← Chapters

ဂေါ်ဇီလာအတု ကိုင်းဂျူး သားရဲ

Vol. 14 Ch. 197

ဂေါ်ဇီလာအတု ကိုင်းဂျူး သားရဲ

Vol. 14 Ch. 197

ကပ္ပတိန် အိုက်ကာဝါသည် ထိန်းချုပ်ခန်းသို့ အသည်းအသန် ပြေးသွားကာ သင်္ဘော၏ အမြန်နှုန်းအား အမြင့်ဆုံးတင်လိုက်သည်။ သို့သော် သင်္ဘောသည် ကြီးမားလှသောကြောင့် ၎င်း၏ အမြင့်ဆုံး အမြန်နှုန်းသည် (၁၈) နော့သာ ရှိ၏။

၎င်းအမြန်နှုန်းသည် ငါးဖမ်းသင်္ဘောများကြား အတော်လေး ကောင်းမွန်သည်ဟု ဆို၍ ရပေသည်။ အိုက်ကာဝါသည် ယခင်က ၎င်းအချက်နှင့် ပတ်သက်၍ စိတ်ကျေနပ်နေခဲ့သော်လည်း ယခုတော့ ၎င်းအား မုန်းတီး၍ပင် လာခဲ့သည်။

'နှေးလွန်းတယ်' 'နှေးလွန်းတယ်'

အိုက်ကာဝါ၏ နဖူးသည် ချွေးများဖြင့် စိုရွှဲနေသည်။ သူသည် သင်္ဘော၏ အမြန်နှုန်းကို မြှင့်တင်ပြီးနောက် သင်္ဘောအနောက်ဘက်က လိုက်ပါလာသည့်အရာအကြောင်းကို အိုကီဝါနာသို့ ဖုန်းခေါ်၍ ပြောလေတော့သည်။

"ဂေါ်ဇီလာ ဂေါ်ဇီလာ"

"ဂေါ်ဇီလာတစ်ကောင် ပင်လယ်ထဲမှာ ရှိနေတယ်"

အိုက်ကာဝါသည် အိုကီဝါနာက အရာရှိများကို ဖြစ်ပျက်ခဲ့သည့်အရာနှင့် ပတ်သတ်၍ နောက်ဆုံးတွင် အောင်မြင်စွာ ပြောပြနိုင်ခဲ့သည်။

လူတစ်ယောက်က သမုဒ္ဒရာထဲမှာ သားရဲတစ်ကောင်ကို တွေ့ခဲ့ရတယ်လို့ ပြောလာခဲ့လျှင် ၎င်းက နောက်ပြောင်နေခြင်းမဟုတ်ပေ။ ဤခေတ်သည် ယခင်ခေတ်မဟုတ်တော့ဘဲ မြင်နေကျ သာမာန် ရေနေ သတ္တဝါများက ရှားပါးလာခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ ပေါ်ထွက်လာပြီးနောက် သားရဲကြီးတစ်ကောင်ဟု ဆိုလာခဲ့လျှင် ၎င်းက ဖြစ်နိုင်ပေသည်။

ထို့အပြင် လွန်ခဲ့သော ရက်များက ဟွာလျန်ပင်လယ်ဒေသကို ဧရာမသားရဲကြီးတစ်ကောင် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သူတို့ကြားသိခဲ့ရသည်။

မကြာမီမှာပင် ကယ်ဆယ်ရေးအတွက် စစ်သင်္ဘောများ အိုက်ကာဝါ၏ သင်္ဘောဆီသို့ ဦးတည်လာနေခဲ့သည်။ သို့သော် ၎င်းသင်္ဘောများက ဂျပန်နိုင်ငံရဲ့ ရေတပ်ကာကွယ်ရေးတပ်ဖွဲ့ မဟုတ်ဘဲ ထိုနေရာမှာ တပ်စွဲထားခဲ့သော အမေရိကန်နိုင်ငံရဲ့ စစ်သင်္ဘောများ ဖြစ်သည်။

