← Chapters

ပိုစ့်တစ်ခု

Vol. 14 Ch. 188

ပိုစ့်တစ်ခု

Vol. 14 Ch. 188

စစ်သင်္ဘောသည် မည့်သည် တုံ့ပြန်ခွင့်မှ မရလိုက်ဘဲ ဧရာမသားရဲကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

ဧရာမသားရဲကြီးသည် စစ်သင်္ဘောဆီသို့ အဝါရောင် အရည်တစ်မျိုးကို ဖြန်းထုတ်လိုက်ပြီး ၎င်းအရည်သည် ဟန်ချို၏ အဖော်ကို သွေးအိုင်အဖြစ် ချက်ချင်းပင် ပြောင်းလဲသွားစေခဲ့၏။

စစ်သင်္ဘော၏ ကုန်းပတ်နေရာ အချို့သည်လည်း ၎င်းအဝါရောင် အရည်တချို့ကြောင့် တိုက်စားခံလိုက်ရသည်။ ဟန်ချိုသည် ဝမ်းနည်းချိန်ပင်မရဘဲ စစ်သင်္ဘော၏ အခြားတစ်ဖက်ခြမ်းသို့ အသည်းအသန် ပြေးသွားလိုက်၏။

ဧရာမလူပုံသဏ္ဌာန် သားရဲကြီး ၎င်း၏ လက်ဖြင့် စစ်သင်္ဘောကို ရုတ်တရက် ရိုက်ချလာရာ ကုန်းပတ်ပေါ်တွင် လက်ရာကြီးတစ်ခုက ထင်ကျန်ရစ်ခဲ့သည်။

ထိုရိုက်ချက်ကြောင့် စစ်သင်္ဘောသည် ပြင်းထန်စွာ တုန်ခါသွားပြီး မြုတ်လုနီးပါး ဖြစ်သွားသည်။ ဟန်ချိုသည် ၎င်းသက်ရောက်မှုဒဏ်ကြောင့် စစ်သင်္ဘောပေါ်မှ ပြုတ်ကျကာ ပင်လယ်ထဲသို့ ကျရောက်သွားသည်။

ဤအချိန်တွင် လူပုံသဏ္ဌာန် သားရဲကြီးသည် စစ်သင်္ဘော၏ အောက်ခြေကို ၎င်း၏ ဧရာမလက်မောင်းနှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြောက်မက်ဖွယ်ကောင်းလှသည့် အင်အားကို ထုတ်လွှတ်ပြီး တန်ပေါင်းများစွာ လေးလံသော စစ်သင်္ဘောကို မှောက်ပစ်လိုက်သည်။

ဟန်ချိုသည် ကံကြမ္မာကောင်းကြောင့် အသက်ရှင်ရစ်သော်လည်း ကျန်လူများမှာ ထိုမျှ ကံမကောင်းခဲ့ပေ။

ဇာတ်လမ်းကို အဆုံးသတ်ပြီးနောက် ထန်ရွှဲနှင့် အစိုးရဝန်ထမ်းနှစ်ဦးမှာ ပြောစရာစကားပင် မရှိသလို ဖြစ်နေသည်။ ၎င်းသည် အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းသော်လည်း မည်သူမှ ဟန်ချို၏ စကားကို သံသယမဝင်ခဲ့ပေ။

ယခုခေတ်သည် ယခင်ခေတ် မဟုတ်တော့ပေ။ ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများ ပေါ်ပေါက်လာပြီးနောက် ဧရာမသားရဲ၊ ဂေါ်ဇီလာနှင့် အခြားဒဏ္ဍာရီလာ သားရဲများ ပေါ်ပေါက်လာခြင်းသည် မဖြစ်နိုင်သော အရာတစ်ခု မဟုတ်တော့ပေ။

ထို့အပြင် စစ်သင်္ဘောသုံးစင်းနှင့် ရေငုပ်သင်္ဘောနှစ်စင်းဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့လုံး ပျောက်ကွယ်သွားခြင်းသည် ၎င်းကလွဲ၍ အခြားမည်သည့်နည်းနှင့်မှ ရှင်းပြ၍ မရနိုင်ပေ။

