့နန်ထင်းနှင့် နှိုင်းယှဉ်ပါက သူ၏ ရဲ့မိသားစု ခေါင်းဆောင် သူသော ဂုဏ်ပုဒ်က ဘာမှ မဟုတ်တော့ချေ။

***

အချိန်များ ကျော်လွန်လာသည်နှင့် ကမ္ဘာ တစ်ဝန်းလုံးရှိ ပညာရှင်များမှာ ပို၍ ပို၍ ရောက်ရှိ လာကြသည်။

ယူကီရှီရိုဆာ၊ အားရှို့၊ နဂါးသခင်ကြီး၊ ဟွာရန်ဖန်း စသည်ဖြင့် မြောက်ပိုင်းချုံး၏ ဂိုဏ်းဝင်များပင် ရောက်ရှိ လာကြ၏။ မြောက် အရပ်တောင်တန်းရှိ စံအိမ်များ ဆိုလျှင် မြောက်ပိုင်းချုံး ဂိုဏ်းဝင်များနှင့် ပြည့်နှက် နေတော့သည်။

"ဆရာ… တိုက်ပွဲက နောက်တစ်ရက် နှစ်ရက်ကြာရင် စတော့မှာ… ခုထိ ဘာလို့ အနားယူ နေသေးတာလဲ"

အားရှို့က မေးသည်။

"ဟဟ… ငါက ပြိုင်ဘက်ကင်းပဲလေ… ရဲ့ချင်စန်းကို အနိုင်ယူဖို့က လက်တစ်ဖက်ပဲ လိုတယ်… ဘာလို့ စိုးရိမ် နေရမှာလဲ"

ချန်းဖန်က နောက်မှီ ဆိုဖာ၌ ထိုင်ရင်း ဆိုလိုက်၏။

ယူကီရှီရိုဆာက နောက်တွင်ရပ်ကာ သူ၏ ဇက်ကြောအား နှိပ်ပေးနေခဲ့သည်။

"ရဲ့ချင်စန်းက နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံးနေရာမှာ နှစ်ခြောက်ဆယ် အထိ နေနိုင်ခဲ့တာနော်… ဆရာ လုံးဝ စိတ်မပူတာလား"

အာရှို့က စိတ်ပူစွာ မေးလိုက်ပြန်၏။

"ပြဿနာ မရှိပါဘူး… ဟုတ်တယ် မလား ပျံလွှားနီလေး"

ချန်းဖန်က ပြုံးရင်း တံခါးဝ ရှိရာသို့ ကြည့်လိုက်သည်။

"ရှင်နဲ့ အဘိုးကြီး တိုက်ခိုက်ကြမယ် ဆိုတာ ကျွန်မ မယုံကြည်နိုင်သေးဘူး"

ပျံလွှားနီလေးက တံခါးအား ညင်သာစွာ ဖွင့်ကာ ဝင်လာ၏။

"ရဲ့ချင်စန်းက ငါ့ကို ငါးနှစ်လုံးလုံး လွှတ်ပေးထားခဲ့တာက ဒီတိုက်ပွဲ အတွက်ပဲလေ… သူက ငါနဲ့ တိုက်ခိုက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တာ… သူ့အတွက်က ဒီလိုနည်းနဲ့ပဲ မြေကမ္ဘာ အဆင့်ကို ချိုးဖျက်နိုင်မှာ… ဒီတော့ ငါက ဘာလို့ သူ့ကို အခွင့်အရေး တစ်ခု မပေးရမှာလဲ"

ချန်းဖန်က ပျင်းရိပျင်းတွဲ လေသံဖြင့် ပြန်လည် ပြောလိုက်၏။

"နင် ဘယ်လို သိတာလဲ…"

ပျံလွှားနီလေးက ဖြူဖပ် ဖြူရော်ဖြင့် ပြန်လည် မေးလိုက်သည်။

ချန်းဖန်က ခန္ဓာကိုယ်ကို အပျင်းတစ်ချက် ဆန့်လိုက်၏။ ထို့နောက် ပျံလွှားနီလေးအား ပြုံးကာ ကြည့်လိုက်သည်။

