← Chapters

မြေကမ္ဘာ နတ်ဘုရား တစ်ပိုင်း

Vol. 7 Ch. 619

မြေကမ္ဘာ နတ်ဘုရား တစ်ပိုင်း

Vol. 7 Ch. 619

မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်သည် မူလ တာအိုခန္ဓာ ဖြစ်ပြီး မူလဝိညာဉ် အဆင့်သို့ ချိုးဖျက်ပြီးသည့် ကျင့်ကြံသူများသာ ရရှိနိုင်သော ခန္ဓာကိုယ် ဖြစ်သည်။

မူလကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် အမြောက်များ၊ မိုင်းများ ပေါက်ကွဲမှုကို တိုက်ရိုက်ပင် ခုခံနိုင်သည်။ အသေးစား နျူကလီးယား များပင်လျှင် ထိုခန္ဓာကိုယ်အား မဖျက်ဆီးနိုင်ချေ။

ချန်းဖန်၏ အဇူရာသက်ရှည် ခန္ဓာကိုယ်မှာ စဦး အဆင့်ကို အောင်မြင်ပြီး ဖြစ်ရာ မြေကမ္ဘာအဆင့် ခန္ဓာကိုယ်များနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ထို့အပြင် သူသည် များစွာသော နတ်ဘုရား စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသေး၏။

လွန်ခဲ့သည့် ငါးနှစ် အတွင်း ချန်းဖန် ကြုံတွေ့ဖူးသူများ၌ အမှောင်မြို့စားတို့ ငါးယောက်သာလျှင် မြေကမ္ဘာအဆင့် ခန္ဓာကိုယ်နှင့် အနီးကပ်ဆုံး ဖြစ်သည်။

သူတို့ကား ကမ္ဘာပေါ်၌ သွေးစုပ်ဖုတ်ကောင်ဟု ခေါ်ကြသည့် အမှောင်သွေးမျိုးဆက် သွေးရောများ ဖြစ်ကြပြီး ပြိုင်ဘက်ကင်း ပြန်လည် ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူတို့ပင်လျှင် ချန်းဖန်၏ လက်၌ သေဆုံးခဲ့ရသည်။

"ရဲ့ချင်စန်းမှာ အစ ကတည်းက မြေကမ္ဘာအဆင့် ခန္ဓာကိုယ် ရှိနှင့်နေတာလား"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်ရင်း စဉ်းစားလိုက်၏။

"ဒါပေမဲ့ သာမန် မြေကမ္ဘာအဆင့် ခန္ဓာကိုယ်တောင် ကြာပန်းတစ်ထောင်ကို တားဆီးဖို့ မဖြစ်နိုင်ဘူး… သူက အကာအကွယ် ဝိညာဉ် ဝတ်စုံတစ်ခုကို ထပ်ပြီး ဝတ်ထားတာ ထင်တယ်"

ဓမ္မ ရတနာများ အားလုံး၌ အကာအကွယ် ဝိညာဉ် ရတနာများမှာ ပြုလုပ်ရန် အခက်ခဲဆုံး ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ သာမန် အဆင့်နိမ့် အကာအကွယ် ရတနာ တစ်ခုပင်လျှင် အလယ်အလတ် အဆင့် ဝိညာဉ် လက်နက်တစ်ခု၏ တန်ဖိုး ရှိသည်။

ချန်းဖန် တွေးတော နေစဉ်မှာပင်…

"ဘုန်း…"

ကျောက်ဆောင်က ကျယ်လောင်စွာ ပေါက်ကွဲ၍ သွေးရောင်အရိပ် တစ်ခု တိုးထွက်လာ၏။ ထိုအရိပ်ကား "ရဲ့ချင်စန်း" မှ လွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။

ရဲ့ချင်စန်း၏ နှုတ်ခမ်းတွင် သွေးစ အချို့ ရှိနေကာ သူ၏ ဆံပင်ရှည်များက လေနှင့် အတူ ဝှေ့ယမ်း ကခုန်နေ၏။

သူ၏ ခန္ဓာကိုယ်တွင်မူ ရင်ဘတ်၌ ကြာပန်းရာ အချိုင့်တစ်ခု ပေါ်လွင်နေသော ဝတ်စုံတစ်ခုကို ဆင်မြန်းထား၏။ ချန်းဖန်၏ လက်ဝါးချက်က ဝတ်စုံ၌ နက်ရှိုင်းစွာ ထင်ကျန် နေသည့်တိုင် ရဲ့ချင်စန်း၏ ပုံစံက ဒဏ်ရာ ရရှိနေပုံ မရချေ။

