အိုဗာကလော့ တုန်ခါမှု (ကြိမ်နှုန်းမြင့် အသံလှိုင်း)
Vol. 14 Ch. 195
ရေကန်နားတွင် ရှိနေခဲ့သော အသက်ရှင်ကျန်ရစ်သူများ၏ တုံ့ပြန်မှုအရ ကိုင်းဂျူး သားရဲပေါ်ပေါက်လာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်နိုင်ပေသည်။
အသက်ရှင်ကျန်ရစ်သူများအကြောင်း တွေးတောရင်း ဖန့်ရန်သည် ထိုလူငယ်များအကြောင်း စဉ်းစားမိပြန်သည်။
လော်ယန်နှင့် ယန်ဖေ့တို့အား တွေ့ရသည်က ယခုဆို တတိယအကြိမ်မြောက် ဖြစ်သည်။ ဖန့်ရန် တွေးတောနေ၏။
၎င်းတို့အပြင် ကိုင်းဂျူး သားရဲကို လိုက်ဖမ်းစဉ်တွင် ရှောင်လျို့ကိုလည်း သူမြင်ခဲ့ရသည်။
ရှောင်လျို့အကြောင်း တွေးမိလိုက်စဉ်တွင် ဖန့်ရန်၏ စိတ်ထဲ၌ အမှတ်တရအချို့ ပေါ်လာသည်။ ထိုအချိန်က သူသည် နတ်သမီးတောင်ရှိ ထင်းရှူးပင်ကြီးတစ်ပင်တွင် နေထိုင်ခဲ့သည်။ အချိန်သည် အမှန်တကယ်ကို မြန်ဆန်လှပြီး ဤနေ့ကိုပင် ရောက်လာခဲ့ပြီ ဖြစ်သည်။
ရှောင်လျို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူမထံတွင် နုပျိုလန်းဆန်းသော အငွေ့အသက်များ ရှိနေခဲ့ပြီး ယခုတွင်တော့ သူမသည် ရင့်ကျက်တည်ငြမ်သော အမျိုးသမီးငယ် ဖြစ်လာခဲ့သည်။
သူသည် ထင်းရှူးပင်တွင် နေထိုင်စဉ်က သူငယ်ချင်းတစ်ယောက် ရှိခဲ့သည်။
"ရှဉ့်လေး အခုဆို ဘာတွေလုပ်နေလဲ မသိဘူး"
သူသည် ၎င်းနေရာက ထွက်ခွာရန် ဆုံးဖြတ်ပြီးချိန်တွင် ရှဉ့်လေးကို ခြမ်းခြောက်နိုင်သည့် တစ်ခုတည်းသော အန္တရာယ်ဖြစ်တဲ့ လင်းယုန်ကို သတ်ဖြတ်ပစ်ခဲ့သည်။
ရှဉ့်လေး၏ လျင်မြန်မှုနှင့် လိမ္မာပါးနပ်မှုဖြင့်ဆို ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သင့်ပေသည်။
"ဟူး.."
