← Chapters

မြေကမ္ဘာ နတ်ဘုရားလား

Vol. 7 Ch. 616

မြေကမ္ဘာ နတ်ဘုရားလား

Vol. 7 Ch. 616

"ဟူး… ဟူး…"

အနက်ရောင် ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် ကြယ်ကြွေသည့် အလား ကောင်းကင်ကို ဖြတ်သန်း၍ ရန်တောင်ထိပ်သို့ ဆင်းသက်လာ၏။

ထိုအဘိုးအို ထွက်ပေါ်လာသည်နှင့် ရွှေရောင် ဘုန်းတော်ကြီး၊ ဂုရုကြီး ဂုဂျာတို့ အပါဝင် တန်ခိုးရှင် အားလုံးက ဦးညွှတ်ကာ အရိုအသေ ပေးလိုက်ကြသည်။ ထိုအရာက နတ်ဘုရား သတ်မှတ်ချက်၏ ထိပ်ဆုံး၌ နှစ်ပေါင်း ခြောက်ဆယ်ကြာ ရပ်တည်ခဲ့သော လူအတွက် သူတို့၏ လေးစားမှုပင် ဖြစ်သည်။

"စစ်နတ်ဘုရားရဲ့… မတွေ့ရတာ နှစ်ပေါင်း နှစ်ဆယ်လောက် ရှိပြီ…"

အိုလက်က သက်ပြင်း တစ်ချက်ချရင်း နှုတ်ဆက်လိုက်၏။

"နှစ်နှစ်ဆယ်က ကျုပ်အတွက် မျက်တောင် တစ်ခပ်စာ ပါပဲလေ…"

ရဲ့ချင်စန်းက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရယ်မောလိုက်၏။ ထို့နောက် သူက မောက်မာသော မျက်လုံးများနှင့် ပတ်ဝန်းကျင်သို့ တစ်ချက် ဝှေ့ကြည့်ရင်း အော်ဟစ် လိုက်သည်။

"ချန်းပေ့ရွမ်း… ငါ ရောက်နေပြီ… ထွက်လာပြီး တိုက်ခိုက်စမ်း"

ထိုအချိန်… အခြား တောင်ထိပ် တစ်ခု၌ လူနှစ်ယောက် ရပ်နေခဲ့၏။

တစ်ယောက်က အဇူရာ နဂါးဖြစ်ကာ အခြား တစ်ယောက်မှာမူ ချောမောပြီး ခန့်ညားသော လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။

ရဲ့နန်ထင်း...။

မှန်ပေသည်။ သူကား လုံဖန် အဖွဲ့၏ ဗိုလ်ချုပ်၊ တရုတ် စစ်တပ်၏ နတ်ဘုရား၊ ကောင်းကင် စာအုပ်၏ နံပါတ်နှစ် ရဲ့နန်ထင်းပင် ဖြစ်၏။

"စစ်နတ်ဘုရားရဲ့က ဒီတိုက်ပွဲမှာ သူသေနိုင်တယ် ဆိုတာကို သိတယ်… သူ့အတွက် အနိုင်က မသေချာဘူး… ဒါကြောင့် သူက ချန်းပေ့ရွှမ်းကို စိန်ခေါ်ဖို့ကို မင်း တန်ခိုးရှင်အဆင့် ရောက်တဲ့ အချိန်အထိ စောင့်နေခဲ့တာ"

အဇူဂာ နဂါးက သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်သည်။

"ခွန်းလွန် နတ်ဘုရား သင်္ချိုင်းတောင်ကြားကို ဝင်ပြီးတဲ့နောက်… အဖေက ပိုပြီး အစွမ်းထက် လာခဲ့တယ်… သူက မြေကမ္ဘာ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ… အမှောင်မြို့စားတို့တောင် အဖေ့ကို မနိုင်တော့ဘူး… မြေကမ္ဘာ အဆင့် တစ်ယောက်ရဲ့ တိုက်ခိုက်မှု ကနေတောင် အဖေက လွယ်လွယ်ကူကူ လွတ်နိုင်တယ်… ဒါပေမဲ့ ချန်းပေ့ရွှမ်းက…"

ချန်းဖန် အကြောင်း ပြောချိန်၌ ရဲ့နန်ထင်း၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွား၏။

