← Chapters

ရန်ကျင်းကို ဖုံးလွှမ်းသော အနီရောင် မေပယ် သစ်ရွက်များ

Vol. 7 Ch. 628

ရန်ကျင်းကို ဖုံးလွှမ်းသော အနီရောင် မေပယ် သစ်ရွက်များ

Vol. 7 Ch. 628

"အမေရိကန် သမ္မတကတောင် ချန်းပေ့ရွှမ်းရဲ့ စေ့စပ်ပွဲကို ဂုဏ်ပြုဖို့ သူ့ရဲ့ ကိုယ်စားလှယ်ကို စေလွှတ်လိုက်တာလား"

ဝမ်ကဲ့ရှန်းက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

ထိုအရာကား အမေရိကန် ဖြစ်သည်။

အမေရိကန်သည် ကမ္ဘာ၏ စိုးမိုးသူ ဖြစ်ကာ နိုင်ငံပေါင်း များစွာ၏ ကံကြမ္မာကို ထိန်းချုပ်ထားနိုင်သော မဟာ အင်အားကြီး နိုင်ငံကြီး ဖြစ်သည်။

ထိုသို့သော အမေရိကန်ကပင် သူတို့၏ ကိုယ်စားလှယ်အား စေလွှတ်ခဲ့ရရာ ချန်းဖန်၏ အဆင့်အတန်းက မည်မျှအထိ မြင့်မား နေပြီနည်း။

ဝမ်ချန်းချန်း၏ ဖခင် ဝမ်ကဲ့တုန်း၏ မျက်နှာ၌ နောင်တရသော အမူအရာများ စိုးမိုး လာခဲ့၏။

"ငါတို့က အစ်မရှောက်ယွင်ရဲ့ ကလေးကို အထင်သေးခဲ့မိတာပဲ ... ငါက သူ့ကို မှော်ပညာ တတ်တဲ့ လူတစ်ယောက်လို့ပဲ ထင်ထားတာ ... အမေရိကန်တောင် သူ့ကို လေးစားရလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိဘူး"

အမေရိကန် ကဲ့သို့သော နိုင်ငံသည် သာမန် လူတစ်ယောက်အား လေးစားမှုကို တကူးတက ပြသမည် မဟုတ်ချေ။

သူတို့၏ လေးစားမှု ခံရသူတိုင်းက ကမ္ဘာ၏ အထွတ်အထိပ်၌ နေနိုင်ကြသူချည်းသာ ဖြစ်သည်။ ထိုအရာက ချန်းဖန်၏ အဆင့်အတန်း အမှန်ကို ထင်ရှားစွာ ပေါ်လွင် စေသည်။

"ငါတို့သာ အမေ ရှောက်ယွင်နဲ့ အစ်ကို ကောရှင်းတို့ကို အတိတ်က အမှားတွေ အတွက် တောင်းပန်ပြီး ရိုးရိုးသားသား ဆက်ဆံခဲ့ရင် ... ခုချိန်ဆို ငါတို့ ဝမ်မိသားစုက တရုတ်ရဲ့ အင်အား အကြီးဆုံး မိသားစုကြီး ဖြစ်နေလောက်ပြီ"

ဝမ်ကဲ့တုန်းက ပြောရင်း သက်ပြင်းတစ်ချက် ချလိုက်၏။

ထိုအချိန်၌ ဝမ်ကျုံးကော၏ လက်များမှာမူ တဆတ်ဆတ် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ တောင်ဝှေးကိုပင် မနည်း ကိုင်နေခဲ့ရ၏။

ဝမ်ကဲ့ချင်နှင့် ဝမ်ကဲ့ရှန်းနှင့် အဘွားကြီး ရွှယ်ဟုန်မေ့တို့မှာမူ ခေါင်းကိုသာ အောက်စိုက်၍ နေမိတော့သည်။ ယခုအချိန်၌ သူတို့တွင် ရှိခဲ့သော မောက်မာမှုများအား အစရှာ၍ မရအောင် ပျောက်ကွယ်နေပြီ ဖြစ်လေသည်။

အမေရိကန်ကပင် လေးစားရသော ချန်းပေ့ရွှမ်းအား ဤကမ္ဘာ၌ မည်သူက ဆန့်ကျင်ရဲတော့မည်နည်း။

"မဟာ အင်အားကြီး နိုင်ငံ ငါးနိုင်ငံ အပါအဝင် နိုင်ငံတွေ တော်တော်များများက ချန်းပေ့ရွှမ်းရဲ့ စေ့စပ်ပွဲကို ဂုဏ်ပြုဖို့ ကိုယ်စားလှယ်တွေ လွှတ်လိုက်တယ်တဲ့ ... ချန်းပေ့ရွှမ်းက တကယ် ကျော်ကြားတာပဲ ... သူ့ရဲ့ စေ့စပ်ပွဲကတင် မင်းသား ဝီလျံရဲ့ လက်ထပ်ပွဲနဲ့ ယှဉ်နိုင်နေပြီ"

