← Chapters

ဧရာမလိပ်ကြီးကို ကယ်တင်ခြင်း

Vol. 15 Ch. 201

ဧရာမလိပ်ကြီးကို ကယ်တင်ခြင်း

Vol. 15 Ch. 201

ဖန့်ရန်သည် သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေသော အသံရင်းမြစ်ဆီသို့ ကူးခတ်သွားရာ လမ်းတစ်လျှောက်တွင် လူသားများ၏ အရိပ်အရောင်ကို တွေ့ခဲ့ရသည်။

"ဘာတွေလဲ"

ဖန့်ရန်သည် သူ၏ ရှေ့သို့ ကြည့်လိုက်ချိန်တွင် ကျွန်းတစ်ခုအား တွေ့လိုက်ရပြီး ၎င်းကျွန်းကို စစ်သင်္ဘောနှစ်စီးက ဝန်းရံထားပြီး လူအများအပြား ရှိနေကို မြင်လိုက်ရသည်။

ထိုလူတို့သည် ၎င်းကျွန်းပေါ်တွင် စက်ပစ္စည်းတစ်ခုအား တပ်ဆင်ကာ တစ်ခုခုကို တူးဖော်နေပုံရသည်။

"တစ်ခုခုတော့ မဟုတ်သေးဘူး။ ဒါက ကျွန်းတစ်ခု မဟုတ်ဘူး"

ဖန့်ရန်သည် ၎င်းကျွန်းအား အာရုံစိုက်ကာ စစ်ဆေးကြည့်လိုက်ရာ ၎င်းသည် သက်ရှိများက အလိုအလျှောက် ထုတ်လွှင့်နေတတ်သော လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက ရေဘဝဲနဲ့ စူပါမိုဆာဆောရပ်စ်တို့နဲ့ တူညီတဲ့ အဆင့်က သန္ဓေပြောင်း သားရဲတစ်ကောင်လား..."

သူသည် ရေဘဝဲနှင့် စူပါမိုဆာဆောရပ်စ်တို့ကို ချက်ချင်း သတိရသွားခဲ့သည်။

၎င်းသားရဲများသည် ကိုင်းဂျူး သားရဲများ မဟုတ်သော်လည်း ထိတ်တန်းအဆင့် သန္ဓေပြောင်း သားရဲများ၏ ဖြစ်သည်။ ၎င်းသားရဲ တစ်ကောင်စီတွင် ဧရာမခန္ဓာကိုယ်နှင့် အစွမ်းထက် ခွန်အားများ ရှိကြ၏။

ဖန့်ရန်သည် ၎င်း၏ ပုံသဏ္ဍာန်အား စစ်ဆေးပြီးနောက် ၎င်းသည် လိပ်တစ်ကောင်ဖြစ်မည်ဟု ကောက်ချက်ချခဲ့သည်။

သူ၏ ခန့်မှန်းချက်သည် မှန်ကန်ခဲ့သည်။ ၎င်းသည် ဤအာတိတ်သမုဒ္ဒရာ၏ သားရဲဘုရင် ဖြစ်သော ဧရာမလိပ်ကြီး ဖြစ်သည်။ ရုရှားနိုင်ငံအစိုးရသည် သူ့အား ဖမ်းမိပြီးနောက် နေ့စဉ် မေ့ဆေးများ ထိုးပေးနေခဲ့သည်။

ဧရာမလိပ်ကြီး၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဧရာမသံမဏိတိုင်ကြီးလေးခု ရှိပြီး ဧရာမလိပ်ကြီးကို သံမဏိကြိုးများဖြင့် ချည်နှောင်ထားသည်။

ရုရှားနိုင်ငံမှ လူများသည် ဧရာလိပ်ကြီးထံက သက်ရှည် ဆေးရည် ဖန်တီးရန်အတွက် လိုအပ်သော အထူးပစ္စည်းများကို ထုတ်ယူနေခဲ့ပြီး ၎င်းအား နေ့စဉ်နှင့်အမျှ စိတ်ကူးပင် မယဉ်နိုင်လောက်သော နာကျင်မှုကို ဖြစ်စေခဲ့သည်။

ထိုကဲ့သို့ နာကျင်မှုအား ဧရာမလိပ်ကြီးသည် သီမခံနိုင်ဘဲ နာကျင်စွာ အော်ဟစ်နေခဲ့ခြင်းကြောင့် ၎င်းအသံတွင် ပါလာသော ကြိမ်နှုန်းမြင့် အသံလှိုင်းများသည် ရေအောက်တွင် ပျံ့နှံ့နေခဲ့ခြင်း ဖြစ်ကာ ဖန့်ရန် ကြားခဲ့ရခြင်း ဖြစ်သည်။

