အဆင့် (၅) ကိုင်းဂျူး
Vol. 15 Ch. 206
ဝေလငါးဖမ်းသင်္ဘောပေါ်က လူများသည် မလှမ်းမကမ်းရှိ ဧရာမလိပ်ကြီးနှင့် ဧရာမလိပ်ကြီးတို့အား မှန်ပြောင်းဖြင့် စောင့်ကြည့်နေကြသည်။
ဧရာမမြွေကြီး၏ အကြေးခွံများသည် ကွာကျနေပြီး၊ အချို့ အကြေးခွံများဆို ပြုတ်ချခါနီးနေပြီ ဖြစ်သည်။
"ဧရာမမြွေကြီး အရေခွံလဲနေတယ်"
ဝေလငါးဖမ်းသင်္ဘောပေါ်က လူတိုင်း တွေးမိလိုက်ကြသည်။ သူတို့သည် ဧရာမမြွေကြီး အတော်လေး အားနည်းနေတယ်လို့ ခံစားနေရသည်။
သို့သော် သူတို့သည် ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးတို့ ပျောက်ကွယ်သွားသည်အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘဲ ကြည့်နေခဲ့ကြသည်။
ဧရာမမြွေကြီးသည် လူသားများအား တိုက်ခိုက်လေ့မရှိကြောင်း သက်သေအများကြီး ရှိသည်။
၎င်းသည် အတော်လေး အားနည်းနေပုံရသော်လည်း, ၎င်းအား သူတို့ မတိုက်ခိုက်ရဲပေ။ သို့သော် သူတို့သည် ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးတို့၏ တည်နေရာကို နိုင်ငံတော် သမုဒ္ဒရာ စီမံခန့်ခွဲရေးဌာနသို့ အစီရင်ခံတင်ပြခဲ့၏။
ဝေလငါးဖမ်းသင်္ဘောပေါ်က လူတွေသည် သူ့အား တိုက်ခိုက်လာလိမ့်မည်ဟု ဖန့်ရန်သည် ထင်နေခဲ့၏။ သူသည် လူသားတွေ၏ လောဘကို သိနေခဲ့သည်။
သို့သော် သူ့အား နောက်ဆုံးအချိန်ထိ မည်သူမှ တိုက်ခိုက်မလာပေ။
ကနေဒါ၏ သမုဒ္ဒရာဘုတ်အဖွဲ့သည် ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးတို့၏ သတင်းအစီရင်ခံစာကို မကြာခင်သေးခင်က ရရှိခဲ့သည်။
သူတို့သည် ၎င်းဧရိယာသို့ ကင်းလှည့်ရန် ရဲသင်္ဘောတစ်စင်းကို ချက်ချင်းစေလွှတ်ခဲ့သည်။ သို့ပေမယ့် သူတို့သည်, ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးတို့၏ အရိပ်အယောင်တွေကို ရှာမတွေ့ခဲ့ပေ။
ကိုင်းဂျူး သားရဲများ ပေါ်ပေါက်လာကတည်းက သိပ္ပံပညာရှင်များ၏ သားရဲဘုရင် (၅) ပါးအပေါ် စိတ်ဝင်စားမှု သိသိသာသာပင် လျော့ကျသွားခဲ့၏။ သူတို့အတွက် ၎င်းသားရဲများ၏ လျို့ဝှက်ချက်ထက် ကိုင်းဂျူး သားရဲများက ပိုဆွဲဆောင်မှု ရှိနေခဲ့သည်။
ဧရာမလိပ်ကြီးဆီက ထုတ်လုပ်မည့် သက်ရှည် ဆေးရည်ဆိုသည်မှာ သီအိုရီအရသာ ဖြစ်ပြီး၊ လပေါင်းများစွာ သုတေသနလုပ်သည့်တိုင် ရုရှားတို့က အလှကုန်ပစ္စည်းတွေသာ ထုတ်လုပ်နိုင်ခဲ့သည်။
ကိုင်းဂျူး သားရဲအချို့တွင် ဧရာမလိပ်ကြီးဆီက ထုတ်လုပ်နိုင်သော အရာတွေ ရှိပြီး, ၎င်းတို့အား အလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ ကံကောင်းမည်ဆိုလျှင် သက်ရှည် ဆေးရည်ကိုပင် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ကိုင်းဂျူး သားရဲများ၏ ဒဏ်ရာကို ပြန်လည်ကုသနိုင်သော စွမ်းရည်သည်, ထိတ်လန့်စရာ အလွန်ကောင်းပြီး, လူသားများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ကာ သိပ္ပံပညာရှင်အချို့သည်, ၎င်းက လူသားမျိုးနွယ် ဆင့်ကဲတိုးတက်နိုင်မည့် သော့ချက်တစ်ခု ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။
သို့သော် လူသားများ မသိခဲ့သည်က ၎င်းပြန်လည်ကုသနိုင်သော စွမ်းရည်သည် ဖန့်ရန်၏ လျင်မြန်သော ကုသမှုစွမ်းရည်၏ မူကွဲတစ်ခုနှင့် ဆင်တူသည်ကို လူသားများ မသိခဲ့ပေ။
...
