← Chapters

နူကလီးယား ဆောင်းရာသီ

Vol. 15 Ch. 210

နူကလီးယား ဆောင်းရာသီ

Vol. 15 Ch. 210

ဖန့်ရန်သည် ကမ်းခြေဆီသို့ ပြန်ရောက်ချိန်တွင် သူ့အား စောင့်နေသော ဧရာမလိပ်ကြီး၏ ကျောပေါ်ကို တက်၍ သမုဒ္ဒရာအတွင်း လှည့်လည်သွားလာခဲ့သည်။

သူသည် မြို့ပျက်ကြီးအတွင်း မိကျောင်း ကိုင်းဂျူးနှင့် တိုက်ခိုက်ချိန်တွင် သူ၏ အကြေးခွံများက ပိုပြီး ကွာကျလာကာ တိုက်ခိုက်ခြင်းဖြင့် ဆင့်ကဲဖြစ်စဉ် အရှိန်ကို မြှင့်တင်ပေးနိုင်မှန်း နားလည်ခဲ့သည်။

သူသည် ပင်ပန်းနွမ်းနယ်သော ခံစားချက်ကို ခံစားနေရသော်လည်း, ကိုင်းဂျူး သားရဲတစ်ကောင်နှင့် ကြုံတွေ့ခဲ့မည်ဆိုလျှင် ၎င်းအား အလွတ်ပေးမည် မဟုတ်ပေ။

ဖန့်ရန်သည် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူသည် အာဖရိကတိုက် ကမ်းရိုးတန်းတစ်ဝိုက်ကို လှည့်ပတ်ပြီး အိန္ဒိယသမုဒ္ဒရာသို့ သွားရန် စီစဉ်ထားသည်။ သူသည် အိန္ဒိယသမုဒ္ဒရာ၌ ကိုင်းဂျူး သားရဲအများအပြား ရှိဖို့ မျှော်လင့်ထားသည်။

သူ၏ ဂုဏ်သတင်းရမှတ်သည်, (၄) ဘီလီယံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ စနစ်သည် ကျွမ်းကျင်မှုရမှတ် (၁၃) ဆုလာဘ်အဖြစ်ပေးခဲ့သောကြောင့် သူ၏ ကျွမ်းကျင်မှုရမှတ်သည်, ကျန်ရှိသည့် ကျွမ်းကျင်မှုရမှတ် (၁၁) နှင့် စုပေါင်းကာ ကျွမ်းကျင်မှုရမှတ် (၂၄) ဖြစ်သွားခဲ့သည်။

ထိုကျွမ်းကျင်မှုရမှတ်သည် စွမ်းရည်တစ်ခုအား အဆင့်မြှင့်တင်နိုင်သော ပမာဏ ဖြစ်သည်။

ဖန့်ရန်သည် အိုဗာကလော့ တုန်ခါမှု စွမ်းရည်ကို အဆင့်မြှင့်တင်လိုက်သည်။ သူသည် ထိုစွမ်းရည်အား အဆင့်မြှင့်တင်ပြီးနောက် သူ့လည်ချောင်းအတွင်းက အသံလှိုင်း ထုတ်လုပ်ပေးသော အင်္ဂါအစိတ်အပိုင်းသည် ပြောင်းလဲသွားသလို့ ခံစားခဲ့ရသည်။

အသံလှိုင်း၏ လွှမ်းခြုံနိုင်သော အကွာအဝေးနှင့် သေစေနိုင်စွမ်းသည်, တိုးလာခဲ့မှန်း ရေမျက်နှာပြင်ပေါ်တွင် မေ့မြောနေသော သန္ဓေပြောင်း မီဂါလိုဒွန်ကို ကြည့်ကာ သူတွေးလိုက်သည်။

သို့သော် အိုဗာကလော့ တုန်ခါမှု စွမ်းရည် ဖော်ပြချက်တွင် ဖော်ပြထားသည့်အတိုင်း အရာဝတ္ထုများ၏ ကြိမ်နှုန်းကို ခွဲခြမ်းစိတ်ဖြာကာ သက်ဆိုင်ရာ အသံလှိုင်းများဆီသို့ ပြန်ပို့ခြင်းဖြင့် ထိုအရာဝတ္ထုကို ဖျက်ဆီးခြင်းအား သူလုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

သူသည် အိုဗာကလော့ တုန်ခါမှု စွမ်းရည်အား အကြိမ်အနည်းငယ် အဆင့်မြှင့် တင်ပြီးနောက် ထိုစွမ်းရည်အား ရရှိဖို့ရန် မျှော်လင့်ထားသည်။

