ဆီလီကွန်အခြေခံ သက်ရှိ
Vol. 14 Ch. 194
ရှောင်လျို့ ကားထဲသို့ ရောက်သွားချိန်တွင် လူစုခွဲကာ ထွက်ပြေးခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများကို တွေ့လိုက်ရသည်။ သူမသည် ပင်ပန်းနွမ်းနယ်မှုကြောင့် ထိုလူများနှင့် စကားပြောရန် စိတ်မဝင်စားဘဲ ထောင့်တစ်ခုတွင် ထိုင်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားနေခဲ့တော့သည်။
ရဲအရာရှိတစ်ယောက်သည် သူမကို လမ်းတွင် အသက်ရှင်ကျန်ရစ်သူများကို မြင်ခဲ့သေးလားဟု မေးမြန်းလာခဲ့ပြီး သူမက ခေါင်းယမ်းပြလိုက်သည်။
မကြာမီတွင် သူမသည် သက်သာလာခဲ့ပြီး ကားကို မောင်းနှင်ကာ မြို့သို့ ပြန်ခဲ့လိုက်သည်။
ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ၏ အသံများနှင့် သတ္တုချင်း ထိခတ်သံများကဲ့သို့ အသံးများက ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။ ဧရာမသားရဲကြီးနှစ်ကောင်သည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ၎င်းသည် မြင်တွေ့ရန်ခဲယင်းသော အခြေအနေတစ်ရပ် ဖြစ်သည်။
ဧရာမသားရဲကြီး နှစ်ကောင်သည် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ သို့သော် ၎င်းသားရဲနှစ်ကောင်ထဲကနေပြီး တစ်ကောင်သည် တိုက်ခိုက်ရင်း ထွက်ပြေးရန် ကြိုးစားနေသည်။
ရဟတ်ယာဉ် သုံးစီးသည် ဖန့်ရန်နှင့် ကိုင်းဂျူး သားရဲ၏ အထက်ကောင်းကင်တွင် ပျံဝဲနေခဲ့ပြီး၊ ၎င်းတို့ထဲက လေယာဉ်မှူးများသည်တော့ မျက်လုံးများ ပြူးကျယ်စွာဖြင့် သားရဲနှစ်ကောင်ကို စိုက်ကြည့်ကာ လေ့လာနေကြသည်။
"ဒီသားရဲကြီးတွေက ဘာတွေလဲ။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲက သားရဲတွေလား"
ရဟတ်ယာဉ် သုံးစီးထဲက လေယာဉ်မှူးများသည် Ultraman အမည်ရှိ ရုပ်ရှင်ရိုက်ကွင်းသို့ ကိုယ်တိုင်ရောက်နေသလိုမျိုး ခံစားနေရသည်။ ၎င်းသားရဲများ တိုက်ခိုက်နေသော မြင်ကွင်းသည် လွန်ခဲ့သော နှစ်အနည်းငယ်ကပင် သူတို့ စိတ်ကူးမယဉ်ဖူးခဲ့သော အရာဖြစ်သည်။
သူတို့သည် ရဟတ်ယာဉ်အောက်ဘက်တွင် တပ်ဆင်ထားသော ကင်မရာကို ဖွင့်ကာ သားရဲကြီးများ၏ တိုက်ပွဲကို စတင်မှတ်တမ်းတင်ခဲ့သည်။
