မိကျောင်း ကိုင်းဂျူး
Vol. 15 Ch. 208
အပျက်အစီးများဖြင့် ပြည့်နှက်နေသော မြို့ပျက်ကြီးထဲတွင် လူသားအဖွဲ့တစ်ဖွဲ့ ဖြည်းညှင်းစွာ ခရီးဆက်နေသည်။ ဤအဖွဲ့တွင် လူ (၁၅) ယောက် ပါဝင်ပြီး, အဖြူရောင် နူကလီးယား ဓါတ်ရောင်ခြည် ဒဏ်ခံနိုင်သော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ခေါင်းဆောင်နှစ်ယောက်သည် ထောက်လှမ်းကိရိယာနှင့် ဆင်တူသော ပစ္စည်းတစ်ခုစီကို ကိုင်ဆောင်ထားပြီး ကြည့်နေခဲ့သည်။
ခေါင်းဆောင်နှစ်ယောက်သည် တော်ဝင် ဇီဝဗေဒ သိပ္ပံအကယ်ဒမီက သိပ္ပံပညာရှင်များ ဖြစ်ကာ ကျန်လူများက ၎င်းတို့ကို ကာကွယ်ရန်အတွက် တာဝန်ရှိသော စစ်သားများ ဖြစ်ကြသည်။ သူတို့၏ ရည်ရွယ်ချက်သည် အဆင့် (၅) ကိုင်းဂျူး သားရဲ၏ အလောင်းကို ပြန်ယူသွားဖို့ပင် ဖြစ်သည်။
သူတို့နိုင်ငံသည် အဆင့် (၃) ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်အား ရရှိခဲ့ဖူးသော်လည်း, အဆင့် (၅) ကိုင်းဂျူး သားရဲနှင့် ပတ်သက်၍ အချက်အလက်များ မရှိသေးသောကြောင့် ၎င်းအား ပြန်လည်ယူဆောင်သွားကာ လေ့လာမည် ဖြစ်သည်။
ထို့ကြောင့် တော်ဝင် ဇီဝဗေဒ သိပ္ပံအကယ်ဒမီသည် အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ Plymouth မြို့သို့ လာရောက်ရခြင်း ဖြစ်သည်။ သူတို့သည် ဤနေရာတွင် သေဆုံးခဲ့သော အဆင့် (၅) ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်ကို ရှာဖွေလိုနေခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် လက်နက်အပြည့်အစုံဖြင့် ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ထားခြင်းကြောင့်သာ လာရဲခြင်းဖြစ်ကာ ၎င်းတို့သာ မရှိခဲ့လျှင် ဤနေရာသို့ လုံးဝလာရဲမည် မဟုတ်ပေ။
"တီး! ~ တီး! ~ တီး!"
ရုတ်တရက် ခေါင်းဆောင်တစ်ယောက်၏ လက်ထဲတွင်ရှိနေသော ကိရိယာသည် အသံမြည်လာပြီး အနီရောင်မီးများ မှိတ်တုတ်မှတ်တုတ် လင်းလာခဲ့၏။
ရာဂွန် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ, လက်ထဲတွင် ရှိနေသော ကိရိယာကို စိတ်သက်သာရာရသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ကိရိယာ မြည်လာခြင်းသည် ကိုင်းဂျူး သားရဲအလောင်း အနားတွင် ရှိနေသည်ဟု ဆိုလိုသည်။
အဆင့် (၅) ကိုင်းဂျူး သားရဲ ဟုတ်,မဟုတ် မသေချာသော်လည်း ၎င်းက သတင်းကောင်းပင် ဖြစ်သည်။
ရာဂွန်သည် သူ့နောက်သို့ လိုက်လာရန် သူ့အဖော်များကို အချက်ပြလိုက်သည်။
ကိုင်းဂျူး သားရဲ, သုတေသနကျွမ်းကျင်သူအဖွဲ့အစည်း၏ ဒုတိယခေါင်းဆောင်အနေဖြင့် သူသည် အဖွဲ့အစည်း၏ တောင်းဆိုချက်ကို လက်ခံခဲ့ပြီးနောက် အဆင့် (၅) ကိုင်းဂျူး သားရဲ၏ အလောင်းကို ရှာဖွေရန် Plymouth မြို့သို့ လာရောက်ခဲ့သည်။