"အဘိုး အသက်ရှင်နေသေးတယ်…"

ရဲ့ရီရန်က ပျော်ရွှင်စွာ ထခုန်လိုက်သည်။

"ဒါက… ဘယ်လို ဖြစ်နိုင်မှာလဲ"

တန်ခိုးရှင်များ၏ မျက်နှာ အမူအရာများက ချက်ချင်းပင် လေးနက်သွား၏။

"သူက မိစ္ဆာ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားပြီလား"

ဂုရုကြီး ဂုဂျာက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ချန်းဖန်၏ နောက်ဆုံး တိုက်ခိုက်မှုက သာမန် မြေကမ္ဘာ အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ကြောင်း သူတို့ ကျိန်းသေ သိသည်။

သို့သော်လည်း ရဲ့ချင်စန်းက ဘာမှ မဖြစ်သလိုပင် ပြန်လည် ထလာခဲ့သည်။ ထိုသို့သော အရာက ယုံကြည်ရန် ခက်ခဲလှ၏။

"ချန်းပေ့ရွှမ်း… မင်းမှာ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ် ရှိတယ်… ငါ့မှာလည်း ရှိတယ်"

"မင်းမှာ ရတနာ ရှိတယ်… ငါ့မှာလည်း ရှိတယ်"

"မင်းမှာ ဝှက်ဖဲတွေ ရှိတယ် ဆိုရင်တောင် ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က မင်းထက် မြင့်တယ်… ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားနဲ့ ငါက ကျင့်စဉ်တွေ တိုက်ခိုက်မှုတွေကို မဆုံးမရှိ ထုတ်သုံးနိုင်တယ်... မင်း ငါ့ကို ဘယ်လို ယှဉ်နိုင်မှာလဲ"

ရဲ့ချင်စန်းက ကောင်းကင်၌ ရပ်ရင်း ချန်းဖန်အား ငုံ့ကြည့်လိုက်၏။

သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ နတ်ဘုရား မီးတောက်များက တဟုန်းဟုန်း တောက်လောင်ကာ အနီရောင် အလင်းများကို ထုတ်လွှတ်နေ၏။ ရဲ့ချင်စန်းကား သူ၏ ဝှက်ဖဲကို ထုတ်သုံးတော့မည့် ပုံပင်။

မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ကား ကမ္ဘာ၏ တန်ဖိုး အရှိဆုံး ခန္ဓာကိုယ်ဟုပင် ဆိုနိုင်သည်။ ထိုခန္ဓာကိုယ်ဖြင့် ဆိုလျှင် ရဲ့ချင်စန်းသည် တန်ပြန် သက်ရောက်မှု အတွက် စိတ်ပူစရာ မလိုပဲ ကောင်းကင်နှင့် မြေကြီး၏ အစွမ်းကို အပြည့်အဝ ငှားယမ်းကာ အသုံးပြု နိုင်ပေလိမ့်မည်။

"မြေကမ္ဘာ အဆင့် တစ်ယောက် ဖြစ်လာဖို့ ဆိုရင်… မူလအဆင့် ဝိညာဉ် မူလအဆင့် ခန္ဓာကိုယ် မူလအဆင့် စွမ်းအား သုံးခုကို ပိုင်ဆိုင်ထားဖို့ လိုတယ်… မင်းမှာ လိုနေတာက တစ်ခုပဲ ရှိတော့တာပဲ"

ချန်းဖန်က ခေါင်းညိတ် အသိအမှတ် ပြုလိုက်၏။ သို့သော်လည်း သူ၏ အမူအရာက အကြောက်အလန့် ကင်းမဲ့ နေဆဲပင်။

"ရဲ့ချင်စန်း… မင်းက မြေကမ္ဘာ အဆင့် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်… ဒါပေမဲ့ နှမြောစရာက မြေကမ္ဘာ အဆင့် တစ်ယောက်တောင် ငါ့ကို မနိုင်နိုင်ဘူး"

ချန်းဖန်က လက်သီးကို ဆုပ်လိုက်သည်နှင့် သွေးများက သူ၏ ခန္ဓာကိုယ် အတွင်း အရှိန်ပြင်းစွာ စီးဆင်းတော့၏။

"မင်းနဲ့ ငါ့အကြားမှာ ဘယ်လောက် ကွာခြားနေလဲ ပြရသေးတာပေါ့"

"ဘုန်း…"

ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်က အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ သူ၏ လက်သီးက အသံထက် သုံးဆ မြန်သော နှုန်းဖြင့် ရဲ့ချင်စန်းအား ထိုးလိုက်၏။

"သွေးသတ်ဖြတ်ခြင်း လက်သီး…"

ရဲ့ချင်စန်းကလည်း အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ လက်သီး တစ်ချက် ပြန်လည် ထိုးလိုက်သည်။

သူ၏ လက်သီးချက်က သွေးပင်လယ်ကြီး တစ်ခုကို ဖြစ်ပေါ်စေကာ ကောင်းကင် တစ်ဝက်အား သွေးဖြင့် ဖုံးလွှမ်း၏။

"ဘုန်း… ဘုန်း… ဘုန်း…"

အဇူရာ လက်သီးနှင့် သွေးအလင်းများက ကောင်းကင်တွင် အကြိမ်ကြိမ် တိုက်ခိုက်ကြသည်။

သူတို့၏ တိုက်ခိုက်မှု တစ်ခုချင်းစီက လျှပ်စီးများ အလား လျင်မြန်ကာ လေယာဉ်တင် သင်္ဘောကြီးများ၏ လေးပင်မှုကို သယ်ဆောင်ထား၏။

တန်ခိုးရှင်အဆင့်များမှ လွဲ၍ မည်သူကမျှ ထိုတိုက်ပွဲကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။

"ရဲ့ချင်စန်းက တကယ့်ကို တော်တဲ့ လူပဲ… သူက မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ကို ရရှိခဲ့ပြီးတော့ အစစ်အမှန် မြေကမ္ဘာ အဆင့်နဲ့ ခြေတစ်လှမ်း အလို အထိ ကျင့်ကြံနိုင်ခဲ့တယ်… လွန်ခဲ့တဲ့ နှစ်တစ်ထောင် အတောအတွင်း သူ့လို ထူးချွန်တဲ့လူ ငါ မတွေ့ဖူးဘူး"

ဂုရုကြီး ဂုဂျာက သက်ပြင်း တစ်ချက် ချလိုက်သည်။

"ဒါပေမဲ့ ချန်းပေ့ရွှမ်းက သူ့ထက်တောင် ပိုပြီး အစွမ်းထက်နေတယ်… သူက ရဲ့ချင်စန်းကို တိုက်ပွဲ အစ ကတည်းက အခုထိ ဖိအား ပေးထားနိုင်တုန်းပဲ"

သာမန် လူများ အနေဖြင့် တိုက်ပွဲကို မမြင်နိုင်သည့်တိုင် တန်ခိုးရှင်များကမူ ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။

ရဲ့ချင်စန်းသည် မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ကို ထုတ်ပြ ခဲ့သော်လည်း ချန်းပေ့ရွှမ်းက သူ့ထက် ပို၍ အစွမ်းထက် နေဆဲ ဖြစ်သည်။ သူသည် မည်သည့် ဓမ္မရတနာ၊ အစီအရင်ကိုမှ မသုံးပဲ ရဲ့ချင်စန်းအား အသာစီး ယူနိုင်နေဆဲ ဖြစ်သည်။

"ဘုန်း…"

လက်သီးချင်း ထိပ်တိုက်တွေ့ရာ ချန်းဖန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။ တစ်ချိန်တည်း၌ ရဲ့ချင်စန်း၏ ခန္ဓာကိုယ်ကမူ နောက်သို့ လွင့်စဉ်သွားရသည်။

ဝိညာဉ် အကာအကွယ် ဝတ်စုံကြောင့်သာ မဟုတ်လျှင် သူ ဒဏ်ရာပင် အကြီးအကျယ် ရသွားလောက်ပြီ ဖြစ်သည်။

"သောက်ဒုက္ခပဲ… မြေကမ္ဘာ အဆင့် ခန္ဓာကိုယ်ချင်း အတူတူကို သူက ဘာလို့ ပိုပြီး အစွမ်းထက် နေရတာလဲ"

ရဲ့ချင်စန်းမှာ ထိတ်လန့်၍ပင် လာခဲ့သည်။

ချန်းဖန်၏ အမြန်နှုန်း၊ ခွန်အား၊ ဉာဏ်အလင်း အရာရာက သူ့ထက် အဘက်ဘက်မှ သာလွန် နေသည်။ အထူးသဖြင့် ချန်းဖန်၏ အလွန် သန်မာသော ခန္ဓာကိုယ်အား ရဲ့ချင်စန်းပင်လျှင် ထိတ်လန့်မိရသည်။

"မင်းက… ကျင့်ကြံခြင်း အကြောင်း ဘာမှ မသိသေးဘူးပဲ"