ဖန့်ရန်သည် သူ့အထက် ဝေဟင်တွင် ပျံဝဲနေသော ရဟတ်ယာဉ်သုံးစီးကို ဂရုမစိုက်ပေ။ သူသည် ၎င်းတို့အား တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း သူ့ကို တိုက်ခိုက်မလာသောကြောင့် လျစ်လျူရှုထားခဲ့သည်။
သူသည် သူ၏ အာရုံစိုက်မှုအများစုကို ကိုင်းဂျူး သားရဲပေါ်တွင် ထားထားခဲ့သည်။
ကိုင်းဂျူး သားရဲသည် သူ့အား အနိုင်မယူနိုင်ကြောင်း သတိပြုမိကတည်းက ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။ သို့သော် ဖန့်ရန်ကလည်း တစ်ချိန်လုံး အနှောင့်အယှက်ပေးနေခဲ့သည်။
ကိုင်းဂျူး သားရဲသည် အလွန်ကြီးမားသော်လည်း ဖန့်ရန်သည်လည်း မသေးငယ်ပေ။ အချိန်အတော်ကြာ ကိုင်းဂျူး သားရဲသည် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် ဖန့်ရန်၏ နှစ်ကြိမ်တိတိ ရစ်ပတ်ခြင်း ခံလိုက်ရသည်။
ဖန့်ရန်သည် ကိုင်းဂျူး သားရဲအား ခိုင်မာစွာ ရစ်ပတ်မိလိုက်သည်နှင့် သူ၏ ခွန်အားကုန် ထုတ်သုံးလိုက်သည်။
သူ၏ သန်မာအားကောင်းသည့် ခွန်အားအောက်တွင် ကိုင်းဂျူး သားရဲ၏ အရိုးများသည် အက်ကွဲလာခဲ့သည်။
ကိုင်းဂျူး သားရဲသည် နာကျင်စွာ ဟစ်အော်နေခဲ့၏။
ကိုင်းဂျူး သားရဲအား အမြန်ဆုံး သတ်ဖြတ်နိုင်ရန်အတွက် ဖန့်ရန်သည် မိုးကြိုးဒိုမိန်အား ပြန်လည်အသုံးပြုခဲ့သည်။ သူသည် ဤတစ်ကြိမ်တွင်တော့ ကိုင်းဂျူး သားရဲ မသေမချင်း ၎င်းအား အသုံးပြုမည် ဖြစ်သည်။
ဖန့်ရန်နှင့် ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်များအပြင် ပတ်ဝန်းကျင် ပင်လယ်ရေတွင် အပြာရောင် လျှပ်စီးကြောင်းများ ပြည့်နှက်နေသည်။ ခဏအကြာတွင် ကိုင်းဂျူး သားရဲသည် ပူလောင်ကာ ထုံကျင်နာကျင်ခြင်းအား ခံစားလာရပြီး (၁၀) မိနစ်ခန့်အကြာ၌ ၎င်း၏ လှုပ်ရှားမှုက ရပ်တန့်သွားသည်။
ဖန့်ရန်သည် သူ၏ ရစ်ပတ်ထားမှုအား ဖြည်းဖြည်းချင်း ဖြေလျော့လိုက်ပြီး ကိုင်းဂျူး သားရဲ၏ လက်မောင်းကို ကိုက်ကာ ဆွဲယူသွားသည်။
"ဧရာမမြွေကြီးက လျှပ်စီးကြောင်းတွေ ထုတ်လွှင့်နိုင်တာလား.."
"ငါတို့ လိုက်ဖမ်းသင့်လား"
ရဟတ်ယာဉ်သုံးစီး၏ ဆက်သွယ်ရေးလိုင်းတွင် လေယာဉ်မှူးများ စကားပြောနေကြသည်။ သူတို့သည် ဧရာမမြွေကြီး လျှပ်စီးကြောင်းများ ထုတ်လွှတ်နိုင်မည်ဟု ထင်မထားခဲ့ပေ။