သားရဲဘုရင်နှစ်ကောင် သို့မဟုတ် သားရဲဘုရင်များသာ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိလျှင် ၎င်းလေ့လာရေးအဖွဲ့ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ အကယ်၍ ထိုသို့ ဖြစ်ခဲ့လျှင်ပင် စစ်သင်္ဘောသုံးစင်းသည် အချိန်မီ သတင်းပြန်ပို့နိုင်သေး၏။

၎င်းဖြစ်ရပ်အား ပြည်သူလူထုသို့ အသိပေးရန် မလိုအပ်ပေ။ အသိပေး ကြော်ငြာခြင်းသည် အကျိုးမဲ့ ထိတ်လန့်ခြင်းကိုသာ ဖြစ်စေလိမ့်မည်။

အဆင့်မြင့်အရာရှိများသည် စစ်ရေးအင်အားစုများကို မြန်မြန်ဆန်ဆန် စုစည်းခဲ့ကြပြီး ကမ်းရိုးတန်းမြို့များကို အထူးသတိထားရန် သတိပေးခဲ့ကြသည်။ ကမ်းရိုးတန်းမြို့အသီးသီးရှိ စစ်ဘက်အခြေစိုက် စခန်းများ၏ လှုပ်ရှားမှုများသည် လူအချို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော်လည်း ၎င်းတို့သည် ပင်လယ်ထဲ၌ သားရဲအမျိုးအစားသစ် တစ်ခုပေါ်ပေါက်လာသည်ဟု မထင်ခဲ့ကြပေ။

လူအချို့သည် ၎င်းက နိုင်ငံတော်အနေဖြင့် သန္ဓေပြောင်း သားရဲအချို့ကို ကိုင်တွယ်ရန် ပြင်ဆင်နေသည်ဟု ထင်ကြခဲ့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုကြောင့် ဟွာရှ အနေဖြင့် သားရဲအမျိုးအစား အသစ်များ ပေါ်လာခြင်းကို ဖုံးကွယ်ထားရန် မတတ်နိုင်တော့ပေ။

ညနေ့ (၆) နာရီခန့်တွင် ဖိုရမ်တစ်ခု၌ ပိုစ့်တစ်ခု တက်လာခဲ့ပြီး ၎င်းပို့စ်သည် ရုတ်တရက် ရေပန်းစားလာခဲ့၏။ ပို့စ်၏ ခေါင်းစဥ်နာမည်သည် "ထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပြီ၊ ဒီကမ္ဘာမှာ ဒုတိယအကြိမ်မြောက် ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်တယ်" ဟူ၍ ဖြစ်သည်။

လူအများအပြားသည် ၎င်းပို့စ်၏ ခေါင်းစဉ်နာမည်ကို လှောင်ပြောင်ရယ်မောကြသော်လည်း လူအများအပြား၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေ၏။ ရလဒ်အနေဖြင့် ၎င်းသည် လူအများအပြားကို တုန်လှုပ်စေခဲ့သည်။

၎င်းပို့စ်ကို တင်ခဲ့သော အမျိုးသားသည် သူက ဟွာလျန်မြို့မှ ဖြစ်သည်ဟု ပြောခဲ့သည်။ သူသည် ထိုနေ့မွန်းလွဲပိုင်းတွင် ကရိုတာ သစ်တောဥယျာဉ်နှင့် ဟွာလျန်မြို့၏ ကမ်းရိုးတန်း ပင်လယ်ကြား လမ်းက ဖြတ်သွားစဉ် ပင်လယ်ပေါ်က ပျက်စီးနေသော ငါးဖမ်းသင်္ဘောတစ်စင်းကို တွေ့ရှိခဲ့ပြီး ၎င်းသည် ပြင်ဆင်၍ပင် မရအောင် တစ်စစီ ဖြစ်နေခဲ့သည်ဟု ဆိုကာ ပုံအများအပြား တင်ထားခဲ့သည်။

၎င်းပုံတွင် ပင်လယ်ရေပြင်ပေါ်၌ သစ်သားပြားအချို့ တိတ်ဆိတ်စွာ ပေါလောနေသည်ကို တွေ့ရပေမည်။

