ထူးဆန်းသော ပင်လယ်
Vol. 15 Ch. 205
လေယာဉ်မောင်းခန်းထဲက လေထုသည် ခရီးသည်ခန်းထဲသို့ ရောက်လာကာ အလို,လိုနေရင်း ခရီးသည်များ စိတ်မသက်မသာ ဖြစ်လာကြသည်။
လေယာဉ်မယ်၏ စိတ်အခြေအနေ ပုံမှန်မဟုတ်မှန်း ခရီးသည်များ တဖြည်းဖြည်း ရိပ်မိလာခဲ့သည်။
ခရီးသည် အတော်များ,များက ဤလေကြောင်းလိုင်းက လေယာဉ်များကို အကြိမ်ကြိမ် စီးဖူးကြသောကြောင့် သွားရာလမ်းကြောင်းနှင့် ကြာချိန်ကိုလည်း ရင်းနှီးကြသည်။
လေယာဉ်အောက်တွင် အပြာရောင်ပင်လယ်ပြင်သာ ရှိပြီး ကုန်းမြေ၏ အရိပ်အယောင် အနည်းငယ်မျှ ရှိမနေပေ။ ၎င်းက ယခင် လေယာဉ်စီးစဉ်ကနှင့် ကွာခြားနေသည်။
"သမီးလေး။ လေယာဉ်က တစ်ခုခု မှားနေတာလား"
မျက်မှန်တပ်ထားသော အဘွားအိုတစ်ယောက်က သူ့ဘေးကဖြတ်သွားသည့် လေယာဉ်မယ်တစ်ယောက်ကို ခေါ်လိုက်သည်။
"လေယာဉ်က အခုဆို သြစတြေးလျကို ရောက်ခါနီးနေပြီ မဟုတ်လား"
လေယာဉ်မယ်က အဘွားအို၏ လက်ကို ကိုင်ကာ ဖြူဖျော့သော မျက်နှာဖြင့် ပြန်ဖြေသည်။
"စိတ်မပူပါနဲ့ အဖွား၊ လေယာဉ်က ပုံမှန်အတိုင်း ပျံသန်းနေပါတယ်"
"မနီလာ လေဆိပ်မှာ မြူတွေထူနေတာနဲ့ လေယာဉ် ဆင်းဖို့ အဆင်မပြေလို့, အခု တခြားလေဆိပ်မှာ ဆင်းသက်ဖို့ ပြင်ဆင်နေပါတယ်"
လေယာဉ်မယ်က ကပ္ပတိန် ကြိုတင်မှာကြားထားသည့်အတိုင်း အဘွားအိုကို ပြောလိုက်သည်။ သူမသည်တော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကြောက်ရွံ့မှုကို မျိုသိပ်၍ သန့်စင်ခန်းဘက်သို့ ဦးတည်လိုက်သည်။
အဘွားအိုသည် လေယာဉ်မယ်၏ နောက်ကျောကို ခဏတာ စိုက်ကြည့်ပြီးနောက် သူမ၏ နေရာသို့ ပြန်သွားခဲ့သည်။ အဘွားအို၏ စိုးရိမ်ပူပန်မှုက ပျောက်မသွားပေ။
သူမသည် ရင်ဘတ်ရှေ့မှာ လက်နှစ်ဖက်ကို စုကာ ဆုတောင်းသည့် အမူအရာ လုပ်,လိုက်သည်။
လေယာဉ် ခရီးသည်ခန်းထဲက အခြားခရီးသည်များသည် အဘွားအိုနှင့် လေယာဉ်မယ်တို့၏ စကားပြောဆိုမှုကို သိပ်ဂရုမစိုက်ခဲ့ကြပေ။ လူအချို့သည် တစ်ခုခုမှားနေတာကို သတိထားမိသော်လည်း ထိုင်ခုံတွင် စိတ်မသက်မသာဖြင့် ထိုင်နေရုံသာ တတ်နိုင်ကြ၏။
လေယာဉ်မောင်းခန်းထဲတွင် ကပ္ပတိန် ဝီလျံသည် နားကြပ်ဖြင့် ထပ်မံပြောလိုက်သည်။
"မနီလာ၊ သြစတြေးလျလေယာဉ် ,A15, ပါ။ ကျုပ်တို့ရဲ့ တည်နေရာကို ထပ်ပြီး အတည်ပြုပေးပါအုံး"
"သြစတြေးလျလေယာဉ် ,A15, ၊ ဒါက မနီလာ ထိန်းချုပ်ရေးစခန်းကပါ။ မင်းတို့ရဲ့ လက်ရှိတည်နေရာက...."