ဧရာမလိပ်ကြီး ကြိုက်နှစ်သက်သော ရေကူးခြင်း အမြန်နှုန်းသည် (၁၀) နော့ခ် ဖြစ်သည်။
ဖန့်ရန်သည် လှုပ်ရှားရန်အတွက် ပင်ပန်းလှသောကြောင့် ၎င်းအမြန်နှုန်းအား စိတ်ထဲမထားချေ။ သူသည် ဆာလောင်လာချိန်တွင် အတင်းပင်လှုပ်ရှားကာ ငါးစားခြင်းဖြင့် ဗိုက်ဖြည့်ကာ ပြန်လဲလျောင်မည် ဖြစ်သည်။
သူတို့သည် အတ္တလန်တိတ်သမုဒ္ဒရာသို့ ဦးတည်ရာမဲ့ ရွေ့လျားနေကြခြင်း ဖြစ်သည်။
ဖန့်ရန်သည် သူ၏ ခွန်အားကို ယုံကြည်သည်။ သူသည် သူမည်သည့်နေရာ သွားသည်ဖြစ်စေ, သူမဖြေရှင်းနိုင်သော သားရဲမရှိဘူးဟု ထင်သည်။
...
အစိမ်းရောင်ပင်လယ်ပြင်တွင် နူကလီးယားဗုံး ပေါက်ကွဲပြီးနောက် သုံးလ ရှိခဲ့ပြီ ဖြစ်သည်။ ဤလများအတွင်း အဓိကနိုင်ငံကြီးများသည် ၎င်းတို့၏ ဂြိုလ်တုများဖြင့် နူကလီးယားဗုံး ကြဲချခဲ့ရာ ဧရိယာကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ပထမပိုင်းတွင် အရာအားလုံး အဆင်ပြေနေခဲ့သော်လည်း, တစ်ရက်၌ နိုင်ငံကြီးများသည် ၎င်းဧရိယာတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိလိုက်ကြသည်။
ဂြိုလ်တုဖြင့် ဖမ်းယူထားသော ဗီဒီယိုတစ်ခုတွင် ကိုင်းဂျူး သားရဲအများအပြား ရေအောက်ကနေ ရုတ်တရက် ထွက်ပေါ်လာကာ လမ်းကြောင်းအမျိုးမျိုးသို့ အများအပြားကို ကူးသွားကြောင်း တွေ့ခဲ့ရခြင်း ဖြစ်သည်။
၎င်းဗီဒီယိုသည် အဓိကနိုင်ငံကြီးများ၏ အထက်အရာရှိများကြားတွင် အုံအော်သောင်းနင်း ဖြစ်စေခဲ့သည်။
"အာကာသလမ်းကြောင်းကို ဖျက်စီးခဲ့ပြီ,မဟုတ်လား၊ ဘာလို့ အဲဒီနေရာကနေ ကိုင်းဂျူး သားရဲတွေ အများကြီး ပေါ်လာနေတာလဲ?"
ထိုသတင်းအား ရရှိခဲ့သော နိုင်ငံများ၏ အကြီးတန်းအရာရှိများသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤတစ်ကြိမ် ပေါ်လာသော ကိုင်းဂျူး သားရဲအရေအတွက်သည်, သူတို့အား ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားမိစေခဲ့သည်။
ထိုဗီဒီယို, ကလစ်၌ပင် အစိမ်းရောင်ပင်လယ်ပြင်က ထွက်လာသော ကိုင်းဂျူး သားရဲအရေအတွက်သည် အနည်းဆုံး (၂၀၀) ကျော်ရှိခြင်းကြောင့် ရေအောက်တွင် ပုန်းအောင်းနေနိုင်သော ကိုင်းဂျူး သားရဲအရေအတွက် အများကြီး ရှိနေနိုင်ပေသည်။
"S-အဆင့် အရေးပေါ်! သတိပေးချက်! S-အဆင့် အရေးပေါ်! သတိပေးချက်!"