သူတို့သည် ဂျပန်နိုင်ငံ ကယ်ဆယ်ရေးဌာန ဝန်ထမ်းများဆီကနေ ၎င်းသတင်းကို ပထမဆုံးအကြိမ် သိခဲ့ရခြင်း ဖြစ်သည်။

သူတို့သည် စစ်သင်္ဘောများ၏ အမြန်နှုန်းက နှေးကွေးသောကြောင့် ရဟတ်ယာဉ်များကို အရင်စေလွှတ်ခဲ့သည်။

ဟွာလျန်မြို့ကို တိုက်ခိုက်လာခဲ့သော သားရဲကြီး၏ ဓာတ်ပုံကို အွန်လိုင်းပေါ်သို့ မတင်ခဲ့သော်လည်း အမေရိကန်နိုင်ငံရဲ့ အထက်အရာရှိများက ၎င်းအား ရရှိခဲ့ကြသည်။

သူတို့သည် ၎င်းဖြစ်ရပ်ကြောင့် ၎င်းသားကြီးအား ပိုလို့ပင် စိတ်ဝင်စားလာခဲ့သည်။ ကံမကောင်းစွာဖြင့် သုတေသနပြုရန်အတွက် ၎င်းအား ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

အချက်အလက်များအရ အသစ်ပေါ်လာခဲ့သော သားရဲကြီးသည် သားရဲဘုရင်ငါးပါးထက် ပိုအားကောင်းနိုင်သော်လည်း ၎င်းအား ဧရာမမြွေကြီးက သတ်ဖြတ်သွားခဲ့သည်။

ထိုသားရဲကြီးသည် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေထဲကနေ ထွက်လာသလို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဧရာမခန္ဓာကိုယ်အား ပိုင်ဆိုင်ကာ ခွန်အားနဲ့ အကာအကွယ်ရေးစွမ်းရည်က စူပါမိုဆာဆောရပ်စ်ထက် သာလွန်ပေသည်။

ထို့အပြင် မည်သည့် အရာဝတ္ထုကိုမဆို အရည်ပျော်စေနိုင်သည့် အလွန်ပြင်းထန်သော အက်ဆစ်ကို ပက်ဖြန်းနိုင်သည်။

မှောင်မဲနေသော ကောင်းကင်အောက်မှာ ငါးဖမ်းသင်္ဘော တစ်စီး၏ အင်ဂျင်သည် ကျယ်လောင်စွာ အသံမြည်ဟည်းလျက် အမြန်ဆုံးနှုန်းဖြင့် ရှေ့သို့ မောင်းနှင်းနေသည်။

ယာဉ်မောင်းခန်းထဲတွင်..။

ကပ္ပတိန်အိုက်ကာဝါ သူ့မျက်နှာက ချွေးများကို သုတ်လိုက်သည်။ သူ့မျက်နှာသည် နီရဲနေပြီး မျက်နှာပြင်တစ်ခုက အနီရောင် အစက်တစ်စက်ကို ထိတ်လန့်မှု အပြည့်ဖြင့် စိုက်ကြည့်နေသည်။

သူသည် သူခြေထောက်တွေ တုန်ယင်နေခြင်းကြောင့် လက်တစ်ဖက်နဲ့ စားပွဲကို တင်းတင်းဖိပြီး ဟန်ချက်ထိန်းနေရသည်။

"နောက်တစ်ကောင်လား။ နောက်ထက် သားရဲကြီးတစ်ကောင် ထက်ပြီးတော့...~"

အိုက်ကာဝါ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်ခြင်းနဲ့ စိတ်ပျက်အားငယ်တဲ့ ခံစားချက်များ ပြည့်နှက်သွားသည်။

မျက်နှာပြင်က အနီရောင်အစက်နောက်မှာ နောက်ထက် အနီရောင်အစက် ပေါ်နေခဲ့သည်။

"နောက်ထပ် ဂေါ်ဇီလာတစ်ကောင်လား။ ဒါမှမဟုတ် တခြား ဧရာမသားရဲကြီးလား..."