သူ၏ ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့ (၁၀) မီတာခန့် ရွေ့လျားပြီးသွားချိန်တွင် ရုတ်တရက် သူ့ဘေးနားရှိ လူ၏ လက်ထဲက ကိရိယာရဲ့ အချက်ပေးသံ မြည်လာသည်။
ရာဂွန်သည် ရပ်တန့်လိုက်ပြီး ထိုလူကို ကြည့်လိုက်သည်။
ဤကိရိယာနှစ်ခု၏ လုပ်ဆောင်ချက်က ကွဲပြား၏။ တစ်ခုသည်, ကိုင်းဂျူး သားရဲက ထုတ်လွှတ်သော စွမ်းအင်ယူနစ်ကို ထောက်လှမ်းခြင်းဖြစ်ပြီး, ကျန်တစ်ခုက ဘေးပတ်ဝန်းကျင်ရှိ ဓါတ်ရောင်ခြည် ပြင်းအားကို ထောက်လှမ်းခြင်း ဖြစ်သည်။
ထိုကိရိယာသည် မြည်လာခြင်းသည် သူတို့၏ ဘေးပတ်ဝန်းကျင်က ဓါတ်ရောင်ခြည် ပြင်းအား အလွန်မြင့်မားကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
လူတိုင်း၏ မျက်နှာအမူအရာသည် အမျိုးမျိုးဖြစ်ကုန်ကြပြီး ချီတုံချတုံ ဖြစ်သွားကြသည်။ သို့သော် သူတို့သည် ရာဂွန်ကို ကြည့်လိုက်ကာ သူ၏ ဆုံးဖြတ်ချက်ကို နောက်ဆုံးမှာ နားထောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရာလေးသည် ခဏတမျှ တုံဆိုင်းသွားသော်လည်း အံတင်းတင်းကြိတ်ကာ ရှေ့ဆက်သွားလိုက်သည်။
သုံးမိုင်ခန့် လျှောက်လာပြီးနောက် ကိရိယာနှစ်ခု၏ အချက်ပေးသံများသည် ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။
ရာဂွန်သည် ကိရိယာနှစ်ခု၏ ကျယ်လောင်သော အချက်ပေးသံများကြောင့် အနည်းငယ် ထိတ်လန့်နေခဲ့၏။ သူသည်သာ မကဘဲ သူ၏ အဖွဲ့သားများသည်လည်း အလားတူပင် ခံစားနေရခြင်း ဖြစ်သည်။
စိတ်ဓာတ်ကြံခိုင်သော လူတစ်ဦးပင် ဤကဲ့သို့ ဖိအားများသော ဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။
ရာဂွန်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ပြိုကျပျက်စီးနေသော အဆောက်အအုံတစ်ခုကို ဖြတ်ကျော်ကာ တိတ်တဆိတ် ဆက်သွားလိုက်သည်။
သို့သော် သူသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ထိတ်လန့်မှုကြောင့် ရုတ်တရက် ရပ်တန့်လိုက်၏။
သူ၏ အဖွဲ့သည် သူ့နောက်မှ အနီးကပ် လိုက်လာခဲ့ခြင်းဖြစ်ပြီး ရာဂွန်၏ ရုတ်တရက် ရပ်တန့်မှုကြောင့် သူနှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။ သူတို့သည် 'ဘာဖြစ်လို့ ရပ်လိုက်တာလဲ' ဟု မေးခါနီးတွင် အခြေအနေကို ရိပ်စာမိလိုက်ကာ ရှေ့သို့ လှမ်းကြည့်လိုက်ချိန်တွင် သူတို့၏ အသက်ရူခြင်းပင် ရန်တန့်သွားခဲ့ကြသည်။
"အား.. အဲဒါက ဘာကြီးလဲ"
လူတိုင်းသည် အတွင်းစိတ်ထဲကနေ အော်ဟစ်နေကြသည်။
လူအများအပြားသည် သူတို့၏ ခြေထောက်တွေ ပျော့ခွေသွားသလို ခံစားလိုက်ရခြင်းကြောင့် လဲကျမသွားစေရန်အတွက် ၎င်းတို့ဘေးရှိ ကျောက်တုံကြီးများကို လှမ်းကိုင်လိုက်ကြရသည်။
