← Chapters

အာကာသလမ်းကြောင်းနှင့် နူကလီယားဗုံး

Vol. 15 Ch. 204

အာကာသလမ်းကြောင်းနှင့် နူကလီယားဗုံး

Vol. 15 Ch. 204

အမေရိကန်နိုင်ငံ၏ ဆန်ဖရန်စစ္စကိုမြို့သည်,ဒီစထရွိုင်းယား အမည်ရှိ, မြို့တစ်မြို့လုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်သည့် ကိုင်းဂျူး သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

သမားရိုးကျ စက်သေနတ်,လက်နက်များသည် ၎င်းကိုင်းဂျူး သားရဲအား မသတ်နိုင်ချေ။ ပို၍ ကြောက်မယ်ဖွယ်ကောင်းသည်မှာ ၎င်းသည် ဒုံးကျည်တွေ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိချိန်တွင် ၎င်း၏ အသွေး၊ အသားများက မြေပြင်ပေါ် ကျရောက်သည်နှင့် ချက်ချင်းပင် အမိုးနီးယားနှင့် တခြားအန္တရာယ်ရှိ, ဓာတုပစ္စည်းတွေ ပါဝင်နေသော အဖြူရောင် မီးခိုးအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

၎င်းအဖြူရောင် မီးခိုးတွေကို ရှူရှိုက်မိသည်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကို ခံစားရမည် ဖြစ်ပြီး, အခန့်မသင့်လျှင် ၎င်းအဖြူရောင် မီးခိုးများကြောင့် အမိုးနီးယား အဆိပ်သင့်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမြှေးပါး လောင်ကျွမ်းခြင်းခံရခြင်းနှင့် အဆုတ်ရောင်ရမ်းခြင်း ဝေဒနါတို့ကို ခံစားရမည် ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းကိုင်းဂျူး သားရဲအား အမေရိကန်အစိုးရသည် နူကလီးယားဗုံးသုံးပြီး သတ်လိုက်နိုင်သော်လည်း ဆန်ဖရန်စစ္စကိုမြို့နှင့် ပတ်ဝန်းကျင်ဒေသများက ကန့်သတ်နယ်မြေ ဖြစ်သွားခဲ့သည်။

၎င်းကိုင်းဂျူး သားရဲပေါ်လာခြင်းသည် ကမ္ဘာတစ်ဝန်းလုံးကို ထိတ်လန့်စေခဲ့သည်။

ထိုကိုင်းဂျူး သားရဲသည် ယခင်ပေါ်လာခဲ့ဖူးသော ကိုင်းဂျူး သားရဲများထက် အဆများစွာ သာလွန်၏။ ၎င်း၏ အရွယ်အစားသည် ပေ (၂၀၀) ကျော်ကာ အကာအကွယ်စွမ်းရည်သည် အားကောင်း၏။ ၎င်းသည် ဒါဇင်ချီသည့် ဒုံးကျည်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း ဒဏ်ရာအပြင်းအထန်မရခဲ့ပေ။

၎င်း၏ အနာကျပ်နိုင်စွမ်းသည် အံ့မခန်းပင်ဖြစ်ပြီး, အချင်းတစ်မီတာကျော်သည့် ဒဏ်ရာကိုပင် (၁၀) မိနစ်အတွင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထိုအစွမ်းထက် ကာကွယ်ရေးစွမ်းရည်နှင့် အစွမ်းထက် ပြန်လည်ကောင်းမွန်နိုင်စွမ်းတို့သည် ၎င်းအား မသတ်နိုင်လုနီးပါး ဖြစ်စေခဲ့သည်။

ထို့အပြင် ၎င်းသည် အဖျက်စွမ်းရည် ပြင်းထန်သော စွမ်းအင်အလင်းတန်းကို ထုတ်လွှတ်နိုင်ကာ, လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်၍၊ ၎င်း၏ ငါးကီလိုမီတာ အချင်းဝက်အတွင်းရှိ အီလက်ထရွန်နစ်ပစ္စည်းတွေကို ရပ်ဆိုင်းသွားစေနိုင်သည်။