အကယ်၍ သူသာ ထိုစွမ်းရည်ကို ရခဲ့မည်ဆိုလျှင် ကိုင်းဂျူး သားရဲအား တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပြီး ရန်ဘက် ကိုင်းဂျူး သားရဲကို အစိတ်အပိုင်းများစွာအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။

ဖန့်ရန်နှင့် ဧရာမလိပ်ကြီးတို့သည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း နှစ်လကြာ လှည့်လည်သွားလာခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် ဧရာမလိပ်ကြီး၏ ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများစွာကို ဆွဲဆောင်နိုင်စွမ်းဖြင့် သူသည် စနစ်အမှတ်များစွာကို ရိတ်သိမ်းနိုင်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာနှင့် နီးကပ်လာသည်နှင့် အမျှ ကိုင်းဂျူး သားရဲများနှင့် ကြုံတွေ့ရသော အကြိမ်လည်း ပိုများလာခဲ့သည်။ သူသည် တစ်နေရာ၌ ကိုင်းဂျူး သားရဲနှစ်ကောင် အတူတူ ရွေ့လျားနေသည်ကို တွေ့ခဲ့ရသည်။

ဖန့်ရန်သည် ထိုအားနည်းသော ကိုင်းဂျူး သားရဲနှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူ၏ အကြေးခွံများသည် ကွာကျကုန်၏။ သုံးရက်အကြာတွင် သူ၏ အကြေးခွံအားလုံး ကွာကျသွားပြီး, ဆင့်ကဲဖြစ်စဉ် ပြီးဆုံးသွားခဲ့သည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုသည် သူ၏ ခန္ဓာကိုယ် အရှည်ကို မီတာ (၁၀၀) ဖြစ်စေခဲ့ပြီး အချင်းကို (၃) မီတာအထိ တိုးစေခဲ့၏။

ဆင့်ကဲဖြစ်စဉ် အပြီးတွင် စနစ်က ဆုလာဘ်အဖြစ် ကျွမ်းကျင်မှုရမှတ် (၂၃) မှတ် ချီးမြှင့်ခဲ့ပြီး, သူက မိုးကြိုးဒိုမိန်ကို (၃) ကြိမ်မြောက် အဆင့်မြှင့်တင်ရန် အသုံးပြုလိုက်သည်။

မိုးကြိုးဒိုမိန်အား အသက်သွင်းလိုက်ချိန်တွင် သူ့အား ဗဟိုထားသော ခရမ်းရောင် မိုးကြိုးနယ်မြေတစ်ခုသည် အချင်း မီတာ (၂၀၀) ကို လွှမ်းခြုံကာ ပေါ်လာခဲ့သည်။

မိုးကြိုး၏ စွမ်းအားသည် များစွာ တိုးလာခဲ့၏။ ၎င်းသည် သဘာဝမိုးကြိုးထက် အဆင့်အနည်းငယ် နိမ့်ပါးသော်လည်း ဗို့အား သန်း (၁၀၀) ခန့်တော့ ရှိဆဲဖြစ်သည်။

၎င်းအဆင့်မြှင့်တင်မှုတွင် လျှပ်စစ်သံလိုက်လှိုင်း တိုက်ခိုက်မှုလည်း သဘာဝအတိုင်း ပါဝင်လာခဲ့သည်။ ၎င်းသည် သူ့ပတ်ဝန်းကျင်ရှိ သက်ရှိများကို စိတ်မသက်မသာဖြစ်စေကာ ကြောက်ရွံ့စေနိုင်ခြင်း ဖြစ်သည်။

သက်ရှိက အရွယ်အစားငယ်လေလေ, အားနည်းလေလေ ထိုလျှပ်စစ်သံလိုက်လှိုင်း တိုက်ခိုက်မှုက ပိုထိရောက်လေလေ ဖြစ်သည်။ ၎င်းသည် နဂါးတစ်ကောင်၏ ဖိအား,အရှိန်အဝါ, တို့နှင့် ပို၍ ဆင်တူလာခဲ့သည်။

သူသည် ၎င်း၏ သက်ရောက်မှုကို ရှေးဟောင်း သားရဲတစ်ကောင်နှင့် စမ်းသပ်ခဲ့ပြီး ရလဒ်က စိတ်ကျေနပ်စရာပင် ဖြစ်သည်။

ပထမဦးစွာ သူသည် ရှေးဟောင်း သားရဲတစ်ကောင်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ထိုအထူးလျှပ်စစ်သံလိုက်စက်ကွင်းကို ထုတ်လွှတ်ခဲ့၏။

