← Chapters

အကျပ်အတည်းတစ်ခု၏ အစ

Vol. 15 Ch. 200

အကျပ်အတည်းတစ်ခု၏ အစ

Vol. 15 Ch. 200

အမေရိကန်တို့၏ အဓိကမြို့ဖြစ်သော အနောက်ဘက်ကမ်းရိုးတန်းက နယူးယောက်မြို့သည်၊ ကိုင်းဂျူး သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

နယူးယောက်မြို့ကို တိုက်ခိုက်လာခဲ့သော ကိုင်းဂျူး သားရဲသည်၊ ဧရာမကြွက်တစ်ကောင်နှင့် ဆင်တူပြီး အလွန်လျင်မြန်သည်။ ၎င်း၏ လက်များကို ဖြန့်ထုတ်လိုက်သည်နှင့် အရေပြား အလွှာတစ်ထပ် ပေါ်လာပြီး အချိန်တိုအတွင်း လေထဲတွင် ပျံဝဲနိုင်သည်။

၎င်း၏ အမြီးသည် ရှည်လျားကာ ဧရာမကြာပွတ်ကြီး တစ်ခုနှင့် ဆင်တူပြီး အဖျားတွင် ချွန်ထက်သော အရိုးခွဲဖြစ်ကာ ဓားနှစ်ချောင်း ဆက်ထားသည်နှင့် ဆင်သည်။

အမေရိကန်စစ်တပ် ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ၎င်းသားရဲက တံတားတစ်စင်းကို ဖျက်ဆီးခဲ့ပြီဖြစ်ကာ ၎င်း၏ လက်သည်းကြီးများဖြင့် အဆောက်အအုံများကို စတင်ဖျက်ဆီးနေခဲ့ပြီ ဖြစ်သည်။

ထိုနေရာသို့ ပထမဆုံး ရောက်ရှိလာသည်မှာ စစ်ဘက်သုံးရဟတ်ယာဉ်များ ဖြစ်သည်။ ရဟတ်ယာဉ်များသည် ၎င်းတို့အပေါ်တွင် တပ်ဆင်ထားသော စက်သေနတ်များဖြင့် ကိုင်းဂျူး သားရဲကို ပစ်ခတ်ကာ ဗုံးများ ကျဲချခဲ့ခြင်းဖြင့် တိုက်ခိုက်ခဲ့သည်။

အမေရိကန်တို့သည် ကိုင်းဂျူး သားရဲကို သတ်ဖြတ်နိုင်ရန် နာရီဝက်ခန့် အားထုတ်ခဲ့ရသည်။

၎င်းကိုင်းဂျူး သားရဲတိုက်ခိုက်မှု ဖြစ်စဉ်တွင် ကိုင်းဂျူး သားရဲကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုသည် စူပါမိုဆာဆောရပ်စ် အယ်ဆင်းနီမြို့ကို တိုက်ခိုက်မှုထက် ပိုမိုများပြားသည်။

ကိန်းဂဏန်းအချက်အလက်များအရ ၎င်းကိုင်းဂျူး သားရဲ တိုက်ခိုက်မှုကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့သည်။

အမေရိကန်၏ ကိုင်းဂျူး သားရဲ တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ အခြားကမ်းရိုးတန်း နိုင်ငံများလည်း ကွဲပြားခြားနားသော ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဟွာရှ၊ ဂျပန်နှင့် အိန္ဒိယတို့သည် ကိုင်းဂျူး သားရဲအများအပြား၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဥရောပနှင့် အာဖရိကတို့လည်း ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ရုရှားနိုင်ငံသည် ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရခြင်း မရှိသေးသောကြောင့် ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်ကို လက်လှမ်းမမီနိုင်သော နိုင်ငံများထဲ ပါဝင်နေကာ လျှို့ဝှက်ဆန်းကြယ် သားရဲများ၏ ခန္ဓာကိုယ်ကို သုတေသနပြုနိုင်ခြင်း မရှိသေးပေ။

အိန္ဒိယနိုင်ငံသည် ကိုင်းဂျူး သားရဲနှစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းသားရဲနှစ်ကောင်ထဲက တစ်ကောင်သည် အလွန်ပင် အစွမ်းထက်၏။