ယင်းဧရာမကိုင်းဂျူး သားရဲသည် သာမန်ကိုင်းဂျူး သားရဲအုပ်စုတစ်စုထက် ကိုင်တွယ်ရ ပိုခက်ခဲ၏။

သူတို့သည် သာမန်ကိုင်းဂျူး သားရဲများနှင့် ကွဲပြားနေသော ၎င်းကိုင်းဂျူး သားရဲကို, မီဂါ.ကိုင်းဂျူး သားရဲလို့ အမည်ပေးလိုက်ကြသည်။

အဓိက အင်အားကြီးနိုင်ငံများ၏ ဘုံသဘောထားသည်။ မီဂါ.ကိုင်းဂျူး သားရဲကို ချေမှုန်းရန် အခတ်ကြုံခဲ့ရမှုနှင့်အတူ စိတ်ပြောင်းလာကြသည်။

၎င်းကိုင်းဂျူး သားရဲသည် ကိုင်တွယ်ရ အလွန်ခတ်ခဲပြီး နူကလီးယားဗုံးနှင့်သာ အပြီးသတ်ချေမှုန်နိုင်၏။

သို့သော် နူကလီးယားဗုံးသုံးခြင်းသည် မြို့တစ်မြို့၏ ပျက်စီးခြင်းကို ဆိုလိုသည်။

အကယ်၍ မီဂါ.ကိုင်းဂျူး သားရဲကို နူကလီးယားဗုံးနှင့် သတ်လိုက်မည်ဆိုလျှင်ပင် ၎င်းပေါက်ကွဲရာနေရာသည်, အဆိပ်ရှိ မီးခိုးများနှင့် ဓါတ်ရောင်ခြည်သင့်ခြင်း ရှိနေမည်ဖြစ်သောကြောင့် လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာမည် ဖြစ်သည်။

တစ်နေ့တွင်..။

အင်အားကြီးနိုင်ငံများသည်, နောက်ဆုံး၌ အာကာသလမ်းကြောင်းကို နူကလီးယားဗုံးဖြင့် ဗုံးကြဲကာ အပြီးအပိုင် ပိတ်ဆို့နိုင်ရန် မျှော်လင့်ချက်နဲ့ ဗုံးကြဲဖို့အတွက် ဆုံးဖြတ်လိုက်ကြသည်။

နူကလီးယားဗုံးကို သယ်ဆောင်ထားသော အထူးရေငုပ်သင်္ဘောတစ်စီးသည်, ပိရမစ်အုပ်စု၏ အလယ်တည့်တည့်သို့ ရောက်ရှိချိန်တွင် အလိုအလျောက် ပေါက်ကွဲမှုစနစ်ကို စတင်ခဲ့သည်။

ဗုံး!!!...

သမုဒ္ဒရာအောက်ခြေကနေ ပေါက်ကွဲသံတစ်ခုသည် တုန်ခါလှိုင်းများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ ၎င်းပေါက်ကွဲမှုသည် အဆင့် (၈) ပြင်းအားရှိသော ငလျင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မီတာ (၁၀၀) အမြင့်ရှိသော ဧရာမဆူနာမီလှိုင်းလုံးကြီးသည် စတင်ဖြစ်ပေါ်ကာ အံ့အားသင့်ဖွယ်ရာ အရှိန်ဖြင့် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။

ဖော်ပြရခတ်ခဲသော မြင်ကွင်းတစ်ခုသည်၊ ကမ္ဘာပျက်ကပ် ရုပ်ရှင်ထဲကနေ ရုတ်တရက် ထွက်လာနဲ့ တူနေသည်။

