← Chapters

အိုကီဝါနာကျွန်း

Vol. 14 Ch. 196

အိုကီဝါနာကျွန်း

Vol. 14 Ch. 196

ရေပြင်အောက်က ပေါ်လာသော ဧရာမအရိပ်မဲကြီးကို လျို့လော်သာ သတိပြုမိလိုက်ခြင်း မဟုတ်ဘဲ အခြားသူများလည်း သတိပြုမိလိုက်ကြသည်။

၎င်းသားရဲ၏ ဦးခေါင်းနှင့် လည်ပင်းအစိတ်အပိုင်း အနည်းငယ်သာ ပေါ်လာခဲ့သော်လည်း ၎င်းသည်ပင် အလွန်တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေသည်။

"ဒါကြီးက ဘာ သားရဲလဲ"

သင်္ဘောပေါ်က လူများသည် ရေအောက်မှ ပေါ်လာသော သားရဲကြီးအကြောင်း မသိကြသော်လည်း ကြောက်လန့်တကြား အော်ဟစ်နေကြဆဲ ဖြစ်၏။ ငါးဖမ်းသင်္ဘောကြီး သုံးစီးနှင့် သားရဲကြီးသည် တဖြည်းဖြည်း ပိုမိုနီးကပ်လာသည်။

တံငါသည်များသည် ဧရာမသားရဲကြီးတစ်ကောင်၏ ပုံရိပ်ကို ဖန်တီးကာ သားရဲကြီးအား ခြောက်လှန့်ရန် ကြိုးစားနေကြသည်။

သူတို့၏ အမြင်တွင် ထိုသားရဲကြီးက သန္ဓေပြောင်း ဓားငါး၏ ခန္ဓာကိုယ်ကို တစ်ဝက်တိတိ တစ်ချက်တည်းဖြင့် ကိုက်ဖြတ်လိုက်သောကြောင့် သွေးများနှင့် အတွင်းအင်္ဂါအစိတ်အပိုင်းများ ပေါ်လာခဲ့ပေရာ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။

"ဒီသားရဲကြီးက ဧရာမမြွေကြီးနဲ့ အတော်လေးတူနေတယ်"

လျို့လော်တို့ သင်္ဘောပေါ်ရှိ သင်္ဘောသားတစ်ယောက်က သူ၏ အထင်ကို ပြောလိုက်သောကြောင့် လူတိုင်းသည် သားရဲကြီးအား သေချာကြည့်လိုက်ကြသည်။ သူတို့သည် သားရဲကြီးအား သေချာကြည့်လေလေ ဧရာမမြွေကြီး ဖြစ်နိုင်သည်ဟူသော ခံစားချက်အား ခံစားမိလာလေလေ ဖြစ်သည်။

'ဒီသားရဲကြီးက ဧရာမမြွေကြီးနဲ့တူတယ်။ ဒါပေမဲ့ ပိုကြီးနေသလိုပဲ..'

သူတို့သည် ဧရာမမြွေကြီးကို ကိုယ်တိုင် မမြင်ဖူးခဲ့သော်လည်း ခရာကန်နှင့် တိုက်ခိုက်ခဲ့သည့် ၎င်း၏ ဗီဒီယိုအား ကြည့်ဖူးကြသည်။

လူတိုင်း၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ ဧရာမမြွေကြီးကို အမေရိကန်များ ဖမ်းသွားပြီဟု ထင်ခဲ့သောကြောင့်သာ သူတို့ ပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ငါးဖမ်းသွားရဲခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ထင်မြင်ချက်များ လွဲနေခဲ့ပုံပေါ်သည်။

သင်္ဘောသုံးစီးပေါ်က လူတွေ ကြောက်လန့်တုန်ယင်နေခဲ့ပြီး အကြောက်လွန်ကာ တိုက်ခိုက်တော့မည့် ဆဲဆဲတွင် အပြာရောင် လျှပ်စီးကြောင်းများ ဧရာမမြွေကြီး၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ခရက်! ခရက်! လျှပ်!