ချန်းဖန်က ရဲ့ချင်စန်းအား ကြည့်ရင်း ခေါင်းခါလိုက်မိ၏။

သူ၏ ခန္ဓာကိုယ်ကား စကြဝဠာ အတွင်း၌ အစွမ်း အထက်ဆုံး ခန္ဓာကိုယ် ဖြစ်သည်။ ကျင့်ကြံခြင်း လောက၏ အစွမ်းထက်ပါသည် ဆိုသော ခန္ဓာကိုယ်များပင် အဆင့်တူ၌ သူ၏ ခန္ဓာကိုယ်အား မယှဉ်နိုင်ချေ။

ရဲ့ချင်စန်း ပိုင်ဆိုင်ထားသော သာမန် မူလ ခန္ဓာကိုယ်လေးက သူ့အား မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

"လာစမ်း…"

ရဲ့ချင်စန်းက အော်ဟစ်ရင်း သူ၏ ဓားမြှောင်အား ဆွဲကိုင်လိုက်၏။

သူ့တွင် အဆင့်မြင့် ဝိညာဉ်လက်နက် ရှိပြီး သူ၏ ခန္ဓာကိုယ်တွင်လည်း ဝိညာဉ် အကာအကွယ် ဝတ်စုံ ရှိသည်။

မြေကမ္ဘာ အဆင့် ခန္ဓာကိုယ် မြေကမ္ဘာ အဆင့် ကောင်းကင်နှင့် မြေကြီးတို့၏ စွမ်းအား ပေါင်းစပ်မှုတွင် သူက မည်သည်ကို ကြောက်လန့်ရဦးမည်နည်း။

တောင်ထိပ်၌ လေပြင်းများက မုန်တိုင်း တစ်ခု အလား စတင် တိုက်ခတ်လာ၏။

"ဟမ့်…"

ချန်းဖန်က သူ့ထံသို့ ရူးသွပ်စွာ တိုးဝင်လာသော ရဲ့ချင်စန်းကို ကြည့်၍ နှာခေါင်း ရှုံ့လိုက်၏။

"ရဲ့ချင်စန်း… မင်းမှာ မြေကမ္ဘာ အဆင့် ခန္ဓာကိုယ် ဝိညာဉ်အကာအကွယ် ဝတ်စုံ အဆင့်မြင့် ဝိညာဉ် လက်နက်တို့ ရှိရုံနဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား"

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ထိတွေ့လိုက်ရာ ရောင်စုံ အလင်းများ ဖြာထွက် လာသည်။ တစ်ချိန်တည်းတွင်ပင် ရှေးဟောင်း ချိပ်တံဆိပ်က သူ၏ ခေါင်းထက်တွင် တည်၏။

"မိုးကြိုးငါးခု ချိပ်တံဆိပ်…"

မိုးကြိုးငါးခု ချိပ်တံဆိပ် ပေါ်ထွက်လာသည်နှင့် တန်ခိုးရှင်များ အပါအဝင် လူတိုင်း တိတ်ဆိတ် သွားကြတော့၏။

ကျွန်းတစ်ကျွန်းအား ဖျက်ဆီးရန် အတွက် ချန်းဖန် ထိုလက်နက်ကို သုံးခဲ့ခြင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ချေ။ ဤနေရာ၌ ရှိသော သာမန်လူများ ပင်လျှင် ထိုလက်နက်၏ ဒဏ္ဍာရီကို ကြားဖူးကြသည်ချည်း ဖြစ်သည်။

"မိုးကြိုးငါးခု… အမိန့်နာခံစမ်း"

ချန်းဖန်က လေထုအား လက်ဖြင့် ညွှန်လိုက်၏။

"ဘုန်း…"

မိုးကြိုးငါးခု ချိပ်တံဆိပ်က ပြင်းထန်စွာ တုန်ခါလာကာ အရောင်ငါးခု ရောနှောနေသော အဖြူ၊ အနက် အလင်းများအား ထုတ်လွှတ်သည်။

ထို အဖြူ၊ အနက် အလင်းများက ပြင်းထန်သော မိုးကြိုးစွမ်းအားကို သယ်ဆောင်ထားရာ မြေကမ္ဘာ အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပုံ ပေါ်၏။

"မိုးကြိုးငါးခု ချိပ်တံဆိပ်…"

ရဲ့ချင်စန်း၏ မျက်နှာက ရုတ်ခြည်းပင် ဖြူရော် ကျသွားတော့၏။

***

All Chapters