မထင်မှတ်ထားသော တွေ့ရှိချက်
Vol. 15 Ch. 209
နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင်ပင် ရာဂွန်သည် ထိုမြင်ကွင်းကို ပြန်အမှတ်ရနေမည် ဖြစ်သည်။ သူသည် ထိုအချိန်ကို သတိရမိတိုင်း မည်သည့်ကြောက်ရွံ့မှုမှ ခံစားရမည် မဟုတ်သော်လည်း သူ၏ နှလုံးခုန်နှုန်းမှာ ပြင်းထန်နေဆဲဖြစ်သည်။
ထိုအချိန်က သူသည် သတင်းထောက်တစ်ယောက် ကမ်းပေးလာသော မိုက်ခရိုဖုန်းကို ယူ၍ ဧရာမမြွေကြီးကို မြင်တွေ့ချိန်တွင် ခံစားခဲ့ရသော ခံစားချက်ကို နောက်ပြောင်သည့် သဘောဖြင့် ပြောကြားခဲ့လေသည်။
"အဲ့ဒီအချိန်မှာသာ ကျုပ်က မိန်းမတစ်ယောက် ဖြစ်နေမယ်ဆို ချစ်မိသွားလောက်တယ်"
ဗုန်း!
နတ်ဘုရားများ၏ တေးသီသံကဲ့သို့ ချိုမြိန်သော ထိုအသံသည် ရာဂွန်၏ နားထဲ ပဲ့တင်သွားချိန်တွင် ကိုင်းဂျူး သားရဲသည် ဧရာမမြွေကြီး၏ ဝင်ဆောင့်ခြင်းအားခံခဲ့ရပြီး ၎င်း၏ ရစ်ပတ်ကိုက်ခဲခြင်းကို ခံနေရပြီ ဖြစ်သည်။
အဆောက်အအုံပျက်တစ်ခုပေါ်တွင် ဧရာမသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲတစ်ခု ဖြစ်ပွားနေခဲ့သည်။ ကိုင်းဂျူး သားရဲသည် ဧရာမမြွေကြီး၏ ပို၍ ပို၍ ရစ်ပတ်ခြင်းကို ခံလာရသောကြောင့် သိသိသာသာပင် အားနည်းလာခဲ့သည်။
'ဒီကိုင်းဂျူးက သိပ်အားမကောင်းဘူးပဲ...'
၎င်းက မိကျောင်း ကိုင်းဂျူးကို ပထမဆုံး မြင်လိုက်ရသော အချိန်ကတည်းက သူ၏ ပင်ကိုယ်သိစိတ်က ခံစားမိလိုက်ခြင်း ဖြစ်သည်။ သူသည် ကိုင်းဂျူး သားရဲကနေ ထုတ်လွှတ်နေသော ထူးဆန်းသော စွမ်းအင်ကို ထောက်လှမ်းနေနိုင်ခဲ့သည်။
"ဟွာလျန်မြို့က ငါအမဲလိုက်ခဲ့တဲ့ ကိုင်းဂျူး သားရဲလောက်ရှိမယ်.. ဖြစ်နိုင်ခြေအများဆုံးက အဲ့တစ်ကောင်ထက် အားနည်းနေတာပဲ"
ဖန့်ရန်သည် သူ၏ စိတ်ထဲကနေ တွေးနေခဲ့သော်လည်း ကိုင်းဂျူး သားရဲကို ပို၍ တင်းကျပ်စွာ ရစ်ပတ်နေခဲ့သည်။
ဂျွတ်! ဂျွတ်!