ပထမ၌ သူသည် ချန်းဖန်အား ယှဉ်ချင်ခဲ့သော်လည်း သူတို့ နှစ်ယောက် အကြားမှ ကွာဟချက်က တစ်နေ့တစ်ခြား ကြီးမားလာခဲ့သည်။ ထို့ကြောင့် နောက်ဆုံး၌ ရဲ့နန်ထင်းမှာ ထိုအကြံအား လက်လျှော့ရုံသာ တတ်နိုင်ခဲ့တော့သည်။

"ချန်းပေ့ရွှမ်းက ကောင်းကင် တံခါးပေါက်က လာတာ ဒါမှမဟုတ် ရှေးဟောင်း နတ်ဘုရား တစ်ပါး ပြန်ဝင်စားတာ ဖြစ်နိုင်တယ်… မဟုတ်ရင် သာမန် အသက် နှစ်ဆယ်အရွယ် ကျောင်းသားလေးက ဘယ်လိုမှ ကြီးကျယ်တဲ့ ချန်းပေ့ရွှမ်း ဖြစ်နိုင်မှာ မဟုတ်ဘူး… စွမ်းအားက လက်ဆင့်ကမ်း ပေးလို့ ရတယ် ဆိုပေမဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုကတော့ လက်ဆင့်ကမ်းလို့ မရဘူး…"

ရဲ့နန်ထင်း၏ အမူအရာက လေးနက် နေ၏။

သူတို့ နှစ်ယောက်၏ နောက်တွင်မူ ရဲ့ပေ့ချန်း၊ ရဲ့ရီရန်၊ ပျံလွှားနီလေး၊ ကျားဖြူတို့ အပါအဝင် ရဲ့မိသားစုဝင်များနှင့် ခွန်းလွန်၏ တပည့်များ ရှိနေ၏။ သူတို့ အားလုံးသည်လည်း အလွန်အမင်း စိတ်ပူပန်နေပုံ ရသည်။

ရဲ့ချင်စန်းသည် ရဲ့မိသားစု၏ ထောက်တိုင် ဖြစ်သည်။ အကယ်၍ သူပြိုလဲလျှင် ရဲ့မိသားစုနှင့် ခွန်းလွန်တို့ပါ ထိခိုက်ပေလိမ့်မည်။

"အဘိုး… အဘိုး နိုင်မှာပါ"

ရဲ့ရီရန်က တီးတိုး ရေရွတ်လိုက်၏။

ထိုအချိန်မှာပင် တောင်ခြေမှ ဆူညံသော အသံများ ထွက်ပေါ်လာသည်။

"ချန်းပေ့ရွှမ်း ရောက်လာပြီဟေ့…"

လူတိုင်းက တောင်ခြေ ရှိရာသို့ ကြည့်လိုက်၏။

ချန်းဖန်သည် အခြား တန်ခိုးရှင်များ ကဲ့သို့ ကောင်းကင်တွင် ပျံသန်းကာ ရောက်ရှိလာခြင်း မဟုတ်ချေ။ ကားကြီး တစ်စီးပေါ်၌ ဇိမ်ရှိရှိ စီးနင်းကာ လာရောက်ခဲ့ခြင်း ဖြစ်သည်။

တောင်ခြေသို့ ရောက်သည်နှင့် ချန်းဖန်က အပျင်းဆန့်ရင်း ကားထဲမှ ထွက်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း တောင်ပေါ်သို့ တစ်လှမ်းခြင်း လှမ်းတက်လိုက်၏။

ထိုအခိုက်အတန့်၌ အမှောင်ကမ္ဘာမှ အရှင်သခင်များ၊ ရန်ကျင်း၏ မိသားစုများ နှင့် တန်ခိုးရှင် အဆင့်များမှာ အသက်ကိုပင် ရဲရဲ မရှူဝံ့ကြတော့ချေ။

ယခု ချန်းဖန် ပေါ်လာချေပြီ ဖြစ်ရာ နှစ်တစ်ထောင် အတွင်း အကြီးကျယ်ဆုံး တိုက်ပွဲသည်လည်း စချေတော့မည် ဖြစ်သည်။

"ခရက်…"

ချန်းဖန်က အပေါ်သို့ မော့ရင်း မီတာ ရာချီ အကွာအဝေး တောင်ထိပ် ပေါ်မှ ရဲ့ချင်စန်းအား ကြည့်လိုက်၏။

တစ်ချိန်တည်းတွင်ပင် ရဲ့ချင်စန်းကလည်း မျက်လုံးများကို ဖွင့်၍ ချန်းဖန်အား ကြည့်သည်။