ဖန့်ရန်သည် ဧရာမပင်လယ်ကြီးကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး ဧရာမလိပ်ကြီး၏ ကျောပေါ်က လူများသည် ၎င်း၏ ခန္ဓာကိုယ်က လူသားများအတွက် အလွန်အသုံးဝင်သော အဖိုးတန်အရာများကို ထုတ်ယူနေခြင်း ဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။

"ငါ့ကိုယ်ထဲမှာရော လူသားတွေအတွက် အကျိုးရှိမဲ့ အရာတစ်ခုခု ရှိနေမလား မသိဘူး..."

ဖန့်ရန်သည် ၎င်းအတွေးများကို ခါထုတ်လိုက်သည်။ သူ၏ ကြီးမားသော ကိုယ်ခန္ဓာ၊ နေရောင်ခြည်ကို စုဆောင်းကာ လျှပ်စစ်အဖြစ်ပြောင်းလဲနိုင်ခြင်း ထုတ်လွှင့်နိုင်ခြင်းတို့သည်ပင် လူသားတွေ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်ထက် ပိုနေပြီ ဖြစ်သည်။

သူ့ရှေ့က သနားစဖွယ် မြင်ကွင်းကို ခဏကြာကြည့်ပြီးနောက် ဖန့်ရန်သည် ထွက်သွားဖို့ ဆုံးဖြတ်လိုက်၏။ သူသည် ဧရာမလိပ်ကြီးအား သနားသော်လည်း ၎င်း၏ ဒုက္ခကို ကူညီရန် စိတ်ကူးမရှိပေ။

နေ့စဉ်နေ့တိုင်း သက်ရှိများစွာ ဒုက္ခရောက်နေကြသည်။ သူသည် ၎င်းတို့အား သနားသော်လည်း ကူညီစရာအကြောင်း မရှိပေ။ ထို့အပြင် ယင်းလူများနှင့် သူ့တွင် ရန်ညိုးရန်စ မရှိသောကြောင့် တိုက်ခိုက်ရန် အကြောင်းပြချက်လည်း မရှိပေ။

ဧရာမလိပ်ကြီးတွင် အလွန်ထူထဲသော အခွံရှိသည်။ ထိုကြောင့် ၎င်း၏ ကာကွယ်ရေးစွမ်းအားသည် မြင့်မားပေလိမ့်မည်။ ၎င်းသည် တကယ့်ကို ဧရာမဖြစ်ကာ မာကျောသော အခွံကြီးကြောင့် သူစား၍လည်း မရပေ။

သူသည် ၎င်းနေရာက ထွက်သွားတော့မည့် အချိန်တွင် စိတ်ဝင်စားဖွယ်အရာတစ်ခုအား တွေ့လိုက်ရခြင်းကြောင့် ရုတ်တရက် ရပ်တန့်လိုက်သည်။

ဧရာမလိပ်ကြီး၏ ပတ်ဝန်းကျင်တွင် သန္ဓေပြောင်း သားရဲနှင့် ရှေးဟောင်း သားရဲများစွာ ရှိနေသည်။

"သန္ဓေပြောင်း သားရဲတွေနဲ့ ရှေးဟောင်း သားရဲတွေက တစ်ခုခုရဲ့ ဆွဲဆောင်ခံထားရတဲ့ ပုံပေါ်တယ်..."

ဖန့်ရန်သည် သူ၏ အမြင်အာရုံကို ဧရာမလိပ်ကြီးဆီသို့ ပြန်ရွေ့လိုက်၏။ သူသည် သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများက ဧရာမလိပ်ကြီး၏ ဆွဲဆောင်ခံရခြင်း ဖြစ်နိုင်မလားဆိုပြီး တွေးတောမိသည်။

"ဒီလိပ်က သားကောင်တွေကို ဆွဲဆောင်နိုင်တယ်"

ဖန့်ရန်၏ စိတ်ထဲအတွေးတစ်ခု ပေါ်လာသည်။

ဧရာမလိပ်ကြီးတစ်ကောင်သည် ပင်လယ်ထဲတွင် ကူးခတ်နေပြီး၊ ၎င်း၏ နောက်ကနေ ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲအများအပြား လိုက်ပါနေသည်။