မိကျောင်း ကိုင်းဂျူး၏ အရိုးများသည်, အက်ကွဲလာနေပြီး ၎င်း၏ အပြာရောင်သွေးများက ပါးစပ်ထောင့်ကနေ စိမ့်ထွက်လာနေသည်။
မြေပြင်ပေါ်သို့ အပြာရောင်သွေးများ ကျဆင်းသွားချိန်တွင် ရာဂွန်နှင့် သူ့အဖွဲ့သားများ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သို့သော် ၎င်းတို့ထင်ထားသကဲ့သို့ အပြာရောင်သွေးများသည် ပတ်ဝန်းကျင် လေထုနှင့် ဓာတ်ပြု၍ အဆင့် (၅) ကိုင်းဂျူး သားရဲ၏ သွေးကဲ့သို့ အဖြူရောင်အဆိပ်ဓာတ်ငွေ့များ ဖြစ်သွားခြင်း မရှိခဲ့ပေ။
ဖန့်ရန်သည် တော်ဝင် ဇီဝဗေဒ သိပ္ပံအကယ်ဒမီအစည်းက အဖွဲ့အား ဂရုစိုက်ခြင်း မရှိဘဲ ကိုင်းဂျူး သားရဲကို သတ်ဖြတ်ပြီးနောက် တိုက်ရိုက်မျိုချလိုက်သည်။
မိကျောင်း ကိုင်းဂျူးက စနစ်အမှတ် (၃၈၀၀၀၀) ရရှိနိုင်၏။
သူ၏ လက်ရှိ စနစ်အမှတ်သည် (၁.၈၄) သန်း ဖြစ်သည်။ ထိုကြောင့် နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်စတင်နိုင်ရန် စနစ်အမှတ် (၈) သန်း လိုသေးသည်။
သူ၏ ဆင့်ကဲပြောင်းလဲမှုသည် ပြီးဆုံးခြင်း မရှိသေးသော်လည်း နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ကို မြင်နိုင်နေပြီ ဖြစ်သည်။
"ပင်လယ်ထဲမှာ ကိုင်းဂျူး သားရဲတွေ ပိုများလာတဲ့အပြင်, ဧရာမလိပ်ကြီးကလည်း ရှေးဟောင်း သားရဲနဲ့ သန္ဓေပြောင်း သားရဲတွေကိုလည်း ဆွဲဆောင်နိုင်တယ်ဆိုတော့ ငါ့ရဲ့ စနစ်အမှတ် စုဆောင်းခြင်းက သိပ်မခတ်ခဲသင့်တော့ဘူး"
ကိုင်းဂျူး သားရဲကို မြိုချပြီးနောက် ဖန့်ရန်သည် သူ၏ နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် တွေးတောရင်း လှည့်လည်သွားလာခဲ့သည်။
"အားလုံးကို အနှစ်ချုပ်လိုက်ရင် စနစ်အမှတ် စုဆောင်းဖို့က လက်တလော စိတ်ပူစရာမလိုသေးဘူး"
သူသည် ဤဆင့်ကဲဖြစ်စဉ် ပြီးဆုံး၍ သူ့ခန္ဓာကိုယ် အမြင့်ဆုံးအခြေအနေသို့ ပြန်ရောက်သွားသည်နှင့် နောက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ် စတင်မည် ဖြစ်သည်။
"ဒီမြင်ကွင်းက တကယ့်ကို"
ရာဂွန်နှင့် သူ၏ အဖွဲ့သည် မလှမ်းမကမ်းရှိ ဧရာမမြွေကြီးကို ကြည့်နေကြသည်။ ဧရာမမြွေကြီး အနိုင်ရသွားသည်ကို မြင်လိုက်ရမှသာ သူတို့ စိတ်သက်သာရာရသွားကြ၏။
မိကျောင်း ကိုင်းဂျူး၏ အစားခံရမလို ဖြစ်ခဲ့ခြင်းက ၎င်းတို့၏ ခြေလက်များကို ပျော့ခွေသွားစေခဲ့သည်။ ယခု ၎င်းတို့သည် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ခြင်းကြောင့် စိတ်သက်သာရာ ရခဲ့ကြသည်။ ကာကွယ်ရေးဝတ်စုံအောက်က ၎င်းတို့၏ မျက်နှာများတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ဤနေရာမှ ထွက်ခွာပြီးနောက် ရှာဖွေတွေ့ရှိခဲ့ရသမျှကို ထိတ်တန်းခေါင်းဆောင်များထံ အစီရင်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။
...