ဟွာရှ၏ အရှေ့ဘက် ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုတွင် အမြင့်ဆုံး သတိပေးအခြေအနေကို ရောက်ရှိနေသည်။ ဂြိုလ်တုပုံရိပ်တွင် ကိုင်းဂျူး သားရဲအုပ်စုတစ်စု ဦးတည်လာနေကြောင်း ပြသနေ၏။
ကိုင်းဂျူး သားရဲ ဘေးအန္တရာယ် အသိပေးချက် ပေါ်လာချိန်တွင် လူအများအပြားအား ဘေးလွတ်ရာသို့ အမြန်ရွေ့ပြောင်းပေးကြ၏။ သို့သော် ကမ်းရိုးတန်း မြို့ကြီးဖြစ်ခြင်းကြောင့် လူအလွန်များပြားလှပြီး လူတိုင်းအား ပြောင်းရွေ့ပေးရန် မဖြစ်နိုင်ချေ။
ထို့အပြင် ကမ်းရိုးတန်းမြို့များသည် အများအပြား ရှိခြင်းကြောင့် လူတိုင်းကို ရွေ့ပြောင်းပေးရန် မဖြစ်နိုင်ပေ။ လူအားလုံးကို ပြောင်းရွေ့ခြင်းသည် ပဋိပက္ခများ ဖြစ်လာနိုင်ပြီး လူဦးရေများပြားသောကြောင့် ပြန်လည်နေရာချထားရေးအတွက် အလွန်ခက်ခဲပေသည်။
ကံမကောင်းစွာဖြင့် ကိုင်းဂျူး သားရဲ (၁၀) ကောင်ကျော်သည်, ဒုံဂန်မြို့သို့ ဦးတည်လာနေခြင်းကြောင့် အစိုးရသည် ဒုံဂန်မြို့ရှိ လူများကို ရွှေ့ပြောင်းပေးရန်က လွဲ၍ အခြားမတတ်နိုင်ပေ။
ကိုင်းဂျူး သားရဲ (၁၀) ကောင်ကျော်တွင် မီဂါ.ကိုင်းဂျူး သားရဲ သို့မဟုတ် အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင်လည်း ပါဝင်နေခဲ့သည်။
ကိုင်းဂျူး သားရဲများ၏ အန္တရာယ်အား ကြိုတင်ထောက်လှမ်းနိုင်ရန်အတွက် အဓိကနိုင်ငံကြီးများသည် ၎င်းသားရဲများ ထုတ်လွှတ်တတ်သော အထူးစွမ်းအင်လှိုင်းများကို တိုင်းတာနိုင်သည့် ကိရိယာတစ်ခုကို ဖန်တီးခဲ့ကြသည်။
အဆင့် (၅) ကိုင်းဂျူး သားရဲသည် ပေါ်လာသမျှ ကိုင်းဂျူး သားရဲများထဲတွင် အစွမ်းအထက်ဆုံးဖြစ်ပြီး မီဂါ.ကိုင်းဂျူးဟုလည်း လူသိများသည်။ မီဂါ.ကိုင်းဂျူး သားရဲတိုင်းသည်, မြို့တစ်မြို့ကို ဖျက်ဆီးနိုင်သော စွမ်းအားရှိပြီး ၎င်းတို့အား သတ်ဖြတ်နိုင်သည့် တစ်ခုတည်းသော လက်နက်မှာ နူကလီးယားဗုံးပင် ဖြစ်သည်။
ယခင်ပေါ်လာဖူးသမျှ ကိုင်းဂျူး သားရဲများထဲတွင် အဆင့် (၅) ကိုင်းဂျူးတစ်ကောင်သာ ရှိပြီး၊ ၎င်းက အမေရိကန်နိုင်ငံ၏ ဆန်ဖရန်စစ္စကိုမြို့ကို ဖျက်ဆီးခဲ့သော ကိုင်းဂျူး သားရဲပင် ဖြစ်သည်။
ယခု ဒုံဂန်မြို့သည် ထိုအဆင့်ရှိ ကိုင်းဂျူး သားရဲ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။
ကံကောင်းထောက်မစွာဖြင့် ဟွာရှသည် ၎င်းကိုင်းဂျူး သားရဲများ၏ သတင်းကို ကြိုတင်ရရှိထားခဲ့သောကြောင့် ဒုံဂန်မြို့ရှိ လူများကို ရွှေ့ပြောင်းပေးခြင်း ဖြစ်သည်။
၎င်းသည် သာမာန်ကိုင်းဂျူး သားရဲတစ်ကောင် မဟုတ်ဘဲ.. နူကလီးယားဗုံးဖြင့်သာ သတ်ဖြတ်နိုင်သည့် ကိုင်းဂျူး သားရဲ ဖြစ်သည်။
အစိုးရသည် အစွမ်းကုန် ကြိုးစားနေသော်လည်း လူဦးရေ (၁၀) သန်းကျော်ရှိသည့်, ဒုံဂန်မြို့၏ လူဦးရေ တစ်စိတ်တစ်ပိုင်းကိုသာ ရွှေ့ပြောင်းနိုင်ခဲ့သည်။
