← Chapters

အသက်လု ထွက်ပြေးရခြင်း

Vol. 14 Ch. 190

အသက်လု ထွက်ပြေးရခြင်း

Vol. 14 Ch. 190

"အားးး"

လူအုပ်ကြီး၏ ထိတ်လန့်တကြား အော်ဟစ်သံများ ဆူညံသွားသည်။ ဧရာမသားရဲကြီးသည် ချဉ်းကပ်လာနေပြီး လူအုပ်ကြီးသည် လမ်းဘေးရှိ သစ်တောထဲသို့ အသည်းအသန် ဝင်ပြေးလိုက်ကြ၏။

"ငါ.. ငါလည်း ပြေးရမယ်!"

ရှောင်လျို့သည် ကြောက်ရွံ့မှုမှ သတိပြန်ဝင်လာပြီး သစ်တောထဲသို့ အမြန်ပြေးဝင်လိုက်၏။ သို့သော် သူမသည် အလွန်ကြောက်လန့်မှုကြောင့် သူမ၏ ခြေထောက်များသည် ဂျယ်လီကဲ့သို့ ဖြစ်နေပြီး ရွေ့လျားရန် ခဲယဥ်းနေသည်။

သူမ၏ အမြင်အာရုံသည် အလွန်ကြောက်လန့်မှုကြောင့် မှုံဝါးနေသော်လည်း သွားများကို တင်းတင်းကြိတ်ကာ သူမသည် ရှေ့သို့ ဆက်ပြေးနေဆဲ ဖြစ်သည်။

ရှောင်လျို့သည် သူမ၏ မျက်လုံးထောင့်တဆင့် မိန်းကလေးအချို့သည် ကြောက်ရွံ့ကြောင့် လေသင်တုန်းဖြတ်သလို ဖြစ်နေသည်ကို သတိပြုမိသည်။ ၎င်းမိန်းကလေးများသည် မြေပြင်ပေါ်တွင် တုန်ယင်စွာ လဲလျောင်းနေကြပြီး ကြောက်ရွံ့မှုက သူမတို့၏ မျက်နှာများကို ဖုံးလွှမ်းနေသည်။

ဘုန်း!! ဘုန်း!!

သားရဲကြီး၏ ခြေထောက်များ မြေပြင်ပေါ် ကျဆင်း၍ ဖြစ်ပေါ်လာသော အသံများသည် ရှောင်လျို့၏ နှလုံးသားကို တဒိတ်ဒိတ် တုန်ယင်နေစေသည်။

"ငါဘာလုပ်ရမလဲ~! ငါဘာလုပ်ရမလဲ~"

ရှောင်လျို့သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။ လွန်ခဲ့သော တစ်ခဏက သူမသည် ၎င်းတွင်းကို မြေဖို့ပြီးသွားပြီ ဆိုသောကြောင့် အိမ်ပြန်နိုင်မည်ဟုတွေးကာ သူမ ဝမ်းသာနေခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း ဤအဖြစ်အပျက်က ဖြစ်ပျက်လာခဲ့သည်။

ဒိုင်း! ဒိုင်း!

ရုတ်တရက် အနောက်ဘက်မှ ထွက်ပေါ်လာသော သေနတ်သံများကြောင့် ရှောင်လျို့ကို သတိဝင်လာသည်။ အဝေးပြေးလမ်းမ၏ နံဘေးတွင် ရဲအရာရှိများ ရှိနေပြီး ၎င်းတို့၏ သေနတ်များဖြင့် သားရဲကြီးကို ပစ်ခတ်နေခဲ့သည်။

သူမသည် ၎င်းသေနတ်သံများကြောင့် နောက်လှည့်ကြည့်လိုက်သော်လည်း ဆက်ပြေးနေဆဲပင်။ ကျည်ဆံအများအပြားသည် သားရဲကြီး၏ အကြေးခွံများကို ထိမှန်သွားကာ မီးပွားများ ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။

သို့သော် ထိုကျည်ဆံများထဲမှ တစ်ခုမျှ သားရဲကြီး၏ အကြေးခွံများကို ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းမြင်ကွင်းသည် ရှောင်လျို့၏ ကျောရိုးတစ်လျှောက်ကို ချမ်းတုန်သွားစေသည်။ သို့သော် ၎င်းမြင်ကွင်းထက် နောက်တစ်ခဏတွင် မြင်လိုက်ရသည်က သူမကို ပိုမိုကြောက်လန့်စေခဲ့သည်ဟု ဆိုရမည်။

သားရဲကြီးသည် ရှေ့သို့ လျှောက်လာခဲ့ပြီး ၎င်း၏ ဧရာမလက်ကြီးသည် ဆန့်တန်းလာကာ ရဲအရာရှိများနှင့် လမ်းဘေးရှိ ကျန်ရှိနေသော လူများကို ရုတ်တရက် ရိုက်လာလေသည်။

ဗုန်း!

