← Chapters

ကိုင်းဂျူး

Vol. 14 Ch. 189

ကိုင်းဂျူး

Vol. 14 Ch. 189

ရှောင်လျို့ ဟွာလျန်မြို့တွင် ရှိနေသည်ကို သတိရလိုက်သည်နှင့် အမျိုးသမီးနှစ်ယောက်၏ မျက်နှာအမူအရာဟာ ပြောင်းလဲသွားခဲ့၏။ ချင်ရန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ရှောင်လျို့က အခုဟွာလျန်မြို့မှာ ရှိနေတာ။ မဖြစ်ဘူး! အချက်ချင်း သူမကို ဖုန်းဆက်ရမယ်.."

သူမသည် လေမှုတ်စက်ကို ချလိုက်ပြီး ဖုန်းကိုယူကာ ရှောင်လျို့၏ ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်သည်။

ကမ်းရိုးတန်း လမ်းမတစ်ခုလုံး ဆူညံသံများ ပြည့်နှက်နေသည်။ ရဲများသည် ၎င်းလမ်းအား ပိတ်ဆို့ထားသည်။ လမ်းမပေါ်တွင် ဧရာမခြေရာကြီးတစ်ခု ပေါ်လာခြင်း ဖြစ်သည်ဟူ၍ ကြားထားသောကြောင့် ဖြစ်၏။

ရှောင်လျို့သည် ရှေ့သို့ လှမ်းကြည့်ရန် ကြိုးစားသော်လည်း လူအလွန်များပြားသောကြောင့် မည်သည့်အရာကိုမျှ မမြင်ရပေ။

"သားရဲကြီးဆိုတာ တကယ် မရှိဘူးလား.."

သူမသည် ဘေးပတ်ဝန်းကျင်မှ လူအများ၏ ပြောဆိုသံကို ကြားနေရသာ်။ ၎င်းတို့က ဂေါ်ဇီလာ၊ ကင်းကောင် အစရှိသည်တို့ ပြောဆိုနေကြ၏။

သူမသည်လည်း ယခင်က သူငယ်ချင်းများနှင့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များကို ကြည့်ရှုဖူးပါသည်။ ထိုရုပ်ရှင်များသည် သူမကို အလွန်စိတ်လှုပ်ရှားစေခဲ့၏။

၎င်းတို့သည် ရုပ်ရှင်များသာ ဖြစ်သော်လည်း မိန်းကလေးများ ဖြစ်သော သူမတို့အဖို့ အလွန်စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပေ၏။

ထိုအချိန်က သူမတို့သည် ၎င်းသားရဲများသာ လက်တွေ့ဘဝတွင် ရှိနေမည်ဆိုလျှင် အလွန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် တကယ်တမ်း ဖြစ်လာသည့် အခါတွင်တော့ ရှောင်လျို့သည် ထိတ်လန့်မှုကလွဲ၍ ဘာမှ မခံစားရတော့ပေ။

သူမသည် သူမပတ်ဝန်းကျင်ရှိ လူအုပ်ကို ကြည့်ရင်း ညာဘက်ခြမ်းရှိ သစ်တောကို ကြည့်မိ၏။ သူမ၏ စိတ်ထဲတွင် ရှင်းပြ၍ မရနိုင်သော စိတ်သက်သာရာရမှုတစ်ခုကို ခံစားရသည်။

အကယ်၍ သားရဲတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့မည်ဆိုလျှင် သူမသည် သစ်တောထဲသို့ အမြန်ထွက်ပြေးနိုင်ပေမည်။

လမ်းမ၏ အခြားတစ်ဖက် ကမ်းခြေပေါ်တွင် လမ်းလျှောက်နေသော လူတစ်စုကိုတော့ ၎င်းတို့အစား ပင်လယ်ထဲက သားရဲတစ်ကောင် ရုတ်တရက် တက်မလာစေဖို့ ရှောင်လျို့ ဆုတောင်းပေးမိ၏။

အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားပြီး နေမင်းသည် ပျောက်ကွယ်တော့မည် ဖြစ်ကာ ညကန့်လန့်ကာသည် ကောင်းကင်သို့ တဖြည်းဖြည်း ဖုံးအုပ်လာ၏။

ရှောင်လျို့ အတော်လေး စိုးရိမ်နေခဲ့ပြီ ဖြစ်သည်။ မကြာသေးခင်က ရဲသားအချို့သည် ရောက်ရှိလာပြီး ၎င်းတွင်းကို မြေဖို့ပေးကာ သံမဏိပြားတစ်ခု ခင်းပေးမည်ဖြစ်ပြီး ထိုအခါ ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် နာရီပေါင်းများစွာသာ ကုန်လွန်သွား၏။ ယခုအချိန်ထိ မပြီးသေးပေ။