နားကြပ်မှ ထွက်လာသော အသံကိုကြားလိုက်ရသည့် ကပ္ပတိန် ဝီလျံသည် လက်သီးကို ဆုပ်လိုက်မိ၏။
"ဘာတွေဖြစ်နေတာလဲ, တစ်ယောက်ယောက် ပြောပြနိုင်လား, တကယ်ကြီး ဘာတွေဖြစ်နေတာလဲကွာ..!"
ထိန်းချုပ်ရေးစခန်းက သတင်းအချက်အလက်များအရ သူတို့၏ ခရီးသည်တင်လေယာဉ်သည် အစိမ်းရောင်ပင်လယ်ပြင်ပေါ်တွင် ပုံမှန်အမြန်နှုန်းနှင့် ပျံသန်းနေခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် သူတို့၏ အမြန်နှုန်းအရ လေဆိပ်ကို လွန်ခဲ့သော အချိန်များကတည်းက ရောက်သင့်နေပြီ ဖြစ်သည်။
သြစတြေးလျလေယာဉ် ,A15, ၏ ထူးဆန်းသော အတွေ့အကြုံသည်, မနီလာ လေဆိပ်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူတို့က ၎င်းဖြစ်ရပ်ကို အထက်လူကြီးများဆီသို့ ချက်ချင်းပင် သတင်းပို့ခဲ့၏။
သိပ်မကြာခင်မှာပင်, နိုင်ငံအများအပြား၏ ဂြိုလ်တုများသည်၊ သြစတြေးလျလေယာဉ် ,A15, စတင်စောင့်ကြည့်လာခဲ့သည်။
သြစတြေးလျလေယာဉ်သည် အစိမ်းရောင်ပင်လယ်ပြင်၏ အထက်မီတာ (၁၀၀၀၀) တွင် ပျံသန်းနေခြင်း ဖြစ်သည်။ သီအိုရီများအရ သံလိုက်စက်ကွင်းသည် မီတာ (၁၀၀၀၀) ကျော်တွင် ရှိသော လေယာဉ်တစ်စင်းကို မထိခိုက်နိုင်ပေ။
သြစတြေးလျလေယာဉ် A15 သည်, သံလိုက်စက်ကွင်းကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ သဘာဝလွန် ဖြစ်ရပ်တစ်ခုနှင့် တူသည်။
လေယာဉ်သည် အစိမ်းရောင်ပင်လယ်ပြင်ပေါ်တွင် ပုံမှန်အမြန်နှုန်းနှင့် ပျံသန်းနေပြီး အကွာအဝေးက အကန့်အသတ်မရှိပုံပေါ်သည်။
လေယာဉ်မောင်းခန်းထဲက ကပ္ပတိန် ဝီလျံ၏ နဖူးမှာ ချွေးများ စိုရွှဲနေသည်။
လေယာဉ်, ဆီကုန်စပြုနေပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် လေယာဉ်ပျက်ကျတော့မည် ဖြစ်၏။
သူသည် လေယာဉ်ကို နောက်ပြန်လှည့်ပြီး, လေယာဉ်, စထွက်လာသည့် နေရာကို ပြန်သွားချင်ခဲ့သည်။ သို့သော် သူ၏ တွက်ချက်မှုအရ လေယာဉ်ဆီက မလောက်တော့ပေ။
သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာက ဆီမကုန်ခင် ဤထူးဆန်းသော ပင်လယ်ပြင်က လွတ်မြောက်ရန် ဆုတောင်းနေဖို့သာ ဖြစ်သည်။
"ကပ္ပတိန်..."
ဒုတိယကပ္ပတိန် ဒေ့က ဝီလျံကို ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ကြည့်လာခဲ့သည်။ ဝီလျံသည် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ၏ တင်းမာနေသော ကြွက်သားများကို ဖြေလျော့လိုက်သည်။
"တခြားနည်းလမ်း မရှိတော့ဘူးပဲ..."
သူ၏ စကားပြောပြီး မကြာခင်မှာပင် ဆီကုန်ခါနီးနေပြီဖြစ်ကြောင်း အချက်ပေးဥသြသံက ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် လေယာဉ်က ပင်လယ်ထဲသို့ ထိုးကျသွားခဲ၏။
"အား!!"
လေယာဉ်၏ အောက်သို့ ထိုးဆင်းသွားသည်ကို ခံစားသိရှိလိုက်ရသော ခရီးသည်များသည် ထိတ်လန့်တကြား အော်ဟစ်နေပြီး, မျက်နှာများထက်၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
...