အပြာရောင် လျှပ်စီးကြောင်းများသည် မီတာ (၁၀၀) ပတ်ဝန်းကျင်အတွင်း ပြည့်နှက်သွားပြီး ၎င်းထံက ထွက်ပြေးနေသည့် ဓားငါးနှစ်ကောင်ကို ဓာတ်လိုက်သွားစေခဲ့သည်။ စက္ကန့်အနည်းငယ်ကြာ အကြောဆွဲနေပြီးနောက် သန္ဓေပြောင်း ဓားငါးနှစ်ကောင်သည် သေဆုံးသွားပြီး ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာခဲ့သည်။

တံငါသည်များသည် မီတာ (၁၀၀) ကျော်အကွာတွင် ရှိနေကာ လျှပ်ကာပစ္စည်းအလွှာများ ဖုံးအုပ်ထားသော သင်္ဘောပေါ်တွင် ရှိနေခဲ့သော်လည်း လျှပ်စစ်ကြောင်းများကြောင့် ထုံကျဉ်သွားကြဆဲ ဖြစ်သည်။

ဧရာမမြွေကြီးသည် ၎င်းအရှေ့က သန္ဓေပြောင်း ဓားငါးသုံးကောင်ကို မျိုချလိုက်သည်။

ရေပြင်သည် နီစွေ့နေပြီး အူများ ပျံ့ကျဲနေသောကြောင့် ကြောက်လန့်ရွံရှာဖွယ်ကောင်းနေသည်။

တံငါသည်များက ဧရာမမြွေကြီး သန္ဓေပြောင်း ဓားငါးသုံးကောင်အား စားသောက်နေသည်ကို ၎င်း၏ အာရုံဆွဲဆောင်မိမည် ကြောက်ရွံသောကြောင့် အသက်ပင် ရဲရဲမရှုရဲဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"ဒီသားရဲကြီးသာ ငါတို့ကို တိုက်ခိုက်လာမယ်ဆိုရင် ငါတို့တွေတော့ သေပြီပဲ"

ဤသည်မှာ တံငါသည်များ၏ စိတ်ထဲက အတွေးပင်။

ဝေလငါးဖမ်းသေနတ်များတွင် ပစ်မှတ်ကို ခြေရာခံနိုင်ခြင်းဟူသော စွမ်းရည်မရှိသလို အကယ်၍ ရှိခဲ့လျှင်ပင် ဧရာမမြွေကြီး၏ ကာကွယ်ရေးကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဧရာမမြွေကြီးသည် သင်္ဘောပေါ်သို့ အလွယ်တကူ တက်ရောက်နိုင်ပြီး တိုက်ခိုက်နိုင်ကာ ပင်လယ်ထဲဆင်းပြေးလျှင်လည်း ၎င်း၏ လျှပ်စီးကြောင်းများကြောင့် အလွယ်တကူ ဓာတ်လိုက် သေဆုံးနိုင်သည်။

တံငါသည်အုပ်စု၏ စိတ်ကို ဧရာမမြွေကြီးလာလျှင် မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်သော အတွေးများက ဖုံးလွှမ်းနေသည်။

ဖန့်ရန်သည် ဓားငါးသုံးကောင်ကို စားသောက်ခြင်း မပြုမီ အပိုင်းပိုင်းဖြတ်လိုက်ကာ ပတ်ဝန်းကျင် ပင်လယ်ရေကို သွေးနီရောင် ဆိုးလိုက်သည်။ သူသည် သူ့အား မနီးမဝေး သင်္ဘောသုံးစီးပေါ်က တံငါသည်တွေ ကြောက်လန့်နေသည်ကိုတော့ သူမသိပေ။

အကယ်၍ သူသိခဲ့လျှင်ပင် သူသည် ၎င်းအား ဂရုစိုက်မည်မဟုတ်ပေ။ သူသည် မြွေဖြစ်လာကတည်းက စိတ်နေသဘောထားလည်း ပြောင်းလာခဲ့ပြီး ကြောက်ရွံ့တုန်ယင်နေသော လူတွေကို မြင်ရတာပင် ပျော်မွေ့သလို ဖြစ်လာခဲ့သည်။

သန္ဓေပြောင်း ဓားငါးသုံးကောင်ကို မျိုချပြီးနောက် မနီးမဝေး သင်္ဘောသုံးစီးပေါ်မှာ စားသောက်ဖွယ်ရာတွေ ရှိနေတာကို သတိထားမိလိုက်သည်။ သို့သော် သူသည် ထိုလူများအား အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် သူ၏ နှလုံးသားထဲက စိတ်ဆန္ဒကို ထိန်းချုပ်ကာ ထွက်ခွာခဲ့လိုက်သည်။

သူ၏ ထိုအကြည့်များသည် သင်္ဘော သုံးစင်းပေါ်က လူတွေကို သေလုမျောပါး ကြောက်လန့်စေခဲ့တာကိုတော့ သူသတိမထားမိခဲ့ပေ။

ဧရာမမြွေကြီး ထွက်ခွာသွားပြီးနောက် သင်္ဘောသုံးစင်းပေါ်က လူတွေလည်း စိတ်သက်သာရာ ရကုန်ပြီး သက်ပြင်းချလိုက်ကြသည်။

'ကြည့်ရတာ အချို့ကောလာဟလတွေထဲကလို့ ဧရာမမြွေကြီးက လူတွေကို စတိုက်ခိုက်ဖို့ စိတ်မဝင်စားပုံပဲ..'