ထိုရှေးဟောင်း သားရဲသည် ချက်ချင်း ထွက်ပြေးခဲ့သော်လည်း သူသည် ၎င်းနောက် လိုက်ပါသွားခဲ့ပြီး လျှပ်စစ်သံလိုက်စက်ကွင်းကို ဆက်လက်ထုတ်လွှတ်နေခဲ့သည်။ လျှပ်စစ်သံလိုက်လှိုင်း စက်ကွင်းအတွင်း အချိန်ကြာလာသည်နှင့် အမျှ ထိုရှေးဟောင်း သားရဲသည် ကြောက်ရွံမှုကြောင့် ပို၍ ပို၍ ရူးသွပ်လာခဲ့ပြီး နောက်ဆုံးတွင် သတိလစ်သွားခဲ့၏။

ထိုစမ်းသက်ချက်သည် ဖန့်ရန်ကို အလွန်စိတ်ကျေနပ်စေခဲ့သည်။ သူသည် သူ၏ နဂါးနယ်ပယ်နှင့် ဆင်တူသော စွမ်းရည်ကို ပိတ်လိုက်ပြီး ဆက်လက်ခရီးဆက်ခဲ့သည်။

....

ကိုင်းဂျူး သားရဲများနှင့် ပတ်သက်သော မထင်မှတ်ထားသည့် တွေ့ရှိချက်တစ်ခုက ကမ္ဘာတစ်ဝှမ်းရှိ လူသားများ၏ စိတ်နှလုံးထဲကို အမှောင်ဖုံးစေခဲ့သည်။

ကိုင်းဂျူး သားရဲတွေက နူကလီးယားဓါတ်ရောင်ခြည်ကို ကြိုက်နှစ်သက်တယ်...။

လူသားများ၏ စိုးရိမ်စရာတစ်ခုဖြစ်သော ဓါတ်ရောင်ခြည်သည်, ကိုင်းဂျူး သားရဲများ၏ ကြိုက်နှစ်သက်ခြင်း ခံရခြင်းကြောင့် အမှန်တကယ်ကို လူသားများ ဝမ်းမြောက်ပျော်ရွှင်သင့်သည်။

သို့သော် နူကလီးယားဓါတ်ရောင်ခြည်ဟူသော စကားလုံးသည်, လူသားများအတွက် အလွန်ထိခိုက်လွယ်သော အရာဖြစ်သည်။ ၎င်း၏ အနောက်တွင် သန္ဓေပြောင်းခြင်းဟူသော စကားလုံးက ယှဉ်တွဲလျက်ပါလာတတ်၏။

၎င်းက သိပ္ပံပညာရှင်များအတွက် စိုးရိမ်ကိစ္စတစ်ခု ဖြစ်သည်။ သူတို့သည် ကိုင်းဂျူး သားရဲများက နူကလီးယားဓါတ်ရောင်ခြည်ကို ပမာဏတစ်ခုအထိ မျိုချပြီးနောက် သန္ဓေပြောင်း သွားမည်ကို စိုးရိမ်မိကြသည်။

လူတိုင်းသည် ကိုင်းဂျူး သားရဲများ သန္ဓေပြောင်းသွားမည်ကို စိုးရိမ်မိသော်လည်း နူကလီးယားလက်နက်ကို ဆက်လက်အသုံးပြုနေရဆဲ ဖြစ်သည်။

အကယ်၍ မိဂါ.ကိုင်းဂျူး သားရဲသာ ကျူးကျော်လာမည်ဆိုလျှင် အခြားလက်နက်ကို အသုံးပြု၍ ၎င်းအား သတ်ဖြတ်နိုင်သော နည်းလမ်းမရှိပေ။

အဆင့် (၅) ကိုင်းဂျူး သားရဲများ ပထမဆုံးအကြိမ် ပေါ်လာပြီးနောက် ၎င်းတို့ကျူးကျော်လာခဲ့သော ကာလသည် ခြောက်လပင် ရှိခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း အဆင့် (၅) ကိုင်းဂျူး သားရဲ အကောင် (၁၀၀) ကျော်ကို နူကလီးယားဗုံး အလုံး (၁၀၀) ကျော် အသုံးပြုကာ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော နူကလီးယားဗုံး အရေအတွက်ဖြင့် ကမ္ဘာ့နေရာအနှံ့အပြားရှိ မိုးကောင်းကင်အောက်တွင် မှိုပုံသဏ္ဍာန် ပေါက်ကွဲမှုအရေအတွက် များစွာ ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုက ကျွင်းကျန်ရစ်ခဲ့သော ပြာမှုန်များသည် ကမ္ဘာ့နေရာအနှံ့အပြား၌ နေရောင်ခြည်အား ပိတ်ဆို့ခဲ့ပြီး အေးစက်ကာ ရောဂါထူပြောသော နူကလီးယား ဆောင်းရာသီ အဖြစ် ပြောင်းလဲသွားစေခဲ့သည်။