၎င်းသည် ယနေ့အထိ ပေါ်လာခဲ့ဖူးသမျှထဲက အစွမ်းအထက်ဆုံး ကိုင်းဂျူး သားရဲ ဖြစ်နိုင်လေသည်။

မွန်ဘိုင်းသည် ကိုင်းဂျူး သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်ခဲ့သည်။

စစ်တပ်သည် ရောက်လာချိန်တွင် အပျက်အစီးများသာ ကျန်ရှိတော့ပြီး ကိုင်းဂျူး သားရဲက ပင်လယ်ထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။

၎င်းကိုင်းဂျူး သားရဲသည် အလွန်သတိကြီးပြီး ၎င်းအချက်သည်ပင် အိန္ဒိယနိုင်ငံကို ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့ခြင်း၏ တရားခံ ဖြစ်သည်။

၎င်း၏ သတိကြီးမှုနှင့် ယှဉ်နှိုင်းမရသော ခွန်အားတို့သည် ၎င်းအား အစွမ်းအထက်ဆုံး ကိုင်းဂျူးဟူသော ဘွဲ့ကို ရရှိစေခဲ့သည်။

၎င်းကိုင်းဂျူး သားရဲက အိန္ဒိယနိုင်ငံ တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ပြည်သူများ၏ စိတ်တည်ငြိမ်ရေးနှင့် ကိုင်းဂျူး သားရဲ၏ ရန်က ကာကွယ်ရန်အတွက် အိန္ဒိယအစိုးရသည် မွန်ဘိုင်းနှင့် ကပ်လျက် ပင်လယ်ပြင်တွင် စစ်သင်္ဘောများအား နေ့ညမပြတ် ကင်းလှည့်စေခဲ့သည်။

ဤတွင် စစ်သင်္ဘော တစ်စင်းသည် ၎င်းသားရဲ၏ တိုက်ခိုက်မှုကြောင့် သတင်းပင် မပို့နိုင်ခဲ့ဘဲ နစ်မြုတ်သွားခဲ့သည်။ အိန္ဒိယအစိုးရသည် ၎င်းကြောင့် ဤကိုင်းဂျူး သားရဲတွင် ဆိုနာ၏ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်သော စွမ်းရည်တစ်မျိုး ရှိရမည်ဟု ကောက်ချက်ချခဲ့သည်။

တိုက်ဆိုင်စွာပင် ရုရှားစစ်တပ်သည် အိန္ဒိယသမုဒ္ဒရာတွင် ရေတပ်လေ့ကျင့်မှု ရှိနေခဲ့ပြီး၊ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားတွေ့ဆုံ ဆွေးနွေးပြီးနောက် ၎င်းကိုင်းဂျူး သားရဲကို တိုက်ခိုက်ရန် လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြသည်။

ရုရှား၏ စစ်ရေးအင်အားသည် အိန္ဒိယထက် သာလွန်ကောင်းမွန်သည်။ သို့သော် ၎င်းကိုင်းဂျူး သားရဲကို သတ်ဖြတ်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှုနှင့် စွန့်လွှတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။

၎င်းတိုက်ပွဲ ပြီးဆုံးပြီနောက် အိန္ဒိယ နိုင်ငံ၏ အကျပ်အတည်းသည် ပြီးဆုံးသွားခဲ့သည်။ ထို့အတူ ရုရှားသည်လည်း ၎င်းတို့လိုအပ်သော ကိုင်းဂျူး သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို ရရှိခဲ့သည်။

ရုရှားသည် အခြားကိုင်းဂျူး သားရဲ၏ အလောင်းကို အိန္ဒိယဆီက ဝယ်ယူရန်လည်း ကြိုးစားခဲ့သော်လည်း ငြင်းဆိုခြင်းသာ ခံခဲ့ရသည်။

အိန္ဒိယသည် ဒုတိယ ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်ကို ရောင်းချရန် ရည်ရွယ်ခြင်းမရှိဘဲ သုတေသနပြုလိုကြသည်။

ဥရောပနှင့် အာဖရိကသို့ တိုက်ခိုက်လာခဲ့သော ကိုင်းဂျူး သားရဲများသည် ဟွာလျန်မြို့ကို တိုက်ခိုက်ခဲ့သည့် ကိုင်းဂျူး သားရဲနှင့် တူညီကာ အားနည်းသော သားရဲ အမျိုးအစားတွင် ပါဝင်သည်။