သားရဲကြီး၏ ရိုက်ချက်အောက်တွင် ယင်းနေရာ၌ ရှိနေခဲ့သော ထရပ်ကား၊ ရဲကား၊ ကားမျိုးစုံနှင့် လူများသည် ချက်ချင်းပင် ပြားချပ်ခြင်းနှင့် အသားပုံတို့ဖြစ်ကာ အဆုံးသတ်သွားသည်။

သားရဲကြီး၏ ခန္ဓာကိုယ်သည် အလွန်မြင့်မားကာ မီတာတစ်ရာကျော်၏။ လူသားများသည် ၎င်းရှေ့မှောက်၌ ပုရွက်ဆိတ်ကဲ့သို့ သေးငယ်လှသည်။

ရှောင်လျို့သည် သားရဲကြီးကို တစ်ချက်ကြည့်လိုက်ပြီး သစ်တောထဲသို့ ဆက်ပြေးနေသည်။ သူမ၏ နှလုံးခုန်သံသည် ဗုံတီးနေသလိုမျိုး မရက်မနား တဒိတ်ဒိတ် ခုန်နေသည်။

ဤသို့ သစ်တောထဲ ပြေးဝင်နေကြသူများမှာ သူမသာ မကပေ။ အခြားသူများသည်လည်း ပရော်ဖက်ရှင်နယ်အဆင့် အပြေးနှုန်းဖြင့်် သစ်တောထဲသို့ ပြေးဝင်နေကြခြင်း ဖြစ်၏။

ယခင် သေနတ်သံများ ထွက်ပေါ်လာစဥ်က ၎င်းတို့သည် သားရဲကြီးအား တားဆီးနိုင်ခြင်း သို့မဟုတ် နောက်ဆုတ်သွားစေနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း သေနတ်များသည် သားရဲကြီးအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

"မြန်မြန်၊ မြန်မြန်လေး.."

ရှောင်လျို့က စိတ်ထဲမှ ရေရွတ်နေသည်။

"တစ်ယောက်ယောက်က ငါတို့ကို လာကယ်မှာ! ဟုတ်တယ် တစ်ယောက်ယောက်တော့ လာကယ်မှာ သေချာတယ်!"

သူမသည် စိတ်ထဲ၌ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်၏။ သူမသည် ဘေးပတ်ဝန်းကျင်ရှိ ထွက်ပြေးနေကြသော လူများက ဖုန်းခေါ်နေကြသည်ကို သတိပြုမိသည်။ ၎င်းတို့၏ အသံများအရ ရဲများကို ခေါ်နေကြခြင်း ဖြစ်လိမ့်မည်။

ကယ်ဆယ်ရေးသမားများ ရောက်ရှိလာသည်အထိ သူမ အသက်ရှင်နေနိုင်မည်ဆိုလျှင် သူမ လုံခြုံပေလိမ့်မည်။ သို့သော် ၎င်းအချိန်အထိ သူမ အသက်ရှင်နေဖို့ လိုအပ်သည်။

ကံကောင်းထောက်စွာဖြင့် သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အလွန်ကောင်းမွန်ပေသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က နတ်သမီးတောင်သို့ သွားရောက်စဉ်တွင် သူမသည် အမြန်ဆုံး တက်နိုင်သူဖြစ်ပြီး ထိုတောင်အနီး၌ နေထိုင်ခဲ့သော ဆောင်းယုပင် သူမ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

သူမ၏ သူငယ်ချင်းများကို သတိရချိန်တွင် ရှောင်လျို့ ခါးသက်သက် ပြုံးမိသည်။ သူမသည် ဤတစ်ကြိမ်သာ အသက်ရှင်လျက်ပြန်နိုင်မည်ဆိုလျှင် ၎င်းတို့နှင့် သေချာပေါက် ပြန်ဆုံစည်းမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

ရှောင်လျို့သည် သူမ၏ ခွန်အားအားလုံးကို အသုံးပြုပြီး အားသွန်ခွန်စိုက် ပြေးလွှားနေခဲ့သည်။

"ကျွီး.."