ငါးဖမ်းသင်္ဘော သုံးစင်းပေါ်က တံငါသည်များသည် ၎င်းကိုသာ တွေးမိလိုက်ကြပြီး ထံမံတွေးတောရန် စိတ်မပါတော့ပေ။ သူတို့သည် အမြန်ဆုံး ပြန်လိုနေပြီး ဧရာမမြွေကြီး ပစိဖိတ်သမုဒ္ဒရာကို ပြန်လာနေပြီဆိုတာ ကမ္ဘာကြီးအား ပြောပြချင်နေသည်။

...

ဖန့်ရန်သည် ဂျပန်နိုင်ငံ ပင်လယ်ဘက်သို့ ကူးခတ်နေခဲ့ပြီး အိုကီဝါနာကျွန်းရဲ့ ဧရိယာကို ရောက်ရှိလာသည်။

သူသည် ၎င်းဧရိယာတွင် သားကောင်များစွာ မြင်တွေ့ခဲ့ရသောကြောင့် ထိုနေရာမှာပင် ရက်အနည်းငယ်နေထိုင်ပြီး ဂျပန်နိုင်ငံ ပင်လယ်ဧရိယာကို သွားရန် ဆုံးဖြတ်လိုက်သည်။

သူသည် အစီအစဉ်တစ်ခုအား ချမှတ်ထားပြီး ၎င်းက ကမ္ဘာ့သမုဒ္ဒရာအားလုံးကို သားကောင်ရှာဖွေရင်း ခရီးသွားရန် ဖြစ်သည်။

သူသည် ဂျပန်နိုင်ငံ ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ လမ်းခရီးတစ်လျှောက်က ပင်လယ်တွေကို လှည့်ပတ်ရင်း ဘင်္ဂလာဒေ့တွင် ကူးခတ်မည်။ ထို့နောက် သူသည် မြောက်ဘက်သို့ ဦးတည်ကာ အာတိတ်သမုဒ္ဒရာဘက်ကို လှည့်လည်မည် ဖြစ်သည်။

၎င်းသည် သူ၏ စိတ်ထဲက အစီအစဉ်တစ်ခု ဖြစ်ပြီး၊ ၎င်းပြီးဆုံးရန်တော့ အချိန်များစွာ ကြာမြင့်မည် ဖြစ်သည်။

ဖန့်ရန်သည် သူ၏ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူသည် လင်းပိုင်တစ်အုပ် ခုန်ပေါက်ရေကူးကာ ရွေ့လျားနေသည်ကို သတိပြုမိလိုက်သည်။ သူသည် လင်းပိုင်းတစ်အုပ်နောက် လိုက်လာခဲ့လိုက်သည်။

၎င်းတို့နောက် လိုက်ပါနေရင်း နူးညံ့သိမ်မွေ့ကြတဲ့ ဝေလငါးတွေနဲ့ ကြမ်းတမ်းတဲ့ ဝေလငါးတွေအားလုံး ပျောက်ကွယ်နေပြီး အချိန်အတော်ကြာ မတွေ့ခဲ့ရတာကို သူသတိရမိခဲ့သည်။

ဖန့်ရန်သည် လင်းပိုင်အုပ်နောက်ကို (၁၀) ကီလိုမီတာခန့်ကနေ လိုက်ပါနေခဲ့သည်။

သူသည် မှောင်စပျိုးလာသော အခါမှသာ အနားယူရန် ဆုံးဖြတ်ရင်း သဲကန္တာရတစ်ခုကို ရှာဖွေဖို့ လင်းပိုင်တွေနောက် လိုက်တာကို ရပ်တန့်ခဲ့လိုက်သည်။

ထိုအချိန်မှာပင် သူသည် ငါးဖမ်းသင်္ဘောတစ်စီးကို တွေ့လိုက်ရသည်။ သူသည် လမ်းခရီးတစ်လျှောက်၌ ဂျပန်သင်္ဘောများစွာကို မြင်ခဲ့ရသည်။

သို့သော် ဤတစ်စီးသည်သာ သူ၏ အာရုံစိုက်မှု ဆွဲဆောင်နိုင်ခဲ့သည်။ အဘယ့်ကြောင့် ဆိုရသော် သားရဲကြီးတစ်ကောင်က ၎င်းနောက် လိုက်ပါနေခြင်းကြောင့် ဖြစ်သည်။

"ကိုင်းဂျူးလား"