သူတို့၏ အရှေ့ဘက် မလှမ်းမကမ်းတွင် ဧရာမသတ္တဝါကြီးတစ်ကောင် ရှိနေသည်။
၎င်းသည် ဧရာမမိကျောင်းပုံသဏ္ဍာန်ရှိသော ကိုင်းဂျူး သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် တုတ်ခိုင်သော ခြေ,လက်များနှင့် သွယ်လျသော ခန္ဓာကိုယ်ရှိပြီး၊ ဧရာမ ပါးစပ်ကြီးနှင့် အမြီးရှည်ကာ အကြေးခွံများ ဖုံးလွှမ်းထားသော ကိုယ်ခန္ဓာနှင့် ဖြစ်သည်။
မိကျောင်း ကိုင်းဂျူးသည် ရုတ်တရက် ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ လေရှူသွင်းလိုက်ခြင်းကြောင့် အလွန်ကျယ်လောင်သော အသံရှုသံ ထွက်ပေါ်လာသည်။
အသက်ပြင်းပြင်း ရှူပြီးနောက် ကိုင်းဂျူး သားရဲသည် ၎င်း၏ ဦးခေါင်းကို မြေပြင်ဆီသို့ နှိမ့်ချကာ တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။
အချိန်က ရပ်တန့်နေပုံရသည်။ ရာဂွန်နှင့် သူ့အဖွဲ့သားများသည်, မလှမ်းမကမ်းက သားရဲကြီးကို ထိတ်လန့်တကြား ကြည့်နေကြ၏။
အဆင့် (၂) သာ ရှိသော ဤကိုင်းဂျူး သားရဲကို စစ်တပ်က ဆုံးရှုံးမှု အနည်းငယ်ဖြင့် ဖြေရှင်းနိုင်သည်။
သို့သော် သူတို့၏ အဖွဲ့သည် လူ (၁၀) ခန့်သာ ရှိပြီး သာမန်အပူလက်နက် အနည်းငယ်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ငယ်လေး ဖြစ်သည်။ သူတို့၏ သေနတ်များသည် ၎င်းကို ခြစ်ရာပင် ထင်စေနိုင်မည် မဟုတ်ဘဲ, ထိတ်တိုက်ရင်ဆိုင်ခြင်းသည် အသေခံခြင်းနှင့် တူညီသည်။
"တီး!~ တီး!~ တီး!"
ရုတ်တရက် ရာဂွန်သည် သူ၏ လက်ထဲရှိ ကိရိယာ၏ မြည်သံကြောင့် သတိဝင်လာခဲ့သည်။ သူသည် ချက်ချင်းပင် တုံ့ပြန်ကာ ကိရိယာအား ပိတ်ပစ်လိုက်သည်။
ဓါတ်ရောင်ခြည် ထောက်လှမ်းကိရိယာကို ကိုင်ထားသော လူသည်လည်း ထိုနည်းတူ လုပ်ဆောင်ခဲ့၏။
သို့သော် သူတို့သည် အလျင်စလို လုပ်ဆောင်ချက်သည်, နှေးကွေးနေပုံရပြီး, မလှမ်းမကမ်းရှိ ကိုင်းဂျူး သားရဲသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
ကိုင်းဂျူး သားရဲသည် ဖြည်းဖြည်းချင်း ထရပ်လာပြီး ရာဂွန်နှင့် သူ၏ အဖွဲ့ဆီသို့က တည့်တည့်စိုက်ကြည့်လာခဲ့သည်။
အနီရောင် ဒေါင်လိုက် ရှိသော မျက်လုံးတစ်စုံတွင် တော်ဝင် ဇီဝဗေဒ သိပ္ပံအကယ်ဒမီ၏ အဖွဲ့သည် ပုံရိပ်ထင်လာခဲ့ပြီး, ၎င်းသူငယ်အိမ်သည် ကျယ်ပြန့်လာခဲ့၏။
"ဂလု"
ရာဂွန် တံတွေးမျိုချလိုက်သည်။ သူ၏ မျက်နှာပျက်နေခဲ့သည်။ သူသည် သူ၏ အဖွဲ့ကို တိတ်တဆိတ် လက်ဟန်ဖြင့် အပျက်အစီးများနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာပြီးနောက် ချက်ချင်းပင် ထွက်ပြေးရန် ပြောလိုက်၏။
သို့သော် မိကျောင်း ကိုင်းဂျူးသည်, ထွက်ပြေးချိန်ပင် မရမှီ သူတို့ဆီ ပြေးဝင်လာခဲ့သည်။
သေပြီ!
