ပျက်စီးနေသော မြို့
Vol. 15 Ch. 207
ကမ္ဘာပျက်ကပ်လာပေတော့မည်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက မီဒီယာများ၏ သတင်းခေါင်းစည်များတွင် ကိုင်းဂျူး သားရဲများ၏ နိုင်ငံအများအပြားအား တိုက်ခိုက်ခဲ့ခြင်း, နူကလီးယားဗုံး အကြဲခံလိုက်ရသော မြို့များနှင့် ၎င်းမြို့များကို တိုက်ခိုက်လာသော ကိုင်းဂျူး သားရဲများ သေဆုံကုန်ခြင်း စသည့် သတင်းများဖြင့် ပြည့်နေခဲ့သည်။
အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင် ပေါ်လာတိုင်း မြို့တစ်မြို့ ပျက်စီးခဲ့သည်။
ကမ္ဘာ့နိုင်ငံများတွင် နူကလီးယားလက်နက် ရှိသည့် နိုင်ငံ (၁၀) ခန့်သာ ရှိခဲ့ပြီး, နိုင်ငံအများအပြားတွင် နူကလီးယားလက်နက် မရှိခြင်းကြောင့် ဤကိုင်းဂျူး သားရဲတိုက်ခိုက်မှုများတွင် နိုင်ငံအချို့ ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
၎င်းတို့အနက် အာဖရိကတိုက်ရှိ နိုင်ငံများက အခြေအနေ အဆိုးဆုံး ဖြစ်သည်။ ၎င်းတို့၏ စစ်ရေးအင်အားသည် အားအနည်းဆုံးဖြစ်သော်လည်း ၎င်းသို့ တိုက်ခိုက်လာသည့် ကိုင်းဂျူး သားရဲအရေအတွက်သည် အများဆုံးဖြစ်သည်။
ကိုင်းဂျူး သားရဲအများအပြား၏ တိုက်ခိုက်မှုကြောင့် အာဖရိကတိုက်ရှိ နိုင်ငံများစွာသည် ဖျက်ဆီးခံခဲ့ရကာ ဒုက္ခသည်များစွာ ပေါ်ပေါက်လာခဲ့၏။
ဒုက္ခသည်များသည် အာဖရိကတိုက်အတွင်း ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး, မြောက်အာဖရိကကို ဦးတည်ခဲ့ကြ၏။ တောင်အာဖရိက၏ နိုင်ငံများသည် အိန္ဒိယသမုဒ္ဒရာနှင့် မျက်နှာချင်းဆိုင် ရှိနေခဲ့ကြောင့် ကိုင်းဂျူး သားရဲများ၏ အရူးသဖွယ် ဆင်ကန်းတောတိုးလာသလို တိုက်ခိုက်မှုများကို ခံကြရမည် ဖြစ်သည်။
ဒုက္ခသည်များ၏ အဓိကရည်မှန်းချက်သည်, ဥရောပတိုက်သို့ ရောက်ရှိရန် ဖြစ်သည်။ သို့သော် ဥရောပတိုက်သို့ ရောက်ရှိရန်အတွက် တိုက်ကြီးတစ်ခုလုံးကို ဖြတ်သန်းရဦးမည် ဖြစ်သည်။
ဥရောပသည် ကောင်းမွန်သော အခြေအနေတွင် ရှိမနေပေ။ ၎င်းတို့၏ ခမ်းနာသော ရွှေရောင် နေ့ရက်များသည် လွန်လေပြီးသော အချိန်များကပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့သည် ၎င်းတို့၏ စစ်ရေးအင်အားကို တောင့်တင်းခိုင်မာအောင် အာရုံစိုက်ကာ လုပ်ဆောင်ခဲ့ကြခြင်း မရှိသောကြောင့် ကိုင်းဂျူး သားရဲများ ကျူးကျော်လာချိန်တွင် ၎င်းကိုင်းဂျူး သားရဲများအား သတ်နိုင်ခဲ့သော်လည်း ဆုံးရှုံးမှု ကြီးမားခဲ့၏။
ကိုင်းဂျူး သားရဲကပ်ဘေးသည် ဆက်လက်ဖြစ်ပေါ်နေပြီး အစိမ်းရောင်ပင်လယ်အတွင်းကနေ ကိုင်းဂျူး သားရဲများ ဆက်လက်ထွက်လာနေသည်။ ၎င်းတို့၏ အရေအတွက်သည် မယုံနိုင်လောက်အောင် များပြားလှပြီး, နေ့စဉ်နှင့်အမျှ တိုးလာနေသည်။
တစ်လအတွင်းမှာပင် နူကလီးယားဗုံး ပေါက်ကွဲမှုအရေအတွက်သည်၊ စတင်ဖန်တီးချိန်က အသုံးပြုခဲ့ဖူးသည်ထက် များစွာကျော်လွန်သွားခဲ့၏။
