← Chapters

အာကာသလမ်းကြောင်းကို တွေ့ရှိခြင်း

Vol. 15 Ch. 203

အာကာသလမ်းကြောင်းကို တွေ့ရှိခြင်း

Vol. 15 Ch. 203

ကိုင်းဂျူး သားရဲများ၏ အသိုက်သည် အိန္ဒိယသမုဒ္ဒရာက အစိမ်းရောင်ပင်လယ်တွင် ရှိသည်ဟု လူအများစုက သဘောတူကြသည်။ ဤကဲ့သို့ သဘောတူကြသည်က ထိုနေရာတွင် ကိုင်းဂျူး သားရဲအရေအတွက် အများဆုံးရှိနေခြင်းကြောင့် ဖြစ်သည်။

အချို့သော လူများသည် အစိမ်းရောင်ပင်လယ်အောက်ခြေတွင် အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသော အာကာသလမ်းကြောင်းတစ်ခု ရှိနိုင်သည်ဟူသော အယူအဆကို ဖော်ပြခဲ့ကြသည်။ ထိုနေရာက တစ်ဆင့် ဂြိုလ်သားများသည် ကိုင်းဂျူး သားရဲများကို စေလွှတ်နေခြင်း ဖြစ်ရလိမ့်မည်ဟု ဆိုခဲ့ကြသည်။

၎င်းတို့၏ ရည်ရွယ်ချက်သည် လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ဖျက်ဆီးပြီး အပြာရောင်ဂြိုလ်ကို သိမ်းပိုက်ရန် ဖြစ်နိုင်လေသည်။

"အစိမ်းရောင်ပင်လယ်အောက်ခြေမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲဆိုတာကို ငါတို့တွေ ရှာဖို့လိုတယ်"

ကျွမ်းကျင်သူများက ၎င်းစကားကို ပြောခဲ့ကြသည်။

အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသော အာကာသလမ်းကြောင်းကို ရှာဖွေရန်အတွက် အဓိကအင်အားကြီးနိုင်ငံများက ဦးဆောင်ကာ ပူးပေါင်းစစ်ဆင်ရေးကို ထပ်မံစတင်ခဲ့သည်။

သူတို့သည် ဤအကြိမ်၌ သက်ဆိုင်ရာ ကျွမ်းကျင်သူများကို စောင့်ရှောက်ရန်အတွက် လေယာဉ်တင်သင်္ဘောနှစ်စုကို စေလွှတ်ခဲ့သည်။ ၎င်းအင်အားသည် ပထမဆုံးအကြိမ် ပေါ်လာခဲ့သော ကိုင်းဂျူး သားရဲများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပေသည်။

ကောင်းကင်တွင် ဂြိုလ်တု၊ ရေအောက်တွင် ရေငုပ်သင်္ဘောနှင့် ပင်လယ်ပြင်တွင် စစ်သင်္ဘော ပေါင်းများစွာ ရှိနေသည်။ သူတို့သည် လမ်းခရီးတစ်လျှောက်တွင် ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း ၎င်းတို့၏ အင်အားဖြင့် မောင်းထုတ်ခြင်း သို့မဟုတ် အပြီးတိုင် ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ရက်အနည်းငယ်အကြာမှာ သူတို့၏ မစ်ရှင်တည်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

၎င်းနေရာသို့ ရောက်ရှိချိန်တွင် သူတို့သည် ပုံမှန်မဟုတ်သော သံလိုက်စက်ကွင်းများ၏ အတက်အကျကို ထောက်လှမ်းမိခဲ့ကြသည်။ သို့သော် သူတို့သည် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ ယခင်ခရီးစဉ်က ဟန်ချိုနှင့် အခြားသူများသည် အလားတူ သံလိုက်စက်ကွင်းလှိုင်း အတက်အကျကို ထောက်လှမ်းမိခဲ့ကြသည်ကို သူတို့သိရှိထားကြ၏။

စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောတွေအပေါ်ရှိ လူများသည် အထူးပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့သည် ရှာဖွေရေးအတွက် ရေအောက်မီးများကို ဖွင့်လိုက်ပြီး ပြင်ပကင်မရာတွေက တစ်ဆင့် ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်လိုက်ကြသည်။