၎င်းသည် ကြီးမားသော ရှာဖွေတွေ့ရှိမှု ဖြစ်သည်။
သူတို့သည် ဧရာမမြွေကြီးက သတ်လိုက်သော သားရဲအား ကြားဖြတ်လုယူသင့်လား ဟူ၍ တွေးတောနေခဲ့သည်။ ၎င်းသားရဲကြီးသည် သူတို့မြင်တွေ့ဖူးသော မည်သည့် သားရဲနှင့်မျှ တူမနေပေ။
လေယာဉ်မှူးသုံးဦးသည် နောက်ဆုံးတွင် ဧရာမမြွေကြီးနောက် အနီးကပ်လိုက်ပါသွားရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့၏ ရဟတ်ယာဉ်များတွင် လက်နက်အချို့ တပ်ဆင်ထားသော်လည်း အထက်အမိန့် မရသေးဘဲ အသုံးပြုရန် သတ္တိမရှိကြပေ။
သူတို့၏ ယခင်အတွေ့အကြုံများအရ ဧရာမသားရဲကြီးများတွင် အသိဉာဏ်အချို့ရှိကြပြီး လက်စားချေခြင်း၏ သဘောတရားကို သိထားကြသည်။
ထိုကြောင့် သူတို့သာ ဧရာမမြွေကြီးကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် နောင်အနာဂတ်၌ သူတို့အား ပြန်လည်တိုက်ခိုက်လာနိုင်ပေသည်။ သို့သော် ထိုထူးဆန်းသော သားရဲကြီး၏ ခန္ဓာကိုယ်သည် တိကျသော သိပ္ပံနည်းကျ သုတေသနတန်ဖိုး ရှိနေသည်။
ကွပ်ကဲရေးစခန်းရှိ လူများသည် တွေဝေနေခဲ့ပြီး ခိုင်မာသော ဆုံးဖြတ်ချက်အား အချိန်တိုအတွင်း မချနိုင်ခဲ့ကြပေ။
၎င်းအချိန်မှာပင် ဧရာမမြွေကြီးသည် ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်ကို ဆွဲယူကာ ရေအောက်သို့ ငုပ်လျှိုးသွားသည်။
ထိုနောက် ရဟတ်ယာဉ်သုံးစီးသည် ထိုဧရိယာအပေါ်တွင် ခဏတာမျှ ပျံဝဲနေပြီး ပြန်သွားခဲ့ကြသည်။
နာရီအနည်းငယ်အတွင်း သားရဲကြီးများကြား တိုက်ပွဲဖြစ်ပွားခဲ့သော ဧရိယာကို ကျွမ်းကျင်သူများသည် ရောက်လာခဲ့ပြီး ပိတ်ဆို့လိုက်သည်။ ထိုနောက် သူတို့သည် ဧရာမမြွေကြီးနှင့် ကိုင်းဂျူး သားရဲကြီးတို့၏ တိုက်ပွဲဖြစ်ပွားရာနေရာတွင် တန်ဖိုးရှိတာ တစ်ခုခုများ ရှိနေမလားဟူသော မျှော်လင့်ချက်ဖြင့် အသေးစိတ်ရှာဖွေကြသည်။
ထိုအခါတွင်တော့ သူတို့သည် ကိုင်းဂျူး သားရဲ၏ အက်ဆစ်ကြောင့် တိုက်စားခံရလိုက်သော တွင်းနက်ကြီးနှင့် ၎င်း၏ ကျန်ရစ်ခဲ့သော အသားမျှင်များနှင့် သွေးအချို့ကို တွေ့လိုက်ရသည်။
"ကာဗွန်ပါဝင်မှု နည်းတယ်၊ ဒါပေမဲ့ ဆီလီကွန်ဒြပ်ပေါင်းတွေ အများကြီး ပါဝင်နေတယ်..."
