တိုက်ပွဲအကျိုးအမြတ်
Vol. 15 Ch. 199
ဖန့််ရန်သည် ကိုင်းဂျူး သားရဲဆီသို့ ချည်းကပ်သွားပြီး ၎င်းကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ကိုင်းဂျူး သားရဲ၏ ရင်ဘတ်တွင် ဧရာမအပေါက်ကြီးတစ်ခု ပွင့်နေပြီး မီးတောင်ဝက လျှံထွက်နေသော ချော်ရည်များကဲ့သို့ ပျစ်ခဲသော အပြာရောင်သွေးများက စီးထွက်နေသည်။
"ကိုင်းဂျူး သားရဲတွေရဲ့ သွေးတွေက ဘာလို့ ဒီလောက်တောင် ပျစ်ခဲနေရတာလဲ"
ဖန့်ရန် စိတ်ရှုပ်ထွေးသွားသည်။ သူသည် ဟွာလျန်မြို့တွင် ကိုင်းဂျူး သားရဲတစ်ကောင်ကို သတ်ပြီးနောက် ၎င်း၏ သွေးသည် အတော်လေး ပျစ်ခဲမှန်း သတိထားမိခဲ့သည်။ သို့သော် ၎င်း၏ သွေးသည် ဤတစ်ကောင်လောက်တော့ ပျစ်ခဲမနေခဲ့ပေ။
သို့သော် ပျစ်ခဲသော အပြာရောင်သွေးများက သွေးနှင့် ဆင်တူသော်လည်း ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော စွမ်းအင်တွေနှင့် ဆင်တူသောကြောင့် သွေးလို့ခေါ်ဆိုရန်ပင် သိပ်မသင့်ဘူးဟု သူထင်သည်။
ဖန့်ရန်သည် သူ၏ လျှာကို ထုတ်ကာ ထူးဆန်းသော သွေး၏ အရသာကို မြည်းကြည့်လိုက်သည်။ သူသည် ကိုင်းဂျူး သားရဲ၏ သွေးက မည်သည့် စိတ်မသက်မသာ ဖြစ်ခြင်းကိုမှ မခံစားရစေမှန်း သိလိုက်ရသည်။
"ထားလိုက်ပါတော့။ ဒီကိုင်းဂျူး သားရဲရဲ့ ခန္ဓာကိုယ်ကို အရင်ဆွဲယူသွားရမယ်"
သူသည် သိပ္ပံပညာရှင် မဟုတ်သောကြောင့် ကိုင်းဂျူး သားရဲကို လေ့လာရန် စိတ်မဝင်စားပေ။ ၎င်းသည် သူ့အတွက် အကျိုးမရှိဘဲ ၎င်းကို တိုက်ရိုက်မျိုချလိုက်ခြင်းကသာ သူ့အတွက် အကျိုးရှိပေသည်။
ထိုသို့တွေးတောရင်း ဖန့်ရန်သည် ကိုင်းဂျူး သားရဲ၏ ခြေထောက်ကို ကိုက်ကာ ရေအောက် အနက်ပိုင်းဆီသို့ ဆွဲယူသွားလိုက်သည်။
သူ၏ လုပ်ဆောင်ချက်သည် အမေရိကန်စစ်သင်္ဘောများကို ချက်ချင်းပင် သတိပြုမိသွားစေခဲ့သည်။
အမေရိကန်စစ်သင်္ဘောများ၏ ရေဒါမျက်နှာပြင်တွင် ထူးဆန်းသော သားရဲတစ်ကောင်၏ ပုံရိပ်က ပင်လယ်ရေအောက် ကြမ်းပြင်ဆီသို့ တဖြည်းဖြည်း နစ်မြုပ်နေခဲ့ကာ နောင်တစ်ခဏတွင် ဧရာမမြွေကြီး တစ်ကောင်သည် ရုတ်တရက် ပေါ်လာခဲ့ပြီး ထူးဆန်းသော သားရဲကို သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ဆွဲယူသွားခဲ့သည်။
"ဘာလဲဟ.. လခွမ်းပဲ!"