ရန်ကျင်း အလယ်အလတ် မိသားစုမှ လူငယ် သခင်လေး တစ်ယောက်က ဆိုသည်။

"ဟဟ ... မင်းသား ဝီလျံက ဗြိတိသျှ တော်ဝင် နောက်ခံကြောင့်သာ ခုလို ကျော်ကြားတာပါ ... ဒါပေမဲ့ ချန်းပေ့ရွှမ်းကတော့ ငါးနှစ်ပဲ ကျင့်ကြံပြီး ကမ္ဘာရဲ့ ထိပ်ဆုံးကို တက်လှမ်း နိုင်ခဲ့တာ ... ခု သူ့ရဲ့ စေ့စပ်ပွဲကတောင် ခုလောက်အထိ ခမ်းနားနေတာ ... သူ့ရဲ့ လက်ထပ်ပွဲကျရင် ဘယ်လောက်တောင် စည်ကားမလဲ မသိဘူး"

အခြား သခင်လေး တစ်ယောက်က အားကျစွာဖြင့် ပြန်လည် ပြောဆိုသည်။

ချန်းပေ့ရွှမ်း၏ စေ့စပ်ပွဲပင် ယခုလောက် စည်ကားနေရာ သူ၏ လက်ထပ်ပွဲနေ့၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ခေါင်းဆောင်များပင် သူ့အား ဂုဏ်ပြုရန် တက်ရောက်မည်မှာ သေချာသည်။

"ချန်းပေ့ရွှမ်းက ငါတို့နဲ့ လုံးဝ ခြားနားသွားခဲ့ပြီ ... သူက နတ်ဘုရားတစ်ပါးပဲ ... ငါတို့ နှစ်တစ်ထောင်လောက် အလုပ်ကြိုးစားပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာရင်တောင် ... သူ့ကို နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး"

အိုးယန်ချုံးက ခေါင်းအား ခါယမ်း လိုက်တော့သည်။

ထိုအချိန်၌ များစွာသော မိန်းကလေးများမှာမူ ဖန့်ချုံးအား မနာလို အားကျ ဖြစ်နေမိကြတော့သည်။

"အဲဒီ မိန်းကလေးက ချန်းပေ့ရွှမ်းနဲ့ ငယ်ငယ် ကတည်းက သိခဲ့တာပဲရှိတာ ... ချန်းပေ့ရွှမ်းသာ ငါ့ကို အရင်တွေ့ရင် သူက အဲဒီ မိန်းကလေးကို လက်ထပ်မှာ မဟုတ်ဘူး"

မိသားစုကြီး တစ်ခုမှ မိန်းမငယ် တစ်ယောက်က မကျေမနပ် ရေရွတ်လိုက်သည်။

"ချန်းပေ့ရွှမ်းက ရန်ကျင်းရဲ့ လူငယ်တွေထက် အဆ တစ်ထောင်လောက် ပိုပြီး ကောင်းတယ် ... ငါသာ သူ့ကို လက်ထပ်နိုင်ရင် ကမ္ဘာပေါ်မှာ ဂုဏ်သရေ အရှိဆုံး မိန်းကလေး ဖြစ်လာမှာ သေချာတယ် ..."

***

ထိုအချိန်၌ ချန်းဖန်သည် စေ့စပ်ပွဲ ခန်းမ အတွင်းတွင် ထိုင်ကာ ဧည့်သည်များအား တွေ့ဆုံနေခဲ့သည်။ သူသည် ယနေ့၌ ဧည့်သည် လက်မခံချင်သည့်တိုင် နိုင်ငံ ကိုယ်စားလှယ်များကိုမူ မလေးမစား မလုပ်ချင်ပေ။

"မစ္စတာ ချန်းပေ့ရွှမ်း ... ကျုပ်တို့ရဲ့ ရင်နှီးမှုက ထာဝရ တည်တံ့ဖို့ မျှော်လင့်ပါတယ်"

ဗြိတိသျှ အထူးကိုယ်စားလှယ် ခရစ်က ပြုံးရင်း ဆိုလိုက်၏။

"ဒါပေါ့ ... ကျုပ် လန်ဒန်ကို မကြာခဏ အလည်လာမှာပါ ... အဲဒီမှာ ကျုပ်မိတ်ဆွေ အချို့ ရှိတယ်လေ"

ချန်းဖန်က အေးဆေးစွာ ပြန်ပြောလိုက်သည်။

"ဒါက ..."

