← Chapters

ကမ္ဘာ့နိုင်ငံများ၏ ဆုံးရှုံးမှုများ

Vol. 15 Ch. 202

ကမ္ဘာ့နိုင်ငံများ၏ ဆုံးရှုံးမှုများ

Vol. 15 Ch. 202

သံမဏိကြိုးက လွတ်မြောက်မှုကို ခံစားမိလိုက်သော ဧရာမလိပ်ကြီးသည် ၎င်း၏ ဦးခေါင်းကို အခွံထဲက ဖြည်းဖြည်းချင်း ထုတ်လိုက်ကာ ခြေလက်များကိုလည်း ထုတ်လိုက်သည်။ ထိုနောက် ၎င်းသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ရှေ့သို့ ဖြည်းဖြည်းချင်း စတင်ကူးခတ်လိုက်၏။

ဧရာမလိပ်ကြီးသည် ရှေ့သို့ ကူးခတ်နေစဉ် ၎င်း၏ ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ခါလိုက်သည်။ ထိုအခါ ၎င်း၏ ကျောပေါ်ရှိ လူများနှင့် စက်ပစ္စည်းများ ပြုတ်ကျသွားကြသည်။ ထိုလူများသည် ပင်လယ်ထဲသို့ ပြုတ်ကျနေစဉ် ထိတ်လန့်တကြား အော်ဟစ်နေကြ၏။

ဖန့်ရန်သည် သူ၏ နံဘေးရှိ ဧရာမလိပ်ကြီးကို ကြည့်လိုက်သည်။ ၎င်းဧရာမလိပ်သည် သူ့ထက်ပင် အရွယ်အစား ပိုကြီးသော်လည်း ၎င်း၏ စရိုက်လက္ခဏာများက ၎င်း၏ အရွယ်အစားနှင့် လုံးဝမကိုက်ညီပေ။

ယင်းဧရာမလိပ်သည် ထိုမျှ နှိပ်စက်ခံခဲ့ရသော်လည်း ၎င်း၏ ကျောပေါ်ရှိ လူများကို ပင်လယ်ထဲ ပစ်ချထားခဲ့ခြင်းမှလွဲ၍ တခြား ဘာမှမလုပ်ခဲ့ပေ။ ၎င်းသည် လက်စားချေရန် အကြံအစည်များပင် မရှိခဲ့ပေ။

"ဒီဧရာမလိပ်က ဒီလောက် ဒုက္ခရောက်နေတာက အံ့ဩစရာ သိပ်မရှိဘူးပဲ"

ဖန့်ရန်သည် ဧရာမလိပ်ကြီး ဖမ်းဆီးခံရခြင်းနှင့် နှိပ်စက်ခံရခြင်းတို့သည်၊ ၎င်း၏ စရိုက်လက္ခဏာများကြောင့် ဖြစ်ရလိမ့်မည်ဟု ခံစားမိခဲ့သည်။ အကယ်၍ သူသာ ၎င်းကို မကယ်ခဲ့လျှင် နောင်တစ်ချိန်၌ အသတ်ပင် ခံရနိုင်လေသည်။

ဧရာမလိပ်ကြီးကို ကယ်တင်ပြီးနောက် ဖန့်ရန်သည် ခဏတာမျှ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သူတို့နှစ်ဦးသည် အသံများ ထုတ်လွှင့်နိုင်သော်လည်း ဘုံဘာသာစကား မရှိသောကြောင့် ဆက်သွယ်၍ မရပေ။

၎င်းက ဖန့်ရန်ကို အထူးပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူသည် နောင်တစ်ချိန် အနာဂတ်တွင် ဘာသာစကားနှင့်ဆိုင်သော ဆက်သွယ်ရေး စွမ်းရည်များ ရရှိနိုင်ခြေ ရှိ၊ မရှိကို မသိသော်လည်း သူ၏ ခွန်အားတိုးလာခြင်းနှင့် မသတ်ဆိုင်သော ၎င်းစွမ်းရည်ကို တကယ့်ကို မလိုချင်ပေ။