သူမ၏ အနောက်ဘက်မှ ပြင်းထန်သော ဟိန်းဟောင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းဟိန်းဟောင်းသံသည် ဒေါ်ဖိန်ငှက်၏ အသံနှင့် ဆင်တူသော်လည်း ကြိမ်နှုန်းနိမ့်ကျကာ ပြင်းထန်သော ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိနေသည်။

"အားးး"

ရှောင်လျို့ သူမ၏ နားစည်များထံကနေ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းသည် နားထဲသို့ ချွန်ထက်သော အရာဝတ္ထုတစ်ခုဖြင့် အထိုးခံလိုက်ရသည်နှင့် ဆင်တူသည်။

သူမသည် နားနှစ်ဖက်ကို ဖိကိုင်ရင်း မြေပြင်ပေါ် ဒူးထောက်လဲကျသွားသွားသည်။ သူမ၏ မျက်နှာပေါ်၌ နာကျင်ခံစားနေရသော အရိပ်တို့က ရှိနေသည်။

သူမ တစ်ဦးတည်းသာ ဤသို့အခြေအနေ၌ ရှိနေခြင်း မဟုတ်ပေ။ အခြားသူများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

ဘုန်း!~ ဘုန်း!~

သားရဲကြီး ချဉ်းကပ်လာနေပြီဖြစ်ကြောင်း နောက်လှည့်ကြည့်စရာမလိုဘဲ သူမ သိနေသည်။ ဤကဲ့သို့ တုန်ခါမှုနှင့် အသံများသည် သားရဲကြီးတစ်ကောင်ကသာ လုပ်ဆောင်နိုင်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး!"

ရှောင်လျို့ ရူးသွပ်စွာ ခေါင်းယမ်းလိုက်သည်။

"ငါ အသက်ရှင်ချင်တယ်၊ ဒီနေရာကနေ ထွက်သွားရမယ်!"

သူမသည် အံ့တင်းတင်းကြိတ်ကာ နာကျင်မှုနှင့် ခေါင်းကိုက်ခြင်းကို ခုခံပြီး မက်တပ်ရပ်၍ ရှေ့သို့ ဆက်ပြေးလိုက်သည်။

မြေပြင်၏ တုန်ခါမှုသည် ပိုမိုပြင်းထန်လာခဲ့၏။ သားရဲကြီး သူမတို့နှင့် နီးကပ်လာနေမှန်း သူမ ခံစားမိနေသည်။

သားရဲကြီးသည် ၎င်း၏ လက်ကို ရုတ်တရက် ဆန့်တန်းလာခဲ့ပြီး တောအုပ်ထဲပြေးနေကြသော လူများထဲက နောက်ဆုံးရှိ လူနှစ်ယောက်ကို ဖမ်းဆုပ်လိုက်သည်။

ကြောက်လန့်တကြား အော်ဟစ်သံများကြားတွင် ဧရာမသားရဲကြီးသည် ထိုလူနှစ်ယောက်ကို ၎င်း၏ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

သူမသည် နောက်လှည့်မကြည့်ခဲ့သော်လည်း ထိုလူနှစ်ယောက်၏ အော်ဟစ်သံများကတဆင့် ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။ အသည်းအသန် ထွက်ပြေးနေရင်း သူမ၏ မျက်ဝန်းများက မျက်ရည်များ စီးကျလာသည်။

သူမသည် တကယ့်ကို ကြောက်လန့်နေခဲ့၏။

အတော်ဝေးဝေး ပြေးလာပြီးချိန်တွင် သားရဲကြီးကြောင့် လူအများအပြားသည် နင်းခြေခံလိုက်ရကာ အသားပြားဖြစ်သွားခြင်း သို့မဟုတ် အစားခံလိုက်ရခြင်းတို့ဖြင့် အဆုံးသတ်သွားကြသည်။

ဤအချိန်တွင် လူအနည်းငယ်သာ ကျန်ရှိတော့ပြီး ၎င်းတို့သည် အလွန်ပင်ပန်းနွမ်းနယ်နေကြ၏။ သို့သော်လည်း သူတို့သည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တိုင်းကို ညှစ်ထုတ်ကာ ဆက်လက်ရွေ့လျားနိုင်ရန် ရုန်းကန်နေကြသည်။

လူတိုင်း၏ မျက်လုံးများ၌ အသက်ရှင်လိုစိတ်များ ပြည့်နှက်နေသည်။

ဤအချိန်ထိတိုင် သားရဲကြီးသည် သူတို့အား လိုက်ဖမ်းခြင်းကို မရပ်တန့်သေးပေ။

"ငါဘာလုပ်ရမလဲ။ ငါဘာလုပ်ရမလဲ။?!"