ကြောက်ရွံ့လွန်းသောကြောင့် သူ့သွားတွေပင် တဂတ်ဂတ် မြည်နေသည်။ အိုက်ကာဝါသည် သူပင်လယ်နတ်ဘုရားတွေကို ဒေါသထွက်စေနိုင်တဲ့ အရာတစ်ခုခု လုပ်ခဲ့မိလားလို့ တွေးတောမိလိုက်သည်။

'ပင်လယ်နတ်ဘုရားတွေကို ဘာစော်ကားမိခဲ့လို့ ငါ့ရဲ့ ကံက ဒီလောက် ဆိုးရွားနေရတာလဲ'

ဖန့်ရန်သည် အိုက်ကာဝါက သူ့အား ဒုတိယမြောက် ဂေါ်ဇီလာအဖြစ် အထင်မှားနေသည်ကို မသိခဲ့ပေ။ သူသည် သူ့အရှေ့က သားရဲကို ကြည့်နေသည်။

၎င်းသားရဲ၏ အသွင်အပြင်က ဂေါ်ဇီလာနှင့် အမှန်တကယ်ပင် တူလေသည်။ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ အရွယ်အစား သေးငယ်တဲ့ ဦးခေါင်းတို့အပြင် ခြေလက်တွေက ဂေါ်ဇီလာနှင့် အမှန်တကယ် တူပေ၏။

၎င်းသားရဲ၏ ကျောရိုးသည် တောင်တန်းတွေနဲ့ ဆင်တူပြီး ချွန်ထက်သော အရိုးတွေနဲ့ ဖွဲ့စည်းထားသည်။ ထူထဲလွန်းတဲ့ အရိုးတွေက နောက်ကျောဘက်ကနေ မထိုးဖောက်နိုင်အောင်လို့ ကာကွယ်ပေးထားသည်။

ကိုင်းဂျူး သားရဲကို သေချာစစ်ဆေးကြည့်ရှုနေရင်း ဂေါ်ဇီလာနဲ့ ဆင်တူတဲ့ ဒီဂေါ်ဇီလာအတုက ပါးစပ်ကနေ ရောင်ခြည်တွေများ ထုတ်လွှတ်နိုင်မည်လားဆိုပြီး ဖန့်ရန် တွေးမိသည်။

ဖန့်ရန်၏ အကြည့်အောက်တွင် ဂေါ်ဇီလာနဲ့ ဆင်တူတဲ့ ကိုင်းဂျူး သားရဲ ဦးခေါင်းက အရှေ့ဘက်က သင်္ဘောကြီးဆီကို ဆန့်တန်းသွားသည်။ ကိုင်းဂျူး သားရဲသည် သင်္ဘောကြီးဆီသို့ ချည်းကပ်သွားပြီး ၎င်း၏ ဧရာမလက်သည်းကြီးဖြင့် ကုန်းပတ်ကို တိုက်ခိုက်လိုက်သည်။

ငါးဖမ်းသင်္ဘောပေါ်တွင်..။

သင်္ဘောသားများသည် သူတို့ ဖမ်းမိထားသော ငါးအမျိုးအစား အမျိုးမျိုးအား သတ်မှတ်ထားသော နေရာတွင် ခွဲခြားနေခဲ့ပြီး သူတို့နောက်တွင်တော့ သားရဲကြီးတစ်ကောင် ရှိနေသည်ကို မသိကြပေ။

ရုတ်တရက် သင်္ဘောသားများ ငါးဖမ်းသင်္ဘော စတင်ယိမ်းထိုးလာသည်ကို သတိပြုမိလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ မင်းသိလား?"