အဆင့် (၄)၊ အဆင့် (၅) ကိုင်းဂျူး သားရဲများသည် လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှတ်နိုင်၏။ ထိုကြောင့်ပင် ပစ်မှတ်ကို မထိခင် နူကလီးယားဗုံးများ ကြိုတင်ပေါက်ကွဲခဲ့မှုကြောင့် နူကလီးယားလက်နက်များ အများအပြား အသုံးပြုခဲ့ရသည်။
သို့သော် အဆင့် (၅) ကိုင်းဂျူး သားရဲများသည် ၎င်းတို့၏ အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်သော အချက်အား အသုံးပြု၍ ထွက်ပြေးနိုင်သေး၏။
သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာသာ ရှိခဲ့ပြီး, ၎င်းက နူကလီးယားဗုံး အမြောက်အများကို ပစ်လွှတ်ဖို့ပင် ဖြစ်သည်။ ပမာဏအများအပြားရှိသော နူကလီးယားဗုံးများသည် ပစ်မှတ်ကို မထိခင် ပေါက်ကွဲလျှင်တောင် ၎င်းက ထွက်လာသော နောက်ဆက်တွဲ ပေါက်ကွဲမှုလှိုင်းလုံးသည် ၎င်းတို့အား တစ်စစီဆွဲဖြဲပစ်နိုင်သည်။
လူသားများတွင် နူကလီးယားဗုံးများကို အသုံး၍ ကိုင်းဂျူး သားရဲများအား သုတ်သင်နိုင်သော အားသာချက်ရှိသော်လည်း နောက်ဆက်တွဲ ပြဿနာများရှိသည်။ အဆင့် (၅) ကိုင်းဂျူး သားရဲများ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော အဖြူရောင် အဆိပ်ဓာတ်ငွေ့များသည်, ကမ္ဘာနေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်ပြီး ဘေးအန္တရာယ်များ ဖြစ်ပေါ်စေခဲ့သည်။
စစ်ပွဲဇုန်အနီးရှိ မြို့များသည် ပထမဆုံး ထိခိုက်ခံရသူများဖြစ်သည်။
အဆင့် (၅) ကိုင်းဂျူး သားရဲများ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော အဖြူရောင်အဆိပ်ဓာတ်ငွေ့သည် နူကလီးယားဓါတ်ရောင်ခြည်ထက်ပင် အန္တရာယ်များ၏။
ဥပမာအားဖြင့် ဟွာရှ၏ ဒုံဂန်မြို့, အနီးဆုံး နိုက်ဟွာမြို့ ဖြစ်သည်။ ၎င်းတွင် ဒုံဂန်မြို့က ရွေ့ပြောင်းခံထားရသော လူအများစုကို နေရာချထားသည်။
အဖြူရောင်အဆိပ်ဓာတ်ငွေ့သည် လေပြင်းတိုက်ခတ်မှုကြောင့် လွင့်ပါလာခဲ့ကာ နိုက်ဟွာမြို့ကို ရောဂါများ ဖြစ်စေခဲ့သည်။
အချိန်တိုအတွင်း လူအများအပြားသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးစပ်ခြင်းနှင့် အဆုတ်ရောင်ရမ်းခြင်း လက္ခဏာများ ပေါ်လာခဲ့ကာ, မြို့ဆေးရုံအတွင်း လူနာများဖြင့် ပြည့်နေခဲ့သည်။
ဟွာရှသာ ၎င်းအန္တရာယ်များကို ခံစားနေရခြင်း မဟုတ်ဘဲ, အဆင့် (၅) ကိုင်းဂျူး သားရဲများအား နူကလီးယားဗုံးဖြင့် တိုက်ခိုက်ခဲ့သော နိုင်ငံတိုင်းလို,လို ထိုပြဿနာကို ခံစားနေရခြင်း ဖြစ်သည်။
ဟွာရှ၏ အဖြူရောင်အဆိပ်ဓာတ်ငွေ့ ပြဿနာသည် အခြားနိုင်ငံများထဲက အကောင်းဆုံး ဖြစ်သည်။ အစိုးရသည် အဖြူရောင်အဆိပ်ဓာတ်ငွေ့အား အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သော မျက်နှာဖုံးများနှင့် အခြား ကာကွယ်ရေးပစ္စည်းများကို ထုတ်ပေးခဲ့သည်။
ဒုံချန်မြို့က ဆိုးရွားစွာ ဒဏ်ရာရရှိသူများကို အခြားမြို့ဆေးရုံများသို့ ကုသမှုခံယူရန် ရွေ့ပြောင်းပေးခဲ့သည်။
...