သက်ပြင်းရှည်တစ်ခုကို ချရင်း ဖန့်ရန်သည် သူ၏ အတွေးများကို စုစည်းလိုက်၏။ သူသည် ကျပန်းဦးတည်ချက်တစ်ခုကို ရွေးချယ်၍ ပင်လယ်ထဲသို့ ဆင်းကာ ကူးသွားနေလိုက်သည်။
အမဲလိုက်ခြင်းနှင့် ပတ်သတ်လာလျှင် သူက အလုပ်အကြိုးစားဆုံး သားရဲအဖြစ် သတ်မှတ်ခံရသင့်သည်ဟု ဖန့်ရန် ထင်မိသည်။ သူသည် မြွေအဖြစ် ပြန်လည်မွေးဖွားလာစဉ်ကတည်းက သူ၏ နေ့ရက်များကို အမဲလိုက်ခြင်း၊ အမဲလိုက်ရန် အဆက်မပြက်ရေကူးနေရခြင်း ဆင့်ကဲပြောင်းလဲမှုတို့ဖြင့်သာ ကုန်ဆုံးခဲ့ရသည်။
သူအမှန်တကယ် အနားယူဖူးသော အချိန်ကိုပင် မမှတ်မိတော့ပေ။ ၎င်းအတွေးများသည် ဖန့်ရန်အား သူသည် အလွန်ပင် ပင်ပန်းနေပြီး လူသူမနေထိုင်သော နေရာတစ်ခုတွင် လှဲလျောင်းကာ အနားယူ အိပ်စက်သင့်သည်ဟု ခံစားရစေခဲ့သည်။
"အခုဆို သမုဒ္ဒရာထဲမှာ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ သားရဲဆိုတာ သိပ်မရှိတော့ဘူး။ အကယ်၍ ငါအနားယူနေချိန် လူသားတွေက သူတို့ရဲ့ လက်နက်တွေနဲ့ တိုက်ခိုက်လာရင်လည်း ငါ့အနေနဲ့ ပင်လယ်အနက်ပိုင်းထဲမှာ ပုန်းနေပြီး အခွင့်အရေးရတဲ့အခါ ပြန်လက်စားချေနိုင်တယ်"
အတွေးတချို့ ဖန့်ရန်၏ စိတ်ထဲ ဖြတ်ပြေးသွားသည်။ သို့သော် သူသည် ၎င်းစိတ်ကူးများအား စိတ်ထဲက ဖယ်ရှားလိုက်သည်။ သူ၏ အလိုလိုသိစိတ်နှင့် နှလုံးသားထဲက ဖိအားတစ်ခုသည် ရှေ့ဆက်သွားနေရန် တိုက်တွန်းနေသည်။
သမုဒ္ဒရာထဲတွင် သားရဲအရေအတွက် ပိုမိုများပြားလာနေသည်။ အခြေအနေက ထူးဆန်းသည်။ သားရဲအရေအတွက်သည် များပြားလားသော်လည်း အားနည်းလွန်းသည့် သားရဲငယ်များ၏ အရေအတွက်က လျော့နည်းမသွားပေ။ ထိုအစား ကျောရိုးမဲ့ ရေနေသားရဲငယ်များ၊ ငါးများ အစရှိသော အသေးစား သားရဲလေးများက တိုးလာနေသည်။
"ဒါတွေက အာကာသလမ်းကြောင်းနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ရမယ်"
၎င်းဖြစ်ရပ်အား နားမလည်နိုင်သောကြောင့် ဖန့်ရန်သည် ဂြိုလ်သားယဉ်ကျေးမှု အကြွင်းအကျန်များနှင့် အာကာသလမ်းကြောင်းကိုသာ အပြစ်တင်ဖို့ တတ်နိုင်ပေသည်။
ဖန့်ရန်သည် လင်းပိုင်တစ်ကောင်ကဲ့သို့ ပင်လယ်ရေမျက်နှာပြင်မှ ခုန်ထွက်လာသည်။ ထိုစဉ် သူ၏ လည်ချောင်းက အသစ်ပေါ်လာခဲ့သော အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ကျုံ့ဝင်သွားပြီး ကြိမ်နှုန်းမြင့် အသံလှိုင်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။