၎င်းသည် နူကလီးယားဗုံးများကို အကာသ လမ်းကြောင်းအတွင်း ထုတ်လွှင့်လိုက်သောကြောင့် ဖြစ်ပေါ်လာသော သတ်ရောက်မှုဖြစ်သည်။ အကယ်၍ ၎င်းတို့သာ အပြင်ဘက်တွင် ပေါက်ကွဲခဲ့မည်ဆိုလျှင် ထိုမျှနှင့် အဆုံးသတ်သွားမည် မဟုတ်ဘဲ ကမ်းရိုးတန်းမြို့များကိုပင် ကျော်လွန်ရောက်ရှိနိုင်လေသည်။

အာကာသထဲက ဂြိုလ်တုများသည် ကမ္ဘာပျက်ကပ်နှင့် တူနေသော မြင်ကွင်းကို အဓိကနိုင်ငံကြီးများ၏ အဆင့်မြင့်ပုဂ္ဂိုလ်များထံသို့ ပေးပို့နေခဲ့သည်။ လူတိုင်းသည် ထိုမြင်ကွင်းကို အသက်အောင့်ကာ ကြည့်နေခဲ့ရသည်။

နောက်ဘာဆက်ဖြစ်လာလဲ...

နောက်ရက်အနည်းငယ်ကြာသည်အထိ ရေအောက်မှ စွမ်းအင်လက်ကျန်များ ဆက်လက်ထွက်ပေါ်နေပြီး ဧရာမလှိုင်းလုံးကြီးများ ဖန်တီးပေးနေသည်။ သုံးရက်ကြာမှသာ အခြေအနေက ပြန်လည်တည်ငြိမ်သက်သွားသည်။

ဂြိုလ်တုများသည် ၎င်းဧရိယာအား အမြဲတမ်း စောင့်ကြည့်နေကြပြီး၊ အင်အားကြီးနိုင်ငံများ၏ ရေတပ်တွေက ဘယ်လိုအခြေအနေမျိုးကိုမဆို တုံ့ပြန်ဖို့ အသင့်ပြင်ဆင်ထားသည်။

နောက်တစ်ပတ်ကြာသည်အထိ အခြေအနေက ငြိမ်သက်နေပြီး, ပုံမှန်မဟုတ်တာ ဘာမှ မတွေ့ရသောကြောင့် အင်အားကြီးနိုင်ငံများ၏ ခေါင်းဆောင်တွေလည်း စိတ်သက်သာရာရလာခဲ့သည်။

ဝမ်းသာစရာအကောင်းဆုံးက ယင်းတစ်ပတ်အတွင်း ကိုင်းဂျူး သားရဲတစ်ကောင်မှ ပေါ်မလာခြင်း ဖြစ်သည်။

ယခင်ကဆိုလျှင် ကိုင်းဂျူး သားရဲအသစ်များသည်, (၂) ရက်ခြားတစ်ခါ ပေါ်လာတတ်၏။ ထိုကြောင့် တစ်ပတ်လုံး,လုံး ကိုင်းဂျူး သားရဲ ပေါ်မလာခြင်းသည် အခြေအနေကောင်းမွန်သည်ဟု ဆိုသည်ပင်။

ငါတို့ရဲ့ ဗျူဟာက တကယ်အလုပ်ဖြစ်သွားတာလား။

နိုင်ငံအချို့၏ မီဒီယာများသည် ၎င်းတို့နှင့် ပတ်သတ်သော သတင်းများ၊ ထုတ်ဝေ, လွှင့်တင်လာခဲ့သည်။ ၎င်းတို့က 'လူသားတွေ သားရဲခေတ်ရဲ့ ကန့်လန့်ကာကို ပိတ်လိုက်ပြီ" ဆိုသော အကြောင်းအရာများ အများဆုံး ဖြစ်သည်။

ရက်အနည်းငယ်အကြာတွင် အင်အားကြီးနိုင်ငံအများအပြားသည် ထိုပင်လယ်ဒေသသို့ ထပ်မံစုံစမ်းစစ်ဆေးရန်အတွက် လူများ စေလွှတ်ခဲ့ကြသည်။