ကံကောင်းထောက်စွာဖြင့် ဧရာမလိပ်ကြီးသည် သူ၏ ကယ်တင်ခြင်းကို ခံရပြီးနောက် သူ့အား လှည့်ပတ်ကာ ၎င်း၏ ပျော်ရွှင်မှုနှင့် ကျေးဇူးတင်မှုကို ပြသခဲ့သည်။

ဖန့်ရန်သည် ရှေ့သို့ အနည်းငယ် ကူးခတ်ကြည့်ရာတွင် ဧရာမလိပ်ကြီးက သူ့နောက် လိုက်လာသည်ကို တွေ့ရှိခဲ့သည်။

၎င်းက သူ့ကို ပျော်ရွှင်စေခဲ့သည်။ သူသည် ဧရာမလိပ်ကြီးကို နောက်က ထားပြီး ဦးဆောင်ကာ ဆက်သွားခဲ့သည်။

ရုရှားနိုင်ငံက လူများသည် သူတို့၏ ထွက်ခွာသွားမှုကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ယင်းတွင် ရုရှားနိုင်ငံမှ လူများသည် ဧရာမလိပ်ကြီး၏ အမြန်နှုန်းက ၎င်းယခင် ပြသခဲ့ဖူးသည့် အမြန်နှုန်းထက် ပိုမိုသာလွန်ကာ စစ်သင်္ဘောများပင် လိုက်မမှီနိုင်ကြောင်း သိရှိခဲ့ကြသည်။

ဖန့်ရန်သည် ဧရာမလိပ်ကို ဦးဆောင်ကာ သူ၏ နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် နေထိုင်ရန် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေနေခဲ့သည်။

ဆယ်ရက်အကြာတွင် လိုအပ်သော စနစ်အမှတ်ပမာဏ ပြည့်သွားခဲ့သည်။

ဖန့်ရန်သည် ဆင့်ကဲဖြစ်စဉ်စတင်ရန် ရွေးချယ်ထားသော နေရာတွင် ရောက်ရှိနေကာ သူ၏ ဆင့်ကဲပြောင်းလဲခြင်းကို စတင်ခဲ့သည်။

၎င်းတွင် သူ့ကို အံ့အားသင့်စေသည့်အချက်ရှိခဲ့ကာ ၎င်းက သူ၏ ဤတစ်ကြိမ်ဆင့်ကဲဖြစ်စဉ်မှာ အိပ်စက်ခြင်း အခြေအနေသို့ မဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

သူသည် အိပ်စက်ခြင်း အခြေအနေသို့ မဝင်ရောက်ခဲ့ဘဲ လှုပ်ရှားနေနိုင်ခဲ့သည်။ သို့သော် သူ၏ လှုပ်ရှားမှုတိုင်းသည် သူ့ကို ပင်ပန်းနွမ်းနယ်နေစေသည်။

"လှဲလျောင်းနေတာက ပိုအဆင်ပြေတယ်"

ဖန့်ရန်သည် ရေခဲကျွန်းတစ်ခုပေါ်တွင် လှဲလျောင်းနေခဲ့၏။ နွေးထွေးသော နေရောင်ခြည်သည် သူ့ကိုယ်ပေါ်သို့ ကျရောက်နေပြီး အလွန်အမင် သက်သောင့်သက်သာ ခံစားနေရစေလေသည်။

သို့သော် သူသည် သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် လှုပ်ရှား၍ မလှမ်းမကမ်းရှိနေခဲ့သော ဧရာမလိပ်ကြီးဆီသို့ တွားသွားကာ ၎င်း၏ အခွံပေါ်တွင် ကွေးနေလိုက်သည်။