"အိုဗာကလော့ တုန်ခါမှု"
စွမ်းရည်ကို အဆင့်မြှင့်တင်ပြီးနောက် သူ၏ လည်ချောင်းတွင် အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ပေါက်ဖွားလာခဲ့သည်။ သူ၏ လေပြွန်နှင့် အဆုတ်သည် ၎င်းနှင့် ချိတ်ဆက်သွားပြီး ကြိမ်နှုန်းမြင့် အသံလှိုင်းများကို ဖန်တီးနိုင်လာခဲ့သည်။
၎င်းအင်္ဂါအစိတ်အပိုင်းဖြင့် ကြိမ်နှုန်း အမျိုးမျိုးကို ထုတ်လွှတ်နိုင်လာသည်။ ၎င်းသည် အရာဝတ္ထုအမျိုးမျိုးအပြင် သက်ရှိများ၏ သဘာဝကြိမ်နှုန်းကို ရှာဖွေနိုင်စွမ်း ရှိပြီး ၎င်းနှင့် ကိုက်ညီသည့် အသံလှိုင်းကို ထုတ်လွှတ်ကာ အရာဝတ္ထုနှင့် သက်ရှိကို ဖျက်စီးသုတ်သင်နိုင်ပေသည်။
သို့သော် ဖန့်ရန်သည် ၎င်းစွမ်းရည်ကို သိပ်မသုံးပေ။ သူသည် ၎င်းစွမ်းရည်ကို အသုံးပြု၍ ပဲ့တင်ရိုက်ခတ်မှုနဲ့ ပတ်ဝန်းကျင် နေရာများကို ကြည့်ရှုခြင်းနှင့် သားကောင် ရှာခြင်းတွင်သာ အသုံးပြုသည်။
အိုဗာကလော့ တုန်ခါမှု၏ ပဲ့တင်ရိုက်ခတ်ခြင်းကို အသုံးပြုပြီးနောက် ဖန့်ရန်သည် ငါးမန်းအုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။ ချက်ချင်းပင် သူသည် ခေါင်းပြားငါးမန်းများဆီ ကူးသွားလိုက်သည်။
များမကြာမီ ခေါင်းပြားငါးမန်းများစွာသည် သူ၏ အမြင်အာရုံထဲ ရောက်လာခဲ့သည်။
ယခင်ကဆိုလျှင် ဤမျှ များပြားသော ငါးမန်းများကို အမဲလိုက်နိုင်မည် မဟုတ်ပေ။ သူသည် ငါးမန်တစ်ကောင်ကို စသတ်ဖို့ ကြိုးစားလိုက်သည်နှင့် အခြားငါးမန်များသည် မတုံဆိုင်းဘဲ ထွက်ပြေးကြလိမ့်မည်။
သို့သော် ယခုမူ ကွဲပြား၏။ ငါးမန်များနှင့် မီတာတစ်ရာအကွာသို့ ရောက်သည်နှင့် ဖန့်ရန်သည် မိုးကြိုးဒိုမိန် စွမ်းရည်အား အသက်သွင်းလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ခေါင်းပြားငါးမန်းများသည် သေဆုံးသွားပြီး ၎င်းတို့၏ ဝမ်းဗိုက်ဖြူများဖြင့် ပေါ်လာကာ ရေအောက်သို့ ပြန်မြုတ်လာခဲ့သည်။
ခေါင်းပြားငါးမန်းများသည် ဖန့်ရန်အား စနစ်အမှတ် (၁၀၀၀၀) ကျော် ပေးစွမ်းခဲ့သော်လည်း ၎င်းက အဆင့်မြှင့်တင်ရန် လိုအပ်သော စနစ်အမှတ်နှင့်ယှဉ်လျှင် ရေပုံးထဲက တစ်စက်မျှသာ ဖြစ်သည်။
ပင်လယ်ပြင်အတွင်း ရေနေသားရဲများစွာ မရှိကြောင်းကို ရက်အနည်းငယ်ကြာ လှည့်လည်ပြီးနောက် သူသိခဲ့သည်။ ထိုကြောင့် ဖန့်ရန်သည် ရေနေသားရဲပေါများသည့် ဂျပန်နိုင်ငံအနီးက ပင်လယ်ပြင်ကို သွားရန် ဆုံးဖြတ်ခဲ့သည်။
...