အဇူရာ အလင်းတစ်ခုနှင့် သွေးရောင် အလင်း တစ်ခုတို့က… သူတို့၏ မျက်လုံးများမှ ထွက်ပေါ်လာကာ လေထဲတွင် ပွတ်တိုက်၏။ ဝိညာဉ်စွမ်းအား များကလည်း သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ တစ်ခုနှင့် တစ်ခု ထိပ်တိုက် ရင်ဆိုင်သည်။

"ဘုန်း… ဘုန်း…"

ရုတ်တရက် လေထု၌ ပေါက်ကွဲမှု အသေးစားများ ပေါ်ထွက်လာသည်။

ထိုပေါက်ကွဲမှုက လှိုင်းများ အဖြစ် တောင်ထိပ်၌ ပျံ့နှံ့ကာ မေပယ် သစ်ပင်များ အပေါ်သို့ ကျသည်။ လှိုင်းများ၏ ပိုင်းဖြတ်မှုတွင် မေပယ် သစ်ပင်များသည် အပိုင်းပိုင်း ပြတ်ကာ ပျက်စီး၏။

"သူတို့က ဝိညာဉ် စွမ်းအားကို ထုထည် တစ်ခု အနေနဲ့ ပြောင်းလဲ နေနိုင်ပြီပဲ"

လူတိုင်း၏ မျက်လုံးများကား ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။

ကောင်းကင် ဝိညာဉ်သခင် တစ်ယောက် ပင်လျှင် ထိုသို့ ပြုလုပ်နိုင်သော်လည်း ဝိညာဥ် စွမ်းအားကို ချန်းဖန်နှင့် ရဲ့နန်ထင်း တို့ကဲ့သို့ လိုသလို ထိန်းချုပ်ရန်မှာမူ မလွယ်ကူချေ။ အလွန် သန်မာသော ဝိညာဉ် စွမ်းအားကို ပိုင်ဆိုင်ထားမှ ဖြစ်ပေလိမ့်မည်။

"ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားက တော်တော်လေး သန်မာတာပဲ… ကျုပ် စပြီး ကျင့်ကြံတဲ့ အချိန် ကတည်းက ကျုပ်ရဲ့ နတ်ဘုရား စိတ်အာရုံကို ထိတွေ့နိုင်တာ ခင်ဗျား တစ်ယောက်ပဲ ရှိသေးတယ်"

ချန်းဖန်က တောင်ထိပ်သို့ မှန်မှန် တက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

"ရှေးဟောင်း ကျင့်ကြံသူတွေ ကျင့်ကြံတဲ့ နည်းစနစ်က သူတို့ရဲ့ ဝိညာဉ်စွမ်းအားကို အလွန် သန်မာစေတယ် လို့ ရှေးဟောင်း မှတ်တမ်း တစ်ခုမှာ ကျုပ်ဖတ်ဖူးခဲ့တယ်… သူတို့က ဝိညာဉ် စွမ်းအင်ကို သတ္တုဓားလို အရာဝတ္ထု အဖြစ်တောင် အေးခဲ စေနိုင်တယ် တဲ့… အဲဒါက တကယ် အမှန် ဖြစ်နေတာပဲ"

ရဲ့ချင်စန်း၏ အဖြူရောင် ဆံပင်ရှည်များက တဖျတ်ဖျတ် လွင့်နေသလို သူ၏ မျက်လုံးထဲက သွေးရောင် အလင်းကလည်း တလက်လက် တောက်ပနေ၏။

သူ၏ ဝိညာဉ်စွမ်းအင်သည် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကို ထိတွေ့ နိုင်ခဲ့သည် ဆိုသော်လည်း ဖိနှိပ် နိုင်ခြင်း လုံးဝ မရှိခဲ့ချေ။

သို့သော်လည်း ရဲ့ချင်စန်းသည် ထိုအရာကို စိတ်ပျက်ပုံ မရပဲ မိမိကိုယ်ကို ယုံကြည်ချက် အပြည့် ရှိနေဆဲ ဖြစ်သည်။

"နိုးထ…"

ရဲ့ချင်စန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း သူ၏ ဘယ်ဘက်လက်အား ကမ္ဘာကြီးကို ဆုပ်ကိုင်ဟန် မြှောက်လိုက်၏။

"ဘုန်း…"