ခရစ်မှာ ချန်းဖန်၏ စကားကြောင့် အနည်းငယ် ဆွံ့အ၍ သွားမိသည်။

ချန်းဖန်သည် အင်္ဂလန်သို့ တစ်ကြိမ် လာခဲ့ဖူးပြီး ထိုတစ်ကြိမ်၌ အမေရိကန်နှင့် စစ်ဖြစ်သည်ပင် အထိ မွှေခဲ့သည်။ အကယ်၍ သူသာ "မကြာခဏ လာမည်" ဆိုပါက အင်္ဂလန် တစ်နိုင်ငံလုံး ပျက်စီး သွားပေလိမ့်မည်။

"ဒါပေါ့ ... ဒါပေါ့ ..."

ခရစ်က ရှက်ရွံ့စွာဖြင့် ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

"ဗိုလ်ချုပ်ချန်း ... ခင်ဗျားနဲ့ ဗိုလ်ချုပ်ရဲ့ တို့ရဲ့ တိုက်ပွဲက အံ့မခန်း ဆိုပေမဲ့လည်း ခင်ဗျား အနေနဲ့ သွေးဘိုးဘေးကိုတော့ ဂရုစိုက် ရလိမ့်မယ် ... KGB ရဲ့ ထောက်လှမ်းမှုတွေ အရဆို အမှောင်မြို့စားက ပိုပြီး လှုပ်ရှား လာနေတာ တွေ့ရတယ် ... သူက အနီးအနားမှာ ရှိတဲ့ ရွာသားတွေကို သတ်ဖြတ်ပြီး သွေးဘိုးဘေးကို နှိုးဖို့ အပြင်းအထန် ကြိုစားနေတယ်"

အိုလက်က ချန်းဖန်အနားသို့ တိုးကပ်ရင်း တီးတိုး ပြောလိုက်သည်။

"အင်း ... သိပြီ"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"သမ္မတကြီးက ခင်ဗျားရဲ့ စေ့စပ်ပွဲနေ့မှာ ကိုယ်တိုင် မလာနိုင်တဲ့ အတွက် စိတ်မကောင်း ဖြစ်နေတယ် ... ဒါပေမဲ့ လက်ထပ်ပွဲနေ့ ကျရင်တော့ သူကျိန်းသေ တက်ရောက်မှာပါ"

အိုလက်က တောင်းပန်သော လေသံဖြင့် ဆိုလိုက်၏။

ဖန့်မင်ဒီနှင့် စုစုတို့မှာ အိုလက်၏ စကားကို နားထောင်ရင်း ဆွံ့အနေမိကြ၏။ ရုရှားကို နှစ်နှစ်ဆယ်ခန့် အုပ်ချုပ်ခဲ့သော ထိုသမ္မတကြီးကား ကမ္ဘာ၏ ဩဇာ အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်ကြီးကပင် ချန်းဖန်နှင့် ဖန့်ချုံးတို့၏ လက်ထပ်ပွဲသို့ တက်ရောက်မည်ဟု ဆိုသည်။

"ငါတို့သမီးလေးက တကယ့် ယောက်ျားကောင်းကို တွေ့ခဲ့တာပဲ"

ဖန့်မင်ဒီနှင့် စုစုတို့က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိတော့သည်။

ထိုအချိန်မှာပင် အမေရိကန် အထူးကိုယ်စားလှယ် ကလင့် ဂျွန်ဆန်က ရှေ့သို့ အနည်းငယ် တိုးရင်း ယဉ်ကျေးစွာ ဆိုလိုက်၏။

"မစ္စတာ ချန်းပေ့ရွှမ်း ... သမ္မတကြီး အိုဘားမား ကိုယ်စား ဂုဏ်ယူပါတယ်လို့ ပြောပါရစေ ... ခင်ဗျား အနေနဲ့ အမေရိကန်နဲ့ လက်တွဲပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး ဥပဒေ ထိန်းသိမ်းရေးတွေကို ကူညီ လုပ်ဆောင်နိုင်မယ်လို့ ကျုပ်တို့ မျှော်လင့်ပါတယ်"

"ကျေးဇူးပြုပြီး သမ္မတကြီးကို ပြောလိုက်ပါဗျာ ... ကျုပ်ကို လာမရှုပ်ရင် ကျုပ်ကလည်း အမေရိကန်ကို လာမရှုပ်ဘူးလို့ ... ဒါက ကျွန်တော့်ရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ စည်းမျဉ်းပါ"

ချန်းဖန်က ပြန်ပြောလိုက်သည်။

"ဒါပေါ့ ဒါပေါ့ ..."