၎င်းကိုင်းဂျူး သားရဲများသည် ကာကွယ်ရေး စွမ်းရည် မြင့်မားပြီး အလွန်ပြင်းထန်သော အက်ဆစ်ရည်များ ဖြန်းထုတ်နိုင်သည်။ သို့သော် ၎င်းတို့၏ ဉာဏ်ရည်က နိမ့်ကျသည့်အပြင် ကုန်းမြေပေါ်တွင် လှုပ်ရှားမှုတိုင်းက နှေးကွေးလေးလံသည်။

ဥရောပတိုက်၏ ရေတပ်သည် အားကြီးခြင်း မရှိသော်လည်း အသင့်ပြင်ဆင်ထားပြီးသာ ဖြစ်သည်။ ကုန်းမြေပေါ်သို့ ကိုင်းဂျူး သားရဲများကို တတ်လာသည်နှင့် ၎င်းတို့သည် ချက်ချင်းပင် ဗုံးကြဲပြီး ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် သတ်ဖြတ်ခဲ့သည်။

တောင်အာဖရိက ကိုင်းဂျူး သားရဲ တိုက်ခိုက်ခဲ့သော နိုင်ငံသည် မူလက အဆင့်အတန်းမြင့်ခဲ့သော နိုင်ငံတစ်ခု ဖြစ်ကာ အတိတ်တစ်ချိန်က နိုင်ငံတကာအသိုင်းအဝိုင်းတွင် အခွင့်အရေးများ တချို့ရှိခဲ့သည့် နိုင်ငံ ဖြစ်သည်။

သို့သော် ပြည်တွင်းစစ်၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အခြားပြဿနာအမျိုးမျိုးကြောင့် ၎င်းသည် တတိယတန်းစားနိုင်ငံအဖြစ် လျော့ကျသွားခဲ့ပြီး စစ်ရေအင်အားသည်လည်း အကောင်းဆုံးပင် အလယ်အလတ်သာ ရှိတော့သည်။

၎င်းတို့၏ ပြဿနာဖြေရှင်းနိုင်စွမ်း နိမ့်ပါးမှုနှင့် ကိုင်းဂျူး သားရဲသည် ဝေးလံခေါင်သီသော ဒေသတွင် ဆင်းသက်ခဲ့ခြင်းကြောင့် ထိုနိုင်ငံသည် ပျက်စီးဆုံးရှုံးမှုများ ကြီးစွာခံစားရပြီးမှသာ ၎င်းကိုင်းဂျူး သားရဲကို သတ်နိုင်ခဲ့သည်။

ယခုအချိန်တွင် အဓိကနိုင်ငံကြီးများ၌ ဂြိုလ်သားသက်ရှိတွေ၏ နမူနာများ ရရှိထားသည်။ ၎င်းသည် သေးငယ်သော တစ်သျှူးနှင့် အသားစများ မဟုတ်ဘဲ အတော်လေး ကောင်းမွန်သော ခန္ဓာကိုယ်များ ဖြစ်သည်။

၎င်းသည် သိပ္ပံပညာရှင်များအတွက် သတင်းကောင်းဖြစ်သည်။ သူတို့တွင် ဆီလီကွန်အခြေခံ သက်ရှိ၏ နမူနာများ လုံလောက်နေပြီ ဖြစ်သည်။ ၎င်းတို့သည် အမျိုးမျိုးသော သုတေသနများကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

ပရိုတင်းသည် သက်ရှိတစ်ခု၏ ရုပ်ဝတ္ထုအခြေခံ၊ ဆဲလ်ကို ဖွဲ့စည်းခြင်းနှင့် အခြေခံအော်ဂဲနစ်ဒြပ်များတွင် အဓိကဆောင်ရွက်သူ ဖြစ်ကြောင်း လူသိများသည်။ ပရိုတင်းသာ မရှိလျှင် သက်ရှိများလည်း မရှိနိုင်ပေ။

သို့သော် ၎င်းက ကာဗွန်အခြေပြု သက်ရှိများအတွက်သာ ဖြစ်သည်။

ဆီလီကွန်အခြေခံ သက်ရှိများက ကွဲပြားသည်။

၎င်းတို့၏ ရုပ်ဝတ္ထု၊ မျိုးဗီဇ၊ ခန္ဓာကိုယ်အား ဖွဲ့စည်းထားသော အခြေခံပစ္စည်းများကား အဘယ်နည်း။