ဖန့်ရန်က ဤမြို့ပျက်ကြီးထဲတွင် လှည့်လည်သွားလာနေခဲ့သည်။
သူသည် မြို့ပျက်ကြီးအတွင်း ကိုင်းဂျူး သားရဲတစ်ကောင်၏ ခြေထောက်တစ်ချောင်းကို ထပ်မံတွေ့ရှိခဲ့သည်။
စနစ်၏ အသိပေးချက်အရ ၎င်းခြေထောက်သည် စနစ်အမှတ် (၅၀၀၀၀) တန်၏။
သူသည် ဧရာမခြေထောက်ကြီးဆီသို့ ချည်းကပ်သွားပြီး သေချာကြည့်လိုက်သည်။ ထိုအခါ သူသည် ဧရာမခြေထောက်ကြီး၏ ပိုင်ရှင်က မီတာ (၂၀၀) ကျော် အမြင့်ရှိလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
ယခင် မြင်တွေ့ခဲ့ရသော ဧရာမကိုင်းဂျူး သားရဲများ ပေါ်ထွက်လာခဲ့ပြီလားဆိုတာ သူတွေးမိလိုက်သည်။
"တောင်တစ်လုံးအမြင့်လောက်ရှိတဲ့ ပင့်ကူက ပေါ်လာပြီလား မသိဘူး။ အဲဒီပင့်ကူက ကိုင်းဂျူး သားရဲတွေရဲ့ မိခင်ဖြစ်နိုင်တယ်။ အဲ့ပင့်ကူများ ဒီကမ္ဘာကို တိုက်ခိုက်လာ,မလားပဲ..."
ဖန့်ရန်က အာကာသလမ်းကြောင်းတွင် သူမြင်ခဲ့ရသော ဧရာမသားရဲကြီးကို ပြန်တွေးမိလိုက်သည်။
ထိုကိုင်းဂျူး သားရဲသည် ကမ္ဘာ့အမြင်ဆုံး တောင်ထက်ပင် ပိုမြင့်၏။ ၎င်း၏ ဝမ်းဗိုက်ကနေ ချက်ကြိုးများစွာ ထွက်နေပြီး ချက်ကြိုး၏ အခြားတစ်ဖက်တွင် သန္ဓေသားလောက်,များစွာ ရှိနေသည်။
သူ၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင် ၎င်းကိုင်းဂျူး သားရဲများက ထိုသန္ဓေသားလောက်များကနေ ပေါက်ဖွားလာခြင်း ဖြစ်ပေမည်။
ဖန့်ရန်သည် သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး, ဧရာမခြေထောက်ကြီးကို ကိုက်ချလိုက်သည်။ ခြေထောက်က အတော်မာ၏ သူသည် ၎င်းအား ဆုတ်ဖြဲရန်အတွက် ခွန်အားအကုန် အသုံးပြုလိုက်ရသည်။
၎င်းက သူ့အတွေးများထဲ နစ်မြုတ်စေပြန်သည်။
သူသည် ယခင် အမဲလိုက်ခဲ့သော ကိုင်းဂျူး သားရဲများကို အချိန်အတော်ကြာ လေ့လာပြီးနောက် ကိုင်းဂျူး သားရဲများသည် သေဆုံးပြီးချိန်တွင် ကြွက်သားများက နူးညံ့လာခဲ့ကြောင်း သိခဲ့ရသည်။
သူသည် ဤသေဆုံးပြီးသော ကိုင်းဂျူး သားရဲ၏ ခြေထောက်က အသားတစ်ခုကို ဆွဲဖြဲရန်ပင် ရုန်းကန်နေရသည်, ၎င်းက ၎င်းမသေဆုံးခင်ကဆိုလျှင် သာမာန်အပူလက်နက်များသည် ၎င်းအား မထိခိုက်စေနိုင်ဟု ဆိုလိုနေသည်။
ဤကိုင်းဂျူး သားရဲ၏ အဆင့်သည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ၎င်းကိုင်းဂျူး သားရဲများတွင် အလွန်ကြံခိုင်သော ခန္ဓာကိုယ် ကြွက်သားများနှင့် မာကျောမှုအပြင်, စွမ်းရည်တချို့လည်း ရှိကြသည်။
"ဒီကိုင်းဂျူး သားရဲရဲ့အဆင့်က ကိုင်တွယ်ရ ခက်ခဲတယ်။ ငါသူတို့နဲ့ ထိတ်တိုက်ရင်ဆိုင်တာ ရှောင်ရှားသင့်တယ်"
ဧရာမခြေထောက်ကို မြိုချပြီးနောက် ဖန့်ရန်သည် ဆုံးဖြတ်ချက် တစ်ခုချလိုက်၏။