ဧရာမမြွေကြီး ပြန်ပေါ်လာသော သတင်းသည် ဟွာရှတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ သို့သော်လည်း ၎င်းသတင်းကို သင်္ဘောကြီးများနှင့် သင်္ဘောကုမ္ပဏီများသာ သိရှိကြသေးပြီး၊ အဆက်အသွယ်နည်းပါးသော တံငါသည်များကမူ မသိကြသေးပေ။
တံငါသည်များသည် ပစိဖိတ်သမုဒ္ဒရာ၏ စစ်မှန်သော အရှင်သခင် ပြန်လာသည်ကို မသိကြသေးပေ။
ထို့အပြင် သားရဲ အမျိုးအစားအသစ်လည်း ပေါ်လာခဲ့သည်။ သို့သော် ၎င်းသတင်းကို သိသူများက နည်းပါးလှသည်။
လွန်ခဲ့သော တစ်နှစ်အတွင်း ငါးဖမ်းသင်္ဘောကြီးများသည် သန္ဓေပြောင်း သားရဲများကို အမဲလိုက်ရန်အတွက် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
အစိုးရသည် တံငါသည်များအား အားပေးသောအားဖြင့် ငါးဖမ်းသင်္ဘောကို ဝေလငါးဖမ်းသေနတ်များ အခမဲ့ တပ်ဆင်ပေးခြင်းဖြင့် အသက်များစွာ ကာကွယ်ပေးခဲ့သည်။
အစိုးရက တပ်ဆင်ပေးသော ဝေလငါးဖမ်းသေနတ်များသည် စျေးကွက်အတွင်း လည်ပတ်နေသော ပုံမှန်ပစ္စည်းများ မဟုတ်ဘဲ သန္ဓပြောင်း သားရဲများအတွက် သီးသန့်ပြင်ဆင်ထားသော အထူးပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းသည် သန္ဓေပြောင်း သားရဲအများစု၏ အရေပြားကို အလွယ်တကူ ထိုးဖောက်နိုင်သည်။
၎င်းအချက်ကြောင့် ငါးဖမ်းလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံသူများ ပိုမိုများပြားလာခဲ့သည်။
ယခင်က ပျက်စီးတော့မလို ဖြစ်နေခဲ့သော ငါးဖမ်းလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအား ကြုံတွေ့ခဲ့ရသည်။
နေ့တစ်နေ့၏။ နေ့လယ်ခင်း တစ်ခုတွင် အလျား မီတာ (၁၀၀) ခန့်ရှိသည့် အကြီးစား ငါးဖမ်းသင်္ဘောသုံးစီး မြှားပုံသဏ္ဌာန်ဖြင့် ရှေ့သို့ ရွေ့လျားနေပြီး တံငါသည်များသည် ငါးဖမ်းသင်္ဘောသုံးစီး၏ ကုန်းပတ်ပေါ်တွင် ရပ်နေကြသည်။
၎င်းငါးဖမ်းသင်္ဘောသုံးစီးသည် အဏ္ဏဝါ ငါးဖမ်းလုပ်ငန်း ကုမ္ပဏီလီမိတက်မှ ဖြစ်သည်။ ဆိပ်ကမ်းကနေ တစ်လအကြာတွင် ထွက်ခွာလာပြီးနောက် ယခုသည် ဆိပ်ကမ်းသို့ ပြန်နေခဲ့ကြခြင်း ဖြစ်သည်။
ငါးဖမ်းသင်္ဘောသုံးစီး၏ နေရာအချို့သည် အဖုအချိုင့်များ ရှိနေပြီး ပုံပျက်နေခဲ့သည်။ ၎င်းသည် ပုံမှန်ပင် ဖြစ်ကာ ပင်လယ်အတွင်း ငါးဖမ်းမည်ဆိုလျှင် ၎င်းအခြေအနေက ရှောင်လွှဲလို့ရသော အရာမဟုတ်ပေ။
သင်္ဘောကုန်းပတ်ပေါ်က လူများ၏ အရေပြားသည် နေပူပူတွင် အလုပ်ကြမ်းများနှင့် ပင်လယ်ရေတို့ကြောင့် အနည်းငယ် ကြမ်းတမ်းကာ မဲနေခဲ့သော်လည်း သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤခရီးစဉ်တွင် သန္ဓေပြောင်း သားရဲဒါဇင်ကျော်အား ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းမိခဲ့သော သန္ဓေပြောင်း သားရဲများအား သူတို့သည် လှီးဖြတ်ကာ ရေခဲခန်းအတွင်း သိုလှောင်ထားခဲ့သည်။
"ဟျောင့်တွေ ဟိုဟာက ဘာလဲကွ.."