"f*ck.. "
စစ်သင်္ဘောတစ်ခုက ထိန်းချုပ်ခန်းထဲတွင် ဆဲဆိုနေသံများ ပြည့်နှက်နေခဲ့သည်။ သူတို့သည် ၎င်းအား တိုက်ခိုက်လိုသော်လည်း ကိုင်းဂျူး သားရဲကို လုယူသွားသော ဧရာမမြွေကြီးအတွက် ကြိုတင်ပြင်ဆင်ထားများ မရှိခဲ့သောကြောင့် ၎င်း၏ ကိုင်းဂျူးသားရဲကို ဆွဲယူကာ ပျောက်ကွယ်သွားခဲ့သည်အထိ ရေဒါကနေ စောင့်ကြည့်နေနိုင်ခဲ့သည်။
စစ်သင်္ဘောများသည် ယင်းဧရိယာအတွင်း အချိန်အတော်ကြာ လှည့်လည်နေခဲ့ပြီး၊ ရေငုပ်သင်္ဘောများ ရောက်ရှိလာချိန်တွင် သူတို့၏ တိုက်ပွဲအကျိုးအမြတ်ကို လုယူသွားခဲ့ပြန်သော ဧရာမမြွေကြီးကို ရှာဖွေနေကြသည်။
အမေရိကန်များသည် ကိုင်းဂျူး သားရဲကို ယူဆောင်သွားခဲ့သော သားရဲ၏ အထောက်အထားကို အခြေခံအားဖြင့် သိရှိထားခဲ့ပြီ ဖြစ်ကာ ၎င်းက ဧရာမမြွေကြီးပင် ဖြစ်သည်။
စူပါမိုဆာဆောရပ်စ်ကို ဖမ်းဆီးစဉ်ကလည်း ၎င်းသည် အလစ်သုတ်သွားခဲ့ပြီး ယခုလည်း ထူးဆန်းသော သားရဲအား ခိုးယူသွားခဲ့ပြန်သောကြောင့် အမေရိကန်များသည် အလွန်အမင် ဒေါသထွက်နေခဲ့၏။
သူတို့သည် ၎င်းခိုးယူသွားခဲ့သော ဧရိယာ၏ ထောင့်တိုင်းကို ရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။
အမေရိကန်နိုင်ငံက ပညာရှင်များသည် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေကြသည်။
၎င်းကိုင်းဂျူး သားရဲ၏ သတင်းကို ရရှိပြီးနောက် သူတို့သည် ရေတပ်က ပေးလာမည့် သတင်းကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
၎င်းသည် သန္ဓေပြောင်း သားရဲ၊ ရှေးဟောင်း သားရဲများကဲ့သို့ ဤအပြာရောင်ဂြိုလ်၏ မူလနေထိုင်သူ သက်ရှိမဟုတ်ဘဲ ဂြိုလ်သားတစ်ကောင် ဖြစ်သည်။
ကံကောင်းထောက်စွာဖြင့် ၎င်းတိုက်ပွဲသည် အလဟဿ မဖြစ်ခဲ့ဘဲ ကိုင်းဂျူး သားရဲ၏ တစ်ရှူးနှင့် သွေးအချို့ကို တွေ့ရှိခဲ့ကြသည်။
၎င်းသည် ထိုကျွမ်းကျင်ပညာရှင်များ၏ ဒေါသကို အနည်းငယ် ငြိမ်သက်သွားစေခဲ့သည်။
အမေရိကန်တို့သည် ဧရာမမြွေကြီးကို ဒုတိယအကြိမ် အမဲလိုက်ခြင်းကို စတင်ခဲ့ကြသည်။ ၎င်းအား အမဲလိုက်ခြင်းသည် အကြောင်းရင်း နှစ်ခုရှိကာ တစ်ခုက သူတို့၏ တိုက်ပွဲအကျိုးအမြတ်ကို အမြဲတမ်း လုယူနေခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယတစ်ခုသည်က ဧရာမမြွေကြီးနှင့် ကိုင်းဂျူး သားရဲများတွင် တူညီသော လက္ခဏာအချို့ ရှိခြင်းကြောင့် ဖြစ်သည်။
ကိုင်းဂျူး သားရဲ၏ တစ်ရှူးတချို့ကို ရရှိပြီးနောက် အမေရိကန်နိုင်ငံရဲ့ ကျွမ်းကျင်သူများနှင့် သိပ္ပံပညာရှင်များသည် စတင်လေ့လာခဲ့ကြသည်။ ၎င်းက ပထမဆုံး သိရသော အရာက ၎င်းကိုင်းဂျူး သားရဲသည် ဆီလီကွန်အခြေခံ သက်ရှိ ဆိုတာပင်။
"ဒီသားရဲတွေရဲ့ အသွေး၊ အသားက လုံးဝ စားလို့မရဘူး။ သူတို့ရဲ့ ဖွဲ့စည်းပုံက လူသားတွေနဲ့ လုံးဝကွဲပြားတယ်။ တူညီစွာပဲ တခြားသက်ရှိတွေလည်း ဒီထူးဆန်းတဲ့ သားရဲရဲ့ အသွေး အသားကို စားလို့မရဘူး..."