ကိုင်းဂျူး သားရဲများသည် အသံလှိုင်းနှင့် လျှပ်စစ်သံလိုက်လှိုင်း၏ ထောက်လှမ်းမှုကို ရှောင်ရှား,ထောက်လှန့်နိုင်သည့် စွမ်းရည်ရှိသောကြောင့် ရိုးရှင်းသော ဤနည်းလမ်းကိုသာ သူတို့ အသုံးပြုနိုင်သည်။

သူတို့သည် ရှေ့ဆက်တိုးသွားသည်နှင့်အမျှ ပုံမှန်မဟုတ်သော သံလိုက်စက်ကွင်းအတက်အကျက ပိုမိုအားကောင်းလာခဲ့သည်။

၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများအရ နောက်ဆုံးတွင် ဧရိယာတစ်ခုလုံးက ထိုပုံမှန်မဟုတ်သော လျှပ်စစ်သံလိုက်လှိုင်း အမြင့်ဆုံး ရှိနေသည်ကို သိလိုက်ကြရသည်။

"ဒီရေအောက်မှာ တစ်ခုခုတော့ သေချာပေါက် ရှိနေတယ်"

လူအများစုသည် တည်ကြည်သော မျက်နှာထားဖြင့် တိုင်ပင်ခဲ့ကြသည်။ ပထမဦးစွာ ရေအောက်က မြင်ကွင်းကို စုံစမ်းရန်အတွက် ဆိုနာ,ကို အသုံးပြုခဲ့ကြသည်။ သို့သော်လည်း သူတို့သည် မည်သည့် ထူးခြားသော အရာကိုမျှ မတွေ့ခဲ့ရပေ။

ထိုကြောင့် သူတို့သည် မကြာသေးမီက တီထွင်နိုင်ခဲ့သော ရေအောက်စက်ရုပ် သုံးရုပ်ကို ရေအောက်သို့ စေလွှတ်ခဲ့ကြသည်။ ၎င်းစက်ရုပ်များသည် လျှပ်စစ်သံလိုက်လှိုင်းများကို ပိတ်ဆို့နိုင်ပြီး, ရေအောက်သို့ စေလွှတ်လိုက်သည်နှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ကာ သတ်မှတ်ထားသည့် အရာအတိုင်း လုပ်ဆောင်လေ့ရှိသည်။

သုတေသီများသည် ရေအောက်သုံးစက်ရုပ်များကို ပင်လယ်ကြမ်းပြင်ဆီသို့ ရောက်သွားသည်နှင့် အလိုအလျောက်ပြန်တက်လာမည့် ပရိုဂရမ်ရေးဆွဲထားပြီး, ၎င်းအချိန်တောအတွင်း ၎င်းအပေါ်တွင် တပ်ဆင်ထားသော ကင်မရာက ပတ်ဝန်းကျင်ကို ဓာတ်ပုံများကို ရိုက်နေခဲ့မည် ဖြစ်သည်။

စက်ရုပ်သုံးရုပ် စေလွှတ်ပြီးနောက် စစ်သင်္ဘောပေါ်ရှိ သုတေသီများသည် စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြသည်။

နှစ်နာရီနီးပါးအကြာတွင် စက်ရုပ်သုံးရုပ်လုံးသည် တစ်ခုပြီး,တစ်ခု ရေပေါ်သို့ ပြန်တက်လာကြသည်။ သို့သော် ၎င်းတို့ ရိုက်ကူးခဲ့သော ဓာတ်ပုံများအားလုံးသည် ပုံမှန်ရေအောက်ကမ္ဘာ ပုံများသာဖြစ်ပြီး ထူးခြားသည့်အရာ တစ်ခုမျှ မရှိပေ။

"ငါတို့ နေရာပြောင်းကြမယ်.."