ဤဖြစ်ရပ်သည် ဖန့်ရန်အတွက် မမျှော်လင့်ထားသော အခြေအနေပင် ဖြစ်သည်။ ဤအဆင့်ရှိ ကိုင်းဂျူး သားရဲများသည် ယခုအထိ ပေါ်မလာသင့်သေးပေ။ ၎င်းသားရဲများ ပေါ်လာခြင်းသည် သမုဒ္ဒရာအတွင်း သူ့အတွက်တောင် အန္တရာယ် ရှိလာစေသည်။
ဖန့်ရန်သည် အသက်ပြင်းပြင်း ရှူသွင်းရင်း, သူ၏ ဆင့်ကဲဖြစ်စဉ် အရှိန်ကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် မြို့ပျက်အတွင်း တစ်လခွဲခန့် လှည့်လည်သွားလာပြီးနောက် ပင်လယ်ပြင်သို့ ပြန်လာခဲ့သည်။
ဖန့်ရန် ပင်လယ်ပြင်သို့ ပြန်ရောက်သည့်နေ့တွင် ရာဂွန်နှင့် သူ၏ အဖွဲ့သားများသည် Plymouth မြို့တွင် ကြုံတွေ့ခဲ့ရသည်ကို နိုင်ငံ၏ ထိတ်တန်းအရာရှိများနှင့် အခြားအဓိကနိုင်ငံများဆီသို့ အစီရင်ခံခဲ့ကြသည်။
ထိုဖြစ်ရပ်များသည် ဖုံးကွယ်ထား၍ မသင့်ပေ။ စစ်ရေးနည်းပါးသော သူတို့နိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံများကို ထိုရှာဖွေတွေ့ရှိသမျှကို ပြောပြပြီး ပြဿနာကို ခွဲဝေဖြေရှင်းခိုင်းရမည်။
"ဒါဆို မစ္စတာ ရာဂွန်, ရှင့်တို့ Plymouth မြို့မှာ ကိုင်းဂျူး သားရဲတစ်ကောင်ရဲ့ အစားခံရတော့ မလိုဖြစ်နေချိန်မှာ ဧရာမမြွေကြီးက ကယ်တင်ခဲ့တယ်လို့ ပြောချင်တာလား?"
အစည်းအဝေးတစ်ခုတွင်, ရာဂွန်က ၎င်းတို့ ရိုက်ကူးထားခဲ့သော ဗီဒီယိုများကို နိုင်ငံအားလုံး၏ ကိုယ်စားလှယ်များကို ပြသနေချိန်တွင်, အမေရိကန်နိုင်ငံ၏ အမျိုးသမီးကိုယ်စားလှယ်တစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်လာပြီး သူ့ကို မေးလိုက်သည်။
"ဒါဆိုရင် ကျွန်မတို့အနေနဲ့ ကြီးမားတဲ့ ရှာဖွေတွေ့ရှိချက်လို့ ဒါကို ယူဆမပေးနိုင်ဘူး"
"မဒမ်၊ သေချာပြန်ကြည့်ပေးပါအုံး"
ရာဂွန်သည် အမေရိကန်နိုင်ငံ၏ ကိုယ်စားလှယ်ကို တစ်ချက်ကြည့်လိုက်ပြီး, ဗီဒီယို၏ အချိန်ဘားကို မိကျောင်း ကိုင်းဂျူးနှင့် ဆုံခဲ့သည့် အချိန်သို့ ပြန်ဆွဲလိုက်သည်။
မိကျောင်း ကိုင်းဂျူးသည် ၎င်း၏ ဦးခေါင်းကို မြှောက်ကာ ပါးစပ်ကို ဖွင့်ဟပြီး လေကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်အား သူတို့ ပြန်ကြည့်နေလိုက်သည်။
"ကျွန်တော်တို့ အဲဒီနေရာကို စရောက်တဲ့ အချိန်တုန်းက ဓါတ်ရောင်ခြည် ပြင်းအား အလွန်ကို မြင့်မားနေခဲ့တာ။ ဒါပေမယ့် ဒီကိုင်းဂျူး သားရဲက လေကို စုပ်ယူလိုက်ပြီးနောက်မှာတော့..."
ရာဂွန်သည် သူ၏ လက်ထဲရှိ ရာဘာတုတ်ကို ဖန်သားပြင်ပေါ်ရှိ ကိရိယာပုံရိပ်ဆီသို့ ထောက်ပြလိုက်သည်။
"ကိရိယာတွေက ထောက်လှမ်းမိနေတဲ့ ဓါတ်ရောင်ခြည် ပြင်းအားက သိသိသာသာ လျော့ကျသွားတယ်"
သူ၏ စကားများကို ကြားပြီးနောက် အစည်းအဝေးရှိ ညီလာခံ လူတိုင်းသည် တီးတိုးပြောလာကြ၏။
.....