ရုတ်တရက် ရှောင်လျို့၏ ဖုန်းမြည်လာသည်။ သူမ ဖုန်းဖွင့်ကြည့်လိုက်ချိန်တွင် သူမ၏ သူငယ်ချင်းဖြစ်သူ ချင်ရန်က ခေါ်နေမှန်း သိလိုက်ရသည်။

ထိုရင်းနှီးနေသော အမည်ကို ကြည့်ရင်း ရှောင်လျို့၏ မျက်နှာထက်ပေါ်တွင် အပြုံးရိပ်တစ်ခုက ပေါ်လာခဲ့၏။

ကောလိပ်က ဘွဲ့ရပြီးနောက် လူတိုင်း ကိုယ်စီကိုယ်စီ လမ်းခွဲခဲ့ရသည်။ မကြာခဏ စကားပြောဖြစ်ကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် အပြင်မှာ တွေ့ကြသည်မှာ ရှားပါးလှ၏။ သေချာစဉ်းစားကြည့်မည်ဆိုလျှင် ဘွဲ့ရပြီးကတည်းက သူမတို့လေးယောက် တစ်စုတစ်စည်းထဲ မတွေ့ဖူးဟု ပြောလို့ရသည်။

နောက်ဆုံးအကြိမ် သူတို့အတူရှိခဲ့သည်က ဆောင်းယု၏ ဇာတိမြို့ နတ်သမီးတောင်ဆီသို့ သွားရောက်စဉ်က ဖြစ်သည်။ ၎င်းဆီက ခေါ်ဆောင်လာသော ရှဥ့်လေးသည်လည်း သူမတို့ ဘွဲ့ရပြီးနောက်ပိုင်း အလုပ်များလာသောကြောင့် ဆက်လက်မွေးမြူနိုင်ခြင်း မရှိတော့ပေ။

ရှဥ့်လေးအကြောင်း တွေးတောစဥ် သူတို့ ပထမဆုံး ဆုံခဲ့ရသော အချိန်ကို ပြန်လည်စဉ်းစားမိသည်။ ထိုအချိန်က မြွေနှင့် ရှဉ့်တို့သည် အတူတကွ နေထိုင်နေပြီး အတော်လေး တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့ရ၏။

ယခုဆို ယင်းအချိန်ကနေ ၅ နှစ်နီးပါးတောင် ကုန်လွန်ခဲ့ပြီ ဖြစ်သည်။

"ဟူး.."

သက်ပြင်းရှည်ကြီးချရင်း ရှောင်လျို့သည် အဝင်ဖုန်းကိုလက်ခံလိုက်သည်။

"ချင်ရန်"

"ရှောင်လျို့"

ဖုန်း၏ အခြားတစ်ဖက်မှ ရင်းနှီးနေသော အသံ ထွက်ပေါ်လာသည်။ ဤအသံပိုင်ရှင်ကို သူမ မှတ်မိ၏။ ၎င်းက သူမ၏ ပြည့်ပြည့်ဖောင်းဖောင်းနှင့် ချစ်စရာကောင်းသော သူငယ်ချင်းမလေး ဖြစ်သည်။

သူမသည် သူငယ်ချင်းမလေးကို ကိုယ်အလေးချိန် လျှော့ရန် မကြာခဏ ပြောခဲ့သော်လည်း သူမကတော့ လုပ်နိုင်ခဲ့ခြင်း မရှိပေ။ သူမတို့ နောက်ဆုံး တွေ့ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူမက ကိုယ်အလေးချိန် လျှော့ခဲ့သလား မလျှော့ခဲ့ဘူးလား သူမလည်း မသိတော့ပေ။

"ရှောင်လျို့ ဟွာလျန်မြို့မှာ တစ်ခုခု ဖြစ်သွားတယ်လို့ ငါ ကြားခဲ့တယ်.. "

ချင်ရန်၏ အသံသည် စိုးရိမ်ပူပန်သော အငွေ့အသက်များ ပြည့်နှက်နေပြီး စိုးရိမ်တကြီးဖြင့် မေးလာသည်။

"နင် အဆင်ပြေရဲ့လား။ အခုကော ဘယ်လိုနေလဲ"

"စိတ်ပူမနေနဲ့... ငါ အဆင်ပြေတယ်"

ရှောင်လျို့က ပြောလိုက်သည်။

"နင်ပြောချင်တာ ငါ သိတယ်။ ငါအခု အဲ့ဖြစ်ရပ် ဖြစ်ရပ်ခဲ့တာရဲ့ နေရာ အနားမှာ ရှိနေတာ.."

သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။

"ငါ အိမ်ပြန်တော့မလို့ပဲ ဒါပေမဲ့..."

"ဘာဖြစ်လို့လဲ.."

"ရဲတွေက လမ်းပိတ်ထားပြီး မီးသတ်သမားတွေက အဲ့တွင်းကို မြေဖို့နေကြတယ်။ ဒါကြောင့် ငါစောင့်နေရတယ်..."

ရှောင်လျို့က ချင်ရန်ကို ပြောလိုက်သည်။ ထိုအချိန်မှာပင် သူမသည် ကားတွေက ရှေ့မီးများအား ဖွင့်လိုက်ကြပြီး ရှေ့သို့ တဖြည်းဖြည်း ရွေ့ကာ မောင်းတော့မည့်ဟန် ပြင်နေသည်ကို တွေလိုက်ရသည်။

"သူတို့ လမ်းပြင်ပြီးသွားတဲ့ပုံပဲ။ ငါ ကားမောင်းတော့မယ်"

ရှောင်လျို့သည် စိတ်ကျေနပ်သော အမူအရာဖြင့် ဖုန်းထဲသို့ အမြန်ပြောလိုက်သည်။

"အိမ်ရောက်ရင် နင်ကို ပြန်ခေါ်လိုက်မယ်"

"အိုကေ၊ ကောင်းပြီ! တာ့တာ့.. "

ချင်ရန်သည် ဖုန်းချလိုက်တော့မည် ဖြစ်သော်လည်း နောက်ဆုံးအကြိမ်အဖြစ် စိုးရိမ်တကြီး ပြောလိုက်သည်။

"ဟဲ့ လမ်းမှာသတိထားနော်.."

ဖုန်းချပြီးနောက် သူမသည် သက်ပြင်းချလိုက်ပြီး သူမနှင့် ရှောင်လျို့တို့၏ စကားပြောဆိုမှုအကြောင်းကို ဆောင်းယုအား ပြန်ပြောပြခဲ့တော့သည်။

အခြားတစ်ဖက်တွင်...။

ရှောင်လျို့သည် ဖုန်းကိုချလိုက်ပြီးနောက် ကားထဲသို့ ဝင်ရန်အတွက် တံခါးကို ဖွင့်လိုက်သည်။ ထိုစဥ် သူမသည် သူမ၏ မျက်လုံးထောင့်မှတဆင့် ပင်လယ်ရေမျက်နှာပြင်ပေါ်က ထူးဆန်းသော အရာတစ်ခုကို သတိပြုမိလိုက်သည်။

သူမသည် သေချာမြင်ရရန် လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် အစွန်ဆုံးအထိ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမအဖုသဏ္ဍာန် အခုံးကြီးသည် ပေါ်လာနေပြီး ၎င်းသည် ကမ်းခြေဆီသို့ လျင်မြန်စွာ ရွေ့လျားလာနေခဲ့၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် ရေအောက်မှ တဖြည်းဖြည်း တိုးထွက်လာသော တစ်စုံတစ်ရာ၏ အရေပြားကဲ့သို့ အပြာနှင့် အစိမ်းရောင်လို အရာများကို မြင်လာရသည်။ ၎င်းသည် ဧရာမသားရဲကြီးတစ်ကောင်က လူအုပ်ဆီသို့ ချဉ်းကပ်လာနေသည်နှင့် တူနေလေသည်။

"ဂလု..."

ရှောင်လျို့သည် ဣန္ဒြေပင် မဆယ်နိုင်ဘဲ တံတွေးမျိုချမိ၏။ သူမသည် ပြင်းထန်ကာ မမြင်နိုင်သည့် ဖိအားတစ်ခုကို တောင့်ခံနေရသည်။ နောက်ဆုံးတွင် သူမသည် ၎င်းဖိအားအား မခံစားနိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"အားးးး"

ကားထဲသို့ ဝင်ကြတော့မည့် ယာဉ်မောင်းများသည် သူမ၏ အော်သံကို ကြားပြီးနောက် ကြက်သေသေသွားကြ၏။ သူတို့၏ အကြည့်များသည် ရှောင်လျို့ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး သူမ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ချိန်တွင် ချည်းကပ်လာနေသော ဧရာမသားရဲကြီးကို တွေ့လိုက်ကြရသည်။

"အဲ့ဒါက ဘာကြီးလဲ.?"