မိုင်ပေါင်းများစွာ အကွာအဝေး အတွင်းမှ အစစ်အမှန်ချီများက ပေါက်ကွဲကာ ရဲ့ချင်စန်း၏ လက်၌ လာရောက် စုဝေးသည်။

ရဲ့ချင်စန်းက မိုးကြိုး နတ်ဘုရား သောရ်အလား လက်ကို ဝှေ့ယမ်းကာ အစစ်အမှန်ချီများကို ကြီးမားသော လေပွေကြီး တစ်ခု အဖြစ် ပြောင်းလဲလိုက်သည်။

"မြေကမ္ဘာ နတ်ဘုရားလား…"

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ် သွားကြ၏။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုနိုင်ရန်မှာ မြေကမ္ဘာ အဆင့်များသာ တတ်နိုင်သော အရာ ဖြစ်သည် မဟုတ်ပါလား။

"အဘိုးကြီးက မြေကမ္ဘာ အဆင့်ကို မရောက်သေးဘူး… သူက သေမျိုးနတ်ဘုရားရဲ့ စွမ်းအားကို ထုတ်သုံးနေတာ… သူ့ရဲ့ သက်တမ်းနဲ့ဆို အဲဒီ စွမ်းအားကို သုံးနာရီလောက်ပဲ ထုတ်သုံး နိုင်လိမ့်မယ်"

ပျံလွှားနီလေးက စိတ်ပူစွာ ရေရွတ်လိုက်သည်။

သူမ ကဲ့သို့ပင် အခြားသော ရဲ့မိသားစုဝင် များသည်လည်း မျက်စိ မျက်နှာ ပျက်နေကြပြီ ဖြစ်သည်။ ရဲ့ချင်စန်းသည် ပထမဆုံး တိုက်ခိုက်မှုတွင်ပင် သေမျိုးနတ်ဘုရား၏ စွမ်းအားကို ထုတ်ဖော်ခဲ့သည်။ သို့သော်လည်း ချန်းဖန်ကမူ ယခုထိ တိုက်ကွက်ပင် မထုတ်ရသေးချေ။

"အဖေက ပြောင်းလဲသွားပြီ… သူက အရင်က သူမဟုတ်တော့ဘူး… ဆက်ကြည့်ထားကြ"

ရဲ့နန်ထင်းက ဆိုလိုက်သည်။

"သွား…"

ရဲ့ချင်စန်းက ချန်းဖန်အား လက်ညှိုးထိုး၍ မီတာ ရာချီကြီးမားသော လေပွေအား အမိန့်ပေးလိုက်၏။

"ဘုန်း…"

လေပွေကြီးက အနက်ရောင် နဂါး တစ်ကောင် အလား လူးလွန့်ရင်း ချန်းဖန်ဆီသို့ တိုးဝင်သွား၏။

ထိုအချိန်၌ ရန်ကျင်း၏ မိသားစုများကား တုန်လှုပ် နေချေပြီ ဖြစ်သည်။ သူတို့သည် ယခုကဲ့သို့ မြင်ကွင်းမျိုးအား တစ်ကြိမ် တစ်ခါမျှ မတွေ့ မမြင်ခဲ့ဖူးချေ။

"သေစမ်း… သေစမ်း…"

ကျောင်းယုက ချန်းဖန်အား စူးစိုက် ကြည့်ရင်း တီးတိုး ရေရွတ်နေခဲ့သည်။ အခြားသော လူများသည်လည်း ထိုကြောက်မက်ဖွယ် လေပွေကြီး၏ တိုက်ခိုက်မှု၌ ချန်းဖန် အပိုင်းပိုင်း ပြတ်ကာ သေဆုံးရလိမ့်မည်ဟု ထင်မှတ်မိကြ၏။

သို့သော်လည်း ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

"ရဲ့ချင်စန်း… ဒီလို ခပ်ညံ့ညံ့ တိုက်ကွက်နဲ့ ကျုပ်ကို နိုင်မယ် ထင်နေတာလား… ခင်ဗျားရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးစမ်း"

ချန်းဖန်က ပြောရင်း အင်္ကျီလက်ကို တစ်ချက် ခါထုတ်လိုက်သည်။

"ဘုန်း…"

ပြင်းထန်သော အစစ်အမှန် အမတေ မုန်တိုင်းတစ်ခု ချန်းဖန်၏ လက်မှ ပေါ်ထွက်လာ၏။ ထိုမုန်တိုင်းက အဇူရာလှိုင်း အသွင်ဖြင့် လေပွေဆီသို့ တိုးဝင်သည်။