ဖန့်ရန်သည် ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် လှဲလျောင်းရင်း မြောက်အတ္တလန္တိတ်သမုဒ္ဒရာသို့ ဦးတည်နေခဲ့သည်။ သူသည် ကမ္ဘာ့နိုင်ငံများကို ကိုင်းဂျူး သားရဲများက တိုက်ခိုက်နေခဲ့မှန်း မသိခဲ့ပေ။
သို့သော် သူ အနည်းငယ် ခန့်မှန်းကြည့်နိုင်ပေသည်။
ဖန့်ရန်သည် မဝေးလှသော ကမ်းခြေအနီးက မြို့ပျက်ကြီးတစ်ခုကို ကြည့်လိုက်၏။
၎င်းသည် ဥရောပတိုက်က ကိုင်းဂျူး သားရဲတွေ တိုက်ခိုက်ခြင်းခံရသော ပထမဆုံးမြို့ဖြစ်သည့် Plymouth မြို့ ဖြစ်သည်။
သူသည် ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းရင်း ပျက်စီးနေသော မြို့ကြီးအား ကြည့်နေခဲ့သည်။
မြို့တစ်မြို့လုံး သေခြင်း၏ အငွေ့အသက်များ ပျံ့လွင့်နေသည်။
ဖန့်ရန်သည် ၎င်းမြို့နှင့် နီးကပ်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်က ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလာရသည်။
သူသည် တစ်စုံတစ်ခုကို ခံစားမိခြင်းကြောင့် အောက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ၏ အောက်တွင် ရှိနေသော ဧရာမလိပ်ကြီးက ဂနာမငြိမ်မသက်မှန်း တွေ့လိုက်ရသည်။
"နူကလီးယားဗုံးလား?"
ဖန့်ရန်သည် မြို့တစ်မြို့လုံးကို ပျက်စီးစေနိုင်သော လက်နက်သည် နူကလီးယားတစ်ခုသာ ရှိကြောင်း အမှတ်ရလိုက်၏။
ထိုကြောင့် သူခံစားနေရသော အရာသည် နူကလီးယားဗုံး ပေါက်ကွဲပြီးနောက် ကျန်ရစ်ခဲ့သော ဓာတ်ရောင်ခြည်၏ အဆိပ်သင့်ခြင်းသာ ဖြစ်ရပေမည်။
ဖန့်ရန်သည် သူ့ကိုယ်ခန္ဓာအတွင်းပိုင်းရှိ ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။
နူကလီးယားဓါတ်ရောင်ခြည်သည် သူ့ကိုယ်ခန္ဓာအတွင်းပိုင်းရှိ ဆဲလ်များကို အဆက်မပြတ် သတ်ဖြတ်နေသည်။ သို့သော် အချိန်တိုင်းတွင် ဆဲလ်အများအပြားက မွေးဖွားလာနေသည်။
ဆဲလ်အသစ်မွေးဖွားနှုန်းသည်, ဆဲလ်သေဆုံးနှုန်းထက် အဆပေါင်းများစွာ သာလွန်ခြင်းကြောင့် နူကလီးယားဓါတ်ရောင်ခြည်သည် သူ့ကို သိသိသာသာ ထိခိုက်စေနိုင်ခြင်း မရှိပေ။
"နူကလီးယားဓာတ်ရောင်ခြည်က ငါ့အပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး"
ဖန့်ရန်သည် နူကလီးယားဓါတ်ရောင်ခြည်၏ ခြိမ်းခြောက်မှု အန္တရာယ်က သူ့အပေါ်သိပ်မရှိကြောင်း တွေးတောလိုက်ပြီးနောက် ဧရာမလိပ်ကြီး၏ ကျောပေါ်က ဆင်းကာ ကမ်းခြေသို့ ဦးတည်လိုက်သည်။
မြို့ထဲ၌ သူမြင်နေရသမျှ အရာရာတိုင်းသည်, ပြိုကျပျက်စီးနေခဲ့သော အဆောင်အဦးများနှင့် ကားများအပြင် ဖုန်မှုန့်များသာ ဖြစ်သည်။
ရုတ်တရက် သူသည် ထူးဆန်းသော အနံ့တစ်ခုအား ရလိုက်သည်။
ဖန့်ရန်သည် သူ၏ လျှာအား အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် ထူးဆန်သော အနံ့၏ လာရာကို ခန့်မှန်းမိလိုက်သည်။
သူသည် ထိုနေရာသို့ ဦးတည်လိုက်၏။ (၃) ကီလိုမီတာခန့် သွားပြီးနောက် သူသည် သွားနေတာကို ရပ်လိုက်ပြီး ကြည့်လိုက်သည်။