သင်္ဘောသားများ ထရပ်လိုက်ကြပြီး ရှုပ်ထွေးနေသော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် သူတို့ ဦးခေါင်းထက်က မျက်နှာကျက်သည် ပွင့်ထွက်သွားပြီး ဧရာမလက်သည်းကြီးတစ်ချောင်း အရှိန်အဟုန် ပြင်းပြင်းဖြင့် ကျဆင်းလာခဲ့သည်။

"အားးး"

ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသော အော်သံများက သိုလှောင်ခန်းအတွင်း ပျံ့နှံ့သွားသည်။

ဧရာမလက်သည်းကြီး ကုန်းပတ်ကို အလွယ်တကူ ဆုတ်ဖြဲသွားပြီးနောက် ပင်လယ်ရေအများအပြား သင်္ဘောကုန်းပတ်အောက်ကို စီးဝင်လာခဲ့တော့သည်။

အသားပြားအဖြစ် ကြိတ်ချေခံလိုက်ရကာ အပိုင်းပိုင်း ဖြစ်သွားကျသော လူတွေကလွဲ၍ ကျန်အသက်ရှင်သူများက အလုအယက် ပြေးလွှားကြသည်။ ဤတွင် လူတစ်ယောက်က ကုန်းပတ်မှာ ပေါ်လာခဲ့သော အက်ကွဲကြောင်းတွေထဲက တစ်ခုကနေ ဧရာမသားရဲကြီး တစ်ကောင်ကို မြင်လိုက်ရသည်။

"အဲ့တာ ဘာကြီးလဲ"

အပြင်ဘက်ရှိ ကြောက်မက်ဖွယ်ရာ အရာကြီးအား မြင်လိုက်ရသော လူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သေးပင်ထွက်တော့မလို ဖြစ်သွားခဲ့သည်။

ထိုအော်သံကို ကြားလိုက်ရသော အခြားလူများကလည်း အပြင်ဘက်သို့ ကြည့်လိုက်ကြရာ ဧရာမသားရဲကြီးကို မြင်တွေ့လိုက်ကြသည်။

ရလဒ်အနေဖြင့် အခြေအနေသည် ပို၍ပင် ရှုပ်ထွေးသွားပြီး၊ လူတိုင်းက ထွက်ပြေးရန် ကြိုးစားကြစဉ်တွင် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးတက်နင်းမိကုန်တော့သည်။

ခရက်~

သင်္ဘောကြီးသည် နှစ်ပိုင်းဖြစ်သွားကာ သင်္ဘောသားများ ရေထဲကျကုန်သည်။

"အားးး"

သင်္ဘောသားများသည် ရေပေါ်,ပေါ်ရန် ရုန်းကန်နေရင်း ကြောက်လန့်တကြား အော်ဟစ်နေကြသည်။

၎င်းအချိန်မှာပင် ဂေါ်ဇီလာနဲ့ ဆင်တူတဲ့ ကိုင်းဂျူး သားရဲက ရေပေါ်,ပေါ်နေတဲ့ လူများကို ဆယ်ယူကာ စတင်စားသောက်တော့သည်။

"လူသားတွေက တခြားသက်ရှိတွေထက် ပိုအရသာ ရှိနေတာများလား"

၎င်းသည် ဖန့်ရန်၏ စိတ်ထဲတွင် လွန်ခဲ့သော အချိန်များကတည်းက အမြစ်တွယ်နေခဲ့သော မေးခွန်းတစ်ခု ဖြစ်သည်။ သူသည် ကိုင်းဂျူး သားရဲတွေနဲ့ သန္ဓေပြောင်း သားရဲတွေက လူတွေကို စားသောက်ရတာ ကြိုက်နှစ်သက်နေလည်းဆိုတာ တွေးနေမိခဲ့သည်။

"ဖြစ်နိုင်တဲ့ တစ်ခုတည်းသော အရာက သက်ရှိအမျိုးအစား တစ်ခုခုက သားရဲတွေရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပြီး လူသားတွေကို ရန်လိုအောင် လုပ်ထားတာပဲ ဖြစ်ရမယ်"

ဖန့်ရန်က ပထမတစ်ခုထက် ဒုတိယတစ်ခုက ဖြစ်နိုင်ခြေရှိတယ်လို့ ထင်မိသည်။

သူ့အမြင်တွင် လူသားတွေက သမုဒ္ဒရာထဲရှိ သားရဲများနှင့် ယှဉ်၍မရသလို သူတို့တွေရဲ့ အသက်စွမ်းအင်က အခြားသက်ရှိတွေထက် နည်းပါးသောကြောင့် ပင်လယ်သားရဲများနှင့် ကိုင်းဂျူး သားရဲများအတွက် ထိုမျှ ဆွဲဆောင်မှု မရှိသင့်ပေ။