ရှောင်လျို့ နှလုံးသားတစ်ခုလုံး ကြောက်ရွံ့ခြင်း စိတ်ပျက်အားငယ်ခြင်းတို့ဖြင့် ပြည့်နေသည်။ သူမသည် အလွန်ပင် ပင်ပန်းနေပြီ ဖြစ်သည်။

ဘုန်း!~ ဘုန်း!~

လေးလံသော ခြေလှမ်းသံများက နီးကပ်လာနေသည်။ ရှောင်လျို့သည် ခြေလှမ်းတိုင်းက သူမ၏ နှလုံးသားကို သံတူဖြင့် ရိုက်နေသလို ခံစားနေရသည်။

သားရဲကြီးသည် ဖြည်းဖြည်းချင်းသာ ရွေ့လျားနေသည်။ ၎င်းသည် ပျင်းရိပျင်းတွဲဟန်ဖြင့် ၎င်းမီသွားသော လူများကို ဖမ်းယူရန် ရပ်တန့်တတ်သည်။ ထို့ကြောင့်ပင် ရှောင်လျို့သည် ယခုအချိန်ထိ အသက်ရှင်နေသေးခြင်း ဖြစ်သည်။

"အား!"

ရုတ်တရက် ရှောင်လျို့သည် မြေပြင်ပေါ်ရှိ အရာဝတ္ထုတစ်ခုကို တိုက်မိကာ လဲကျသွားသည်။ သို့သော် သူမသည် ချက်ချင်းပင် ထပြီး ဆက်ပြေး၏။ သူမ၏ အရှေ့တွင် လူဆယ်ယောက်ခန့် ရှိနေသည်။

"လော်ယန်၊ ငါဆက် မပြေးနိုင်တော့ဘူး"

အရပ်ပုပုဖြင့် လူငယ်တစ်ယောက် အော်ပြောလိုက်သည်ကို ရှောင်လျို့ ကြားလိုက်ရသည်။

"မင်း ဆက်ပြေးရမယ်။ ငါ့ကိုထားခဲ့လိုက်။ ကျေးဇူးပြုပြီး ငါ့မိဘတွေကို တစ်ခုတော့ ပြောပေးပါ။ ငါ သူတို့ကို ချစ်ပါတယ်လို့!"

အရပ်ပုပုဖြင့် လူငယ်ကို ၎င်း၏ ဘေးက အရပ်ရှည်ရှည် လူငယ်က သူ့ကို အားပေးလိုက်သည်။

"ယန်ဖေ့ မင်း တောင့်ခံထားအုံး။ ကယ်ဆယ်ရေးသမားတွေ မကြာခင် ရောက်လာတော့မှာ.."

"တောက်! ငါတို့ ပြေးနေတာ ကြာလှပြီ။ အခုထက်ထိ ကယ်ဆယ်ရေးသမားတွေက ဘာလို ရောက်မလာသေးတာလဲ"

ယန်ဖေ့၏ စကားကို လော်ယန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူသည် သွားများကို တင်းတင်းကြိတ်ထားပြီး မျက်နှာမှာ လုံးဝ နီရဲနေသည်။

လော်ယန်သည် အသက်ပြင်းပြင်းရှူလိုက်ကာ မည်သည့်စကားမျှ မပြောဘဲ ယန်ဖေ့ဆီ လျှောက်သွားလိုက်သည်။ ၎င်းတို့ အနောက်ဘက်ရှိ ရှောင်လျို့သည် လော်ယန်၏ စကားများကြောင့် သူမ၏ စိတ်ပျက်အားငယ်မှုကနေ ပြန်ပြီး စိတ်ဓာတ်တက်ကြွသွားသည်။

သို့သော် ဤအချိန်မှာပင် ရှောင်လျို့သည် သူမ၏ အရှေ့က ပြေးနေသည့် အရပ်ပုပု လူငယ်၊ အရပ်ရှည်ရှည် လူငယ်နှင့် အခြားလူများ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

ကန်တစ်ခုသည် သူတို့၏ လမ်းတွင် ပိတ်ဆို့နေပြီး ၎င်းကန်သည် ချောက်နက်တစ်ခုနှင့် ဆင်တူ၏။

အကယ်၍ သူတို့သည် တောင်ပေါ်သို့ တက်ထွက်ပြေးလိုသည်ဆိုလျှင် ရေကန်စပ်မှ ဖြတ်ပြေးရမည် ဖြစ်သော်လည်း အချိန်က မလုံလောက်ပေ။

"ဒီလမ်းကနေ ပြေးရအောင်... "

ထိုအသံကို ရှောင်လျို့ ကြားလိုက်သည်။ သူမ၏ အကြည့်အောက်တွင် အရပ်ရှည်ရှည် လူငယ်လေးက အရပ်ပုပု လူငယ်ကို ဆွဲခေါ်ကာ ဘယ်ဘက်သို့ ပြေးသွားနေ၏။

၎င်းမြင်ကွင်းကို မြင်လိုက်ရသော လူများသည် ၎င်းတို့နည်းတူ အနောက်က လိုက်ပါသွားသည်။

ထိုအချိန်မှာပင် ဧရာမခြေထောက်တစ်ဖက်သည် ကျရောက်လာကာ သားရဲကြီးထံက ထွက်ပြေးနေကြသူများ၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

......

All Chapters