ကိုင်းဂျူး သားရဲ၏ ကျန်ရစ်ခဲ့သော သွေးနှင့် တစ်သျှူးများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သုတေသီများ ၎င်းရလဒ်အား သိလိုက်ရသည်။
"ဒါဆို အဲဒီသားရဲက ဆီလီကွန်အခြေခံ သက်ရှိလို့ ဆိုလိုနေတာလား"
သိပ္ပံပညာ အသိုင်းအဝိုင်းသည် ဆီလီကွန်အခြေခံ သက်ရှိများကို စိတ်ကူးယဉ်ခဲ့ကြသည်။
၎င်းသားရဲများသည် ရုပ်ရှင်တွေထဲမှာသာ ရှိနေခဲ့ကြပြီး ယခုတော့ ဆီလီကွန်အခြေခံ သက်ရှိတစ်ကောင်ကို မြင်တွေလိုက်သည်။
"ဒီတွင်းနက်ကြီးက အလွန်ပြင်းထန်တဲ့ အက်ဆစ်ကြောင့် ဖြစ်လာခဲ့တာ။ ဒီအက်ဆစ်က အလွန်ကို ပြင်းပါတယ်ဆိုတဲ့ ဆာလဖျူရစ်အက်ဆစ်ထက် အဆတစ်သောင်း ပိုပြင်းတယ်"
၎င်းသည် မြေကြီးထဲက ထုတ်ယူ၍ စစ်ဆေးခဲ့ရာက ရလာခဲ့သော ခန့်မှန်းခြေ ရလဒ်တစ်ခုသာ ဖြစ်ပြီး ထိုအက်ဆစ်သည် ထိုထက်ပင် ပိုပြင်းနိုင်ပေသည်။
၎င်းက သူတို့စစ်ဆေးရရှိခဲ့သော ရလဒ်များထဲက အနိမ့်ဆုံး ခန့်မှန်းခြေ ဖြစ်သည်။ သို့သော် ၎င်းသည် လူတစ်ယောက်ကို ထိုအက်ဆစ်ကို ထိမိသည်နှင့် တစ်စက္ကန့်ပင် မကြာခင် အရေပျော်သွားစေနိုင်သည်။
ထိုကဲ့သို့ ပြင်းထန်သော အက်ဆစ်ကို သားရဲတစ်ကောင်က ထုတ်လုပ်နိုင်သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲပေသည်။
ဟွာလျန်မြို့၏ ကမ်းရိုးတန်းတွင် ကိုင်းဂျူး သားရဲတစ်ကောင် ပေါ်လာသည်ဟူသော သတင်းသည် ဟွာရှတစ်ခုလုံးသို့ အဓိက ပျံ့နှံ့သွားခဲ့၏။ ၎င်းသတင်းသည် ဟွာရှအတွင်း ကျယ်ကျယ်ပျံ့ပျံ့ ပျံ့နှံ့နေသော်လည်း နိုင်ငံတကာတွင်တော့ သက်သေအဖြစ် ဓာတ်ပုံ၊ ဗီဒီယိုများ မရှိခြင်းကြောင့် ထိုမျှ ရေပန်းစားခြင်း မရှိခဲ့ပေ။
သားရဲတိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ရက်အနည်းငယ်အကြာတွင် စစ်သင်္ဘောများနှင့် ရေကြောင်းရဲလှည့်ကင်းများသည် ဟွာလျန်မြို့ ကမ်းရိုးတန်းကို ကင်းလှည့်စောင့်ကြည့်နေခဲ့ကြ၏။ ၎င်းတို့၏ အဓိကတာဝန်သည် ဧရာမမြွေကြီး တိုက်ခိုက်လာမည်ကို ခုခံကာကွယ်ရန် ဖြစ်သည်။
...
ဟွာလျန်မြို့နှင့် ဝေးကွာသော သဲကန္တာရကျွန်းတစ်ခု၏ ကမ်းခြေက နေရောင်ခြည်အောက်တွင် ဖန့်ရန်သည် လှဲလျောင်းနေရင်း ကုန်ဆုံးသွားသော စွမ်းအင်အား ဖြည့်တင်းနေခဲ့သည်။
သူသည် မနေ့ကတည်းက ကိုင်းဂျူး သားရဲအလောင်းကို ဤသဲကန္တာရကျွန်းသို့ ဆွဲယူလာပြီး စားသောက်ခဲ့ပြီ ဖြစ်သည်။
ကိုင်းဂျူး သားရဲအား စားသောက်ခြင်းဖြင့် သူသည် ၎င်းကနေ စနစ်အမှတ် (၄၀၀၀၀၀) ကို ရရှိခဲ့သည်။