"ဒီလိပ်ကိုသာ ငါ့ဘေးမှာ ထားလိုက််မယ်ဆိုရင် ငါ့အနေနဲ့ သားကောင်ကို တကူးတက လိုက်ရှာနေစရာ မလိုတော့ဘူး"

သမုဒ္ဒရာထဲတွင် သားရဲအရေအတွက် တိုးပွားလာနေသော်လည်း သူသည် သားကောင်ကို ရှာဖွေနေရဆဲဖြစ်ကာ၊ တစ်ခုတစ်လေဆို ငါးတစ်အုပ်ကို ရှာဖို့အတွက် လဝက်လောက် အချိန်ဖြုန်းခဲ့ရသည်။

ဖန့်ရန်သည် အနည်းငယ် စိတ်ဝင်စားသွားသော်လည်း ဧရာမလိပ်ကြီးကို ကယ်တင်ရန် ချီတုံချတုံ ဖြစ်နေသည်။

'ဧရာမလိပ်ကြီးသာ ရှိနေရင်၊ အချိန်တွေ အများကြီး ပိုလာမယ်၊ အချိန်တိုအတွင်း ဆင့်ကဲပြောင်းလဲနိုင်တယ်'

ခဏကြာ တွေးတောပြီးနောက် ဖန့်ရန်သည် ဧရာမလိပ်ကြီး အပေါ်နှင့် ဘေးတွင် ရှိနေကြသော လူသားများ၏ လက်နက်နှင့် လူအင်အားကို စတင်စစ်ဆေးသည်။

၎င်းတို့တွင် လူအင်အားနည်းပါးကာ ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် စက်သေနတ်ကိုင်ကာ ကင်းလှည့်နေကြသူများသာ ရှိပြီး၊ စစ်သင်္ဘောနှစ်စီးက အစွမ်းအထက်ဆုံး ဖြစ်သည်။

၎င်းတို့အား ထောက်လှန့်ရင်း ရေကူးနေစဉ် စစ်သင်္ဘောနှစ်စီးက ဖန့်ရန်ကို ရုတ်တရက် ထောက်လှမ်းမိသွားသည်။ စစ်သင်္ဘောနှစ်စင်းက တစ်စီးသည် တော်ပီဒိုတစ်စင်းဖြင့် သူ့အား ချက်ချင်းပင် ပစ်လွှတ်ကာ တိုက်ခိုက်သည်။

ရေအောက်က လျင်မြန်စွာ ရွေ့လျားနေသော တော်ပီဒိုသည် မမြင်နိုင်သော အထူးလျှပ်စစ်သံလိုက်လှိုင်းတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

ဖန့်ရန်သည် သူ၏ အရိပ်လေ စွမ်းရည်ကို အသက်သွင်းကာ ရေအောက်ကြမ်းပြင်ဆီသို့ ဦးတည်၍ ချက်ချင်းပင် ပြေးသည်။

သူ၏ အမြန်နှုန်းသည် အလွန်ပင် မြင့်မားသောကြောင့် တော်ပီဒိုသည် သူ့အား အမှီမလိုက်နိုင်တော့ဘဲ ပင်လယ်ကြမ်းပြင်ဆီသို့ သံတုံသံခဲကို ပစ်ချလိုက်သလို နောက်ဆုံးတွင် နစ်မြုတ်သွားခဲ့သည်။

၎င်းအခြေအနေသည် ရုရှားနိုင်ငံက လူများအား ထိတ်လန့်စေခဲ့သည်။ ရုရှားတို့သည် ဖန့်ရန်၏ စွမ်းရည်အကြောင်း ယခင်က မကြားဖူးခဲ့ပေ။

ဖန့်ရန်သည် တော်ပီဒိုဆီက လွတ်မြောက်ပြီးနောက် ရုရှားစစ်သင်္ဘောနှစ်စီးရှိရာသို့ ပြန်လာခဲ့သည်။

သူသည် စစ်သင်္ဘောတစ်စီး အောက်သို့ ရောက်ရှိပြီးနောက် စစ်သင်္ဘောပေါ်ရှိ လူများအား ပြင်ဆင်ချိန်လုံးဝမပေးဘဲ အိုဗာကလော့ တုန်ခါမှုကို ချက်ချင်းပင် အသုံးပြုလိုက်သည်။