ထိုအချိန်က သူသည် ၎င်းက သန္ဓေပြောင်း သားရဲတစ်ကောင်ကြောင့် ဖြစ်သွားခြင်း ဖြစ်ရမည်ဟုထင်ခဲ့ပြီး အနားတွင် သန္ဓေပြောင်း သားရဲ ရှိလိမ့်မည်ဟု တွေးထင်ကာ လီဗာ (အရှိန်မြင့်တာပါ။ ကားအကြောင်း မသိလို့ ရမ်းရေးတာ။) ကို အသကုန်နင်းပြီး မောင်းမိလိုက်၏။ ထိုဆုံးဖြတ်ချက်သည် သူ့အသက်ကိုပင် ပျောက်လုနီးပါးဖြစ်စေခဲ့သည်ဟု ဆိုရမည်။

"ကျုပ် လီဗားကို အသကုန် နင်းလိုက်တဲ့အခါမှာပဲ ကျုပ်ကားက လမ်းပေါ်က တွင်းကြီးတစ်ခုထဲကို ကျလုနီးပါး ဖြစ်သွားတယ်။ တကယ်လို့ ကျုပ်သာ အမြန်မတုံ့ပြန်နိုင်ခဲ့ရင် မသေဘူးဆိုရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်တယ်" ဟု သူ၏ အတွေ့အကြုံကို ပို့စ်၌ ရေးထားခဲ့သည်။

ဧရာမတွင်းကြီးကို ကြည့်ကာ သူ မှင်တက်သွားသည်။ သူသည် စက္ကန့်အနည်းငယ်ခန့် စဥ်းစားပြီးနောက် ကားပေါ်က ဆင်းကာ တွင်းကြီးဆီသို့ လျှောက်သွားလိုက်သည်။

သူသည် ယခင်က ထိုဧရာမတွင်းကြီးကို သတိမမူမိခဲ့ပေ။ သူသည် ၎င်းတွင်းက အနည်းငယ် ထူးဆန်းနေရုံသာမက မနီးမဝေးက သစ်ပင်တွေလည်း ကျိုးနေတာကို တွေ့လိုက်ရသည်။

ဒါ့အပြင် အနီးအနားတွင် သွေးကွက်တစ်ခုလည်း ရှိနေသည်။

"အဲ့တွင်းကို ခဏကြာအောင် စစ်ဆေးပြီးတဲ့နောက်မှာ မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုကို ကျုပ်တွေ့လိုက်ရတယ်။ အဲ့တာက အဲ့တွင်းက မယုံနိုင်စရာကောင်းအောင်လို့ ဧရာမလူ့ခြေရာတစ်ခုနဲ့ တူနေတာပဲ"

၎င်းစာသားများအောက်တွင် ပုံအများအပြားလည်း ပါရှိသည်။ ဓာတ်ပုံထဲက မြင်ကွင်းသည် အဝေးပြေးလမ်းမတစ်ခု ဖြစ်ပြီး ဧရာမခြေရာတစ်ခုကို ပြသနေသည်။ ၎င်းပုံများတွင် ကျိုးပဲ့နေသော သစ်ပင်များနှင့် သွေးကွက်ပုံများကိုလည်း ပါဝင်သည်။

"ဘာဖြစ်ပြန်တာလဲ၊ ပင်လယ်ထဲက ပြောင်းလဲမှုတွေက ကျုပ်အတွက် လက်ခံဖို့ခက်ခဲပါတယ် ဆိုကာမှ။ အခု ပိုပြီး ထူးဆန်းတဲ့အရာတွေ ပေါ်လာပြန်ပြီ"

"တကယ်ကြီး ခြေရာနဲ့တူနေတာပဲ။ ဒီပုံကို ငှက်တစ်ကောင်ရဲ့ အမြင်ကနေ ရိုက်ထားနိုင်ရင် အကောင်းဆုံးပဲ၊ ဒရုန်းနဲ့ ရိုက်နိုင်မယ်ဆို အကောင်းဆုံးပဲ.."