"လူတွေက ငါ့ကို ငယ်ရွယ်တယ် မောက်မာတယ် အောင်မြင်တယ် လို့ပဲ မြင်ကြတယ်… စိတ်တိုကြီးချန်း လို့ ငါ့ကို ခေါ်ကြတယ်… ဒါပေမဲ့ ရဲ့ချင်စန်းကတော့ အခြားလူတွေနဲ့ မတူတဲ့ အမြင် တစ်ခုနဲ့ ငါ့ကို မြင်တယ်… ကောင်းကင် စာအုပ်မှာ နံပါတ်တစ် နေရာ ရပြီးတဲ့ အချိန် ကတည်းက သူက ငါ့ကို အမြဲတမ်း စောင့်ကြည့် နေခဲ့တယ်… ဒီတော့ သူက ငါနဲ့ ပတ်သက်ပြီး တစ်ခုခုကို သတိထားမိ နေမယ်လို့ ငါထင်တယ်"

"ရှင်က… အဘိုးကြီး ပြောတဲ့ အတိုင်း တကယ်ပဲ ရှေးဟောင်း နတ်ဘုရား ဒါမှမဟုတ် သူတော်စင် ပြန်ဝင်စားတဲ့လူလား"

ပျံလွှားနီလေးက တအံ့တဩ မေးလိုက်သည်။

"ဟားဟား…"

ချန်းဖန်က ရယ်မောလိုက်၏။

"ရဲ့ချင်စန်းက တရုတ်ကို လွှမ်းမိုးဖို့ ငါ့ကို ခွင့်ပြုခဲ့တယ်… ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အထွတ်အထိပ် ပညာရှင်တွေ တန်ခိုးရှင်တွေကို သတ်နေတဲ့ အချိန်မှာတောင် လုံးဝ ထွက်မလာခဲ့ဘူး… ငါ့ ခန့်မှန်းချက် အရဆို နင်တို့ ဌာနရဲ့ ဒါရိုက်တာရှောင်တောင် သူ့ အမိန့်အတိုင်း လုပ်ရတာ မလား"

"မှန်ပါတယ်…"

ပျံလွှားနီလေးက ခေါင်းညိတ် လိုက်သည်။

ချန်းဖန်က ထိုင်ရာမှ ထရင်း လက်နှစ်ဖက်အား နောက်သို့ ပစ်လိုက်၏။

"ရဲ့ချင်စန်းက တိုက်ပွဲတွေမှာ မရှုံးနိမ့်ခဲ့တာ အချိန်ကာလ ကြာမြင့်ခဲ့ပြီ… သွေးဘိုးဘေးက လွဲလို့ သူနဲ့ ယှဉ်နိုင်တာ ဆိုလို့ အမှောင်မြို့စားတို့ တစ်သိုက်ပဲ ရှိခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်း ဆယ်စုနှစ်တွေ မှာတော့ အမှောင်မြို့စားတို့က သူ့ရဲ့ ကျင့်ကြံမှု တိုးတက်အောင် ကူညီနိုင်တော့ပုံ မပေါ်ဘူး… ဒါကြောင့်မလို့ သူက ငါ တိုးတက်လာတာကို စောင့်နေတာ… အခု ငါ့စွမ်းအားက လုံလောက်တဲ့ အချိန် ရောက်နေပြီလို့ ယူဆတာကြောင့် သူ ငါ့ကို စိန်ခေါ်ခဲ့တာ"

မြောက်ပိုင်းကောင်း အရှင်သခင်အား မည်သူမျှ လွယ်လွယ်ကူကူ အရူး လုပ်နိုင်မည် မဟုတ်ချေ။ ချန်းဖန်က ထိုသို့သော အကြောင်းအရာများကို တွေးတောရန် ပျင်းရိခြင်းသာ ဖြစ်သည်။

ပျံလွှားနီလေးမှာမူ ဆွံ့အ နေခဲ့မိ၏။

သူမ၏ ပထမ အမြင်အရ ဆိုလျှင် ချန်းဖန်သည် မောက်မာပြီး အခြားလူများအား ရိုသေမှု မရှိသော၊ အဆင်အခြင်မဲ့သော လူသတ်သမား တစ်ယောက်သာ ဖြစ်ခဲ့သည်။

သို့သော်လည်း ယနေ့တွင်မူ ချန်းဖန်၏ ပုံစံက ဉာဏ်ပညာ ရင့်ကျက်ပြီး အလုံစုံ သိနေသော နတ်ဘုရား တစ်ပါးလိုပင်။ သူ၏ အရှေ့၌ မည်သည့် လျှို့ဝှက်ချက်ကိုမျှ ကွယ်ဝှက်၍ ရတော့မည့်ပုံ မပေါ်ချေ။