သားရဲအများစုသည် ပရိုတင်းဓာတ်မြင့်မားသော အစားအစာများ စားသောက်ရန် ကြိုက်နှစ်သက်ကြသည်။ သို့သော် ၎င်းလက္ခဏာများနှင့် ကိုက်ညီမနေသော လူသားတွေက သားရဲတွေအတွက် ဆွဲဆောင်မှု ရှိနေခြင်းက ထူးဆန်းလှသည်။

ပင်လယ်ပြင်တွင် ရေလှိုင်းငယ်များ လှိုင်းထနေသည်။ သင်္ဘောသားများ ဤနေရာမှ ထွက်ပြေးနိုင်ရန် အသည်းအသန် ရေကူးနေသည်။

သို့သော် ရေကူးနှုန်းက သားရဲကြီးအမြင်တွင် အလွန်ကို နှေးကွေးလှသည်။

ကိုင်းဂျူး သားရဲသည် သင်္ဘောများအား ရေထဲကနေ ဆယ်ယူကာ ၎င်း၏ ပါးစပ်အတွင်း ပစ်ထည့်နေသည်။

"အာကာသလမ်းကြောင်းကနေ သားရဲဘယ်နှစ်ကောင်တောင် ထွက်လာခဲ့တာလဲ..."

ဖန့်ရန် တွေးတောနေမိသည်။ ၎င်းကိုင်းဂျူး သားရဲသည် သူနိုးထလာပြီးနောက် ဒုတိယအကြိမ် တွေ့ရသော ကိုင်းဂျူး သားရဲတစ်ကောင် ဖြစ်သည်။

ကြည့်ရသည်မှာ အကာသလမ်းကြောင်းကနေ ထွက်လာခဲ့သော ကိုင်းဂျူး သားရဲများစွာ ရှိနေပုံရသည်။

"ဒီကမ္ဘာက လူသားတွေ ကိုင်းဂျူး သားရဲတွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလား မသိဘူး"

ဤကိုင်းဂျူး သားရဲများသည် အာကာသလမ်းကြောင်းအတွင်း မြင်ခဲ့ရသော ကိုင်းဂျူး သားရဲများနှင့် အနည်းငယ် ကွဲပြားပေသည်။

အာကာသလမ်းကြောင်းအတွင်းက ကိုင်းဂျူး သားရဲများသည် ၎င်းတို့ဖြတ်သန်းသွားရာ နေရာများ၌ အဆိပ်နှင့် ဓာတ်ရောင်ခြည်များစွာ ထုတ်လွှတ်လျက်ရှိသည်။

ထို့အပြင် ၎င်းကိုင်းဂျူး သားရဲများ၏ သွေးသည် အငွေ့ပျံကာ နိုက်ထရိုဂျင်နှင့် ကာဗွန်အောက်ဆိုဒ် ဖြစ်ပေါ်စေနိုင်သောကြောင့် လူသားများအတွက် အလွန်အန္တရာယ်များသည်ဟု ဆိုရပေမည်။

သို့သော် ဟွာလျန်မြို့တွင် သူအမဲလိုက်ခဲ့သည့် ကိုင်းဂျူး သားရဲတွင် ၎င်းလက္ခဏာများ သိပ်မရှိခဲ့ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ခြေက ၎င်းကမ္ဘာရှိ ကိုင်းဂျူး သားရဲများနှင့် မတူနေတာနဲ့ သို့မဟုတ် ဤကိုင်းဂျူး သားရဲများက အားနည်းနေတာကြောင့်ပဲ ဖြစ်နိုင်လေသည်။

ဝီး~ ဝီး~ ဝီး~ ဝီး~

ဖန့်ရန် တွေးတောနေစဉ်မှာပင် ကျယ်လောင်သော အသံတစ်ခုက ချည်းကပ်လာသည်ကို သတိပြုမိလိုက်သည်။

"ရဟတ်ယာဉ်.."

......

All Chapters