ရဟတ်ယာဉ်သုံးစီး မြှားပုံသဏ္ဍာန်ဖြင့် ရှေ့သို့ ရွေ့လျားနေသည်။

သူတို့သည် အာကာသလမ်းကြောင်း, ဧရိယာသို့ ချည်နင်းဝင်ရောက်လာခဲ့သည်။

၎င်းဧရိယာသို့ မဝင်ခင်တွင် ရဟတ်ယာဉ်ပေါ်က အမှုထမ်းများသည်, စစ်သင်္ဘောပေါ်က တပ်မှူးနှင့် စကားပြောနေခြင်း ဖြစ်သည်။ သို့သော် ၎င်းဧရိယာအတွင်း ဝင်ရောက်သွားသည်နှင့် တပြိုင်နက် စစ်သင်္ဘော၏ ကွပ်ကဲရေးခန်းက လူများသည်, ရဟတ်ယာဉ်များ၏ အချက်ပြကို လက်ခံလို့ မရတော့ပေ။

ရဟတ်ယာဉ်တွေ ဘာဖြစ်ကုန်တာလဲ, အာကာသလမ်းကြောင်းကို သူတို့ဖျက်ဆီးခဲ့ပြီ မဟုတ်ဘူးလား... ။

ရဟတ်ယာဉ်သုံးစီး ဘာလို့ ပျောက်သွားတာလဲ, ကိုင်းဂျူး သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်တာ ခံလိုက်ရတာလား... ။

အရူးတွေဖြစ်တဲ့ ရုရှားက ထိုနေရာသို့ နူကလီးယားဗုံးတစ်လုံး နောက်ထက်ချဖို့ အကြံပြုသည်။

သို့သော် ၎င်းအဆိုပြုချက်က ချက်ချင်းပင် ငြင်းပယ်ရသည်။

အင်အားကြီးနိုင်ငံများသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည်ကို ဦးစွာစုံစမ်းစစ်ဆေးရန် ယူဆခဲ့ကြသည်။

ရက်သတ္တပတ်တစ်ခုလုံး ထူးခြားဆန်းကြယ်သည့် စိတ်ဓာတ်ကျဖွယ် လေထုက ကမ္ဘာတစ်ဝန်းအား ဖုံးလွှမ်းထားခဲ့သည်။ လူတိုင်းသည် နောက်ထပ်ဘေးအန္တရာယ်တစ်ခု ကျရောက်လာမည်ကို စိုးရိမ်နေကြသည်။

အချိန်တစ်လ လျင်မြန်စွာကုန်ဆုံးသွားသည်။ လူတိုင်းသည် သူတို့ စိတ်ကူးထားသလို နောက်ထက် ဘေးအန္တရာယ်တစ်ခု ရောက်မလာတော့ကြောင်း ရိပ်မိလာသည်။

ဤအချိန်တောအတွင်း ကိုင်းဂျူး သားရဲအချို့ လူသားမြို့များကို တိုက်ခိုက်လာခဲ့သော်လည်း အရေအတွက် နည်းသည့်အပြင် ကြိုတင်သိရှိထားခဲ့သောကြောင့် ပြဿနာ သိပ်မရှိပေ။

"အဲ့ဒီပင်လယ်ဧရိယာက သံလိုက်စက်ကွင်းတွေ နူကလီးယားဗုံးနဲ့ အကြဲခံရပြီးတဲ့နောက်မှာ ပိုအားကောင်းလာလို့ အဲဒီမှာ နည်းပညာပစ္စည်းတွေကို သုံးလို့ မရတော့တာ ဖြစ်နိုင်တယ်"