ဖန့်ရန်သည် သင်္ဘောကြီးနောက်မှ လိုက်ပါနေခဲ့သော ကိုင်းဂျူး သားရဲကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး အရောင်ပြောင်း ဖုံးကွယ်ခြင်းကို အသက်သွင်းကာ လိုက်သွားခဲ့လေသည်။

ဂျပန်ငါးဖမ်းသင်္ဘောသည်တော့ ရွေ့လျားနေခဲ့ပြီး သင်္ဘောပေါ်က လူတွေသည် သူတို့နောက်ကနေ သားရဲကြီးနှစ်ကောင် လိုက်ပါလာနေသည်ကို မသိခဲ့ပေ။

ငါးဖမ်းသင်္ဘောပေါ်တွင်တော့ သင်္ဘောသားများသည် ဖမ်းမိထားသော ငါးအမျိုးအစားများအား ခွဲခြားနေကြသည်။ သူတို့၏ မျက်နှာများသည် လေးနက်နေပုံရသော်လည်း လုပ်ပုံကိုင်ပုံအား သေချာကြည့်လိုက်မည်ဆိုလျှင် ပေါ့တီးပေါ့ဆ ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။

ရုတ်တရက် သင်္ဘောကပ္ပတိန်သည် သူတို့သင်္ဘောအနောက်မှာ ကျွန်းတစ်ကျွန်းလို အရာဝတ္ထုတစ်ခု ရှိနေတာကို ရေဒါကနေ (ဆိုနာ) မြင်လိုက်ရသည်။

"ဘာလဲဟ ကျွန်းတစ်ကျွန်းလား"

သူ၏ မျက်နှာတွင် တုန်လှုပ်မှုနှင့် မယုံကြည်မှုများ ပြည့်နှက်သွားသည်။ သူအံ့အားသင့်ကာ မယုံကြည့်နိုင် ဖြစ်နေသည်။ ခဏကပင် သူတို့ထိုနေရာက ဖြတ်သန်းလာစဉ် ဘာကျွန်းမှ မတွေ့ခဲ့ရပေ။

သူစိတ်ရှုပ်ထွေးနေစဉ်မှာပင် ၎င်းကျွန်းက ရွေ့လျားနေတာကို သတိပြုမိလိုက်သည်။

"ဘာကြီးလဲဟ"

ကပ္ပတိန် အိုက်ကာဝါ သူ့ရှေ့ မျက်နှာပြင်ကို ကြည့်ရင်း အံ့အားသင့်သွားသည်။ သူသည် ထိန်းချုပ်ခန်းက ချက်ချင်းပင် ပြေးထွက်ကာ ကုန်းပတ်သို့ လျှောက်သွားပြီး သင်္ဘောနောက်ပိုင်းကို ကြည့်လိုက်သည်။

သူတို့၏ သင်္ဘောနောက်ပိုင်းတွင် တောင်ကြီးတစ်လုံးလို မြင့်မားသော အရိပ်တစ်ခုက အနီးကပ် လိုက်ပါလာနေသည်။

အိုက်ကာဝါ သူ၏ မျက်လုံးကို တတ်နိုင်သမျှ ပြူးကျယ်ကာ ထိုအရာက ဘာလဲဆိုတာ ခွဲခြားသိမြင်ရန် ကြိုးစားနေသည်။

တိုက်ဆိုင်စွာပင် လကို ဖုံးအုပ်ထားသော တိမ်မဲများသည် အနည်းငယ် ရွေ့လျားသွားပြီး လရောင်သည် ထွန်းလင်းလာခဲ့သည်။

အိုက်ကာဝါသည် မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ကာ ထိုအရာအား ပြန်ကြည့်လိုက်သည်။ ချက်ချင်းလိုပင် သူသည် အလန့်တကြား နောက်ပြန်လန်ကျသွားလေတော့သည်။ သူ၏ မျက်နှာတွင်တော့ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

သူမြင်လိုက်ရသော အရာကြီးသည် အမှန်တကယ်တော့ အလွန်ကြီးမားသည့် ကျောရိုးတစ်ခု ဖြစ်နေခဲ့သည်။

သူသည် ၎င်းအား ရှင်းရှင်းလင်းလင်း မြင်ရရန် ထက်မံကြိုးစားလိုက်ချိန်မှာပင် ဧရာမဦးခေါင်းကြီး တစ်လုံးက ရေအောက်ကနေ တိုးထွက်လာခဲ့ပြီး အနီရောင် မျက်လုံးတစ်စုံက အိုက်ကာဝါကို စိုက်ကြည့်လာခဲ့လေသည်။

"ဂေါ်ဇီလာ... ဂေါ်ဇီလာ..."

....

All Chapters