ဤတစ်ကြိမ် ဆင့်ကဲဖြစ်စဉ် ပြီးဆုံးပြီးနောက် နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ပမာဏက (၅) သန်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် အရှည်သည် ဆင့်ကဲဖြစ်စဉ်အပြီးတွင် မီတာ (၆၀) ကနေ (၇၅) မီတာအထိ ရှည်လာခဲ့ပြီး၊ ခန္ဓာကိုယ် အချင်းသည် (၂) မီတာမှ (၂.၅) မီတာအထိ တိုးလာခဲ့သည်။
သူ၏ မူလပန်းတိုင်ဖြစ်သော မီတာ (၁၀၀) သို့ အဆက်မပြတ် ချဉ်းကပ်နေသည်။
ဆင့်ကဲဖြစ်စဉ်တွင် ကျွမ်းကျင်မှုရမှတ် (၂၂) မှတ် ရရှိခဲ့ပြီး ယခင်နှင့် ပေါင်းစု၍ ကျွမ်းကျင်မှုရမှတ် (၃၁) မှတ် ဖြစ်သွားခဲ့သည်။
ယမန်နေ့က ရုတ်တရက် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် သူ၏ စွမ်းရည်များကို အဆင့်မြှင့်တင်ရန် အချိန်မရှိ ဖြစ်ခဲ့သော်လည်း ကိုင်းဂျူး သားရဲကို သတ်ဖြတ်ပြီးနောက် မိုးကြိုးဒိုမိန်ကို ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်ခဲ့သည်။
အဆင့်မြှင့်တင်ပြီးနောက် ၎င်းစွမ်းရည်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးလာခဲ့ရုံသာမက နယ်ပယ်သည် ကျယ်ပြန့်လာပြီး လျှပ်စစ်ကြောင်းများသည် ပိုမိုအားကောင်းလာကာ သဘာဝမိုးကြိုးနှင့် နီးစပ်လာခဲ့သည်။
သံလိုက်စက်ကွင်း သက်ရောက်မှုသည်လည်း နှစ်ဆကျော် တိုးလာခဲ့သောကြောင့် ၎င်းသည် အလွန်ကြီးမားသော အဆင့်မြှင့်တင်မှုဟု ဆို၍ ရပေသည်။
သူသည် သံလိုက်စက်ကွင်းသည် စွမ်းရည်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ ၎င်းသည် သက်ရှိများကို စိတ်မသက်မသာဖြစ်စေခြင်းနှင့် မူးဝေစေခြင်းတို့ ဖြစ်သည်။
၎င်းစွမ်းရည်သည် သူ့ဝတ္ထုများတွင် ဖတ်ဖူးခဲ့သည့် နဂါးများ၏ နဂါးဖိအား၊ နဂါးအရှိန်အဟုန်နှင့် အဆင့်နိမ့်နှင့် နယ်ပယ်တူများအား ကြောက်ရွံစေခြင်းတို့နှင့် အလားသဏ္ဍာန်တူသည်ဟု ထင်သည်။
တစ်နေ့တွင် သူဖြတ်သန်းသွားရာ နေရာတိုင်းက သားရဲအများစုသည် ကြောက်လန့်တကြား သေဆုံးသွားမည်လားဟု သူ တွေးတောမိသည်။
မနေ့ညက ဤကမ်းခြေသို့ သူရောက်လာစဉ်တွင် ပုဇွန်လုံးနှင့် အခြားသေးငယ်သော ရေနေ သားရဲငယ်များသည် သူနှင့် နီးကပ်လာချိန်တွင် ရပ်တန့်ကုန်ကာ အချို့ဆို မူးဝေသွားတာကို တွေ့ခဲ့ရသည်။
၎င်းကို ကြည့်ရင်း သံလိုက်စက်ကွင်း၏ ပြင်းအား ပိုအဆင့်မြင့်လာသည်နှင့် အညီ အစွမ်းထက် သားရဲများကိုပါ ထိခိုက်စေနိုင်မလားဟု သူတွေးတောခဲ့မိသည်။
ဖန့်ရန်သည် ၎င်းကို တွေ့လိုက်ချိန်၌ အံ့အားသင့်သွားသော်လည်း သိပ်မတွေးတော့ဘဲ ကိုင်းဂျူး သားရဲ၏ အလောင်းကို စတင်စားသောက်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင်တော့ သူသည် ကမ်းခြေ၌ လှဲလျောင်းရင်း သက်သောင့်သက်သာ အနေအထားဖြင့် ၎င်းအား တွေးတောနေခဲ့ခြင်း ဖြစ်သည်။
......