၎င်းသီအိုရီသည် ထောက်ခံမှု အများကြီး ရရှိခဲ့သည်။ ရဟတ်ယာဉ်သုံးစီး ပျောက်ကွယ်သွားခြင်းသည် သံလိုက်စက်ကွင်းများကြောင့် ပျက်ကျသွားခြင်း ဖြစ်နိုင်လေသည်။

ဂြိုလ်တုတွေကနေ ကြည့်ချိန်တွင် ၎င်းဧရိယာတွင် ပုံမှန်မဟုတ်တာ ဘာမှ မရှိဘဲ အဆုံးမဲ့ ပင်လယ်ပြင်ကြီးကိုသာ တွေ့ရမည် ဖြစ်သည်။

သို့သော် ထိုနေရာတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ရှိခဲ့သည်ကို အဓိက အင်အားကြီးနိုင်ငံများ၏ ခေါင်းဆောင်များက မသိခဲ့ကြပေ။

၎င်းပြောင်းလဲမှုကို ခရီးသည်တင် လေယာဉ်တစ်စီးက ပထမဆုံးအကြိမ် ကြုံခဲ့ရခြင်း ဖြစ်သည်။

တောင်အာဖရိကမှ ဩစတြေးလျသို့ သွားနေသော ခရီးသည်တင် လေယာဉ်တစ်စီး ဖြစ်သည်။ ၎င်းသည် မီတာ (၁၀၀၀၀) အမြင့်မှ ပျံသန်းကာ အစိမ်းရောင်ပင်လယ်ပြင်ကို စတင်ဖြတ်သန်းခဲ့သည်။

အစပိုင်းတွင် အရာအားလုံးက ပုံမှန်ပင် ဖြစ်ပြီး, အစိမ်းရောင်ပင်လယ်ပြင်ကို ဖြတ်ပျံနေချိန်တွင်တော့ ထူးခြားမှုတစ်ခု ပေါ်လာသည်။

သူတို့ ဖြတ်သန်းလာခဲ့သော အကွာအဝေးအရ ဩစတြေးလျတိုက်သို့ ရောက်သင့်နေတာကြာပြီ ဖြစ်သည်။ သို့သော် သူတို့၏ အရှေ့၌ အဆုံးမရှိ ပင်လယ်ကြီးသာ ရှိနေသည်။

"မင်နီလာ၊ ဩစတြေးလျလေကြောင်းလိုင်း ,A15, ကပါ။ ကျေးဇူးပြုပြီး၊ ကျုပ်တို့ရဲ့ တည်နေရာကို အတည်ပြုပေးပါ"

ကပ္ပတိန်သည် ယင်းပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသည်နှင့် ချက်ချင်းပင် ကွပ်ကဲရေးစင်တာသို့ ဆက်သွယ်ခဲ့သည်။

"သြစတြေးလျလေယာဉ် A15၊ ဒါက မင်နီလာ ထိန်းချုပ်ရေးစခန်း ကပါ။ မင်းတို့ရဲ့ လက်ရှိတည်နေရာက xxxx ပါ။ ပြီးပါပြီ"

ကွပ်ကဲရေးစင်တာ၏ မက်ဆေ့ချ်ကို ကြားပြီးနောက် ကပ္ပတိန်က မကျေမနပ် ရေရွတ်လိုက်သည်။

"ဘာလဲ, ငါတို့က အခုထိအစိမ်းရောင်ပင်လယ်ထဲမှာ ရှိနေသေးတာလား"

သူသည် သူ၏ ဒက်ရှ်ဘုတ်ကို စိုက်ကြည့်လိုက်သည်၊ အနီရောင်မျဉ်များသည် လေယာဉ်က ရှေ့ဆက်သွားနေကြောင်း ညွှန်ပြနေသည်။ သို့သော် သူတို့သည် အစိမ်းရောင်ပင်လယ်ပြင်က အချိန်အတော်ကြာကတည်းက ထွက်ခွာခဲ့သင့်ပြီ ဖြစ်သည်။

.....

All Chapters