ကလင့်က ပြုံးရင်း ခေါင်းညိတ်လိုက်တော့၏။

စေ့စပ်ကြောင်းလှမ်းခြင်း စားသောက်ပွဲကို ညရောက်သည် အထိ ဆက်လက် ကျင်းပခဲ့သည်။ ထို့နောက် အထူး ကိုယ်စားလှယ်များအား သက်သေပြု၍ ချန်းဖန်နှင့် ဖန့်ချုံးတို့၏ စေ့စပ်ကြောင်းလှမ်းခြင်း ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

ချန်းဖန်က ဖန့်ချုံးအတွက် ရန်ကျင်းရှိ မေပယ်သစ်ရွက်များကို အနီရောင် အသွင် ပြောင်းလဲပေးခဲ့သည်။

ဖန့်ချုံးမှာ ချန်းဖန်ဟ လက်ဆောင်ကြောင့် စိတ်လှုပ်ရှားကာ ငိုယို၍ပင် နေခဲ့သည်။ ယူကီရှီရိုဆာနှင့် အားရှို့တို့မှာလည်း ဖန့်ချုံး အတွက် ဝမ်းနည်း ဝမ်းသာဖြစ်ကာ လိုက်လံ၍ ငိုမိကြသည်။

နောက်တစ်နေ့ နံနက်၌ ရန်ကျင်းတွင် မှီတင်း နေထိုင်သူများသည် အိပ်ရာမှ နိုးထလာသည်နှင့် တစ်မြို့လုံးကို ဖုံးလွှမ်းနေသည့် အနီရောင် မေပယ် သစ်ရွက်များကို တွေ့ကြရသည်။

မေပယ်သစ်ရွက်များသည် ပုံမှန်ဆိုလျှင် အလှပဆုံး နွေဦးရာသီတွင်သာ အနီရောင် ပြောင်းလဲတတ်ကြသည်။ ယခုက ဆောင်းရာသီသာ ရှိသေးရာ ထိုအဖြစ်အပျက်က ထူးဆန်းနေသည်။

မြောက်အရပ် တောင်တန်းဆိုလျှင် မေပယ် သစ်ရွက်များ ဖုံးလွှမ်းမှုကြောင့် နီရဲနေရာ တရုတ်ရိုးရာ သတို့သမီး ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကဘေး တစ်ယောက်နှင့်ပင် တူနေသေးတော့သည်။

"ဘယ်လိုဖြစ်တာလဲ ... ဘာလို့ ဆောင်းတွင်းမှာတင် မေပယ် သစ်ရွက်တွေက အနီရောင်သန်း နေရတာလဲ"

များစွာသော လူများက တအံ့တဩ ရေရွတ်ကြသည်။

"ဒဏ္ဍာရီတွေထဲမှာ ဝူကျဲ့ထျန်းက လော့ယန်ရဲ့ ပျိုးနီပန်းတွေကို အချိန်အခါ မဟုတ် ပွင့်ဖူး စေခဲ့တယ်တဲ့ ... ဒီနေ့မှာတော့ အရှင်ချန်းက မေပယ် သစ်ရွက်တွေကို ဧကရာဇ် တစ်ယောက်လိုမျိုး အနီရောင် သန်းစေခဲ့ပြန်တယ်"

ပါးကျီဂိုဏ်း၏ လူအိုကြီး တစ်ယောက်က ဆွေးမြည့်သော လေသံဖြင့် ရေရွတ်လိုက်သည်။

ကောင်းပေ့ရှန်းနှင့် ကောင်းရှောင်မန်တို့မှာမူ အနီရောင် သစ်ရွက်များကို ကြည့်ရင်း ငေးငိုင် နေမိကြသည်။ သူတို့၏ စိတ်တွင်မူ ကောင်းကင်နှင့် မြေကြီး၏ အလှမ်းကျယ် ခြားနားမှုကို ခံစားနေမိကြသည်။

"ငါ တံခါးပိတ်ပြီး ကျင့်ကြံတော့မယ် ... အထွတ်အထိပ် အဆင့်ကို မရောက်မချင်း ထွက်မလာတော့ဘူး ... တန်ခိုးရှင်အဆင့် မြေကမ္ဘာ နတ်ဘုရား အဆင့်တွေကို အနိုင်ယူရတဲ့ ခံစားချက်က ဘယ်လိုလဲ ဆိုတာ သိရှိတဲ့ အချိန်အထိ ငါကြိုးစားမယ်"

ကောင်းပေ့ရှန်းက ခိုင်မာစွာ ဆိုသည်။

"မင်းမှာ ဒီလိုမျိုး ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဆန္ဒရှိတာ အရမ်းကောင်းတယ် ... အနာဂတ်မှာ မြေကမ္ဘာ နတ်ဘုရား ဖြစ်မလာဘူး ဆိုရင်တောင် ဒါက ထိုက်တန်နေပြီ"

လူအိုကြီးက ပြောရင်း အော်ဟစ် ရယ်မောလိုက်တော့၏။

***

All Chapters