နတ်ဆိုး ကုတ်အမည်ရှိ အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင်သည်, အခြားကိုင်းဂျူး သားရဲ (၁၃) ကောင်ကို ဦးဆောင်ကာ ညလယ်ပိုင်း၌ ဒုံဂန်မြို့၏ ကမ်းရိုးတန်းသို့ ရောက်ရှိလာခဲ့သည်။
စစ်တပ်က ၎င်းတို့၏ တည်နေရာကို တွေ့ရှိချိန်တွင် ထိုကိုင်းဂျူး သားရဲများက ကမ်းရိုးတန်းသို့ ရောက်ခါနီးပြီ ဖြစ်သည်။
ကိုင်းဂျူး သားရဲများ ကမ်းခြေဆီသို့ တက်လာသည်နှင့် တစ်ပြိုင်နက် စစ်တပ်သည် ဒုံးကျည်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နတ်ဆိုး ကုတ်အမည်ရှိ အဆင့် (၅) ကိုင်းဂျူး သားရဲတွင် ဝေလငါးတစ်ကောင်နှင့် ဆင်တူသော ဦးခေါင်းကြီးရှိသည်။
ဒုံးကျည်များစွာသည် ၎င်းကိုင်းဂျူး သားရဲအား ထိမှန်သွားခဲ့၏။ သို့သော်လည်း ဒုံးကျည်များသည် ၎င်း၏ အကြေးခွံများကို မထိခိုက်စေခဲ့ပေ။
သံချပ်ကာဖောက် ဒုံးကျည်တစ်စင်းသာ, ၎င်း၏ ကိုယ်ခန္ဓာအား ထိုးဖောက်ပေါက်ကွဲနိုင်မည်ဆိုလျှင် ၎င်းကိုင်းဂျူး သားရဲအား အထိနာစေမည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သံချပ်ကာဖောက် ဒုံးကျည်ပင် ၎င်း၏ အကာအကွယ်ကို မထိုးဖောက်နိုင်ပေ။
နတ်ဆိုး ကိုင်းဂျူး သားရဲသည် ၎င်း၏ ပါးစပ်အား ကျယ်လောင်စွာ ဖွင့်ဟ၍ လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
လျှပ်စစ်သံလိုက်လှိုင်းသည် ဘေးပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပဲ့ထိန်းဒုံးကျည်များသည် ဦးခေါင်းမဲ့ ယင်ကောင်များကဲ့သို့ အရပ်မျက်နှာအမျိုးမျိုးသို့ ဦးတည် ကျရောက်ကာ ပေါက်ကွဲကုန်၏။
ကနဦး ဒုံးကျည်ပစ်ခတ်မှုအပြီးတွင် ကိုင်းဂျူး သားရဲ (၇) ကောင် အသက်ရှင်ခဲ့ပြီး, ကျယ်လောင်စွာ ဟိန်းဟောင်းကာ ဒုံဂန်မြို့အတွင်း ပြေးဝင်သွားခဲ့၏။
ကံကောင်းထောက်စွာဖြင့် ကိုင်းဂျူး သားရဲများကို တစ်ရက်တာ အချိန်ဆွဲနိုင်ခဲ့ခြင်းကြောင့် ဒုံဂန်မြို့၏ လူဦးရေအားလုံးနီးပါးကို ရွှေ့ပြောင်းပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
နိုင်ငံတော် ခေါင်းဆောင်များသည်, ထိုနေရာသို့ နူကလီးယားဗုံး ပစ်လွှတ်ကာ ကိုင်းဂျူး သားရဲများကို ရှင်းလင်းသုတ်သင်ခဲ့သည်။
ဒုံဂန်မြို့တစ်ခုလုံး ကြီးကြီးမားမား ပျက်စီးခဲ့သည်။ ၎င်းသည် သတင်းဆိုး တစ်ခုဖြစ်ပြီး, သတင်းကောင်းက နတ်ဆိုး ကိုင်းဂျူး သားရဲအပါအဝင် ကိုင်းဂျူး သားရဲအားလုံးကို သတ်ဖြတ်လိုက်နိုင်ခြင်း ဖြစ်သည်။
ဒုံဂန်မြို့၏ ကိုင်းဂျူး သားရဲများ တိုက်ခိုက်ခံရပြီး, မကြာမီတွင် ဟွာရှ၏ အခြားကမ်းရိုးတန်းမြို့ကြီးများနှင့် အခြားသော နိုင်ငံများ၏ ကမ်းရိုးတန်းမြို့များလည်း ကိုင်းဂျူး သားရဲအများအပြား၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
....