သူတို့သည် လျှပ်စစ်သံလိုက်လှိုင်းများ၏ ပြောင်းလဲမှုကို ထက်မံထောက်လှမ်းပြီးနောက် အခြားနေရာသို့ ရွှေ့ကာ စက်ရုပ်သုံးရုပ်ကို ထပ်မံစေလွှတ်ခဲ့သည်။

ဤနည်းအတိုင်း သုံးရက်ဆက်တိုက် လုပ်ဆောင်ခဲ့ကြပြီး ၎င်းအချိန်ကာလအတွင်း ကိုင်းဂျူး သားရဲများစွာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်သင်္ဘောပေါ်ရှိ ကျွမ်းကျင်သူများ စိုးရိမ်ပူပန်လာခဲ့ကြသည်။

ဤနည်းအတိုင်း အမြဲတမ်းဆက်သွားနေ၍ မဖြစ်ပေ။ သူတို့၏ ရင်းမြစ်များသည် အကန့်အသတ်ရှိ၏။

ကံကောင်းထောက်စွာဖြင့် စတုတ္ထမြောက်နေ့တွင် ၎င်းတို့ လိုချင်သောအရာကို ရရှိခဲ့ကြသည်။

၎င်းသည် ရေအောက်စက်ရုပ် နံပါတ် (၃) က ရိုက်ယူထားသော ဓာတ်ပုံတစ်ပုံ ဖြစ်သည်။

ပုံသည် လျှပ်စစ်သံလိုက်လှိုင်းများကြောင့် မှုန်ဝါးနေသော်လည်း အချို့အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။

ဓာတ်ပုံအတွင်း၌ အဆောက်အအုံများစွာ၏ ပုံရိပ်များ ရှိနေသည်။ ပုံသည် အလွန်မှုန်ဝါးသော်လည်း ပိရမစ်များ၏ အသွင်ပြင်နှင့် အလွန်ဆင်တူနေသည်။

"ဒါတွေက ပိရမစ်တွေနဲ့ အတော်လေးတူတယ်"

ကျွမ်းကျင်သူတစ်ယောက်က သူ၏ အမြင်ကို ပြောပြချိန်တွင် အခြားလူများက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ကြ၏။

ပိရမစ်တွေနှင့် ဆင်တူသော အဆောက်အအုံများ၏ အလယ်တွင် ဧရာမပိရမစ်တစ်ခု ရှိနေခဲ့သည်။ ၎င်းပိရမစ်၏ အရှေ့တွင် အလွန်ထူးဆန်းသော ကျောက်ရုပ်တစ်ခု ရှိနေသည်။ ၎င်းသည် စဖင့် ရုပ်တုတစ်ခုနှင့် ဆင်တူ၏။

စဖင့် ရုပ်တု၏ အရှေ့တည့်တည့်တွင် အရိပ်တစ်ခု ရှိနေပြီး ၎င်း၏ ကိုယ်တစ်ပိုင်းသည် ထွက်လာရန်နှင့် ရုန်းကန်နေသည်နှင့် ဆင်ကာ ကိုင်းဂျူး သားရဲတစ်ကောင်နှင့် ဆင်တူလေသည်။

"ကိုင်းဂျူး သားရဲတွေက အဲဒီစဖင့် ရုပ်တုထဲက ထွက်လာတာလား... "

၎င်းအချက်အလက်ကို သိရှိပြီးနောက် အဖွဲ့ခေါင်းဆောင်ထံ သတင်းပို့ ဆွေးနွေးကြပြီးနောက်, အကြီးတန်းအရာရှိများနှင့် နိုင်ငံတော်အကြီးအကဲများသည် ၎င်းသတင်းအား လျင်မြန်စွာ ရရှိခဲ့ကြသည်။

ကိုင်းဂျူး သားရဲများ၏ မူလရင်းမြစ်ကို သိရှိရပြီဖြစ်သောကြောင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးရန် သင့်ပြီဖြစ်သည်။

ယခင်ထင်မြင်ယူဆခဲ့သည့်အတိုင်းပင် အစိမ်းရောင်ပင်လယ်၏ အောက်ခြေတွင် အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားသော အာကာသလမ်းကြောင်းတစ်ခု တည်ရှိနေပုံ ပေါ်ပေသည်။