လူသားများ ယခင်တူးထားခဲ့သော လိပ်ခွံက အပေါက်သည် ဖြည်းဖြည်းချင်း ပြန်အနာကျက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းအပြည့်အဝပြန်လည်ကောင်းမွန်ဖို့ အချိန်အတော်ကြာမည် ဖြစ်သည်။

ဧရာမမြွေကြီး၏ ဧရာမလိပ်ကြီးကို ယူဆောင်သွားသော သတင်းသည် လူသားကမ္ဘာတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကိုင်းဂျူး သားရဲ သတင်းများကို ခဏတာမျှ ဖုံးလွှမ်းသွားသည်။

ယခုချိန်တွင် ရုတ်တရက် ပေါ်လာခဲ့သော ကိုင်းဂျူး သားရဲအရေအတွက်သည်၊ အကောင် (၅၀) သို့ပင် ရောက်ရှိလာပြီဖြစ်ပြီး ယခင်ကဲ့သို့ ရှားပါးခြင်း မရှိတော့ပေ။

ပထမဆုံး ပေါ်လာခဲ့သော ကိုင်းဂျူး သားရဲများသည် အရွယ်အစားကြီးမားပြီး အက်ဆစ် သို့မဟုတ် လျှပ်စစ်ထုတ်လွှင့်နိုင်ကာ ခန္ဓာကိုယ်ကြီးမားပြီး လှုပ်ရှားမှုနှေးကွေးသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အသစ်ထွက်ပေါ်လာသော ကိုင်းဂျူး သားရဲများသည် ပိုမိုအားကောင်းလာခြင်း၊ ပိုမိုမြန်ဆန်လာခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိလာခြင်းနှင့် စွမ်းအင်အလင်းတန်းများ ထုတ်လွှတ်နိုင်လာခဲ့သည်။

၎င်းစွမ်းအင်အလင်းတန်းသည် ရဟတ်ယာဉ် သို့မဟုတ် စစ်သင်္ဘောကဲ့သို့သော အရာဝတ္ထုများကို ထိမှန်သည်နှင့် ချက်ချင်းပင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်စေကာ ဖျက်ဆီးပစ်နိုင်သည်။

ကိုင်းဂျူး သားရဲများ၏ အကြေးခွံ သို့မဟုတ် အရေပြားသည် အလွန်ထူးခြားသည်။ ကိုင်းဂျူး သားရဲအများစုသည် လျှပ်စစ်သံလိုက်လှိုင်းနှင့် အသံလှိုင်းများကို စုပ်ယူနိုင်သောကြောင့် ကြိုတင်ကာကွယ်နိုင်ရန် အလွန်ခက်ခဲသည်။

ကိုင်းဂျူး သားရဲများ ပေါ်ပေါက်လာခြင်းသည် လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခုပင် ဖြစ်သည်။ ကမ်းရိုးတန်းမြို့များစွာသည် ကိုင်းဂျူး သားရဲများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။

ကိုင်းဂျူး သားရဲများကြောင့် လူပေါင်းသိန်းချီသေဆုံးခဲ့သည်။

ကိုင်းဂျူး သားရဲများ ပေါ်ပေါက်လာသည့် အချိန်တိုအတွင်းမှာပင် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများကြောင့် ရက်လကြာရှည် ဖြစ်ပွားခဲ့သော ပျက်စီးမှုများထက် များစွာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အမျိုးမျိုးသော ကမ်းရိုးတန်းပြည်နယ်များနှင့် နိုင်ငံများသည် ၎င်းတို့၏ ကမ်းရိုးတန်းများတွင် ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်မှုဒဏ်ကနေ ခုခံကာကွယ်ရန် လက်နက်ကြီးများ ချထားကြသည်။

ဤသည်မှာ စစ်မှန်သော သားရဲများ၏ ခေတ်ဖြစ်သည်။ များစွာသော ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများက လူသားကမ္ဘာကို အမှောင်ဖုံးနေခဲ့ပြီး လူသားများစွာသည် စိတ်ပျက်အားငယ်ခြင်းနှင့် ဝမ်းနည်းမှုတို့ကြား နေထိုင်နေရကာ အနာဂတ်အတွက် အမြဲတစေ စိုးရိမ်ပူပန်နေကြရသည်။