မြို့ပြများစွာ၏ ကောင်းကင်ယံသည် မြူမှုံများ အစဉ်ဖုံးလွှမ်းနေပြီး လမ်းသွား,လမ်းလာ လူအများက မျက်နှာဖုံးများ ဝတ်ဆင်ထားခဲ့ရသည်။

ကောင်းကင်ပြာနှင့် တိမ်ဖြူ,ဖြူသည် ကုန်းမြင့်ဒေသတွင်သာ မြင်တွေ့နိုင်သည်။ လူအများသည် အားလပ်ချိန်တွင် လေကောင်းလေသန့် ရှူဖို့ရန်အတွက် ကုန်းမြင့်ဒေသများသို့ သွားရောက်ခြင်းဖြင့် အချိန်ဖြုန်းလာခဲ့သည်။

နူကလီးယား ဆောင်းရာသီတွင်, အပူချိန်က နိမ့်ပါးလာခဲ့ပြီး, ပေါက်ကွဲမှုနှင့် အနီးဆုံးသော ဒေသများမှာတော့ နေရောင်ခြည်သည် ပြာမှုံများကြောင့် လုံးဝ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။

၎င်းတွင် နေရောင်ခြည် လိုအပ်သော သီးနှံစိုက်ပျိုးခြင်းကို ကြီးမားစွာ ထိခိုက်ခဲ့ရသည်။ ထိုကြောင့်ပင် နိုင်ငံများစွာသည် သီးပင်,စားပင်များကို ဧရိယာအချို့၌ ပေါက်ရောက်လာစေရန်အတွက် အထူးကြိုးစားခဲ့ရသည်။

ကံကောင်းထောက်စွာဖြင့် သန္ဓေပြောင်း သားရဲများ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြင့် သီးနှံအထွက်တိုးစေသော စူပါဓာတ်မြေဩဇာကို ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့်သာ မဟုတ်ခဲ့လျှင် နိုင်ငံများစွာသည် စားနပ်ရိက္ခာပြဿနာဖြင့် အငတ်ဘေးစိုက်ကာ ပျက်စီးသွားနိုင်သည်။

နူကလီးယားဗုံး၏ ဓါတ်ရောင်ခြည်သင့်ခြင်း အပြင် အဆင့် (၄), အဆင့် (၅) ကိုင်းဂျူး သားရဲများ၏ သေဆုံးမှုက ဖြသ်ပေါ်လာသော အဖြူရောင်အဆိပ်ဓာတ်ငွေ့သည် လူသားများ၏ ကျန်းမားရေတွင် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည်။

နေ့စဉ်,နေ့တိုင်း လူအချို့သည် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း သို့မဟုတ် အဆုတ်ရောင်ရမ်းခြင်းကြောင့် သေဆုံးနေကြသည်။

လူအများအပြားသည် အစိမ်းရောင် ပင်လယ်ပြင်ရှိ အာကာသလမ်းကြောင်းကို ဗုံးကြဲရန် ဆုံးဖြတ်ခဲ့သော အဆင့်မြင့်အရာရှိများကို ဆဲဆိုကြိမ်းမောင်းစ ပြုလာကြသည်။ ၎င်းတို့ထဲတွင် ဗုံးကြဲရန် ပထမဦးစွာ စတင်အဆိုပြုခဲ့သော ရုရှားအဆင့်မြင့်အရာရှိများက အခံရဆုံး ဖြစ်သည်။

လူအများစုသည် အကယ်၍ အာကာသလမ်းကြောင်းကိုသာ ဗုံးမကြဲလျှင် အဆင့် (၅) ကိုင်းဂျူး သားရဲ အများကြီး ပေါ်လာမှာ မဟုတ်ဟု ထင်နေခဲ့ကြသည်။

ကံကောင်းထောက်စွာဖြင့် သိပ္ပံပညာရှင်များ၏ ကိုင်းဂျူး သားရဲသုတေသနသည်, ရလဒ်ကောင်းများ ရလာခဲ့ပြီး မီဒီယာများဆီသို့ သတင်းကောင်း ထုတ်ပြန်ခဲ့သည်။

.....

All Chapters