ကာကွယ်ရေးဝတ်စုံအောက်က ရာဂွန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ စိတ်ထဲတွင် ကျန်ရှိနေသော အချက်တစ်ခုသည်က သေပြီဆိုတာပင်။
"ဂါး.."
ကိုင်းဂျူး သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး, ဘူဒိုဇာတစ်စီးကဲ့သို့ အပျက်အစီးများကြားကနေ ပြေးဝင်လာနေရင်း ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ ကာဆီးနေသော အဆောက်အအုံအပျက်အစီးများကို တိုးတိုက် ဖျက်ဆီးပစ်ကာ ရာဂွန်တို့ အဖွဲ့တစ်ခုလုံးကို တစ်ပြိုင်နက်တည်း မျိုချရန်အတွက် ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ ပြေးဝင်လာနေခဲ့သည်။
ရာဂွန်၏ အသက်ရှူနှုန်း ရပ်တန့်သွားသည်။ ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ နီးကပ်လာခဲ့ပြီး, နောက်ဆုံး၌ စွန်းပေနေသော သွေးများဖြင့် ဧရာမပါးစပ်ကြီးကိုသာ မြင်နိုင်တော့သည်။
သူ၏ ကြွက်သားများသည် တောင့်တင်းနေပြီး ကြောက်လန့်မှုကြောင့် သူ၏ ခန္ဓာကိုယ်သည် တဆက်ဆက် တုန်ယင်နေခဲ့သည်။
ရှဲလ်... ... ...
ထိုအချိန်မှာပင် ကျယ်လောင်သော တရှဲရှဲအသံများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ရာဂွန်သည် သူ၏ မျက်လုံးထောင့်မှ အဆင့် ဧရာမအရိပ်မည်းကြီးတစ်ခုသည် မိကျောင်း ကိုင်းဂျူးဆီသို့ လျင်လျင်မြန်မြန် နီးကပ်သွားနေခဲ့မှန်း မြင်လိုက်ရသည်။
ဗုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့အား စားတော့မည့် ကိုင်းဂျူး သားရဲ, ဘေးဘက်သို့ လွင့်ပျံသွားသည်။
"ဘာဖြစ်သွားတာလဲ?"
ရာဂွန်သည် ထိတ်လန့်သွားပြီး ကိုင်းဂျူး သားရဲ လွင့်ထွက်သွားသည့် ဘက်သို့ကြည့်လိုက်တွင် ပို၍ပင် ထိတ်လန့်သွားခဲ့၏။
သူသည် မိကျောင်း ကိုင်းဂျူး သားရဲက မီတာ (၄၀) ခန့်ကွာဝေးသော နေရာရှိ အဆောက်အအုံအပျက်အစီး တစ်ခုပေါ်တွင် လဲကျနေပြီး အလွန်ကြောက်မက်ဖွယ်ရာကောင်းသည့် မြွေကြီးတစ်ကောင်၏ ရစ်ပတ်ခံထားမှန်း မြင်လိုက်ရသည်။
ဧရာမမြွေကြီး?
ရာဂွန်၏ မျက်နှာတွင် အံ့အားသင့်မှု အပြည့်ဖြစ်နေပြီး, သူ့ဘေးနားရှိ အဖော်များသည်လည်း ထိုနည်းတူပင် ဖြစ်နေခဲ့သည်။
.....