"သားရဲအမျိုးအစား အသစ်တွေ ထပ်ပေါ်လာမှာတော့ မဟုတ်ဘူးမှတ်လား။ ဒါကြီးက ခက်ခဲလွန်းတယ် ကျုပ် လက်မခံနိုင်ဘူး"

"ကျွန်တော့်က ဟွာလျန်မြို့ ဇာတိပါ။ ကျွန်တော့် မိသားစုက လူတစ်ယောက်ပြောတာ ကြားဖူးတယ်။ အဲဒီနေရာကို ရဲတွေက အခုဆို ဝိုင်းထားပြီ..."

...

လူအများအပြားက ၎င်းပို့စ်တွင် ဝင်မန့်ခဲ့ကြပြီး လူအများပြားသည် ယင်းကြောင့် ထိတ်လန့်ခဲ့ရသည်။ ဟွာလျန်မြို့မှ လူအချို့သည် ကမ်းရိုးတန်းအနီးတွင် လူခြေရာသဏ္ဌာန် တွင်းတစ်ခုရှိနေကြောင်း အတည်ပြုပြီးနောက် လူအများအပြားသည် စိုးရိမ်ပူပန်လာခဲ့ကြတော့၏။

ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများသည် ပင်လယ်ရေကြောင်းနဲ့ သတ်ဆိုင်သည့် လုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများကို ထိခိုက်စေခဲ့သော်လည်း ယေဘုယျအားဖြင့် လူသားများ၏ တည်ငြိမ်မှုနှင့် လုံခြုံရေးကို မထိခိုက်စေခဲ့ပေ။ ၎င်းသားရဲများ ပေါ်ပေါက်လာခြင်း၏ သက်ရောက်မှုခံရသည်မှာ စီးပွားရေးနှင့် ကမ်းရိုးတန်းမြို့များသာ ဖြစ်သည်။

ဘုရင်အဆင့် သားရဲများမှ လွဲ၍ အခြားသန္ဓေပြောင်း သားရဲများသည် လူသားမြို့များကို တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။ ထို့အပြင် ဘုရင်အဆင့် သားရဲဘုရင်များသည် ပျောက်ကွယ်နေခြင်းနှင့် ဓာတ်ခွဲခန်းအတွင် ဖမ်းဆီးခံရခြင်းတို့ ဖြစ်ခဲ့သောကြောင့် ၎င်းဘုယျအားဖြင့် လူသားများ လုံခြုံရေးကို အခြေခံအားဖြင့် အန္တရာယ်မပြုနိုင်တော့ပေ။

သို့သော် ၎င်းပို့စ်က ထူးခြားဆန်းကြယ်သော အရာတစ်ခုကို ဖော်ပြနိုင်ခဲ့သည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေက လူသားများသည် သိပ်မကြာခင်၌ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရတော့မည့် ပုံပင်။

...

ပန်းနုရောင် အခန်းတစ်ခု၌ သူမ၏ ဆံပင်ကို ခြောက်သွေ့အောင် လုပ်ပြီးသွားသော ဆောင်းယုသည် သူမ၏ မိုဘိုင်းဖုန်းကို ကောက်ကိုင်ကာ ပုံမှန်အတိုင်း အင်တာနက် သုံးလျက်ရှိသည်။ သူမသည် သူမ၏ ဇာတိမြို့မှ သတင်းများကို အဓိကထား ဖတ်ရှုနေသည်။

ဆောင်းယုသည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ယန်ချန်မြို့တွင် အလုပ် လုပ်ကိုင်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။ ဤမြို့သို့ လာရောက်ရာတွင် သူမ၏ သူငယ်ချင်းကောင်း ချင်ရန်လည်း ပါလာခဲ့သည်။ သူမတို့ အဖွဲ့တွင် ယခုဆို နှစ်ယောက်သာ အတူရှိတော့ပြီး ရှောင်လျို့နှင့် ကျန်းဝေတို့ကတော့ အခြားမြို့များသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်ခဲ့ကြပြီ ဖြစ်သည်။

ဆောင်းယုသည် ပျင်းရိသော အမူအရာဖြင့် ပို့စ်များကို ရွှေ့ကြည့်နေခဲ့သည်။ သူမသည် အိမ်လွမ်းလာသောအခါ အိမ်သို့ ဖုန်းခေါ်ခြင်း သို့မဟုတ် ဒေသတွင်း ဖိုရမ်များကို ကြည့်ရှုခြင်းဖြင့် သူမ၏ အိမ်လွမ်းစိတ်ကို ဖြေဖျောက်တတ်သည်။

ထိုအချိန်တွင် ပို့စ်တစ်ခုက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။

"သတင်းထူး! လူတစ်ယောက်က ဟွာလျန်မြို့မှာ ဂေါ်ဇီလာရဲ့ ခြေရာတွေကို တွေ့ခဲ့တယ်..."