လူအချို့သည် ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများ သမုဒ္ဒရာကို လွှမ်းမိုးထားသော အချိန်ကိုပင် ပြန်လည် လွမ်းဆွတ်နေခဲ့၏။

ထိုအချိန်က သမုဒ္ဒရာသည် အန္တရာယ်များ ပြည့်နေသော်လည်း ဤအချိန်များလောက် ဆိုးရွားနေခြင်း မရှိပေ။ ထိုအချိန်က သင်္ဘောကြီးများသည် ထိပ်တန်းအဆင့် သားရဲများနှင့် ဘုရင်အဆင့် သန္ဓေပြောင်း သားရဲများကို ရှောင်ရှားနိုင်သရွေ့ အခက်အခဲမရှိ သွားလာနိုင်သည်။

သို့သော် ကိုင်းဂျူးများ ပေါ်ပေါက်လာသည့် နေ့ကစ၍ မည်သည့် သင်္ဘောမျှ ပင်လယ်ထဲသို့ မသွားရဲတော့ပေ။

အစိုးရသည် ကိုင်းဂျူး သားရဲအကောင် (၅၀) ခန့် ပေါ်လာခဲ့ပြီဟု တရားဝင် ဆိုထားသော်လည်း လူအများအပြားက ထိုထက်မက ရှိနေလိမ့်မည်ဟု တွေးတောကြသည်။ အစိုးရသည် အမှန်တကယ် တွေ့ရှိပြီးသော ကိုင်းဂျူး အရေအတွက်ကို ဖုံးကွယ်ထားခြင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

ကိုင်းဂျူး သားရဲများသည် သမုဒ္ဒရာထဲတွင် ပုန်းအောင်းနေခဲ့ပြီး ဖြတ်သန်းသွားလာမိသော သင်္ဘောများကို တိုက်ခိုက်ကြသည်။ တစ်ခါတစ်လေ ကိုင်းဂျူး သားရဲများသည် လူသားမြို့များထဲသို့ ဝင်ရောက်ကာ ဖျက်ဆီးမှုများကို လုပ်လေ့ရှိသည်။

ထိုကြောင့် ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးတို့၏ သတင်းများ ပေါ်လာသောအခါ လူတိုင်းသည် ရင်းနှီးနေသော အတိတ်နှင့် လွမ်းဆွတ်မှုများ ခံစားခဲ့ရသည်။

"ဧရာမလိပ်ကြီးကို ခေါ်သွားတာလား။ ရုရှားက ဘာလို့, ဘာမှ, မလုပ်ခဲ့တာလဲ"

"သက်ရှည် ဆေးရည်, ဖန်တီးနိုင်မဲ့ အဓိက ပါဝင်ပစ္စည်းက ဧရာမလိပ်ကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတာမဟုတ်ဘူးလား။ ဘာလို့ ရုရှားက သူတို့ကို ထွက်ပြေးခွင့်ပြုလိုက်တာလဲ"

ရုရှားသည် ထိုလူများ ထင်နေသလို ဘာမှ မလုပ်ခဲ့တာ မဟုတ်ပေ။ သူတို့သည် သတင်းရတာနဲ့ ချက်ချင်းပင် စစ်သင်္ဘော (၄) စီး စေလွှတ်ခဲ့သော်လည်း လိုက်လို့မမှီခဲ့တာကို သူတို့ မသိခဲ့ပေ။

၎င်းတို့၏ သတင်းသည် မကြာမီ ပျောက်ကွယ်သွားခဲ့သည်။

ဧရာမလိပ်ကြီးက ဖန်တီးမည့် သက်ရှည် ဆေးရည်သည်, သီအိုရီအရသာ ဖြစ်သည်။ ၎င်းထုတ်ကုန်က စျေးကွက်တွင် ပေါ်ထွက်လာခြင်း မရှိသေးပေ။