သင်္ဘောဦးပိုင်းတွင် အင်္ကျီဗလာနှင့် အမျိုးသားတစ်ယောက်က နေရာတစ်ခုအား ကြည့်ရင်း အော်ဟစ်လိုက်သည်။
"အဲ့တာက..... သန္ဓေပြောင်း ဓားငါးတစ်အုပ်၊ စုစုပေါင်း သုံးကောင်ပဲ" (တစ်ခါလာလည်း ဓားငါးပဲ ခွီးလို စာရေးဆရာ)
"တကယ်ကြီး သန္ဓေပြောင်း ဓားငါးတွေပဲဟ။ ငါတို့တော့ တကယ့်ကိုယ် ကံကောင်းနေတာပဲ။ ဆိပ်ကမ်းနားမှာတောင် သန္ဓေပြောင်း သားရဲသုံးကောင်နဲ့ လာတွေ့နေရတယ်"
"ဆိပ်ကမ်းနဲ့ ဒီလောက်နီးတဲ့နေရာမှာ သန္ဓေပြောင်း သားရဲတွေ ရှိနေမယ်လို့ ငါမထင်ထားဘူး.."
"လျို့လော် မင်းအလုပ်ချိန်ရောက်ပြီ"
လူအုပ်ထဲက အနည်းငယ် ထွားကြိုင်သည့် အမျိုးသားတစ်ယောက် မတ်ရပ်လာခဲ့သည်။ သူသည် ဝေလငါးဖမ်းသေနတ်ဆီသို့ လျှောက်သွားရင်း ခိုင်မာစွာ ပြောလိုက်သည်။
"အလယ်က အကောင်က အကြီးဆုံးပဲ၊ ဒီကောင်တော့ သေချာပေါက် ငါ့လက်က မလွတ်ဘူး"
သူတို့ သင်္ဘောအရှေ့ဘက်ခြမ်းတွင် ဓားငါးသုံးကောင်ရှိနေပြီး ၎င်းတို့နှင့် မီတာ (၁၀၀) ခန့်သာ ကွာဝေး၏။ သို့သော် သူတို့ဝေလငါးဖမ်းသေနတ်ရဲ့ ပစ်ခတ်နိုင်သော အကွာအဝေးသည် မီတာ (၁၅၀) ဖြစ်သောကြောင့် ဓားငါးများအား အမဲလိုက်ရန် ပြဿနာမရှိပေ။
လျို့လော်သည် ဝေလငါးဖမ်းသေနတ်ကို ကိုင်လိုက်ပြီး အလယ်ကောင်ရှိ ဓားငါးကို ပစ်မှတ်ထားလိုက်၏။ သူပစ်ခတ်တော့မည့် အချိန်တွင် သူ၏ မျက်နှာပေါ်တွင် မှင်တက်သွားသော အမူအရာတစ်ခု ရုတ်တရက် ပေါ်လာသည်။
ဗွက်~
ရေထုသည် ကွဲထွက်သွားပြီး ရေမျက်နှာပြင်အောက်မှ အရိပ်မဲကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သားရဲကြီးသည် ၎င်း၏ ပါးစပ်ကိုဖွင့်ဟ၍ ဓားငါးသုံးကောင်ထဲမှ တစ်ကောင်ကို ကိုက်ချလိုက်သည်။
ချွန်ထက်သော သွားစွယ်များသည် အကြေးခွံအလွှာအား အလွယ်တကူ ထိုးဖောက်သွားသည်။
"အဲ့တာ ဘာကောင်ကြီးလဲ.."
.....