ထိုခေါင်းစည်းဖြင့် ပို့စ်ကိုမြင်လိုက်ရသော ဆောင်းယု မှင်တက်သွားခဲ့၏။ သူမသည် လူအများ၏ အာရုံကို ဖမ်းစားရန်အတွက် သိသိသာသာ ချဲ့ကားထားသော ထိုကဲ့သို့ ခေါင်းစည်းဖြင့် ပို့စ်များကို စက်ဆုပ်ပေသည်။

ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများ ပေါ်ပေါက်လာပြီးနောက် လူအများအပြားသည် ဒဏ္ဍာရီလာ သားရဲများ၊ သိပ္ပံစိတ်ကူးယဉ် သက်ရှိများ အစရှိသည်တို့ ပေါ်ပေါက်လာလိမ့်မည်ဟုသော မှန်းဆချက်ဖြင့် ပြောဆိုလာကြသည်။

သမုဒ္ဒရာအတွင်း ပေါ်ပေါက်လာခဲ့သော ရှေးဟောင်း သားရဲများ အားလုံးသည် အတိတ်တစ်ချိန်က ဤအပြာရောင်ဂြိုလ်ပေါ်တွင် ပေါ်ပေါက်ခဲ့ဖူးသောကြောင့် လူတိုင်း၏ လက်ခံနိုင်မှု အတိုင်းအတာအတွင်း ရှိနေသည်။

သန္ဓေပြောင်း သားရဲများသည် တုန်လှုပ်ဖွယ်ရာ ဖြစ်သော်လည်း ၎င်းတို့သည် ရှေးဟောင်း သားရဲများထက် ပိုကြီးမားသည့် ပုံစံသာဖြစ်ပြီး အထူးစွမ်းရည်ကဲ့သို့ အရာများ မရှိကြပေ။

ဂေါ်ဇီလာ၊ နဂါးများနှင့် ဧရာမသားရဲကြီးများကို မျှော်လင့်ခဲ့ကြသူများမှာ စိတ်ပျက်ခဲ့ရသည်။ ထိုသည်က ၎င်းခေါင်းစည်းများ ရေပန်းမစားရတော့သည် အကြောင်းရင်းတစ်ခု ဖြစ်သည်။ ၎င်းကပင် သူမ ယင်းခေါင်းစည်းကို စက်ဆုပ်ရသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်၏။

သို့သော် သူမသည် ၎င်းပို့စ်ကို နှိပ်ကြည့်ပြီး အဆုံးထိ ဖတ်ရှုပြီးနောက် သူမက အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူမသည် သူမ၏ သူငယ်ချင်းမလေးကို ထိုထိတ်လန့်ဖွယ် သတင်းကို ပြောပြလိုသောကြောင့် သူမကို ခေါ်လိုက်တော့သည်။

"ချင်ရန်! ဒီကို ခဏလာကြည့်ပါဦး.."

ချင်ရန်သည် လေမှုတ်စက်ကို ကိုင်ရင်း သူမဆီ လျှောက်လာပြီး သူမ သူငယ်ချင်း၏ ဖုန်းပေါ်ရှိ ပို့စ်ကို ကြည့်လိုက်သည်။

ပို့စ်၏ အဆုံးတွင်ရှိသော ပုံများကို မြင်ပြီးနောက် သူမလည်း မှင်တက်သွားခဲ့သည်။ ထူးဆန်းသော အမူအရာဖြင့် သူမတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ဒဏ္ဍာရီလာ သားရဲတစ်ကောင် အမှန်တကယ် ပေါ်လာတော့မည်လား။

"ခဏလေး! ရှောင်လျို့က ဟွာလျန်မြို့မှာ နေတာပဲ!"

......

All Chapters