ယခင်တီထွင်ခဲ့သော ဆေးရည်သည် အရေပြားကို ချောမွေ့စေခြင်းနှင့် အနည်းငယ် နုပျိုစေသည့် အာနိသင်ကလွဲ၍ အသက်ရှည်စေနိုင်မည်ဟု ကတိပြုထားသော အာနိသင်နှင့် ဝေးကွာနေသေးသည်။ ၎င်းဆေးဝါး၏ အာနိသင်သည် မဆိုးသော်လည်း အလွန်စျေးကြီးပေသည်။

ထို့ကြောင့် ဧရာမလိပ်ကြီး လွတ်မြောက်သွားခြင်းက လူသားများအား လှုပ်လှုပ်ရှားရှား မဖြစ်စေပေ။ လူအများစုသည် ၎င်းက သူတို့နှင့် မသက်ဆိုင်ဟု ခံစားခဲ့ကြရသည်။

ရက်အနည်းငယ်အတွင်း ဧရာမလိပ်ကြီး၏ သတင်းသည် ကိုင်းဂျူး သားရဲများ၏ သတင်းများကြား, ပျောက်ကွယ်သွားခဲ့သည်။

ကိုင်းဂျူး သားရဲအရေအတွက် အလွန်များပြားလာခြင်းက ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနှစ်ခုကိုပင် အခတ်ကြုံစေခဲ့သည်။ သူတို့သည် ကိုင်းဂျူး သားရဲများကို ဗုံးများ၊ ဒုံးကျည်များဖြင့် သတ်ဖြတ်နိုင်သော်လည်း ကုန်ကျစရိတ် ကြီးမားလှသည်။

ကိုင်းဂျူး သားရဲတစ်ကောင်သည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းနေရာတစ်ခုလုံးကို လျင်မြန်စွာ ဖျက်ဆီးပစ်နိုင်သည်။ ကိုင်းဂျူး သားရဲများ၏ ဖျက်ဆီးနိုင်စွမ်းသည် အလွန်ကို ကြောက်မက်ဖွယ်ကောင်း၏။

နိုင်ငံတိုင်း၏ ကမ်းရိုးတန်းမြို့ကြီးများလို,လိုသည် စည်ကား, ဖွံ့ဖြိုးပြီးသော ဒေသများ ဖြစ်ကြသည်။ အများစုသည် နိုင်ငံတစ်ခု၏ အချက်အခြာကျသော ကုန်သွယ်ရေးမြို့, သို့မဟုတ် အဓိက မြို့ကြီးများပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကမ်းရိုးတန်း မြို့အများစုက အပျက်အစီးများသာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကိုင်းဂျူး သားရဲများကြောင့် သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှုအရေအတွက်သည် ကြောက်မက်ဖွယ်ကောင်းလှ၏။

ကမ္ဘာ့နေရာအနှံ့အပြားသည်၊ စီးပွားရေးထိခိုက်ခြင်းကို မကြုံစဖူး ခံစားခဲ့ရသည်။

ထိပ်တန်းအဆင့် အင်အားကြီးနိုင်ငံများပင် ကိုင်းဂျူး သားရဲကို ရင်ဆိုင်ရာတွင် ရုန်းကန်နေရသော်ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများဆို ပြောစရာပင် မလိုတော့ပေ။

သမိုင်းတွင် ပထမဆုံးသော အကြိမ်အဖြစ် ကမ္ဘာ့နိုင်ငံအားလုံးနီးပါးသည် စုဝေးကာ ကိုင်းဂျူး သားရဲ, ပြဿနာကို တစ်ကြိမ်တည်းနှင့် အပြီးဖြေရှင်းနိုင်မည့် နည်းလမ်းကို ဆွေးနွေးခဲ့ကြသည်။

.....

All Chapters