"ကိုင်းဂျူး သားရဲအလောင်း"
သူ့ရှေ့ မလှမ်းမကမ်းတွင် ကိုင်းဂျူး သားရဲတစ်ကောင်၏ မီးလောင်းကျွမ်းခံရခြင်းကြောင့် ကျန်ရစ်နေသော ခန္ဓာကိုယ်တစ်ပိုင်း ရှိနေသည်။
စနစ်၏ အသိပေးချက်အရ ထိုကိုင်းဂျူး သားရဲအလောင်းက စနစ်အမှတ် (၄၀၀၀၀) ပေးနိုင်ကြောင်း ဖန့်ရန် သိလိုက်ရသည်။
ဖန့်ရန်က ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်ဆီသို့ ချည်းကပ်သွားလိုက်ပြီး ကိုင်းဂျူး သားရဲ၏ အသား တစ်စိတ်တစ်ပိုင်းကို ဆွဲဖြဲကာ မြိုချသည်။ တဆက်တည်းပင် သူ့ဗိုက်ထဲက အပြောင်းအလဲများကို အာရုံစိုက်လိုက်သည်။
"စားလို့ရတယ်"
အသားတစ်စိတ်တစ်ပိုင်းကို ပထမအကြိမ် စားကြည့်ပြီးနောက် ဖန့်ရန်သည် ကျန်ရှိသော ခန္ဓာကိုယ်တစ်ခုလုံးကို မြိုချလိုက်သည်။
စားသောက်ပြီးနောက် သူသည် ပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ဝဲကြည့်လိုက်ကာ ကျပန်း ဦးတည်ရာတစ်ခုကို ရွေးချယ်ပြီး ရှေ့ဆက်သွားလိုက်သည်။
ပျက်စီးနေသော ဤမြို့တော်သည်, ဖန့်ရန်၏ စူးစမ်ချင်စိတ်ကို နိုးထစေခဲ့ပြီ ဖြစ်သည်။
ကိုင်းဂျူး သားရဲတွေအပေါ် သူ့ နားလည်ထားမှုအရ နူကလီးယားဗုံးသုံးဖို့ မလိုအပ်သေးဘူး မဟုတ်လား...
"ဧကန်တာ ပိုအစွမ်းထက်တဲ့ ကိုင်းဂျူး သားရဲတစ်ကောင် ပေါ်လာလို့များလား"
ဖန့်ရန်သည် ကျပန်းခန့်မှန်းရင်း အာကာသလမ်းကြောင်းတွင် သူမြင်ခဲ့ရသော မြင်ကွင်းကို ပြန်တွေးလိုက်သည်။
မီတာ (၂၀၀) ကျော် အမြင့်ရှိသော ဧရာမကိုင်းဂျူး သားရဲတစ်ကောင်သည် အာဂျင်တီးနိုဆောရပ်တစ်ကောင်ကို နှစ်ကိုက်မျှဖြင့် စားခဲ့ခြင်း ဖြစ်သည်။
'အဲဒီလို ကိုင်းဂျူး သားရဲတစ်ကောင် ပေါ်လာတာလား'
ဖန့်ရန်က တွေးလိုက်သည်။ သို့သော် သူမထင်ထားခဲ့သည်က ဤကဲ့သို့ အချိန်စောကာ ထွက်လာမည်ကိုပင်။
အကယ်၍ သူသာ အစိမ်းရောင်ပင်လယ်ပြင်ရှိ အာကာသလမ်းကြောင်းကို ဖျက်ဆီးဖို့ လူသားတွေ နူကလီးယားဗုံးတွေ အသုံးပြုခဲ့တယ်ဆိုတာကို သိခဲ့ရင် သူတကယ်ကို ဆွံအနေလိမ့်မည် ဖြစ်သည်။
ထို့အတူ သူစကား တစ်ခွန်ပြောမိလိမ့်မည်, ၎င်းက... ဒီလူတွေ ပြဿနာရှာတာ အတော်လေး,တော်တာပဲ... ဆိုတာ ဖြစ်လိမ့်မည်။
သူသည် သူ၏ ဧရာမခန္ဓာကိုယ်ဖြင့် ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အပျက်အစီး,အပိုင်းအစ, ကျောက်တုံးကျောက်ခဲများကို ဖိချေထားခဲ့သည်။
မိုးကောင်းကင်က မီးခိုးရောင်ဖြစ်နေပြီး လေထုတစ်ခုလုံး ဖုန်မှုန့်များက ပြည့်နေကာ အဖြူရောင်အငွေ့များက မြို့တစ်ခုလုံးကို ခပ်ပါးပါးလွှမ်းခြုံထားသည်။
ဖန့်ရန်သည် အိုဗာကလော့ တုန်ခါမှုစွမ်းရည်၏ ပဲ့တင်ခြင်းကို အသုံးပြုကာ ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးရင်း ပုံမှန်မဟုတ်တဲ့ အရာများကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။
သို့သော် သူသည် ပုံမှန်မဟုတ်သော ထူးဆန်တဲ့ အရာတစ်ခုကို ရှာတွေ့မယ်လို့ မထင်ထားခဲ့ပေ။
.....