၎င်းသုတေသနလုပ်ပြီးနောက် ကျွမ်းကျင်ပညာရှင်များနှင့် သိပ္ပံပညာရှင်များက ကောက်ချက်ချသည်။
ယင်းရလဒ် ထွက်ပေါ်လာပြီးနောက် မေးခွန်းတစ်ခု ပေါ်လာသည်။
ဒီလိုဆို ဧရာမမြွေကြီးက ဘာလို့ အဲဒီသားရဲတွေကို စားနိုင်တာလဲ....
သူတို့သည် ဧရာမမြွေကြီးက ၎င်းသားရဲများကို စားသောက်ခြင်းကို တိုက်ရိုက်မမြင်ခဲ့ရသော်လည်း ၎င်းက ဒုတိယမြောက် ကိုင်းဂျူး သားရဲကို အမဲလိုက်ခြင်း ဖြစ်သောကြောင့် ၎င်းသည် စားဖို့ရန်သာ ဖြစ်နိုင်လေသည်။
ဤတစ်ကြိမ်သည် ကိုင်းဂျူး သားရဲကို အမဲလိုက်တာ ပထမဆုံး အကြိမ် မဟုတ်ပေ။ အကယ်၍ ၎င်းသာ စားလို့မရရင် အဘယ့်ကြောင့် အမဲလိုက်ရမည်နည်း ထိုသည်က ခွန်အားဖြုန်းတီးခြင်းပင် မဟုတ်လား။
၎င်းဖြစ်ရပ်များအား အခြေခံ၍ အမေရိကန်သိပ္ပံပညာရှင်များသည် ဧရာမမြွေကြီးက ဆီလီကွန်အခြေခံ သက်ရှိလို့ ယူဆစေခဲ့သည်။
ဖန့်ရန်သည် သူသည်လည်း ဆီလီကွန်အခြေခံ သက်ရှိလို့ ထင်နေခဲ့၏။ သို့ပေမဲ့ သူသည် အခြားကိုင်ဂျူး သားရဲများနှင့် ကွာခြားကာ လေရူဖို့ လိုအပ်သည်။
ဂေါ်ဇီလာနှင့် ဆင်တူသော သားရဲအား မျိုချပြီးနောက် သူ၏ စနစ်အမှတ်ပမာဏသည် (၁.၂) သန်းသို့ ရောက်ရှိသွားခဲ့သည်။
ကိုင်းဂျူး သားရဲများအား စားသောက်ခြင်းဖြင့် လိုအပ်သော စနစ်အမှတ် ပမာဏ လျင်မြန်စွာ ပြည့်တင်းနိုင်သည်။ သို့သော် ကိုင်းဂျူး သားရဲများသည် သမုဒ္ဒရာထဲတွင် ယခုထိတိုင် အများကြီး မရှိသေးပေ။
ဖန့်ရန်သည် ဂျပန်နိုင်ငံ ပင်လယ်ပြင်တွင် ရှိနေခြင်း ဖြစ်ပြီး မကြာခင်၌ အိုင်ဟော့ ပင်လယ်ထဲသို့ ရောက်ရှိတော့မည် ဖြစ်သည်။
ဤနေရာတွင် သားကောင်အရေအတွက်က အလွန်များပြားပြီး ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ ပေါ်များသည်။
အိုဗာကလော့ တုန်ခါမှုနှင့် သူသည် (၈) ကီလိုမီတာ အကွာအဝေးအတွင်းရှိ သားရဲများ၏ ပုံပန်းသဏ္ဍာန်၊ အရွယ်အစားနှင့် အခြားအရာများကို ထောက်လှမ်းနိုင်သည်။
မိုးကြိုးဒိုမိန်နှင့် သူသည် သားရဲအများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ပြီး၊ ဟိုးယခင်ကကဲ့သို့ သားရဲ တစ်ကောင်သာ ဖမ်းနိုင်ပြီး ကျန်သားရဲများ ထွက်ပြေးသွားနိုင်သော အခြေအနေ မရှိတော့ပေ။
သူသည် ဂျပန်နိုင်ငံ၏ ပင်လယ်ပြင်တွင် တစ်လတိတိ ကုန်ဆုံးခဲ့ပြီး စနစ်အမှတ် ပမာဏကို (၃) သန်းအထိ မြှင့်တင်ခဲ့သည်။