ကိုင်းဂျူး သားရဲများ ထွက်ပေါ်လာရာ နေရာ၏ တိကျသောတည်နေရာကို သိရှိခဲ့ရပြီ ဖြစ်သည်။

"ကျုပ်တို့တွေ အဲဒီအာကာသလမ်းကြောင်းကို နူကလီးယားဗုံးနဲ့ တိုက်ရိုက်ဖျက်ဆီးပစ်သင့်တယ်"

ရုရှားနိုင်ငံက ကိုယ်စားလှယ်က အဆိုပြုသည်။ ၎င်းနည်းလမ်းသည် ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း အတော်လေး ကျိုးကြောင်းဆီလျော်သည်။

မှန်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေနိုင်သည့် ၎င်းကိစ္စကို အလျင်စလို ဆုံးဖြတ်၍ မရပေ။

အာကာသလမ်းကြောင်းကို မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို တစ်လကျော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း နောက်ဆုံးရလဒ်က အတည်မရှိသေးပေ။

ရုရှား၏ ကိုယ်စားလှယ် အဆိုပြုသော နည်းလမ်းကို လူအချို့က သဘောတူကြသော်လည်း လူအများက ဆိုးရွားသော အကျိုးဆက်များအပေါ် စိုးရိမ်ပူပန်နေခဲ့သည်။

ကံမကောင်းစွာဖြင့် အချိန်မရှိတော့ပေ။ အသစ်တစ်ဖန်ပေါ်,ပေါ်လာနေခဲ့သော ကိုင်းဂျူး သားရဲများသည် ပိုမိုအားကောင်းလာပြီး အရေအတွက် များလာသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် ကမ္ဘာ့နိုင်ငံအများစုသည် မြေပုံပေါ်က ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ကိုင်းဂျူး သားရဲများ, အာဖရိကတိုက်ကို တိုက်ခိုက်နေခဲ့သည်။ အာဖရိကတိုက်က နိုင်ငံငယ်လေးများသည် ဖျက်ဆီးခံခဲ့ရပြီး သေဆုံးသူဦးရေမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်း (၁၀၀) ကျော်နေခဲ့သည်။

ယခုအခါတွင် အာဖရိကတိုက်သည် သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခုလို ဖြစ်လာခဲ့ကာ ကိုင်းဂျူး သားရဲများဖြင့် ပြည့်နေသည်။

ကိုင်းဂျူး သားရဲများသည် ကုန်းမြေပေါ်တွင် အသက်ရှူနိုင်ပြီး လူသားများကို စားသုံးခြင်းဖြင့် စွမ်းအင် ဖြည့်တင်နိုင်ခြင်းကြောင့် ကုန်းမြေပေါ်တွင် လှုပ်ရှားသွားလာနိုင်သည်။

ကိုင်းဂျူး သားရဲများသည် တောင်အာဖရိကတွင် ကုန်းမြေပေါ်သို့ တက်ကာ ကုန်းတွင်းပိုင်းသို့ ဆက်လက်ချီတက်ခဲ့သည်။ ဤအခြေအနေအတိုင်းသာ ဆိုလျှင် ၎င်းတို့၏ အရေအတွက်အရ တိုက်ကြီးတစ်ခုလုံး လုံးဝသိမ်းပိုက်နိုင်ပေမည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ပေါ်လာနေသော ကိုင်းဂျူး သားရဲ အရေအတွက်သည် တိုးပွားလျက်ရှိ၏။ ဤသို့ဖြင့် တစ်လအတွင်း ကိုင်းဂျူး သားရဲအရေအတွက်သည် သုံးဆနီးပါး တိုးလာခဲ့သည်။

အခြေအနေသည် ပိုမိုဆိုးရွားလာနေပြီး, အရေးတယူဆောင်ရွက်ခြင်းသာ မရှိလျှင် လူသားမျိုးနွယ် မျိုးသုဉ်းတော့မည် ဖြစ်သည်။

"ကျုပ်တို့တွေ ပိုပြီး အစွမ်းထက်တဲ့ ကိုင်းဂျူး သားရဲတွေ ပေါ်မလာသေးခင် အဲဒီအကာသလမ်းကြောင်းကို ပိတ်ပစ်ရမယ်။ အားလုံးအတွက် ပိတ်ပစ်ရမယ်"

.....

All Chapters