"သေစမ်းကွာ။ ကံဆိုးတာပဲ!"

"သားရဲ၊ အဲ့တာ သားရဲပဲ၊ သားရဲတစ်ကောင်လာနေပြီ!"

အဝေးပြေးလမ်းမပေါ်တွင် အော်ဟစ်သံများနှင့် ဆဲဆိုသံများ ဆူညံစွာ ပေါ်ပေါက်လာသည်။

ဤသည်မှာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်သာ ဖြစ်နေမည်ဆိုလျှင် ဆူညံနေသည့် လူအုပ်ကြီးနှင့် သားရဲကြီးသည် စိတ်လှုပ်ရှားစေသော ရသတစ်ခုနှင့် ထိတ်လန့်မှုတို့အား ပေးစွမ်းမည်မှာ သေချာပေသည်။

သို့သော် ယခုဖြစ်ပျက်နေသည့် ကိစ္စသည် ရုပ်ရှင်မဟုတ်ဘဲ ဆူညံသော နောက်ခံတေးဂီတများ မရှိပေ။ ဤအချိန် လူတိုင်းသည် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုကိုသာ အဆုံးစွန်ထိ ခံစားနေရသည်။

ထိုအချိန်မှာပင် ရေအောက်ရှိ အရာကြီးသည် ရေမျက်နှာပြင်ကို ဖြတ်ကျော်ကာ ပေါ်ထွက်လာခဲ့၏။ ၎င်းသည် မတ်တပ်ထရပ်လာခဲ့ရာ ၎င်း၏ ပခုံးထက်ကနေ ပင်လယ်ရေအကျွင်းအကျန်များက ရေတံခွန်သဖွယ် စီးကျလာခဲ့ကာ ၎င်း၏ ခန္ဓာကိုယ်ကိုက လူတိုင်း၏ အရှေ့တွင် အထင်အရှား ပေါ်လာခဲ့တော့သည်။

ရှောင်လျို့၏ အသက်ရှူမှုသည် ရပ်တန့်လုနီးပါး ဖြစ်သွား၏။ သူမသည် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲကအတိုင်း ထွက်ပေါ်လာသော ထိုသားရဲကြီးကို မင်သက်ကာကြည့်နေမိသည်။

ဧရာမသားရဲကြီးသည် ပင်လယ်ကမ်းခြေအနီး၌ လူတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေသည်။ ၎င်းသည် လူသားကဲ့သို့ ခြေထောက်နှင့် လက်လေးဖက်ရှိသည်။ လက်တစ်ဖက်စီတွင် ဓားသွားကဲ့သို့ ချွန်ထက်သည့် လက်သည်းငါးချောင်းစီ ရှိ၏။

၎င်းသည် ဒိုင်နိုဆောကဲ့သို့ မျက်နှာသွင်ပြင်နှင့် ချွန်ထက်သော မေးစေ့ကို ပိုင်ဆိုင်ကာ နဖူးမောက်ပြီး မျက်လုံးသုံးလုံးနှင့် ဖြစ်ပြီး ဦးခေါင်းနောက်ဖက်သို့ ကွေးညွတ်နေသော ချိုနှစ်ချောင်းနှင့် ဖြစ်သည်။

၎င်းသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြာ၊ အစိမ်းနှင့် အမဲရောင်တို့ ရောစပ်နေသည့် သုံးရောင်ခြယ် အကြေးခွံများက ဖုံးအုပ်ထားသည်။ ၎င်းအကြေးခွံများသည် အလွန်ထူထဲပုံရပြီး ပထမတစ်ချက်ကြည့်နှင့်ပင် ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းသည် အလွန်ကောင်းမွန်လိမ့်မည်ကို သိနိုင်ပေသည်။

ရုပ်ရှင်များထဲကလိုပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ၎င်းသားရဲကြီး ပေါ်ပေါက်လာပြီးနောက် လူအုပ်ကြီးသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။

သို့သော် နောက်တစ်ခဏတွင် ရှုပ်ထွေးမှုများ စတင်ဖြစ်လာခဲ့တော့သည်။

အိပ်မက်ဆိုးများအား ကာလကြာရှည် ဖြစ်စေနိုင်သည့် သားရဲကြီးသည် နောင်တစ်ခဏတွင် ၎င်း၏ အောက်ပိုင်းအား ရုတ်တရက် လှုပ်ရှားလာကာ ရှောင်လျို့နှင့် လူအုပ်ဆီသို့ လျှောက်လှမ်းလာခဲ့တော့သေည်။ ။

.....

All Chapters