"နင်ဒီကို လာတာ ရဲ့ချင်စန်း ခိုင်းလို့ မဟုတ်ဘူး မလား… သူက မြေကမ္ဘာ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူ… ဒီ တိုက်ပွဲ အတွက် သူ ငါးနှစ်လုံးလုံး စောင့်နေခဲ့တာ… သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ နောက်ဆုတ်မှာ မဟုတ်ဘူး… သူက ငါ့ရဲ့ ဖိအားကို သုံးပြီး အဆင့်ချိုးဖျက် ချင်နေတာ"

ချန်းဖန်က ရေရွတ်ရင်း အနောက် အရပ်သို့ လှမ်းကြည့်လိုက်၏။

သူ၏ နတ်ဘုရား စိတ်အာရုံက ရန်ကျင်းတစ်မြို့လုံးကို ဖြန့်ကျက်ကာ အခြား နတ်ဘုရား စိတ်ဝိညာဉ် ကဲ့သို့ လှိုင်းတစ်ခုနှင့် ထိတွေ့မိသည်။ ထိုစိတ်ဝိညာဉ် စွမ်းအားသည် ရန်တောင်ထိပ်မှ ဖြန့်ကျက် ထွက်လာခြင်း ဖြစ်ကာ တောင်တစ်လုံး အလား ခိုင်ခံ့ပြီး နတ်ဘုရား စိတ်အာရုံ ကဲ့သို့ပင် သိပ်သည်းသည်။

စိတ်အာရုံ နှစ်ခုက ထိတွေ့ပြီးသည်နှင့် ချက်ချင်းပင် ပြန်လည် ဆုတ်ခွာသွား၏။ သို့သော်လည်း ထိုခဏတွင်ပင် သူတို့ နှစ်ယောက် စလုံး တစ်ယောက်၏ ခွန်အားကို တစ်ယောက် ခန့်မှန်းလိုက်နိုင်၏။

"ဟုတ်တယ်… ငါ့ဘာသာ ငါလာခဲ့တာ"

ပျံလွှားနီလေးက ခေါင်းကို ငုံ့ရင်း အဖြေပေးလိုက်သည်။

"ရဲ့ချင်စန်းက မြေကမ္ဘာ အဆင့်က်ု ရောက်ဖို့ တစ်ဘဝလုံး မြှုပ်နှံထားခဲ့တာ… ပြန်ပြီး ရဲ့ချင်စန်းကို ပြောလိုက်… သူနဲ့ တိုက်ခိုက်တဲ့ နေရာမှာ ငါက ညှာတာမှာ မဟုတ်ဘူးလို့"

"အင်း…"

ပျံလွှားနီလေးက ခေါင်းညိတ်ရင်း လှည့်ပြန်ရန် ပြင်လိုက်၏။ ထို့နောက် သူမက ချီတုံချတုံဖြင့် ချန်းဖန်အား ကြည့်လိုက်သည်။

"အဘိုးကြီးက ခွန်းလွန်ရဲ့ နတ်ဘုရား သင်္ချိုင်းထဲကို လွန်ခဲ့တဲ့ နှစ်တွေက ဝင်ခဲ့တယ်… ဂရုစိုက်ပါ"

ပျံလွှားနီလေး ပျောက်ကွယ် သွားပြီးနောက် ချန်းဖန်က ပျင်းရိစွာဖြင့် ဆိုဖာ၌ ပြန်ထိုင်ကာ နောက်သို့ မှီလိုက်၏။

"ရဲ့ချင်စန်းမှာ ဝှက်ဖဲတွေ အများကြီး ရှိနေတယ်… ဒါပေမဲ့ ငါ့မှာ ဘာရှိလဲ ဆိုတာတော့ သူမသိဘူး"

ချန်းဖန်က တီးတိုး ရေရွတ်ရင်း အနည်းငယ် ပြုံးလိုက်တော့၏။

***

သုံးရက် ကြာပြီးနောက်…

ရန်ကျင်းမြို့ပြင်၊ ရန်တောင်…

ရန်တောင်၏ ပတ်ဝန်းကျင် ဆယ်မိုင်ခန့် သစ်တော အတွင်း၌ ကမ္ဘာ တစ်ဝန်းလုံးရှိ ပညာရှင်များနှင့် ပြည့်နှက်၍ နေ၏။ ထိုအထဲ၌ အမှောင် အရှင်သခင်များ၊ သိုင်းပညာ အထွတ်အထိပ် ပညာရှင်များ… စသည်ဖြင့် စုံလင်လှ၏။

မရေမတွက်နိုင်သော လူများက တောင်ထိပ်သို့ လှမ်းကာ မျှော်ကြည့် နေကြသည်။

တိုက်ပွဲကား စတင်ချေတော့မည်။

***

All Chapters