"ဘုန်း…"

အနက်ရောင် လေပွေနှင့် အဇူရာ အစစ်အမှန် အမတေတို့ ထိပ်တိုက် တွေ့ကြရာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

"ဘုန်း…"

ထိုပေါက်ကွဲမှု အရှိန်က အဘက်ဘက်သို့ ပျံ့နှံ့ကာ မီတာရာချီ ပတ်ဝန်းကျင် အတွင်းရှိ သစ်ပင်များ၊ ကျောက်ဆောင်များကို ကြေမွစေသည်။

"ဘယ်လောက်တောင်…  အစွမ်းထက် လိုက်သလဲ"

တန်ခိုးရှင် အဆင့်များက ချန်းဖန်အား စူးစိုက်ကာ ကြည့်လိုက်ကြမိသည်။

"ရဲ့ချင်စန်းက လေပွေကို ဖန်တီးဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို စုစည်းခဲ့ရတယ်… ဒါပေမဲ့ ချန်းပေ့ရွှမ်းက အဲဒီ လေပွေကို ကိုယ်ပိုင် စွမ်းအားနဲ့ပဲ တားဆီးခဲ့တယ်…"

မြွေကြီးပေါ်မှ တန်ခိုးရှင်က ခေါင်းခါလိုက်သည်။

"ကမ္ဘာကြီးရဲ့ အင်အားကို သေမျိုး စွမ်းအားနဲ့ ချေဖျက်တာ… ဒါက တကယ်ပဲ တန်ခိုးရှင် တစ်ယောက် တတ်နိုင်တဲ့ အရာလား"

"လွန်ခဲ့တဲ့ တစ်လက ချန်းပေ့ရွှမ်းဟာ လင်းရှု့မင်နဲ့ အရှေ့ပင်လယ် အထက်မှာ တိုက်ခိုက်ခဲ့တယ်… လင်းရှု့မင်က သေမျိုး နတ်ဘုရား စွမ်းအားကို ထုတ်သုံးပြီး တိုက်ခိုက်တဲ့ အချိန်မှာ ချန်းပေ့ရွှမ်းက အဲဒီ တိုက်ခိုက်မှုကို ကာကွယ်ဖို့  သူ့ရဲ့ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်နဲ့ ရွှေရောင် အကာအကွယ်ကို ထုတ်သုံးခဲ့ရတယ်… ဒါပေမဲ့ အခုတော့ သူက သေမျိုးနတ်ဘုရားရဲ့ တိုက်ခိုက်မှုကို သူ့ကိုယ်ပိုင် စွမ်းအားနဲ့ ချေဖျက် နေနိုင်ပြီ… ဒါက သူ ဘယ်လောက် အစွမ်းထက် လာသလဲ ဆိုတာကို ဖော်ပြနေတယ်"

အိုလက်နှင့် အခြားလူများ၏ မျက်လုံးများ၌ လေးစားသော အငွေ့အသက်များက ဖြတ်ပြေးသွား၏။

ရဲ့ချင်စန်းသည် ကမ္ဘာမြေကြီးဟု ဆိုအပ်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ထုတ်သုံးခဲ့ကာ ချန်းပေ့ရွှမ်းက ထိုစွမ်းအားကို သူ၏ ကိုယ်ပိုင် အင်အားဖြင့် ချေဖျက်ခဲ့သည်။

ထိုအရာက သူ၏ ကိုယ်ပိုင် အင်အားသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကိုပင် ယှဉ်နိုင်သည်ဟု အဓိပ္ပာယ် ရ၏။

"ရဲ့ချင်စန်း နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး… ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို မထိန်းချုပ် နိုင်သေးပေမဲ့ ချန်းပေ့ရွှမ်းက မြေကမ္ဘာ နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်… သူက မြေကမ္ဘာ အဆင့် တစ်ယောက်နဲ့ မခြားနားဘူး"

ဂုရုကြီး ဂုဂျာက ခေါင်းကို ခါလိုက်မိသည်။ ရာမ အတွက် လက်စားချေရန် ဟူသော သူ၏ အကြံအစည်သည်လည်း ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ရဲ့ချင်စန်းက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်၏။

"ဘုန်း…"

သူ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုကား ပထမ အကြိမ် တိုက်ခိုက်မှုထက်ပင် ပိုမို ပြင်းထန်မည့်ပုံ ပေါ်သည်။

***

All Chapters