အိုဗာကလော့ တုန်ခါမှု စွမ်းရည်၏ အဆင့်သည် နိမ့်ပါးနေသောကြောင့် အရာဝတ္ထုတစ်ခု၏ တုန်ခါမှုကို ဆန်းစစ်ပြီး ဆန့်ကျင်ဘက် တုန်ခါမှုကို ဖန်တီးခြင်းဖြင့် အရာဝတ္ထုများကို ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း ၎င်း၏ ကြိမ်နှုန်းမြင့် အသံလှိုင်းသည်ပင် စစ်သင်္ဘောပေါ်ရှိ လူများကို ကြမ်းပြင်ပေါ်သို့ လဲကျစေပြီး နာကျင်စွာ အော်ဟစ်စေကာ မေ့မြောစေခဲ့သည်။

သူသည် ၎င်းနည်းလမ်းကို အသုံးပြု၍ အခြားစစ်သင်္ဘောတစ်စင်းပေါ်ရှိ လူများကိုလည်း ထိုနည်းတူ မေ့မြောစေလိုက်သည်။

ယင်းလူများကို ကိုင်တွယ်ပြီးနောက် ဖန့်ရန်သည် ဧရာမလိပ်ကြီးဆီသို့ ကူးသွားခဲ့၏။ သူ့၏ အမြန်နှုန်းသည် အလွန်မြန်ပြီး တစ်မိနစ်ပင် မကြာခင် ၎င်းအနီး ရောက်ရှိလာခဲ့သည်။

သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧရာမလိပ်ကြီး၏ ကျောပေါ်ရှိ လူများ အော်ဟစ်ကုန်သည်။

စစ်သားများသည် ဖန့်ရန်အား စက်သေနတ်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း ၎င်းကျည်ဆံများသည် သူ၏ အကြေးခွံပေါ်တွင် ခြစ်ရာပင် မထင်စေခဲ့ပေ။

အရူးကဲ့သို့ ပစ်ခတ်မှုများကြားတွင် ကျည်ဆံများ ကုန်ဆုံးသွားသည်။

"သူဘာလုပ်နေတာလဲ"

ဧရာမလိပ်ကြီး၏ ကျောပေါ်ရှိ လူများသည် ဧရာမမြွေကြီးက သူတို့အား စားချင်နေတယ်လို့ ပထမက ထင်ခဲ့ကြသည်။ သို့ပေမယ့် ခဏအကြာတွင် ဧရာမမြွေကြီးက သူတို့ကို လုံးဝဂရုမစိုက်ဘူးဆိုတာ သိလိုက်ရသည်။

ဧရာမမြွေကြီးသည် ဧရာမလိပ်ကြီးအား ချည်နှောင်ထားသော သံမဏိဝါယာကြိုးများကို ဖြတ်တောင်နေခဲ့သည်။

ဧရာမလိပ်ကြီး၏ ကျောပေါ်ရှိ လူများသည် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ဧရာမမြွေကြီးလုပ်ဖို့ ကြိုးစားနေသည့် အရာကို မကြာမီပင် ခန့်မှန်းမိလိုက်ကြသည်။

ဧရာမမြွေကြီးက ဧရာမလိပ်ကြီးကို ကယ်ဖို့ကြိုးစားနေသည်။

သူတို့သည် ဧရာမမြွေကြီးအား တားဆီးလိုသည်၊ ဧရာမလိပ်ကြီးသည် သူတို့၏ ရတနာပင် ဖြစ်သည်။ ၎င်းအား ဆုံးရှုံးရမည်ကို သူတို့လက်မခံနိုင်ပေ။

စစ်သင်္ဘောနှစ်စီးပေါ်က လူများ၏ အခြေအနေသည် ဆိုးရွားနေခဲ့ခြင်းကြောင့် သူတို့သည် ဧရာမမြွေကြီး၏ သံမဏိကြိုးများနှင့် ဧရာမတိုင်ကြီးတွေကို ဖျက်ဆီးနေခြင်းကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ဒုန်း!

နောက်ဆုံးသော သံမဏိကြိုး ပြတ်တောက်သွား၏။

ဖန့်ရန်သည် ဧရာမလိပ်ကြီး၏ ဘေးသို့ ကူးသွားခဲ့သည်။ သူသည် ဧရာမလိပ်ကြီး၏ အခြေအနေကို စစ်ဆေးကြည့်ရပေမည်။ အကယ်၍ ၎င်းသာ ရေကူးနိုင်ခြင်း မရှိလျှင် သူကူညီရမည် ဖြစ်သည်။

.....

All Chapters