ထိုကြောင့် သူ၏ ဆင့်ကဲဖြစ်စဉ်အတွက် ယခုချိန်တွင် စနစ်အမှတ် (၂) သန်းသာ လိုအပ်တော့သည်။
၎င်းအမဲလိုက်မှုများတွင် သူသည် တမင်ပုန်းကွယ်မနေခဲ့သောကြောင့် ဂျပန်နိုင်ငံက တံငါသည်များသည် သူ့ကို မကြာခဏ မြင်တွေ့ခဲ့ရပြီး ကြောက်လန့်ခဲ့ကြသည်။
၎င်းဖြစ်ရပ်များ မကြာမီ ဧရာမမြွေကြီးက လဲကျနေသော လူများကို မတိုက်ခိုက်ဘူးဟူသော ကောလာဟလတစ်ခု ပျံ့နှံ့သွားခဲ့သည်။
"မင်းသာ ဒူးထောက်လိုက်တာနဲ့ ဧရာမမြွေကြီးက မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး"
၎င်းက ယိချွမ်၏ စကားပင်။
သို့သော် တံငါသည် တချို့က ဒူးမထောက်ဘဲ ရပ်နေခဲ့ကြသည်။ သို့ပေမဲ့ သူတို့လည်း ဧရာမမြွေကြီး၏ စားသောက်ခြင်းကို မခံခဲ့ရပေ။
သို့သော် ဒူးထောက်ပြီး အသနားခံခဲ့သော တံငါသည်များက အိမ်သို့ ပြန်ရောက်ပြီးနောက် သူတို့၏ ဖြစ်ရပ်ကို ပြောပြခဲ့ရာမှ ၎င်းသည် ပျံ့နှံ့သွားခဲ့ပြီး ဤသို့ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
"ဧရာမမြွေကြီးနဲ့ တွေ့ရင် ဒူးထောက်ပြီး အသနားခံလိုက်။ ဒါဆို မင်း အစားခံရတော့မှာ မဟုတ်ဘူး"
ဖန့်ရန်သည် တံငါသည်များနှင့် ဆုံတွေ့ချိန်တွင် ကုန်းပတ်တွင် ဒူးထောက်ကာ သူ့အသက်အား အသနားခံနေခဲ့သော လူများအား မြင်ချိန်တွင် အံ့ဩခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။
ဂျပန်နိုင်ငံ ပင်လယ်ပြင်တွင် ဧရာမမြွေကြီး လှုပ်ရှားနေသော သတင်းများကို အမေရိကန်အစိုးရက သဘာဝကျစွာ ကြားသိခဲ့သည်။ ထိုကြောင့် သူတို့သည် စစ်သင်္ဘောများအား စေလွှတ်ခဲ့သော်လည်း စစ်သင်္ဘောများသည် ဧရာမမြွေကြီး၏ ခြေရာကို ရှာတွေ့ခဲ့ခြင်း မရှိပေ။
ခဏတာ ကြိုးစားပြီးနောက် အမေရိကန်တို့သည် ဧရာမမြွေကြီးကို ဖမ်းဆီးမည့် စိတ်ကူးကို လက်လျှော့လိုက်သည်။
ထိုနောက် သူတို့သည် သူတို့၏ အာရုံစိုက်ခြင်းကို အန္တာတိကသမုဒ္ဒရာဘက်ကို လှည့်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ထိုနေရာတွင် ကိုင်းဂျူး သားရဲ၏ ခြေရာကို သူတို့ ထောက်လှမ်းမိခဲ့သည်။
များမကြာခင်တွင် ကိုင်းဂျူး သားရဲများသည် တရာဝင်လူသိများလာခဲ့သည်။ ကိုင်းဂျူး သားရဲများသည် ရုပ်ရှင်တွေထဲကလို အံ့သြစရာကောင်းလောက်အောင် တူညီနေသည်။
.....