အပြာရောင်ကမ္ဘာဂြိုလ်၏ ပြက္ခဒိန်၊ ဇူလိုင် (၁၃)၊ (၂၀၂၅) တွင် သြစတြေးလျနိုင်ငံက လေယာဉ်ဖြစ်သော (A15) သည် အစိမ်းရောင်ပင်လယ်တွင် ပျက်ကျခဲ့သည်။
လေယာဉ်ပေါ်ရှိ ခရီးသည် (၂၈၅) ယောက်စလုံးသည် သေဆုံးခဲ့ကြပြီး၊ လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို မသိရှိရသေးပေ။
အစိမ်းရောင်ပင်လယ်ပြင်သည် တားမြစ်ဧရိယာ ဖြစ်လာကာ, သင်္ဘောများ ဝင်ရောက်ခွင့်မရှိသလို လေယာဉ်များလည်း ဖြတ်သန်းခွင့် မရှိပေ။
ထူးဆန်းသော ပင်လယ်ပြင်သည် အပြာရောင်ကမ္ဘာဂြိုလ်၏ လူများကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
ထိုပင်လယ်ဧရိယာ၏ ပြောင်းလဲမှုသည် နူကလီးယားဗုံးကြဲခံရခြင်းကြောင့် ဖြစ်လာပုံပေါ်သည်။
အာကာသလမ်းကြောင်းအား ဗုံးကြဲခြင်းသည် မအောင်မြင်ခဲ့ရုံသာမက မဖြေရှင်းနိုင်သော ပြဿနာများလည်း ဖြစ်ပေါ်လာခဲ့ပုံပင်။
သူတို့ စိတ်ကူးထားခဲ့သော ဘေးအန္တရာယ်များ ဖြစ်မလာခဲ့သော်လည်း, လူတိုင်းသည် စိတ်မသက်မသာ ဖြစ်ခြင်းကို ခံစားခဲ့ရသည်။
...
ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးကို တွေ့ခဲ့ရသည်။
၎င်းတို့အား မြောက်ဥရောပ ဝေလငါးဖမ်းအဖွဲ့တစ်ဖွဲ့က ဝေလငါးအုပ်စုတစ်စုကို လိုက်လံဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။
သားရဲခေတ်တွင် ဝေလငါးများက တွေ့ရခဲသည်။
ဖန့်ရန်သည် ဧရာမပင်လယ်လိပ်ကြီး၏ ကျောပေါ်တွင် လဲလျောင်းနေခဲ့ပြီး ခပ်လှမ်း,လှမ်းက ဝေလငါးဖမ်းသင်္ဘော၏ ဝေလငါးများအား လိုက်လံဖမ်းဆီးနေခြင်းကို ကြည့်နေခဲ့သည်။
ဝေလငါးများသည် အတော်လေးတတ်ကြွနေသေးသော်လည်း အခြေအနေက သိပ်မကောင်းပေ။
"မကြာခင် သုတ်ပိုးဝေလငါးတွေက မျိုးသုဉ်းတော့မယ့် မျိုးစိတ်ဖြစ်နေပြီ၊ ဒါပေမဲ့ ဒီလူတွေက သူတို့ကို လိုက်လံဖမ်းဆီးနေတုန်းပဲ.."
သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများ ပေါ်ပေါက်လာပြီးနောက် ဝေလငါးများသည် လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့သည်။
သူသည် ပင်လယ်ပြင်တွင် ခရီးများသွားလာခဲ့သော်လည်း တစ်ကောင်တောင် မတွေ့ခဲ့ရပေ။ ဤသည်က ကြမ်းကြိုတ်သော ပင်လယ်သားရဲများ ပေါ်ပေါက်လာပြီးနောက် ပထမဆုံးအကြိမ် ဝေလငါးတစ်ကောင်ကို တွေ့ရခြင်း ဖြစ်သည်။
သို့သော် ကမ္ဘာကြီးသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်သူများနှင့် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများသည် အနည်းငယ်သာ ကမ္ဘာပေါ်တွင် ကျန်ရှိတော့ကာ မည်သူမှ ထိုလူများ၏ စကားကို ဂရုစိုက်ခြင်း မရှိတော့ပေ။
ဖန့်ရန်သည် ဝေလငါးဖမ်းသမားများကို အနှောင့်အယှက်မပေးခဲ့ပေ။ သူကိုယ်တိုင်ပင် ပင်လယ်သားရဲများနှင့် ဝေလငါးများစွာကို ဆင့်ကဲဖြစ်စဉ်နှင့် အသက်ရှင်နိုင်ရန် သတ်ဖြတ်ခဲ့ရသောကြောင့် သူတစ်ပါး၏ ယင်းလုပ်ရပ်ကို တားဆီးပိုင်ခွင့်မရှိပေ။
သူသည် ထိုလူများကို တရားစီရင်ပိုင်ခွင့်မရှိခြင်းကြောင့် ကြောက်တူတော်တစ်ယောက်လို ပြုမှုကာ ဟန်ဆောင်,ဒေါသထွက်ပြနေစရာ မလိုပေ။
အကယ်၍ သူသာ ဆင့်ကဲပြောင်းလဲမှု အလယ်တွင် မရှိခဲ့လျှင် ထိုဝေလငါးများကို အရင်စားသောက်ပြီး ဖြစ်ပေလိမ့်မည်။
သူသည် မြွေတစ်ကောင်အဖြစ် သူ၏ ကိုယ်ပိုင်လက္ခဏာများကို လက်ခံထားခဲ့ပြီ ဖြစ်သည်။ တောတွင်း ဥပဒေအရ အစွမ်းအထက်ဆုံးသူသာ ရှင်သန်နိုင်မည် ဖြစ်သည်။
သူသည် သားရဲလောက၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည့် နည်းလမ်းမှန်သမျှ အသုံးပြုမည် ဖြစ်သည်။ သူ့အား မည်သည့်အရာကမှ ဟန့်တားနိုင်မည် မဟုတ်ပေ။
ဧရာမလိပ်၏ အခွံရှိ အပေါက်သည် လုံးဝနီးပါး ကောင်းမွန်ခဲ့ပြီဖြစ်ပြီး, လနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတချို့သည် ကျွတ်ထွက်သွားခဲ့ပြီ ဖြစ်ကာ အကြေးခွံအသစ်များက ပေါက်ရောက်နေပြီ ဖြစ်သည်။
သူ၏ ဆင့်ကဲဖြစ်စဉ်သည် နှေးကွေးလှပြီး, ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးရန်အတွက် တစ်နှစ်ခန့် ကြာဦးမြင့်မည် ဖြစ်သည်။
သူသည် ၎င်းကာလအတွင်း ဧရာမလိပ်၏ ကျောပေါ်ကနေ ငါးများစွာကို ဖမ်းဆီးခဲ့သည်။ သူ၏ စားသုံးမှုသည် အလွန်ပင် များပြားကာ တစ်နေ့လျှင် တန်ချိန်များစွာ ရှိသည်။
ကံကောင်းထောက်မစွာဖြင့်, ဧရာမလိပ်ကြီးသည် သားရဲများစွာ ဆွဲဆောင်နိုင်သောကြောင့် သူ၏ အမဲလိုက်ခြင်းသည် အလွန်လွယ်ကူခဲ့သည်။
ဝေလငါးဖမ်းသမားများ ဝေလငါးအုပ်စုနောက်ကို လိုက်လံဖမ်းဆီးနေချိန်တွင်, ၎င်းတို့သည်လည်း ဧရာမလိပ်ကြီးကို စောင့်ကြည့်နေကြသည်။ ပို၍ တိကျစွာဆိုရလျှင် ဧရာမလိပ်ကြီး၏ ကျောပေါ်က ဧရာမမြွေကြီးကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
"ဟေ့ ဟိုမှာကြည့်၊ ဧရာမလိပ်ကြီးနဲ့ ဧရာမမြွေကြီး"
အကြီးဆုံး ဝေလငါးဖမ်းသင်္ဘောပေါ်တွင် ရှိနေသော လူတစ်ယောက်သည် မှန်ပြောင်းတစ်စုံကို ကိုင်ဆောင်ပြီး ဖန့်ရန်နှင့် ဧရာမလိပ်ကြီးကို ကြည့်ရင်း အော်ဟစ်နေခဲ့သည်။
ကုန်းပတ်ပေါ်ရှိ အခြားလူများသည် ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးကို ကြည့်နေကြသည်။
မြင်နေရသည့် မြင်ကွင်းက သူတို့ကို အံ့အားသင့်စေသည်။
ကျွန်းတစ်ခု၏ အရွယ်အစားခန့်ရှိသော လိပ်ကြီးတစ်ကောင်သည် ဖြည်းညှင်းစွာ ရွေ့လျားနေပြီး ၎င်း၏ ကျောပေါ်တွင် ဧရာမမြွေကြီးတစ်ကောင် ရှိနေသည်။
သို့သော် ဧရာမမြွေကြီးက တစ်ခုခု မှားနေပုံပေါ်သည်။
.....