သိပ္ပံပညာရှင်များကို ဤမျှဖြင့် ကန့်သတ်မထားနိုင်ပေ။ ၎င်းသည် သားရဲများအတွက် လေ့လာထားသော ၎င်းတို့၏ အဓိကသုတေသန ဘာသာရပ်များထဲမှ တစ်ခု ဖြစ်သည်။

ဥပမာအားဖြင့် ကိုင်းဂျူး သားရဲများသည် မတူညီဘဲ အချို့က အက်ဆစ် ဖြန်းထုတ်နိုင်ကာ၊ အချို့က လေဆာထုတ်လွှတ်နိုင်သည်၊ အချို့က လျှပ်စစ်များ ထုတ်လွှတ်နိုင်သည်။ ၎င်းသားရဲတိုင်းတွင် စွမ်းရည်ပင်ရင်း အတွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုစီ ရှိသည်။

ဂြိုလ်သား သက်ရှိများအား လေ့လာမှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး၊ အပေါ်ယံ ရှာဖွေတွေ့မှုတိုင်းလို,လိုသည် သိပ္ပံပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ လူများသည် ကိုင်းဂျူး သားရဲများ ပေါ်ပေါက်လာမှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။ ဤကိုင်းဂျူး သားရဲများ ကျူးကျော်မှုသည် ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများ၏ တိုက်ခိုက်မှုကဲ့သို့ ရိုးရှင်းခြင်း မရှိပေ။

ဖန့်ရန်သည် ဤအရာများ မည်သည့်အရာကိုမျှ မသိသေးပေ။ သူသည် ဘဲရင်းပင်လယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် အာတိတ်သမုဒ္ဒရာဘက်သို့ ဦးတည်နေသည်။

ယခုအချိန်တွင် သူ၏ စနစ်အမှတ်ပမာဏက (၄) သန်းသို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ၏ နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်စတင်ရန်အတွက် သိပ်မလိုတော့ပေ။

ဖန့်ရန်သည် အာတိတ်သမုဒ္ဒရာသို့သွားကာ လူသူကင်းမဲ့သည့် ဝေးလံခေါင်ဖျားသော ဒေသတစ်ခုကို ရှာဖွေကာ ဆင့်ကဲဖြစ်စတင် လိုနေသည်။ သူသည် သူ၏ ဦးတည်ရာသို့ သွားရာလမ်းတစ်လျှောက်၌ စနစ်အမှတ်များ စုဆောင်းမည် ဖြစ်သည်။

တစ်လခန့်အကြာတွင် အာတိတ်သမုဒ္ဒရာသို့ သူရောက်ရှိခဲ့ပြီး အရှေ့ဘက်သို့ ဦးတည်သွားနေခဲ့သည်။

သူသည် ဤနေရာတွင် ရုရှားနိုင်ငံ ရှိနေကြောင်း သိနေပြီး လူသူကင်းမဲ့သော ဒေသတစ်ခုကို ရှာဖွေကာ ဆင့်ကဲဖြစ်စဉ် စတင်လိုနေခဲ့သည်။

တစ်ရက်...။

သူရှေ့သို့ ဦးရွေ့လျားနေစဉ် ပုံမှန်မဟုတ်သော သံလိုက်လှိုင်းနှုန်း တစ်ခုကို ခံစားမိလိုက်သည်။

၎င်းသံလိုက်လှိုင်းသည် သူယခင်က ထောက်လှမ်းရရှိခဲ့ဖူးသော သံလိုက်လှိုင်းနှုန်းများနှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။

၎င်းသည် ဆစ်ဂနယ်မရှိတဲ့ TV တစ်ခုက ထွက်ပေါ်နေသော အသံများနှင့် အနည်းငယ်ဆင်တူသည်။

"ဒီအသံက ဘယ်ကလာတာလဲ.."

ဖန့်ရန်သည် စိတ်အနှောင့်အယှက် ဖြစ်နေပြီး၊ ၎င်းအား ပိတ်လိုက်သည်။

ထို့နောက် သူသည် သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေသော အသံရင်းမြစ်ဆီသို့ ကူးခတ်ရင်း ၎င်းက မည်သည့်အရာ ဖြစ်သည်ကို တွေးတောနေခဲ့သည်။

......

All Chapters